ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို နာခံသောသူများကို ဘုရားသခင်သည် တရားဝင် ပြီးပြည့်စုံစေမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောသူများကို ဘုရားသခင် ပြည့်စုံစေတော်မူလိမ့်မည်။ ထိုသို့သောသူများသည် မတ်တပ်ရပ်ကာ ဘုရားသခင်အား အစေခံသင့်သည်။ ဘုရားသခင်၌ မကုန်ခမ်းနိုင်သော ကြွယ်ဝချမ်းသာနှင့် အကန့်သတ်မဲ့သော ဉာဏ်ပညာတော်ရှိသည်။ အံ့သြဖွယ်သော ဘုရားသခင်၏ လက်ရာတော်နှင့် အဖိုးမဖြတ်နိုင်သော နှုတ်ကပတ်တော်သည် ပိုမိုများပြားသော လူသားများ မွေ့လျော်ဖို့ရန် စောင့်နေသည်။ လက်ရှိအနေအထားအရဆိုလျှင် ဘာသာရေးအယူအဆ ရှိသည့်သူများ၊ ဝါရင့်ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုယ်မိမိ မစွန့်လွှတ်နိုင်သော သူများသည် အသစ်သောအရာများကို လက်ခံရန် ခက်ခဲသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သောသူများကို ပြည့်စုံစေရန် အခွင့်အရေးမရှိပေ။ အကယ်၍ လူတစ်ယောက်သည် နာခံဖို့ရန် သန္နိဋ္ဌာန်လည်းမချ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မတမ်းတလျှင် ၎င်းတို့သည် ဤအသစ်သော အရာများကို လက်ခံနိုင်ရန် မတတ်စွမ်းဘဲ ရှိပေလိမ့်မည်။ သူတို့သည် သာ၍ သာ၍ ပုန်ကန်လာသောသူများ၊ သာ၍ သာ၍ ပရိယာယ် များလာသောသူများ ဖြစ်လာကြပြီး နောက်ဆုံး၌ မှားယွင်းသည့် လမ်းကြောင်းပေါ်တွင် အဆုံးသတ်ရသည့် အဖြစ်မျိုး ဖြစ်လာမည်။ ယခုပင် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်းဖြင့် သူ့ကို အမှန်ချစ်သောသူများနှင့် အသစ်သော အလင်းကို လက်ခံသော သူများကို ဘုရားသခင်သည် သာ၍ ချီးမြှောက်တော်မူလိမ့်မည်။ မိမိတို့၏ ဝါရင့်မှုအပေါ်တွင် ရောင့်တက် တတ်သော ဘာသာရေး အမှုဆောင်များကို ဘုရားသခင်သည် လုံးဝဖြတ်ချလိမ့်မည်။ ပြောင်းလဲဖို့ ခိုင်မာစွာ ငြင်းဆန်သောသူ တစ်စုံတစ်ဦးကိုမှ ဘုရားသခင် အလိုမရှိပါ။ ထိုကဲ့သို့သော သူများထဲမှ တစ်ယောက်ကဲ့သို့ သင်ဖြစ်ချင်ပါသလား။ သင့်ကိုယ်ပိုင် အကြိုက်နှင့်အညီ အစေခံနေပါသလား၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့် အရာကိုသာ လုပ်ဆောင်နေပါသလား။ ထိုအရာသည် သင့်ကိုယ်တိုင်အတွက် သိထားသင့် သည့်အရာ ဖြစ်သည်။ သင်သည် ထိုဘာသာရေး အမှုဆောင်များထဲက တစ်ယောက်လော၊ သို့မဟုတ် ဘုရားသခင်က ပြည့်စုံစေတော်မူသော ဖွားခါစ ကလေးသူငယ်လော။ အဘယ်မျှလောက်သော သင့်အစေခံခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်က ချီးကျူးသနည်း။ အဘယ်မျှလောက်သော ယင်းအရာကို ဘုရားသခင် မှတ်မိရန် ဒုက္ခမခံဘဲနေမည်နည်း။ နှစ်အတန်ကြာ အစေခံပြီးနောက် သင့်အသက်တာ အဘယ်မျှလောက် ပြောင်းလဲနေပြီနည်း။ ဤအရာများအကြောင်း သင်ရှင်းရှင်းလင်းလင်း သိသလား။ အကယ်၍ သင်သာ စစ်မှန်သည့် ယုံကြည်ခြင်းရှိလျှင် ယခင်ကတည်းက သင်၏ ဘာသာရေး အယူအဆဟောင်းများကို စွန့်လွှတ်ပြီး၊ အသစ်သော နည်းလမ်းဖြင့် ဘုရားသခင်အား သာ၍ကောင်းမွန်စွာ အစေခံပေလိမ့်မည်။ ယခုပင် ပြန်လည်မတ်တပ်ရပ်ရန် နောက်မကျလွန်းသေးပါ။ ဘာသာရေး အယူအဆဟောင်းများသည် လူတို့၏ဘဝကို သတ်လိမ့်မည်။ လူတစ်ယောက် ရရှိသော အတွေ့အကြုံက ဘုရားသခင်နှင့် သူတို့ကို ဝေးကွာစေကာ သူတို့၏ ကိုယ်ပိုင် နည်းလမ်းအတိုင်း လုပ်ဆောင်ဖို့ရန် ဦးတည်သွားစေလိမ့်မည်။ ထိုအရာများကို သင်အနိုင်မယူပါက ယင်းအရာများသည် သင့်အသက်တာ ကြီးထွားမှုတွင် တိုက်မိ၍ လဲကျစရာ အတားအဆီး ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် သူ့အား အစေခံသောသူများကို အမြဲတမ်း ပြည့်စုံစေလေ့ရှိသည်။ ဘုရားသခင်သည် ထိုသူတို့ကို ပေါ့ပေါ့တန်တန် ဖယ်ထုတ်ပစ်လေ့မရှိပါ။ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို အမှန်တကယ် လက်ခံပြီး၊ သင်၏ ဘာသာရေး ဓလေ့ဟောင်း၊ စည်းစနစ်ဟောင်းများကို စွန့်လွှတ်ကာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်မည်ဆိုပါက သင့်အတွက် အနာဂတ် ရှိနေလိမ့်မည်။ သို့မဟုတ်ဘဲ ဟောင်းသော အမှုအရာများ အပေါ်မှာသာ တွယ်ကပ်ပြီး ယင်းအရာများကိုသာ တန်ဖိုးထားနေမြဲ ထားမည်ဆိုပါက သင့်အတွက် ကယ်တင်ခံရရန် နည်းလမ်းမရှိပါ။ ဘုရားသခင်သည် ထိုကဲ့သို့သော သူများကို အသိအမှတ် ပြုတော်မမူပါ။ သင်သည် အမှန်တကယ် ပြည့်စုံချင်ပါက ယခင်က အရာအားလုံးကို လုံးဝ စွန့်ပစ်ဖို့ရန် သန္နိဋ္ဌာန် ချရမည်ဖြစ်သည်။ ယခင်က လုပ်ဆောင်ခဲ့သည့် အရာများ မှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်၏ အလုပ်ပင် ဖြစ်စေကာမူ ထိုအရာကို စွန့်လွှတ်ကာ တွယ်ကပ်ထားခြင်းကို ရပ်တန့်နိုင်စွမ်း ရှိရမည်။ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်ဖြစ်ခဲ့ကြောင်း ရှင်းလင်းနေစေကာမူ၊ သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သော အရာဖြစ်စေကာမူ ယနေ့တွင် ထိုအရာများကို စွန့်ပစ် ရမည် ဖြစ်သည်။ သင်သည် ထိုအရာများကို ကိုင်စွဲမထားသင့်ပါ။ ထိုအရာသည် ဘုရားသခင် တောင်းဆိုသည့် အရာဖြစ်ပေသည်။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် ယခင်က အမှုအရာဟောင်းများကို ကိုးကားလေ့မရှိပါ၊ အတိတ်က သမိုင်း ဟောင်းကို ပြန်ဖော်လေ့မရှိပါ။ ဘုရားသခင်သည် မည်သည့်အခါမှ မဟောင်းနွမ်းဘဲ အစဉ်အမြဲ သစ်လွင်သော ဘုရားသခင်ဖြစ်သည်။ အတိတ်တွင်ပြောခဲ့သည့် မိမိကိုယ်တိုင်၏ စကားတော်အပေါ်တွင်ပင် တွယ်ကပ်လေ့ မရှိပါ၊ ထိုအရာအားဖြင့် ဘုရားသခင်သည် မည်သည့်စည်းမျဉ်းကိုမျှ လိုက်နာသော ဘုရားသခင် မဟုတ်ကြောင်း ထင်ရှားပါသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ယခင်က သူပြုလုပ်ခဲ့သည့် နည်းအတိုင်း လုပ်ဆောင်ခြင်း မရှိတော့စဉ်၊ လူသားသတ္တဝါအနေနှင့် သင်သည် အတိတ်က အကြောင်းအရာများအပေါ် အမြဲတမ်း တွယ်ကပ်ပြီး ယင်းတို့ကို စွန့်လွှတ်ရန် ငြင်းဆန်ကာ ပုံသေနည်းအတိုင်း ယင်းတို့ကို တင်းကျပ်စွာ အသုံးချမည်ဆိုပါက သင့်စကားလုံးများနှင့် အပြုအမူများသည် ဖျက်စီးတတ်သည့်အရာ ဖြစ်လာတော့မည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်လာပြီ မဟုတ်ပါလား။ သင်သည် သင်၏ ဘဝတစ်ခုလုံးကို ထိုအရာဟောင်းများအတွက်နှင့် ပျက်စီးပြီး ကြေမွသွားရန် ဆန္ဒရှိသလား။ ထိုအရာဟောင်းတို့သည် သင့်ကို ဘုရားသခင်၏ အလုပ်အား နှောင့်ယှက်သောသူ ဖြစ်လာစေမည်။ ထိုကဲ့သို့သော သူသည် သင်ဖြစ်ချင်သည့် လူစားမျိုးလား။ သင်သည် အမှန်တကယ် မဖြစ်ချင်ပါက သင်လုပ်နေသည့် အရာကို အမြန်ဆုံး ရပ်တန့်ပြီး၊ နောက်ပြန်လှည့်လိုက်ပါ၊ အစကနေ ပြန်လည်စတင်လိုက်ပါ။ ဘုရားသခင်သည် သင်၏ အတိတ်မှ အစေခံမှုကို မှတ်သားထားမည် မဟုတ်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၄

လက်ရှိအဆင့်တွင် သမ္မာတရားကိုဦးစွာသိရန်နှင့် ၎င်းကို လက်တွေ့လုပ်ဆောင်မှုပြုကာ မိမိကိုယ်ကိုယ် သမ္မာတရား၏ စစ်မှန်သော အဓိပ္ပါယ် ဤထက်ရှိစေရန်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၁၀

ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၅

စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၄

ယခုတွင်မူ “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။