ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၉
ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လျှပ်တပြက် လျှပ်စီးလက်ခြင်းအတွင်း တိရစ္ဆာန်တိုင်းသည် ၎င်း၏စစ်မှန်သောအသွင်ဖြင့် ဖော်ထုတ်ခြင်းခံရ၏။ ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားတို့သည်လည်း ၎င်းတို့တစ်ချိန်တစ်ခါက ပိုင်ဆိုင်ခဲ့သော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ကြပြီးဖြစ်၏။ အို၊ အတိတ်ကာလ၏ ဖောက်ပြန်ပျက်စီးသောလောကသည် အဆုံး၌ ညစ်ပေသောရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့ခြင်း။ အို၊ ငါဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အားလုံးသည် အဆုံးတွင် အလင်း၌ အသက် တဖန်ပြန်ရှင်လာ၍ တည်ရှိနေရေးအတွက် အခြေခံအုတ်မြစ်ကိုရှာတွေ့ကာ ရွှံ့အတွင်းရုန်းကန်မှုကို ရပ်စဲခဲ့ခြင်း။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်များလှသည့် ဖန်ဆင်းခြင်းအရာများ။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့ အသစ်တဖန် နိုးကြွလာခြင်းမရှိဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့ နေနိုင်မည်နည်း။ ကမ္ဘာမြေကြီးသည် ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ။ ကောင်းကင်သည် လူသူကင်းမဲ့လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားလျက်မရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တဖန်ကွဲကွာတော့မည် မဟုတ်ပေ။ ဤဝမ်းမြောက်ဖွယ်ရာ အခါသမယ၊ ဤပီတိဖြစ်ဖွယ်ရာ အခါသမယတွင်၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏ သန့်ရှင်းခြင်းတို့သည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီးဖြစ်၍ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့အား မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ၊ မြေကြီး၏ နိုင်ငံတော်တို့သည် ဝမ်းမြောက်မှုဖြင့် ကနေလျက်ရှိကြ၏။ ဤအချိန်တွင် ဝမ်းမြောက်ခြင်း မရှိသူ မည်သူရှိသနည်း။ ထို့အပြင် ဤအချိန်၌ ငိုကြွေးမနေသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် ကမ္ဘာမြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ၊ ကောင်းကင်သည် ကမ္ဘာမြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ ၎င်း၏ မွန်မြတ်သန့်စင်မှု ကျေးဇူးကြောင့်၊ ၎င်း၏ အသစ်တဖန် ပြုပြင်မှုကြောင့်၊ ကောင်းကင်သည် ကမ္ဘာမြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့ပေ။ ထို့အပြင် ကမ္ဘာမြေကြီးသည် ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် ဝမ်းမြောက်ကျေနပ်ခြင်းဖြင့် ရစ်ပတ်ထားကြ၍ ၎င်းတို့နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ထုတ်၏။ လူသားသည် လူသားနှင့် ခိုက်ရန်မဖြစ်ပေ၊ သဘောထား ကွဲလွဲပြီးနောက် စ၍လည်း ခိုက်ရန်မဖြစ်ပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ၎င်းတို့၏ ရိုသေလေးမြတ်သော ငေးစိုက်ကြည့်မှုကို ငါ့ဘက်သို့ဦးတည်ကြ၍ ၎င်းတို့၏နှလုံးသားများတွင် ငါ့ထံသို့ လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူတစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ယှက်သန်းနေ၏။ လူတိုင်းသည် ငါ့အား သိလာနေကြ၍ ငါ့အနီး သာ၍ချဉ်းကပ်နေကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာရပ်တည်နေ၏။ လူသား၏မျက်လုံးများထဲတွင် ငါသည် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရ၍ သူ၏သွေးကြောများအတွင်းရှိ သွေးတွင် စီးဆင်းနေ၏။ လူသားတို့၏ နှလုံးသားများရှိ ဝမ်းမြောက်ခြင်းပီတိသည် ကမ္ဘာမြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေကြီးကို ဖုံးလွှမ်းခြင်းမရှိတော့ဘဲ နေသည် တောက်ပစွာ ထွန်းလင်းနေ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၈)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍...
ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့ သင်မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။...
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏...
ယေရှုသည် လူငါးထောင်ကို အစာကျွေးမွေး၏ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့်...