ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၇

သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို ထုတ်ဖော်ပြနှင့်ပြီးဖြစ်သည်၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူဖို့နှင့် လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ ဖြစ်လေပြီးဖြစ်သည်။ သူသည် ကောင်းကင်ဘုံရှိ အရာရာတိုင်း၊ မြေကြီးပေါ်ရှိ အရာရာတိုင်း၊ ပင်လယ်များထဲက အရာရာတိုင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက နောက်ဆုံး အရာဝတ္ထုတိုင်းအား သူ၏ အနန္တတန်ခိုးကို တွေ့မြင်ခွင့်ပေးဖို့နှင့် သူ၏ ဆောင်ရွက်ချက်များအားလုံးကို မျက်မြင်တွေ့ခွင့်ပေးဖို့ ဤအခွင့်အရေးကို အသုံးပြုလေသည်။ သူသည် သူ၏ လုပ်ဆောင်ချက်များအားလုံးကို လူသားများထံ ထုတ်ဖော်ပြဖို့နှင့် သူ့ကို ချီးမွမ်းနိုင်ကြစေကာ စာတန်ကို အနိုင်ယူရာတွင် သူ၏ ဉာဏ်ပညာကို ချီးမြှောက်နိုင်ကြစေဖို့ သူ၏ စာတန်ကို အနိုင်ယူခြင်းက ပေးသည့် အခွင့်အရေးကို သူ မလွှတ်တမ်း အသုံးချနေသည်။ ကမ္ဘာမြေပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်များအတွင်းရှိ အရာအားလုံးသည် ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်းကြသည်၊ သူ၏အနန္တတန်ခိုးကို ချီးမွမ်းကြပြီး၊ သူ၏လုပ်ဆောင်ချက်တစ်ခုစီတိုင်းကို ချီးမွမ်းကာ သူ၏သန့်ရှင်းသည့် အမည်နာမကို ဟစ်ကြွေးကြလေသည်။ ဤအရာသည် စာတန်ကို သူ၏ အနိုင်ယူခြင်း သက်သေဖြစ်သည်။ ယင်းမှာ စာတန်ကို သူ၏ ချေမှုန်းခြင်း သက်သေဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း သက်သေ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ်လုံးသည် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်း၏၊ သူ၏ရန်သူကို အနိုင်ယူခြင်းနှင့် အောင်နိုင်လျက် ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြပြီး၊ ကြီးမြတ်သည့် အောင်နိုင်သော ရှင်ဘုရင်အဖြစ် သူ့ကို ချီးကျူးထောမနာပြုကြလေသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းရုံမျှ မဟုတ်၊ ယင်းမှာ အနှစ်ခြောက်ထောင်ကြာ သူ၏ အမှု ဆက်လက် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် သူ၏ဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းအသရေ အားလုံးတို့ကို ထုတ်ဖော်ပြဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်တမန် အသင်္ချေအားလုံးသည် သူ၏ဘုန်းအသရေအားလုံးကို မြင်ကြရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံရှိ စေတမန်များ၊ ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် ကမ္ဘာပေါ်ရှိ ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းအသရေကို မြင်ကြရလိမ့်မည်။ ဤသည်မှာ သူလုပ်ဆောင်သည့် အမှုဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ သူ၏ ဖန်ဆင်းခြင်းအားလုံးသည် သူ၏ဘုန်းအသရေကို မျက်မြင်တွေ့လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အနိုင်ယူပြီးသည့်နောက်တွင် သူသည် အောင်နိုင်လျက် ပြန်လာလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ့အား ချီးမွမ်းခွင့်ပေးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် သူ၏ အမှုတွင် နှစ်ဆသော အောင်မြင်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ ခုခံသည့်သူ သို့မဟုတ် ပုန်ကန်သူ မည်သူမဆိုကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်နှင့် သက်ဆိုင်သည့် သူအားလုံးကို သူဖယ်ရှားပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

အောင်မြင်ခြင်းနှင့် ပြန်လာတဲ့ ဘုရားအား ချီးမွမ်းကြ

နှစ်၆၀၀၀ အလုပ်ဖြင့် ဘုရားသည် လုပ်ဆောင်ချက်များစွာ ပြခဲ့ စာတန်အားနှိမ်နင်းရန်၊ လူသားအား ကယ်ဖို့ရန် လုပ်ဆောင်မှုများ ဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်တွင်း၌ ရှိသမျှတို့နှင့် သက်ရှိအားလုံးအား သူ့လုပ်ဆောင်ချက်များနှင့် အနှိုင်းမဲ့တန်ခိုးကို မြင်ခွင့်ပေးခဲ့တာ စာတန်အား အနိုင်ရ ယူခြင်းအားဖြင့် လူသားသည် ဘုရားလုပ်ဆောင်ချက်များကို မြင်လာသည် သူတို့သည် ဘုရားကိုချီးမွမ်းကာ သူ့ဉာဏ်ပညာအား ချီးမြောက်ကြတာ ကမ္ဘာ၊ ကောင်းကင်၊ မြေကြီး၊ ပင်လယ်အတွင်းရှိ အရာအားလုံး သူ့ဂုဏ်တော်အား ချီးမွမ်းကြ အရာအားလုံး သူ့အား ချီးမွမ်းကြစေ၊ ကြီးမားတန်ခိုးတော်အား ချီးမွမ်းကြစေ အရာအားလုံး သူ့အမှုများအတွက် ချီးမွမ်းစေ… သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော်

ထိုချီးမွမ်းခြင်းမှာ စာတန် ကျရှုံးခြင်း၏သက်သေ၊ ဘုရားသည် သူ့ရန်သူအား အောင်နိုင်ခဲ့ခြင်း၏သက်သေ ထိုချီးမွမ်းခြင်းမှာ အယောက်ဆီတိုင်း၊ ဖန်ဆင်းခံ လူသားအား ကယ်တင်ခဲ့ခြင်း သက်သေ ဖန်ဆင်းခံအရာအားလုံး သူ့အား ချီးမွမ်း၊ ဘုရား သူ့ရန်သူကို နိုင်ခဲ့ပြီ အောင်မြင်ခြင်းနှင့်သူလာသည်၊ သူသည် အနိုင်ရတဲ့ မဟာဘုရင် ကမ္ဘာ၊ ကောင်းကင်၊ မြေကြီး၊ ပင်လယ်အတွင်းရှိ အရာအားလုံး သူ့ဂုဏ်တော်အား ချီးမွမ်းကြ အရာအားလုံး သူ့အား ချီးမွမ်းကြစေ၊ ကြီးမားတန်ခိုးတော်အား ချီးမွမ်းကြစေ အရာအားလုံး သူ့အမှုများအတွက် ချီးမွမ်းစေ… သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော် ချီးမွမ်းစေ… သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၆

သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၆

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၈

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၄

ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းသည် နှလုံးသားအတွင်း နက်ရှိုင်းသောနေရာမှ လာ၏။ ယင်းသည် ဘုရားသခင်နှင့်ဆိုင်သော လူသား၏အသိပညာ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။