ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၅

ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ သင်တန်းထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ်အသက်တာများထဲ၌ ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပျက်ခြင်းများ ရပ်စဲသွားရမည်၊ ယင်းကဲ့သို့သော ယခင်က အသက်တာများသည် ဘုရားသခင် သတ်မှတ်ထားသော စံချိန်များကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပါ။ အကယ်၍ သင်သည် အလျင်စလိုဖြစ်စရာ တစ်ခုမျှမရှိဟု ခံစားရပါက သင်သည် သင့်ကိုယ်သင် တိုးတက်အောင်လုပ်ရန် ဆန္ဒမရှိကြောင်း၊ သင်၏အသက်ရှင်လိုက်စားမှုမှာ ဇဝေဇဝါဖြစ်ပြီး ရှုပ်ထွေးနေကြောင်းသာမက သင်သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ကြောင်း ဤအရာက ပြသနေသည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ လူများ၌ရှိသော အသက်တာ စတင်ခြင်းကို ဆိုလိုသည်၊ ထိုသို့သော သင်တန်းကို လက်ခံရန် သင်ဆန္ဒ ရှိသလော။ သင်၌ အလျင်စလိုဖြစ်သော အသိစိတ်ရှိရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ထံသို့ ရောက်လာ၍ သင့်အားစမ်းသပ်သည့်အခါ သင်မည်ကဲ့သို့ ပြုမည်နည်း။ ထို့နောက်အရာအားလုံးတို့အား အရှိကို အရှိအတိုင်း ကြုံတွေ့သည့်အခါ သင်ဘာလုပ်မည်နည်း။ အတိတ်က သင်၏အာရုံသည် အသက်တာအပေါ် မရှိခဲ့ပါ၊ ယနေ့ သင်သည် အသက်တာ၏ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး သင်၏ အသက်တာ စိတ်နေသဘောထားထဲ၌ အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာသည် နိုင်ငံတော်သားများ ရယူရမည့်အရာဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံး၌ အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ သင်တန်းကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်တာစိတ်နေသဘောထားအတွင်း အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာမှာ နိုင်ငံတော်သားများအား ဘုရားသခင် သတ်မှတ်သောအရာဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အလုပ်ထဲမှ ပြောသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့၌ ဘုရားသခင်၏ တို့ထိခြင်းကိုခံရသော စိတ်နှလုံးများရှိရန် ၎င်းတို့ လုပ်ဆောင်ရမည်။ သင်၏ စိတ်နှလုံးအား ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်ပြီး သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါ သင်သည် လွတ်လပ်သော နယ်ပယ်ထဲတွင် အသက်ရှင်ရလိမ့်မည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ရလိမ့်မည်။ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် သင်အသက်ရှင်သည့် အခါမှသာ သင်သည် ဘုရားသခင်နှင့် စပ်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသူများ ဖြစ်ရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များဖြစ်သည်။ ငါ၏စကားများကို ဘုရားသခင်၏ လူတို့ထံပြောခဲ့ပြီးဖြစ်၍ အဆိုပါ တာဝန်ပေးစေခိုင်းချက်များကို အကယ်၍ သင်လက်မခံလိုပါက သင့်ကို ငါအတင်းအကျပ် လက်ခံခိုင်းမည်မဟုတ်၊ သို့ရာတွင် အကယ်၍ ထိုစကားများကို သင်အမှန်တကယ်လက်ခံပါက သင်သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်လိမ့်မည်။ ယနေ့ ဘုရားသခင်၏ တာဝန်ပေး စေခိုင်ချက်များကို သင်တို့ စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာရန်နှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံချိန်များနှင့် ပြည့်မီအောင် လုပ်ဆောင်ကြလော့။ ဤအရာသည် ဝင်ရောက်ရန် ပထမဆုံး ခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို လုံးလုံးလျားလျား ဆောင်ရွက်ရန် အလိုရှိပါက အဆိုပါတာဝန်ပေးစေခိုင်းချက်ငါးချက်ကို သင်လက်ခံရမည်၊ အကယ်၍ သင်သည် ထိုအချက်များနှင့် ပြည့်မီအောင် အသက်ရှင်နိုင်စွမ်းရှိပါက သင်သည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်ကာ ဘုရားသခင်၏ ကြီးမားစွာ အသုံးပြုခြင်းကို ဧကန်အမှန် ခံရလိမ့်မည်။ ယနေ့ အရေးပါသော အချက်မှာ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းထဲတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာအကြောင်း မပြောဆိုခဲ့ကြသော်လည်း ယနေ့တွင် သင်သည် နိုင်ငံတော်၏ သင်တန်းထဲသို့ စတင်ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၁၂

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၁

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၅

စတုတ္ထဆုံမှတ်- အိမ်ထောင်ပြုခြင်း လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူ့မိဘများနှင့် သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၆

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။