ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” | ကောက်နုတ်ချက် ၃၉၈

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်း ရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်း နှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အလုပ်ကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကြောင့် သာမက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ အကယ်၍ ဘုရားသခင်သည် စကားမပြောခဲ့ပါက၊ သူ၏နှုတ်ကပတ်တော်ကို မမြွက်ဆိုခဲ့ပါက သင်တို့၏ အခြေအနေများသည် ယနေ့ကဲ့သို့ အခြေအနေ၌ ရှိနိုင်ပါမည်လော။ ထို့ကြောင့် ဘုန်းကြီးခြင်းနှင့် ချီးမွမ်းခြင်း အလုံးစုံသည် ဘုရားသခင်အတွက်ဖြစ်ပါစေ၊ အဘယ်ကြောင့်ဆိုသော် ဤအရာခပ်သိမ်းသည် သင်တို့အား ဘုရားသခင် ချီးမြှောက်ခြင်းကြောင့် ဖြစ်သည်။ ထိုအရာအားလုံးကို စိတ်နှလုံးသွင်းပြီးပါက သင်တို့ မလှုပ်မယှက်ဘဲ ဆက်နေနိုင်ဦးမည်လော။ သင်၏ခွန်အားသည် မနိုးထဘဲ ဆက်နေနိုင်ဦးမည်လော။

သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စစ်ဆေးပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းရှိခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်စွမ်း ရှိခြင်းကြောင့်လည်းကောင်း၊ အစဦးကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရခြင်းကြောင့် လည်းကောင်း၊ သင့်အား ဆုံးမသည့်အခါ လွန်စွာစိတ်မပျက်ရ။ သင်တို့အထဲ၌ ပြုခဲ့ပြီးသော အလုပ်နှင့် သင်တို့၏အတွင်း၌ ပေးအပ်ထားသော ကောင်းချီးမင်္ဂလာများကို မည်သူမျှ မနှုတ်ယူနိုင်ပါ၊ ထို့အပြင် သင်တို့အား ပေးထားပြီးသော အရာအားလုံးကို မည်သူမျှ မနှုတ်ယူနိုင်ပါ။ ဘာသာရေးရေစီးကြောင်းမှလူများသည် သင်တို့နှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။ သင်တို့သည် သမ္မာကျမ်းစာ နှံ့စပ်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် ဘာသာရေးဆိုင်ရာ အယူအဆဖြင့် ပြည့်ဝခြင်း မရှိသော်လည်း ဘုရားသခင်သည် သင်တို့အတွင်း၌ အလုပ်လုပ်ခဲ့ပြီးသောကြောင့် သင်တို့သည် ခေတ်အဆက်ဆက်က လူများထက် ပို၍ရခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤအရာသည် သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအချက်ကြောင့် သင်တို့သည် ဘုရားသခင်ကို ပို၍ဆက်ကပ်ပြီး ဘုရားသခင်အပေါ် ပို၍ပင် သစ္စာရှိကြရမည်။ ဘုရားသခင်သည် သင့်အား ချီးမြှောက်သောကြောင့် သင်၏ ကြိုးပမ်းမှုများကို သင်တိုးမြှင့်ရပြီး ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်အသက်တာကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားသောနေရာ၌ သင်မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာစေရန် လေ့လာလိုက်စားရမည်၊ နိုင်ငံတော်၏သင်တန်းကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး အကြွင်းမဲ့ဖြစ်ရမည်။ သင်၌ ထိုဆုံးဖြတ်ချက်များ၏ စရိုက်လက္ခဏာရှိပါသနည်း။ အကယ်၍ သင်သည် ထိုဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ခံရမည်မှာ သေချာပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာမည်။ အဓိကကျသော တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာခြင်းဖြစ်ကြောင်း သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

အမှုတော်သစ်လက်ခံသူများ မင်္ဂလာရှိ

သန့်ရှင်းသောဝိညာဉ်တော်၏ လတ်တလောအသံတော်ကို နားထောင်နိုင်သူအားလုံး မင်္ဂလာရှိကြ သူတို့ မည်သို့ကျင့်သားရသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော် သူတို့အထဲ၌ မည်သို့အမှုပြုတတ်ပါစေ နောက်ဆုံးအမှုရရှိသူများ မင်္ဂလာအရှိဆုံးဖြစ် ဒီကနေ့ နောက်ဆုံးအမှု လက်မခံနိုင်သူများ ဖယ်ရှားခံရမည် အလင်းသစ် လက်ခံနိုင်သူများနှင့် နောက်ဆုံးအမှု လက်ခံသိရှိသူများ ဘုရားလိုချင်

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ကြိုးစားရှာတတ်၊ အသစ်သောအရာ တို့ကိုလက်ခံ အတွေးဟောင်းများ စွန့်လွှတ်ပြီး ယခု ဘုရားအမှုနာခံ ယခု ဘုရားအမှုနာခံတတ်ကြ ယခုခေတ်အမှုတော်သစ်လက်ခံသူများကို ကမ္ဘာမတည်မှီ ကိုယ်တော်ဘိက်သိက်၍ ကောင်းချီးခံစားရသူများဖြစ် သင်သည် ဘုရား၏အသံတော်ကြားပြီး သူ့ပုံသဏ္ဍာန်တော်ကို မြင်တွေ့ ထို့ကြောင့် အချိန်တိုင်း ခေတ်အဆက်ဆက် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးတွင် သင်တို့ လူအုပ်ထက် မင်္ဂလာရှိသောသူမရှိ ယခု ဘုရားအမှုနာခံ ယခု ဘုရားအမှုနာခံတတ်ကြ ယခုခေတ်အမှုတော်သစ်လက်ခံသူများကို ကမ္ဘာမတည်မှီ ကိုယ်တော်ဘိက်သိက်၍ ကောင်းချီးခံစားရသူများဖြစ် သင်သည် ဘုရား၏အသံတော်ကြားပြီး သူ့ပုံသဏ္ဍာန်တော်ကို မြင်တွေ့ ထို့ကြောင့် အချိန်တိုင်း ခေတ်အဆက်ဆက် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးတွင် သင်တို့ လူအုပ်ထက် မင်္ဂလာရှိသောသူမရှိ သင်တို့ လူအုပ်ထက် မင်္ဂလာရှိသောသူမရှိ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရီးပန်းတိုင်နှင့်ပတ်သက်၍” | ကောက်နုတ်ချက် ၃၃၄

ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” | ကောက်နုတ်ချက် ၃၆၁

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” | ကောက်နုတ်ချက် ၃၉၉

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သော အလုပ်၏ ရှုထောင့်များဖြစ်ပြီး ဤခေတ်ကာလအတောအတွင်း လူသားတို့အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဆိုးသွမ်းသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံကြရလိမ့်မည်” | ကောက်နုတ်ချက် ၃၂၈

မိမိလုပ်သမျှအရာရာတိုင်း၌ ဖြောင့်မတ်ခြင်းရှိ၊ မရှိနှင့် မိမိ၏အပြုအမူများသည် ဘုရားသခင်၏ နည်းလမ်းများနှင့် ကိုက်ညီ၊ မညီ ဆင်ခြင်လေ့လာနေခြင်းသည်...