ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၅

နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင် ကြွလာသည့်အခါ၊ အကယ်၍ သူသည် ယေရှုဟု ခေါ်ဆိုခြင်းခံနေရဆဲဖြစ်ကာ၊ ယုဒပြည်တွင် ထပ်မံမွေးဖွားပြီး၊ ယုဒပြည်တွင်ပင် အမှုပြုမည်ဆိုပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နှုတ်ခဲ့၍ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်ကြောင်း သက်သေပြနေလိမ့်မည် မဟုတ်လော။ ဤသည်က “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်နေမည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ သတ္တဝါအားလုံးတို့၏ ဘုရားသခင်ဖြစ်သောကြောင့် ယုဒပြည်မှထွက်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အကြားတွင် ငါ့အမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း တစ်ပါးအမျိုးသားတို့အကြားတွင် ငါပေါ်လာခြင်းက ငါသည် ယေဟောဝါသာမဟုတ်၊ ဣသရေလ အမျိုးတို့၏ ဘုရားသခင်သာ မဟုတ်ဘဲ တစ်ပါးအမျိုးသားတို့ အကြားတွင် ငါရွေးကောက်သောသူများ အားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကိုသာ ငါဖန်ဆင်းခဲ့သည် မဟုတ်ဘဲ ဣသရေလကို ကျော်လွန်လျက် တစ်ပါးအမျိုးသား နိုင်ငံများအားလုံးတို့ကိုလည်း ငါဖန်ဆင်းခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ငါသည် ခပ်သိမ်းသော သက်ရှိသတ္တဝါများ၏ ဘုရားသခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုသည့် နေရာအဖြစ်သာ အသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း လုပ်ငန်းအတွက် အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့သည်၊ ထို့နောက် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ်ရန်အတွက် အခြေပြုရာနေရာအဖြစ် တစ်ပါးသော တိုင်းပြည်များအား အသုံးပြုသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်၏ အမှုအဆင့်နှစ်ဆင့်)၊ ဣသရေလပြည်ကို ကျော်လွန်၍ တိုင်းပြည်များ တစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကိုလည်း ငါလုပ်ဆောင်လျက်ရှိသည်။ တစ်ပါးအမျိုးသားပြည်များတွင် ငါသည် သိမ်းပိုက်သည့်အမှုကို ဆောင်ရွက်မည်ဖြစ်ကာ ထိုခေတ်လကို နိဂုံးချုပ်ပေးမည်။ လူသားသည်ငါ့အား ယေရှုခရစ်တော်ဟု အမြဲတစေ ခေါ်သော်လည်း ငါ၏နောက်ဆုံးသော ကာလအတွင်း၌ ခေတ်ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး အမှုသစ်တစ်ခု စတင်ဆောင်ရွက်ခဲ့သည်ကို လူသားတို့သည် မသိရှိခြင်းဖြစ်စေ၊ အမြဲတစေပင် ကယ်တင်ရှင်ယေရှု ကြွလာရန်သာ သဲသဲမဲမဲ စောင့်မျှော်ကြခြင်း ဖြစ်စေ ပြုလုပ်ကြပါက ထိုကဲ့သို့သော လူသားတို့အား ငါ့အပေါ် ယုံကြည်ကိုးစားခြင်း မရှိသူများဟု ခေါ်မည်။ ထိုသူတို့သည် ငါ့အား မသိကျွမ်းသူများသာဖြစ်ပြီး ငါ့အပေါ်ထားရှိသော သူတို့၏ ယုံကြည်မှုမှာ အတုအယောင်သာဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးတို့သည် ကယ်တင်ရှင်ယေရှု ကောင်းကင်ဘုံမှ ကြွလာခြင်းကို တွေ့မြင်နိုင်မည်လော။ ထိုသူတို့ စောင့်မျှော်သည်မှာ ငါ၏ ကြွလာခြင်း မဟုတ်ဘဲ ယုဒရှင်ဘုရင်၏ ကြွလာခြင်းသာ ဖြစ်သည်။ မသန့်စင်သော ကမ္ဘာမြေဟောင်းအား ငါ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ထိုသူတို့ တမ်းတနေသည်မဟုတ်ဘဲ သူတို့ ရွေးနှုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တောင့်တနေကြခြင်း ဖြစ်သည်၊ ညစ်ညမ်း၍ ဖြောင့်မတ် မှန်ကန်ခြင်းမရှိသော ဤမြေကြီးမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနှုတ်ပေးရန် သူတို့မျှော်လင့် စောင့်စားနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သောလူများက နောက်ဆုံးသော ကာလအတွင်း ငါ၏အမှုကို ပြီးမြောက်စေမည့်သူများ အဘယ်သို့ဖြစ်လာနိုင်မည်နည်း။ လူသား၏ စိတ်ဆန္ဒများက ငါ၏အလိုများ ပြီးပြည့်စုံခြင်း သို့မဟုတ် ငါ၏လုပ်ငန်းကို ပြီးမြောက်စေခြင်းကို မစွမ်းဆောင်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါယခင်က ဆောင်ရွက်ခဲ့သည့် အမှုကို အားကျရုံ သို့မဟုတ် မြတ်နိုးရုံမျှသာ တတ်နိုင်ကြပြီး ငါသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိဘဲ ထာဝရ သစ်လွင်နေသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို သူတို့ လုံးဝမသိပေ။ ငါသည် ယေဟောဝါ ဖြစ်သည်၊ ယေရှုဖြစ်သည်ကိုသာ လူသားသိရှိထားပြီး ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်ပေးမည့် နောက်ဆုံးနှင့်တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည်ကို အရိပ်အမြွက်မျှပင် မသိရှိကြပါ။ လူသား သိရှိပြီး တမ်းတသမျှသော အရာမှာ ၎င်း၏စိတ်ကူးနှင့် ၎င်းတို့မျက်လုံးများဖြင့် ကိုယ်တိုင် တွေ့မြင်နိုင်သော အရာသာဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် တစ်ပြေးညီခြင်း၊ သဟဇာတဖြစ်ခြင်း မရှိပေ။ ငါ၏အမှုအား လူသားတို့၏ စိတ်ကူး စိတ်သန်းများအရ ပြုလုပ်ဆောင်ရွက် ရမည်ဆိုပါက မည်သည့်အချိန်မှ ပြီးဆုံးနိုင်ပေ လိမ့်မည်နည်း။ လူသားမျိုးနွယ်တို့ မည်သည့်အချိန်တွင်မှ အနားယူနိုင်မည်နည်း။ ငါသည်လည်း ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ကို အဘယ်သို့ ဝင်နိုင်လိမ့်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်အရ အမှုပြုသည် မဟုတ်ဘဲ ငါ၏ အစီအစဉ်၊ ငါ၏ ရည်မှန်းချက်နှင့်အညီသာ အမှုပြုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၅

အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော် ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၆

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၂

ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ပြီး လူ့ဇာတိက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၀

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။