ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၈

လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်။ လူသားသည် ဘုရားသခင်၏ အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ ထံမှလာသည့် လမ်းပြမှုကို ၎င်းတို့ကိုယ်တိုင်၏ ၀င်ရောက်မှုအဖြစ်နှင့် ၎င်းတို့ ၏အထဲ၌ မွေးကတည်းကရှိသည့် အရာအဖြစ် သတ်မှတ်လျှင် လူသား၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကိုပေးသည့် ဉာဏ်အလင်းက အလုပ်လုပ်ခြင်းသည် လူသားတို့က သင့်တော်သောအခြေအနေ၌ ရှိနေစဉ်တွင် ဖြစ်ပေါ်သည်။ ထိုသို့သောအချိန်များ၌ လူတို့သည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအစစ်အမှန်အဖြစ် လွဲမှားစွာ ထင်မြင်ယူဆလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော် ဉာဏ်အလင်းပေးသည့်နည်းသည် ထူးကဲစွာသာမန်အဖြစ်ဆုံးဖြစ်ပြီး လူသား၏အထဲ၌ မွေးကတည်းက ရှိသည့်အရာကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ မြောက်များစွာသော လက်တွေ့ကျသည့် အခက်အခဲများကို လူသားက ရင်ဆိုင်ကြုံသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။ ထိုသို့သောအခါ၌သာ မိမိ၏ ဝိညာဉ် အသက်တာသည် သိပ်မကြီးကြောင်း လူသားသည် တွေ့ရှိလာပြီး တကိုယ်ကောင်းဆန်မှု၊ မိမိအပေါ် သက်ရောက်သည့် အရာများနှင့် လူသား၏ လောဘတို့အားလုံး ပေါ်လာသည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက် မည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အမှုအရာများ မည်သို့ ပေါ်ပေါက်လာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ သွားနေသည်ကို မရှင်းပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသား၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ ပေါင်းစပ်မည့်အစား၊ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ လူသားသည် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်၌ အခက်အခဲများနှင့် ကြုံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်ပါက ယင်းသည် လူသား၏ တကယ့်အတွေ့အကြုံ ဖြစ်သွားသည်။...ထို့ကြောင့် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံသောအချိန်၌ပင် သင်တို့၏ ဝင်ရောက်မှုအပေါ်၌ သာ၍ပင် အလေးထားသင့်ပြီး တချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်တို့၏ဝင်ရောက်မှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျ မြင်ပြီး၊ သင်တို့၏ဝင်ရောက်မှု၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ပေါင်းစပ်သင့်သည်။ ထိုသို့ပြုခြင်းဖြင့် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍များပြားသော နည်းများဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အနှစ်သာရကို သင့်အထဲ၌ ဖြစ်ပေါ်စေ နိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ ကြုံတွေ့နေသောအချိန်၌ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သာမက သင်တို့ကိုယ်သင်တို့ သိကျွမ်းလာကြမည်၊ ထို့အပြင် အလွန်ပြင်းထန်၍ မရေမတွက်နိုင်အောင် များပြားသော ပြင်းထန်သည့် ဒုက္ခအခက်အခဲများကြားတွင် သင်တို့သည် ဘုရားသခင်နှင့် သင့်တော်သော ဆက်ဆံရေးတစ်ရပ် ရှိလာကြမည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်တို့အကြားရှိ ဆက်ဆံရေးသည် တစ်ရက်ပြီးတစ်ရက် ပိုမို နီးစပ်လာလိမ့်မည်။ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ စစ်ဆေးခြင်းတို့အပြီးနောက် သင်တို့သည် ဘုရားသခင် အပေါ် စစ်မှန်သော မေတ္တာ ပေါ်ပေါက်လာမည်။ ထို့ကြောင့် ဝေဒနာ၊ ရိုက်နှက်ချက်နှင့် ဒုက္ခအခက်အခဲများသည် ကြောက်စရာ ကောင်းသော အရာများ မဟုတ်ကြောင်း သင်တို့ နားလည် သဘောပေါက်ရမည်။ ကြောက်စရာကောင်းသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သာရှိပြီး သင်တို့၏ ဝင်ရောက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့်နေ့ ရောက် သောအခါ သင်တို့သည် အကျိုးမဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သလို ဖြစ်နေလိမ့်မည်၊ သင်တို့သည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခံစားခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ကိုလည်း သိခဲ့မည် မဟုတ်၊ သင်တို့၏ ကိုယ်ပိုင် ဝင်ရောက်မှုလည်း ရရှိခဲ့မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အတွင်း လုပ်ဆောင်သည့် ဉာဏ်အလင်းသည်မှာ လူသား၏ စိတ်ထက်သန်မှုကို ထိန်းထားရန် မဟုတ်ဘဲ၊ လူသား ဝင်ရောက်ရန် အတွက် လမ်းကြောင်း ဖွင့်ပေးရန်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လူသား သိလာစေရန် ဖြစ်ပြီး၊ ထိုနေရာမှတဆင့် ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး နှစ်သက်မြတ်နိုးသည့် စိတ်များ ပေါ်ပေါက်လာစေရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၅

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့် အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၇

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၆

ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၇

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ ပထမဦးစွာ၊ အသိပညာအကြောင်း ငါတို့ပြောကြမည်။ အသိပညာသည် အပြုသဘောဆောင်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။