ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၆

ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်၍ ငါ၏အလိုဆန္ဒနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် ၎င်းတို့သည် ငါ့ကို နာခံနိုင်စွမ်း မရှိကြသေးပေဟု ဆိုနိုင်သည်။ သမ္မာကျမ်းစာထဲ နေထိုင်သူများ၊ ပညတ်တရားကြား နေထိုင်သူများ၊ လက်ဝါးကပ်တိုင်ပေါ်တွင် နေသူများ၊ အယူဝါဒနှင့်အညီ နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများ— ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ခံစားရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည် သို့မဟုတ် ငါနှင့် မသင့်မြတ်မှုမှ သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို တစ်စိုးတစ်စဉ်းမျှပင် တစ်ခါမျှ မစဉ်းစားခဲ့ကြဖူးပေ။ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ ရရှိခဲ့သည်မှာ နည်းပါးလွန်းလှ၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏ဝင့်ဝါမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့်အရာသည် ငါ၏သတိပြုမှုမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ဆင်ဝှေ့ရန်ရှောင်လုပ်၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား လှည့်ဖြား၏၊ ငါ့အား အတင်းအကျပ် တောင်းဆို၏၊ ယဇ်ကောင်များအတွက် ငါ့ကိုခြိမ်းခြောက်သည်— ထိုကဲ့သို့သော မကောင်းမှုသည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ သင်တို့၏မကောင်းမှုပြုခြင်းသည် သင်တို့ငါနှင့် မသင့်မြတ်ခြင်း၏ အထောက်အထားဖြစ်၏။ ထို့အပြင် သင်တို့သည် ငါနှင့် သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့် အလွန် သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက ငြင်းဆိုနိုင်ခြင်းမရှိသော ဤအထောက်အထားသည် မည်သူနှင့်သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော ရိုးသားမှုနှင့် သစ္စာရှိမှုတို့ ပိုင်ဆိုင်သည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့အပေါ် လွန်စွာ ဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်စွာ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤအယူအဆများကို သင်တို့ကိုယ်တိုင်၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာဝင့်ဝါသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာကောင်း၍ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းနာများ ရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်ထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် သာ၍ပင် ကင်းမဲ့နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ မည်သူမျှ ကင်းလွတ်ခြင်းမရှိ။ ငါသည်ပင် ကင်းလွတ်ခြင်း မရှိပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထား၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်ဒြပ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင်၏ အားရကျေနပ်မှုအတွက် သင်တို့ဂရုစိုက်ကြ၏။ သင်တို့ပြောဆို လုပ်ကိုင်ခဲ့စဉ် မည်သည့်အချိန်၌ သင်တို့သည် ငါ့ကို မည်သည့်အခါက စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအေးသည့်အခါ သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ လှည့်သွားကြ၏။ ရာသီဥတုပူသည့်အခါတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာယူခြင်း မရှိပေ။ သင်သည် သင်၏တာဝန်ကိုထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အခါကများ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါကများ စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှုအတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထား မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ အမှန်တရားသည် မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ အမှန်တရားသည် မည်သည့်နေရာတွင်ရှိသနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများ ခံစားရရေးအတွက် မဟုတ်သည့်အချိန် မည်သည့်အခါက ရှိခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ကွယ်ဝှက်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ သင်တို့ကိုယ်သင်တို့ ငါနှင့် မသင့်မြတ်စေကြလွန်းသဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် မရေရာသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ မရေရာသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ မကောင်းမှုသည် ဆိုးယုတ်သူတို့ခံစားထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။ ထိုအချိန်တွင် ခရစ်တော်နှင့် သဟဇာတ မဖြစ်သူ မည်သူမျှ အမျက်ဒေါသထွက်ရာနေ့မှ မလွတ်မြောက်နိုင်ကြောင်းကို သင်တို့သိကြလိမ့်မည် ဖြစ်၍ ခရစ်တော်နှင့် မသင့်မြတ်သူများအပေါ် မည်ကဲ့သို့သော ဒဏ်ခတ်ခြင်းမျိုး ကျရောက်မည်ကိုလည်း သင်တို့ တွေ့ရှိကြလိမ့်မည်။ ထိုနေ့ကျရောက်သောအခါ ဘုရားသခင်အပေါ် သင်တို့၏ယုံကြည်ခြင်းအတွက် ကောင်းချီးမင်္ဂလာခံစားရကြောင်းနှင့် ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း သင်တို့၏အိပ်မက်တို့သည် ပြိုကွဲကြရလိမ့်မည်။ သို့ရာတွင် ခရစ်တော်နှင့် သဟဇာတ ဖြစ်သောသူတို့အတွက်မူကား ဤသို့မဟုတ်ပေ။ ထိုသူတို့သည် များစွာဆုံးရှုံးခဲ့ကြသော်လည်း၊ အခက်အခဲများစွာ ခံစားခဲ့ကြရသော်လည်း၊ လူသားမျိုးနွယ်အပေါ် ငါထားရစ်ခဲ့မည့် အမွေအားလုံးကို ရကြလိမ့်မည်။ အဆုံးတွင် ငါသည်သာလျှင် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်းနှင့် ငါသည်သာလျှင် လူသားမျိုးနွယ်အား သူ၏ လှပသော ပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်စွမ်း ရှိကြောင်း သင်တို့ နားလည်ကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၄

ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘ၀များတွင် ဘုရားသခင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၇

ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၃

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၆

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။