ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၅

ဘုရားသခင်သည် စကြဝဠာတစ်ဝှမ်းလုံးထဲတွင် အလုပ်စတင် ဆောင်ရွက်ကတည်းက အတန်းအစား အားလုံးမှ လူများအပါအဝင် များစွာသော သူများကို သူ့အား အစေခံဖို့ရန် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်တော်သည် မိမိကိုယ်တိုင်၏ အလိုတော် ပြည့်စုံစေရန်နှင့် ဤကမ္ဘာမြေကြီးပေါ်၌ သူပြုလုပ်သမျှ ချောမွေ့စွာ အသီးသီးစေရန်ဖြစ်သည်။ လူတွေကို သူ့အား အစေခံရန် ရွေးချယ်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤအရာပင်ဖြစ်သည်။ ဘုရားသခင်အား အစေခံသောသူတိုင်း ဘုရားသခင်၏ ဤအလိုတော်ကို နားလည်ထားရမည် ဖြစ်သည်။ ဘုရားသခင်၏ ဤအလုပ်တစ်လျှောက် လူသားတို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့် အနန္တတန်ခိုးတော်ကို ပိုမိုကောင်းမွန်စွာ သိရှိလာကြကာ ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ နိယာမများကို ပိုမိုကောင်းမွန်စွာ မြင်တွေ့လာကြသည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးသို့ သူ့အလုပ်လုပ်ဆောင်ရန် ဧကန်အမှန် ကြွဆင်းလာပြီး လူများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ၎င်းတို့သည် သူ့လုပ်ဆောင်မှုများအကြောင်း ပိုမိုရှင်းလင်းစွာ သိလာကြရန်ဖြစ်ပါသည်။ ယနေ့တွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံနိုင်ရခြင်းသည် သင်တို့အုပ်စုအတွက် ကံကောင်းခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်။ အမှန်တကယ်ပင် ဘုရားသခင်သည် သင့်ကို မစနေခြင်း ဖြစ်သည်။ သူ့အား အစေခံမည့်သူများကို ရွေးချယ်ရာတွင် ဘုရားသခင်၌ အစဉ်အမြဲ မိမိကိုယ်တိုင်၏ နိယာမများရှိသည်။ ဘုရားသခင်အား အစေခံခြင်းမှာ လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန် တက်ကြွမှုဖြင့် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ယနေ့ ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ့အား အစေခံသော မည်သူမဆို ထိုသို့ ဆောင်ရွက်ကြသည်မှာ သင်တို့မျက်မြင်ဖြစ်သည်၊ အကြောင်းမှာ သူတို့တွင် ဘုရားသခင်၏ စောင်မမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ ရှိပြီး သူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်အား အစေခံသောသူတိုင်းတွင် ရှိရမည့် အနိမ့်ပါးဆုံးသော သတ်မှတ်ချက်များ ဖြစ်ပေသည်။

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိရစ်နေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေခံနိုင်မည် မဟုတ်ပေ။ သင့်စိတ်သဘောထားသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးလျှင် သင့်စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေသေးသည်။ ထိုအရာကပင် သင်သည် သင့်ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို အစေခံခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ယင်းသည် ဆိုးယုတ်သော သင်၏သဘာဝအပေါ် အခြေခံထားသည့် အစေခံခြင်းပင် ဖြစ်သည်။ သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ လောကထဲ၌ အသက်ရှင်ခြင်းဆိုင်ရာ ဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။ လူတို့သည် ဟောင်းသောအရာအပေါ် စွဲကပ်နေရန် ခုံမင်တတ်ကြသည်။ သူတို့သည် အတိတ်၏ အယူအဆများ၊ အတိတ်၏ အမှုအရာများအပေါ် စွဲကပ်နေတတ်ကြသည်။ ထိုအရာသည် သူတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီးပင် ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မစွန့်လွှတ်နိုင်ပါက ထိုအရာများက သင့်ဘဝတစ်ခုလုံးကို ပိတ်ပင်ချုပ်ချယ်သွားလိမ့်မည်။ အလုပ်လုပ်ရင်း သင့်ကျောရိုး ကျိုးသည်ဖြစ်စေ၊ သို့မဟုတ် ပြေးလွှားရင်း သင့်ခြေထောက် ခေါက်သွားသည် ရှိသော်လည်း၊ ဘုရားသခင်အား သင်၏အစေခံခြင်းတွင် သင်သည် မာတုရဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ ထိုအရာနှင့် ဆန့်ကျင်လျက် သင်သည် မကောင်းသည့်အမှုကို ပြုလုပ်သူဟုပင် ဘုရားသခင်ပြောလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၈

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည် လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၄

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးစားသည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကြုံတွေ့ခံစားရပါက...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၅

ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၉

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။