ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၂

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ စစ်မှန်မှု၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။ သင်သွားသည့် နေရာတိုင်းတွင်၊ သင်က၊ “ကျွန်ုပ်တို့ ဘုရားသခင်သည် အမှုပြုဖို့ ကြွလာပြီဖြစ်ပြီး သူ၏ အမှုသည် အစစ်အမှန်ပင် လက်တွေ့ကျသည်။ သဘာဝလွန် လုပ်ဆောင်ချက်များ မရှိဘဲ၊ မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ လုံးဝမရှိဘဲ ကျွန်ုပ်တို့ကို သူ ရယူပြီးဖြစ်သည်” ဟု ဟစ်အော်ပါက၊ အခြားသူတို့က၊ “သူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မလုပ်ဟု သင် ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ နိမိတ်လက္ခဏာများ နှင့် အံ့ဖွယ်ရာများ မရှိဘဲ သင့်ကို သူ မည်သို့ သိမ်းပိုက်နိုင်မည်နည်း” ဟု မေးကြလိမ့်မည်။ ပြီးလျှင် သင်က၊ “သူ စကားပြောဆိုသည်၊ ပြီးလျှင် မည်သည့် အံ့ဖွယ်ရာများ သို့မဟုတ် နိမိတ်လက္ခဏာများ တစ်ခုမျှ ပြသခြင်းမရှိဘဲ၊ ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီးဖြစ်သည်။ သူ၏ အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီးဖြစ်သည်” ဟု ဆိုသည်။ နောက်ဆုံးတွင်၊ အနှစ်သာရရှိသော အရာတစ်ခုမျှ သင် မပြောနိုင်ပါက၊ အသေးစိတ် အချက်အလက်ကို သင် မဆွေးနွေးနိုင်ပါက၊ ဤသည်မှာ မှန်ကန်သော သက်သေခံချက်လော။ လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို သိမ်းပိုက်သည့်အခါ၊ ထိုသို့လုပ်ဆောင်သည်မှာ သူ၏ ဘုရားသဘာဝ နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်က ဤအရာကို မပြီးမြောက်နိုင်ပေ။ သူ၏ ဘုရားသဘာဝသည် မည်သည့် အဖန်ဆင်းခံထက်မဆို မြင့်မားသည့်အတွက်၊ ယင်းမှာ မည်သည့် သေမျိုးကမျှ ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ သာမန်လူတို့ကြားက အမြင့်မားဆုံးသော အရည်အချင်းရှိသည့် သူတို့ပင်လျှင် ဤအရာကို မစွမ်းနိုင်ချေ။ ဤသည်မှာ လူတို့အဖို့ သာမန်ထက်ထူးခြားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် မည်သည့် အဖန်ဆင်းခံမဆိုထက် မြင့်မားပေသည်။ အဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ထက် သာ၍ မမြင့်မားနိုင်ပေ။ သင်သည် သူ့ထက် သာ၍ မြင့်မားပါက၊ သင့်ကို သူ သိမ်းပိုက်နိုင် လိမ့်မည်မဟုတ်ချေ၊ ပြီးလျှင် သူသည် သင့်ထက် မြင့်မားသောကြောင့်သာ သင့်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ သူသာလျှင် ဤအမှုကို ပြုနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များသည် “သက်သေခံချက်” ဖြစ်သည်- သင် သက်သေခံသင့်သည့် သက်သေခံချက်မျိုးဖြစ်သည်။ သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နှုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ ဤအသိပညာကို အသုံးပြုရမည်။ “ဘုရားသခင်ကို ကျွန်ုပ်တို့ သိသည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အလွန် ပြင်းထန်သည်။ သူ၏ နှုတ်ကပတ်တော်များက အလွန် ခက်ထန်သည်၊ ၎င်းတို့သည် ဖြောင့်မတ်ပြီး ခမ်းနားကာ မည်သည့်လူသားကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်ပေ” ဟုသာ သင် ပြောနိုင်သည်၊ သို့သော် ဤစကားများသည် လူသားအတွက် နောက်ဆုံးတွင် ထောက်ပံ့ပေးသလော။ လူတို့အပေါ် ၎င်းတို့၏ သက်ရောက်မှုမှာ အဘယ်နည်း။ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်သည် သင့်အတွက် အကျိုးအရှိဆုံး ဖြစ်သည်ကို သင် အမှန်တကယ် သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် သင်၏ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေကြသည် မဟုတ်သလော။ ၎င်းတို့က သင်၏အတွင်းထဲရှိ ထိုညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော အရာများကို သန့်စင်ပေးပြီး ဖယ်ထုတ်ပစ်နိုင်သည်၊ မဟုတ်သလော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိပါက သင်သည် မည်သည့်အရာ ဖြစ်သွားလိမ့်မည်နည်း။ စာတန်က သင့်ကို အကြီးကျယ်ဆုံးသော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေပြီ ဟူသည့်အချက်ကို သင် အမှန်တကယ် သတိပြုမိပါသလော။ ယနေ့တွင်၊ ဤအရာများဖြင့် သင်တို့ မိမိကိုယ်ကိုယ် ပြင်ဆင်သင့်ပြီး ၎င်းတို့ကို ကောင်းကောင်း သိသင့်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ အားလုံးကို စွန့်လော့ သင်တို့ လက်ရှိယုံကြည်ကြသော ဤဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၂

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၄

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၁

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။