ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၃

ရှေ့ဆက်သွားသည့်ခရီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း ပြောဆိုခြင်းသည် သင်စကားပြောသောအခါ၌ ကျင့်သုံးသည့် မူဖြစ်လိမ့်မည်။ သင်တို့ စုဝေးသောအခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း သင်တို့မိတ်သဟာရဖွဲ့ကာ ပြောဆိုသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ စကားဝိုင်း၏ခေါင်းစဉ် ဖြစ်စေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ သင်တို့သိသော အကြောင်းအရာများကို ပြောဆိုသင့်သည်၊ သူ၏နှုတ်ကပတ်တော်ကို သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် မည်သို့ အလုပ်လုပ်ကြောင်း ပြောဆိုသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ကာ ပြောဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဤကမ္ဘာကို ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာဖြစ်စေလိုလျှင် လူသည်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင် ဘုရားသခင်သည် သူ့အလုပ်ကို မလုပ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို သင်မပြောလျှင်၊ ဘုရားသခင်က သင့်ကို အလင်းမပေးနိုင်ပေ။ သင်အားလပ်သည့် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို ပြောပါ။ စကားကို အကြောင်းမဲ့သက်သက်မပြောနှင့်။ သင့်အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်နေပါစေ၊ ထိုအခါ သင်သည် ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်၏ မိတ်သဟာရသည် အပေါ်ယံဖြစ်လျှင်ပင် တော်သေးသည်။ အကြောင်းမှာ အပေါ်ယံမရှိလျှင် နက်ရှိုင်းမှုလည်း ရှိမည်မဟုတ်ပေ။ သင်ဖြတ်သန်းသွားရမည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သင်၏ လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလင်းပေးမှုကိုသာမက ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ကို သင်ထိုးထွင်းသိမြင်လိမ့်မည်။ ထိုသို့ စူးစမ်းလေ့လာသည့် အချိန်ကာလလွန်လျှင် သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည်။ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် သင့်မှာ ရှိမှသာ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံရရှိလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအတွက် အခြေခံသဘောတရားနှင့်ဆိုင်သည့် အချက်နှစ်ချက်ရှိသည်။ ပထမတစ်ချက်သည် ဉာဏ်ပညာနှင့်ဆိုင်ပြီး ဒုတိယတစ်ချက်သည် ဝင်ရောက်ခြင်းနှင့် ဆိုင်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိသင့်သနည်း။ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို သင်သိသင့်သည် (ဆိုလိုသည်မှာ ဘုရားသခင်သည် ယနေ့ မည်သည့်ခေတ်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သနည်း၊ ဘုရားသခင်သည် ယနေ့ မည်သည့်အရာကို အထမြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒရှိသနည်း၊ လူဇာတိခံယူခြင်း ဆိုသည်မှာ အဘယ်နည်း စသည်တို့နှင့်ဆိုင်သော စကားများဖြစ်သည်။ ၎င်းတို့အားလုံးသည် ရူပါရုံနှင့်ဆိုင်သောအရာများဖြစ်သည်)။ လူသည် မည်သည့် နည်းလမ်းဖြင့် နှုတ်ကပတ်တော်ခေတ်ကို ဝင်ရောက်သင့်သနည်း။ ထိုနည်းလမ်းသည် လူက လက်တွေ့ လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့်ဆိုင်သော အချက်နှစ်ချက်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုနည်းလမ်းဖြင့် စားသောက်ပါ။ ရူပါရုံနှင့် ပတ်သက်သော နှုတ်ကပတ်တော်များကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်လျှင်၊ နှုတ်ကပတ်တော်ကို ထပ်ဖတ်ဖို့ မလိုတော့ပါ။ အရေးအကြီးဆုံးမှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်၊ လူဇာတိကို မည်သို့ စွန့်လွှတ်ရမည် စသည့် ဝင်ရောက်ခြင်း အပေါ်၌ နှုတ်ကပတ်တော်များကို စားသောက်ဖို့ ဖြစ်သည်။ ထိုအရာသည် သင်လက်တွေ့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို မသိလျှင်၊ စစ်မှန်သော မိတ်သဟာရဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်သိပြီး အဓိကအချက်ကို နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် မိတ်သဟာရသည် လွတ်လပ်လာလိမ့်မည်။ မည်သည့်အရေးကိစ္စ ပေါ်လာသည်ဖြစ်စေ သင်သည် မိတ်သဟာရဖွဲ့ပြီး ထိုအကြောင်းအရာကို ပြောဆိုနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး စစ်မှန်မှုကို နားလည်နိုင်လိမ့်မည်။ စစ်မှန်မှု မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ပြောဆိုခြင်းမှာ ဘယ်အရာက အဓိကဖြစ်သည်ကို သင်နားမလည်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိကြောင်းကို ဖော်ပြနေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၌ ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ ထိုသို့သော အခြေအနေသည် ပုံမှန် မဟုတ်ပေ။ ပုံမှန်အခြေအနေဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သောအခါ၌ မည်သည့်အခါမျှ မပင်ပန်းခြင်း ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲဆာငတ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကောင်းသည်ဟု အမြဲတွေးခြင်း ဖြစ်သည်။ အမှန်တကယ် ဝင်ရောက်ပြီးသောသူသည် နှုတ်ကပတ်တော်ကို ထိုသို့ စားသောက်လေ့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်တကယ် လက်တွေ့ကျပြီး လူက ဝင်ရောက်သင့်သောအရာပင် ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကြီးမားသော အထောက်အကူဖြစ်သည်၊ လူအတွက် အလွန်အကျိုးရှိသည်၊ လူ့အသက်ကို ထောက်ပံ့သောအရာ ဖြစ်သည်ဟု သင်ခံစားရလျှင်၊ ထိုခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကိုပေးသော ခံစားချက်ဖြစ်သည်။ ထိုသို့သော ခံစားချက်ရှိခြင်းက သန့်ရှင်းသော ဝိညာဉ်တော် သင့်အထဲ၌ အလုပ်လုပ်နေကြောင်း၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားကြောင်းကို သက်သေပြနေသည်။ အချို့က ဘုရားသခင် အမြဲစကားပြောနေကြောင်းကို မြင်သောအခါ ဘုရားသခင်၏ စကားများကို ငြီးငွေ့လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်ဘဲနေသည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ ရှိလိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ထိုသို့ထင်ခြင်းသည် ပုံမှန်အခြေအနေ မဟုတ်ပေ။ သူတို့၏ နှလုံးသားသည် စစ်မှန်မှုကို ဝင်ရောက်ရန် ဆာငတ်တောင့်တခြင်း မရှိပေ။ ထိုသို့သောသူတို့သည် စုံလင်မှုကိုလည်း မဆာငတ်ကြ၊ စုံလင်ခံရခြင်းသည် အရေးကြီးသည်ဟုလည်း မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်သည် ဆာငတ်ခြင်းမရှိဟု ရှာဖွေတွေ့ရှိသောအခါတိုင်း ယင်းသည် သင်၏ အခြေအနေမှာ ပုံမှန် မဟုတ်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ အတိတ်တွင် သင့်ကို ဘုရားသခင် စွန့်ခွာသလား၊ မစွန့်ခွာဘူးလားဟူသည့် အချက်သည် သင်၏အထဲ၌ ငြိမ်သက်ခြင်း ရှိ၊ မရှိနှင့် ဝမ်းမြောက်မှုကို ခံစားရခြင်း ရှိ၊ မရှိတို့အပေါ် မူတည်သည်။ ယခုအချိန်၌ အဓိကအချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်သလား၊ မဆာငတ်ဘူးလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏အသက်တာထဲရှိ လက်တွေ့အရှိတရား ဟုတ်၊ မဟုတ်၊ သင်သည် သစ္စာရှိသောသူ ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်အတွက် သင်လုပ်နိုင်သောအရာကို လုပ်နိုင်စွမ်း သင့်မှာ ရှိ၊ မရှိဟူသည့် အချက်များဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုအားဖြင့် တရားစီရင်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးထံသို့ ဦးတည်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုလိုလားလားဖတ်လိုလျှင် ဘုရားသခင်က သင့်ကို အသိဉာဏ် ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က လိုလိုလားလား ဖတ်လိုစိတ်မရှိလျှင်မူ ဘုရားသခင်က သင့်ကို အသိဉာဏ်ပွင့်လင်းစေမည် မဟုတ်။ ဖြောင့်မတ်ခြင်းကို ဆာငတ်၊ မွတ်သိပ်သောသူတို့ကို ဘုရားသခင်သည် အသိဉာဏ်ပွင့်လင်းစေသည်၊ သူ့ကို ရှာသောသူတို့ကိုလည်း အသိဉာဏ်ပွင့်လင်းစေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်ရှုပြီးသည့်တိုင်အောင် ဘုရားသခင်သည် သူတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ နှုတ်ကပတ်တော်များကို မည်သို့ ဖတ်ကြသနည်း။ မြင်းပေါ်ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ကြည့်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်လျှင်၊ ဘုရားသခင် ပြောသည့် စစ်မှန်မှုကို အရေးကြီးသည်ဟု သဘောမထားလျှင်၊ ဘုရားသခင်က သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့လျှင် ခံရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးမထားလျှင် သင့်မှာ သမ္မာတရား သော်လည်းကောင်း၊ စစ်မှန်မှုသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်၊ ထိုအခါ သင်သည် စစ်မှန်မှုကို ရရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အခြေအနေ၌မဆို သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင်ပင်ပန်းနေသည်ဖြစ်စေ၊ မပင်ပန်းသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ရမည်။ အားလုံးကို ခြုံပြီးသုံးသပ်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်နေ့ အစာ သုံးကြိမ် စားသကဲ့သို့ စားရမည်။ ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးသည်ကို ခံရဖို့နှင့် ရယူခြင်းကို ခံရဖို့သည် ရိုးရှင်းသော အရာတစ်ခု ဖြစ်နိုင်ပါသလား။ လက်ရှိအချိန်၌ သင်နားလည်လည်၊ မလည်လည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိရှိ၊ မရှိရှိ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုပြီး စားသောက်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဝင်ရောက်ရန်အတွက် ကိုယ်တိုင်စလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပါ၊ သင်မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားပါ။ အစပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သင်နားမလည်နိုင်သောအရာများစွာ ရှိနိုင်သည်၊ သို့သော် နှစ်လ၊ သုံးလကြာလျှင်သော်လည်းကောင်း၊ တစ်နှစ်ခန့် ကြာသွားလျှင်သော် လည်းကောင်း သင်နားလည်လာလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်နှင့် စုံလင်အောင် ပြုလုပ်မပေးနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်သောအခါ၊ များသောအားဖြင့် ဖတ်နေချိန်တွင် သင်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုသို့ဖြစ်နေသောအချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စာသက်သက်သာဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သည်၊ အချိန်အတိုင်း အတာတစ်ခုအထိ အတွေ့အကြုံ ရရှိပြီးမှသာ သင့်မှာ နားလည်နိုင်စွမ်းရှိလိမ့်မည်။ ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သင်သည် သူ့နှုတ်ကပတ်တော်ကို စားသောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်သည်။ ထိုသို့ပြုလျှင် သင့်ကိုယ်သင် သတိမထားမိဘဲ နားလည်လာမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါ၌ အများအားဖြင့် လူသည် သူ့ကိုယ်သူ သတိ မထားမိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်၊ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် မူသည် သင်စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌ ဗဟိုပြုထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အရေးကြီးသည်ဟု မသတ်မှတ်ဘဲ နှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် အခြားသော သဘောထားရှိသော သူများအားလုံး၊ နှုတ်ကပတ်တော်ကို အရေးမထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖတ်၊ မဖတ်ဖတ် ဘာမျှထူးမည် မဟုတ်ဟု ယုံကြည်သောသူများ အားလုံးသည် စစ်မှန်မှုမရှိသူများ ဖြစ်သည်။ ထိုသို့သော သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေမှုကိုသော်လည်းကောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အားမစိုက်ဘဲ လုပ်ဆောင်နေသူများဖြစ်သည်၊ ဦးနန်ဂုအို အကြောင်း ပြောထားသည့် ပုံဥပမာ ကဲ့သို့ပင် အရည်အချင်းစစ်မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၅

အရာခပ်သိမ်း ထမြောက်သည့်နေ့တွင် ငါသည် လူတို့အကြားလာ၍၊ အံ့သြဖွယ်ကောင်းသော နေ့များနှင့်ညများတွင် ငါသည် သူနှင့်အတူရှိခဲ့၏။ ဤအခါမှသာ လူသားသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၇

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၄

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာ၊ ပြစ်တင်ကျိန်ဆဲ၍ လူသား၏ ဘဝကို လမ်းပြပေးနိုင်မည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၂

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။