ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၁

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် ကျယ်ပြန့်လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပါ။ ယနေ့ကာလ၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် သက်ရှိလူသားများကြား၌ သက်ရှိလူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ အပြင်တွင် တည်နေသနည်း။ ငါ၏ အသစ်သော အစပြုသည့် နေရာကို လူထုအား ကြေညာလိုက်သည့်အခါတွင် လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အနေအထားကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကကြီးထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည့် မျှော်လင့်ချက်များကို သင်သည် ဆက်၍ မသိုထားသည်မှာ သေချာသည် မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် ကျယ်ပြန့်စွာ လျှောက်သွားလျက် ရှိသည်၊ ငါ့လူများ၏ အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အား စစ်မှန်သည့် ချစ်ခင်ခြင်းရှိသော ထိုသူများသည် မင်္ဂလာရှိကြ၏။ ငါ့ထံ ဆက်ကပ်အပ်နှံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးကို ပျော်မွေ့ ခံစားကြလိမ့်မည်။ မိမိကိုယ်ကိုမိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးထဲသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော ထိုသူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပွေ့မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော ထိုသူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်များထဲတွင် ဝမ်းမြောက်ခြင်းအား ရှာတွေ့သော ထိုသူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အား ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ပဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ဘုန်းနှင့် သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံး အထဲတွင် အမှန်ပင် ထွန်းဖြာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၈

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၄

အမှုအရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် အလွန် ကျေနပ်မှုမရှိခဲ့ချေ။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၄

ဘုရားသခင် ဧဝကို ဖန်ဆင်းသည် ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀

ဘုရားသခင်ကို မကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည် သင်တို့သည် ယခုအခါ ဘုရားသခင်နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။