သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ယနေ့လူသားများသည် အသွေးအသားဆိုင်ရာ အရာများကိုမခွဲခွာနိုင်ကြချေ။ သူတို့သည် အသွေးအသား ပျော်ရွှင်မှုကို မစွန့်လွှတ်နိုင်ကြသကဲ့သို့၊ ကမ္ဘာလောက၊ ငွေ၊ သို့မဟုတ် သူတို့၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကိုလည်း မစွန့်လွှတ်နိုင်ကြချေ။ လူအများစုတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သူတို့၏လိုက်လျှောက်ခြင်းများကို လုပ်ဆောင်ကြသည်။ အမှန်တကယ်တွင် ထိုလူများသည်သူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်မရှိဘဲ၊ ပိုဆိုးသည်မှာ သူတို့သည် ဘုရားသခင်ကို မကြောက်ခြင်းဖြစ်သည်။ သူတို့သည် သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်မရှိသည်ဖြစ်ရာ သူတို့သည် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးကိုမသိရှိနိုင်ကြဘဲ ဘုရားသခင်၏နှုတ်မှ သူပြောဆိုသော နှုတ်ကပတ်တော်တို့ကိုပို၍ပင် မယုံကြည်နိုင်ဘဲ ရှိကြသည်။ ဤသူတို့မှာ ဇာတိအလွန်ဆန်သောသူများဖြစ်ကြသည်။ သူတို့သည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီးသမ္မာတရားဟူ၍ ဘာဆိုဘာမျှ မရှိကြပေ။ ပိုဆိုးသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံနိုင်သည်ကိုသူတို့အနေဖြင့် မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆို၊ ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင်၏အမှုနှင့် စကားတို့ကို မယုံသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကိုမယုံကြည်ဘဲ မမြင်တွေ့နိုင်သော ကောင်းကင်ဘုံမှ ဘုရားသခင်ကိုကိုးကွယ်သူများသည် သူတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ သူတို့သည် ဘုရားသခင်ကို မနာခံ၍ ဆန့်ကျင်သောသူများဖြစ်ကြသည်။ ဤလူများ၌ သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊လူ့သဘာဝနှင့် အသိစိတ်တို့ ချို့တဲ့ကြသည်။ ဤလူများအတွက်မူ မြင်တွေ့နိုင်ပြီး ကိုင်တွယ်နိုင်သော ဘုရားသခင်ကိုအခြားအရာများထက်ပို၍ပင် မယုံကြည်နိုင်ကြသော်လည်း၊ မမြင်တွေ့နိုင်၍ မကိုင်တွယ်နိုင်သော ဘုရားသခင်ကမူ ယုံကြည်ရဆုံးနှင့် သူတို့၏စိတ်နှလုံးကို အချမ်းမြေ့စေနိုင်ဆုံးဖြစ်သည်။ သူတို့ရှာဖွေသည်မှာ လက်တွေ့အရှိတရား၏ သမ္မာတရားမဟုတ်သကဲ့သို့ အသက်တာ၏ မှန်ကန်သော အနှစ်သာရလည်းမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များလည်း သာ၍ပင်မဟုတ်ဘဲ၊ယင်းအစား သူတို့သည် စိတ်လှုပ်ရှားမှုနောက်ကိုသာ လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဆန္ဒများကို ကြိုးပမ်းရရှိနိုင်ခွင့် အပေးနိုင်ဆုံးသောမည်သည့်အရာမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ သူတို့၏ယုံကြည်ခြင်းများနှင့်လိုက်လျှောက်ခြင်းများဖြစ်သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်ဘုရားသခင်ကို ယုံကြည်ခြင်းသာဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ဤလူများသည် မကောင်းမှုကျူးလွန်သူများ မဟုတ်ပါလော။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံမှ ဘုရားသခင်သည် ဤ "လူကောင်းများ" ဖြစ်သော သူတို့အားဖျက်ဆီးမည်ဆိုသည်ကို မယုံကြည်ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်က သူတို့ကိုကျန်ရှိရန် ခွင့်ပြုမည်ဟုယုံကြည်ကြပြီး၊ ထို့ထက်မက ဘုရားသခင်အတွက်အရာများစွာကို သူတို့လုပ်ဆောင်ခဲ့ပြီး သူ့အပေါ် "သစ္စာစောင့်သိမှု" ကို အကြီးအကျယ် ပြသခဲ့ခြင်းတို့အတွက် သူတို့ကို ရက်ရက်ရောရော ဆုလာဘ်ပေးသနားမည်ဟုယုံကြည်ကြသည်။ အကယ်၍သာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကို ဆန့်ကျင်ကြလိမ့်မည် သို့မဟုတ် သူတို့၏ဆန္ဒများ ပျက်ပြားသွားသည်နှင့်ယမ်းပုံမီးကျဖြစ်ကြလိမ့်မည်။ ဤသူတို့သည် သူတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်ကြိုးပမ်းကြသည့် ဆိုးညစ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် သမ္မာတရားကို လိုက်လျှောက်ကြသည့်ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုကဲ့သို့သောလူများသည် ခရစ်တော်နောက်ကိုလိုက်သည့်ကောက်ကျစ်စဉ်းလဲသော လူများဟုဆိုသည့် လူများဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည်သမ္မာတရားကို မယုံကြည်နိုင်ကြပေ။ မြင်တွေ့နိုင်သော ဘုရားသခင်၏အမှုသို့မဟုတ် စကားများကို မယုံကြည်ကြသောကြောင့် သူတို့သည် လူသား၏ အနာဂတ်ရလဒ်များကိုသာ၍ပင် မသိမြင်နိုင်ကြပေ၊ ထို့အပြင် သူတို့သည် လူသား၏ အနာဂတ် ခရီးပန်းတိုင်ကိုလည်းမယုံကြည်နိုင်ကြပေ။ သို့ဖြစ်ရာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလိုက်လျှောက်သည့်တိုင်အောင်ပင် သူတို့သည် မကောင်းမှုကို ကျူးလွန်ကြဆဲဖြစ်ပြီးသမ္မာတရားကို မရှာဖွေကြသကဲ့သို့ ငါအလိုရှိသော သမ္မာတရားကိုလည်း သူတို့လက်တွေ့မကျင့်သုံးကြပေ။ မိမိတို့ကိုယ်ကို ဖျက်ဆီးခြင်းခံရမည်ဟု မယုံကြည်သော ထိုလူတို့သည် အပြန်အလှန်အားဖြင့် ဖျက်ဆီးခြင်းခံရမည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ သူတို့အားလုံးသည် သူတို့ကိုယ်သူတို့အလွန်ထက်မြက်သူများဟု ယုံကြည်ကြပြီး သူတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကိုလက်တွေ့ကျင့်သုံးသူများဟု ယုံကြည်ကြသည်။ သူတို့၏ မကောင်းသော လုပ်ရပ်များကိုသမ္မာတရားအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယင်းကို တန်ဖိုးထားကြသည်။ ကောက်ကျစ်စဉ်းလဲသော ထိုသူများသည် ကိုယ့်ကိုယ်ကိုယ်အလွန်ပင် ယုံကြည်စိတ်ချကြသည်၊ သူတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြသည်၊ ထို့ပြင် သူတို့၏ မကောင်းမှုလုပ်ရပ်များကိုသမ္မာတရားဟု မှတ်ယူကြသည်။ နောက်ဆုံးတွင် သူတို့သည်မိမိတို့စိုက်ပျိုးထားသည်များကိုသာ ရိတ်သိမ်းနိုင်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချသည့်လူများဖြစ်ပြီး မာန်မာန လွန်စွာထောင်လွှားသူများဖြစ်လေ၊ သမ္မာတရားကို ပို၍မရနိုင်ဖြစ်လေဖြစ်ပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ဘုရားသခင်ကို သူတို့ပို၍ခုခံကြလေဖြစ်သည်။ ဤသူများသည် အပြစ်ဒဏ်ပေးခံရမည့်သူများ ဖြစ်သည်။

“ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ