ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၄
ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့်အတွက် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့် အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင် လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များအပြင် ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းများ၊ အရင်းခံ လက္ခဏာများနှင့် သူတို့၏နောက်ဆုံး လုပ်ဆောင်ချက်ကို တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် မည်သို့သောလူသားမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့ သည် ငါ ချမှတ်ပေးသည်အတိုင်း မိမိတို့ကဲ့သို့သော သူများနှင့် နေရမည်။ ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူ တို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။ ငါ၏အစီအစဉ် စတင်ချိန်မှစ၍ ငါသည် အပြောင်းအလဲ တစ်ခုမျှမလုပ်ခဲ့ပါ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူဦးရေ နည်းပါးလာပုံရသကဲ့သို့ ငါအမှန်တကယ် သဘောကျ လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါဆိုသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်၍ သို့မဟုတ် ငါ့ကိုစွန့်ပစ်ရန် ဖြစ်နိုင်သည်အထိ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် အမြဲပြောင်းလဲ၊ အမြဲလျော့နည်း လာနေခြင်း ဖြစ်သည်။ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ၊ အဆုံးတွင် အပြစ်ဒဏ်ပေးသည်အထိ မဖြစ်မချင်း သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား ငါနေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်ကောင်း၍ ပျင်းစရာကောင်းလာပြီ ဖြစ်သဖြင့် သင်တို့၏ ဖျက်လို ဖျက်ဆီး စကားများကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ရှင်းရာသို့သွားရန်နှင့် သင်သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့ဘဲ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့သည်မှာ ပြောစရာပင် မလိုပါ။ အမှန်တရားနှင့် မကိုက်ညီသည့်အရာများ လုပ်ဆောင်ခြင်းကို ရှောင်ရှားရန် သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့ကို ငါတိုက်တွန်းရပါဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား ပျော်ရွှင်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့် အရာနှင့် သင်၏ခရီးလမ်းဆုံးအတွက် အကျိုးရှိမည့်အရာကို သင်လုပ်သင့် သည်။ သို့မဟုတ်ပါက ဘေးဒုက္ခအလယ်တွင် ခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင်ဖြစ်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့်အတွက် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)...
ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့်...
တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊...
ဘုရားသခင်က လူကိုစုံလင်စေသော လမ်းကြောင်းဆိုသည်မှာ အဘယ်နည်း။ အဘယ်ရှုထောင့်များ ပါဝင်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ ဖြစ်လာရန်...