ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၇

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ထိုအရာများသည် သင်တို့၏ စိတ်နှလုံးကို အမြဲတစေ အလွန်ထိန်းချုပ်ထားသဖြင့် သင်တို့သည် ပဒေသရာဇ်ဆန်ပြီး ကျဆင်းယိုယွင်းသော အဆိုပါ အတွေးအခေါ်များ၏ ထမ်းပိုးကို စွန့်ပစ်နိုင်စွမ်း မရှိကြ။ သင်တို့သည် သင်တို့၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်နှင့် မှောင်မိုက်၏ လွှမ်းမိုးမှုထဲမှ လွတ်မြောက်ရန် မတမ်းတကြ။ သင်တို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းကိုသာ ခံကြရသည်။ ယင်းကဲ့သို့သော အသက်တာသည် အလွန်နာကျင်ကြောင်းနှင့် ယင်းကဲ့သို့သော လောကသည် အလွန်မှောင်မိုက်ကြောင်းကို သင်တို့သိလျှင်ပင် ထိုအသက်တာမျိုးကို ပြောင်းလဲရန် ရဲစွမ်းသတ္တိရှိသူ တစ်ဦးတစ်ယောက်မျှ သင်တို့ထဲ၌ အလျှင်းမရှိ။ သင်တို့သည် ဤစစ်မှန်သည့်ဘဝမျိုးမှ လွတ်မြောက်ရန်၊ သင်တို့၏ စိတ်ဝိညာဉ်ကို တမလွန်၌ အပြစ်ကြွေး သန့်စင်ပေးရာဘုံမှ လွတ်ရန်နှင့် ကောင်းကင်ဘုံကဲ့သို့ ငြိမ်သက်ပျော်ရွင်ဖွယ် ပတ်ဝန်းကျင်တစ်ခုအတွင်း အသက်ရှင်ရန်သာ တောင့်တမျှော်လင့်နေကြသည်။ သင်တို့သည် သင်တို့၏ လက်ရှိအသက်တာကို ပြောင်းလဲရန်အတွက် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြ၊ ဤကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲမှ သင်တို့ဝင်ရောက်သင့်သော အသက်တာကို ရှာဖွေရန်လည်း သင်တို့ဆန္ဒမရှိကြ။ ထိုသို့ဆန္ဒရှိရမည့်အစား သင်တို့သည် လက်တွေ့မကျသော အိပ်မက်များထဲ၌ ဇာတိပကတိအလွန် လှပသည့် ကမ္ဘာအကြောင်းကိုသာ လုံးလုံးစိတ်ကူးယဉ် အိပ်မက်မက် နေကြသည်။ သင်တို့တောင့်တသော အသက်တာမှာ နာကျင်မှု တစ်စုံတစ်ခုကိုမျှ မခံစားရဘဲ မပင်မပန်း ရယူနိုင်သော အသက်တာ ဖြစ်သည်။ လုံးဝ လက်တွေ့မဆန်လိုက်လေစွ။ အဘယ်ကြောင့် ဆိုသော် သင်တို့မျှော်လင့်သည့်အရာမှာ အဓိပ္ပာယ်ရှိသောဘဝကို သွေးသား ခန္ဓာဖြင့် အသက်ရှင်နေထိုင်ရန်နှင့် ဘဝလမ်းခရီးထဲ လျှောက်လှမ်းစဉ် သမ္မာတရားကိုရရန်၊ တစ်နည်းအားဖြင့်ဆိုပါက သမ္မာတရားအတွက် အသက်ရှင်ရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ရန် မဟုတ် သောကြောင့် ဖြစ်သည်။ ဤအသက်တာကို ထွန်းလင်း ပြောင်မြောက်သော အသက်တာဟူ၍ သင်တို့မှတ်ယူလိမ့်မည်မဟုတ်။ ဤအသက်တာသည် မက်မောဖွယ်ကောင်းသော အသက်တာ၊ သို့မဟုတ် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်လိမ့်မည်မဟုတ်ဟု သင်တို့ ထင်ကြသည်။ သင်တို့အမြင်တွင် ယင်းအသက်တာမျိုးကို ရှင်သန်ရခြင်းကို မတရားမှုတစ်ခုအဖြစ် ခံစားရပေလိမ့်မည်။ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ယနေ့လက်ခံ သော်လည်း သင်တို့လေ့လာလိုက်စားနေသောအရာမှာမူ သမ္မာတရားကို ရရန်၊ သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန်မဟုတ်ဘဲ သွေးသားခန္ဓာ ပျက်စီးပြီးနောက်ပိုင်း ပျော်ရွှင်ဖွယ်ရာအသက်တာထဲ ဝင်ရောက်နိုင်ရန်သာဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်သည့်အပြင် သင်တို့သည် သမ္မာတရားအတွက် ဖြစ်တည် နေခြင်းလည်း မဟုတ်။ ယနေ့ သင်တို့သည် ဝင်ရောက်ရန် လုပ်ဆောင်နေရမည့်အစား “နေ့ရက် တစ်ရက်” အကြောင်း အမြဲတွေးလျက်၊ ကောင်းကင်ပြာကြီးကို ငေးကြည့်လျက်၊ ခါးသီးသော မျက်ရည်များကျပြီး ကောင်းကင်ဘုံသို့ တစ်နေ့နေ့တွင် အခေါ်ဆောင် ခံရရန် မျှော်လင့်လျက်နေကြသည်။ ထိုသို့သော သင်တို့၏အတွေးသည် မတွေးခင်ကတည်းက လက်တွေ့ဘဝနှင့် မအပ်စပ်ကြောင်းကို သင်တို့မသိကြသလော။ မကုန်ဆုံးနိုင်သော သနားခြင်းကရုဏာနှင့် အကြင်နာမေတ္တာရှိသော ကယ်တင်ရှင်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မလွဲမသွေ ကြွလာပြီး ဤလောက၏အခက်အခဲနှင့် ဒုက္ခဆင်းရဲတို့ကို သည်းခံခဲ့သော သင့်အား သူနှင့်အတူ ခေါ်ဆောင်သွားမည်၊ မတရားဖိနှိပ်ခံခဲ့ရပြီး ချုပ်ချယ်ခံခဲ့ရသော သင့်အတွက် မလွဲမသွေ လက်တုံ့ပြန်ပေးလိမ့်မည်ဟု သင်တွေးမြဲတွေးနေသည်။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲ ခံခဲ့ရသောသူမှာ သင်တစ်ယောက်တည်းသာ ရှိသလော။ သင်သည် စာတန်၏အုပ်စိုးမှုအောက်သို့ သင့်ကိုယ်သင် ကျရောက်စေခဲ့ပြီး ဒုက္ခဆင်းရဲ ခံနေရသည်၊ ဘုရားသခင်အနေဖြင့် သင့်ကို အပြစ်ဒဏ်ခတ်ရန်အတွက် အမှန်တကယ် လိုအပ်သလော။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိသောသူများ အားလုံးသည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို မယုံကြည်သော သူများသည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ သင်၏ ကောင်းသောအကျင့်များသည် မည်သည်အတွက် အရေးပါသနည်း။ ထိုအကျင့်များသည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံး၏နေရာကို အစားထိုးနိုင်သလော။ ကောင်းသောအမှုများကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရနိုင်၊ ထို့အပြင် သင့်အနေဖြင့် မတရားဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည်ဆိုရုံမျှနှင့် သင့်အပေါ် ပြုခဲ့ကြသည့် မတရားမှုများအတွက် ဘုရားသခင်က လက်တုံ့ပြန်ပေးမည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိဘဲ ကောင်းသောအမှုများကို ပြုသောသူများ အားလုံးသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာ ယုံကြည်သည်၊ သင့်အပေါ် သူတစ်ပါးပြုခဲ့သော မတရားမှုများကို ဘုရားသခင်က တရားသဖြင့် ပြုပေးရန်နှင့် လက်တုံ့ပြန်ပေးရန်သာ သင်အလိုရှိသည်၊ ထို့အပြင် သင်၏ဒုက္ခဝေဒနာထဲမှ လွတ်မြောက်ရန်အတွက် ထွက်ပေါက်တစ်ခုကို ဘုရားသခင်ပြင်ဆင်ပေးရန် သင်အလိုရှိသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို အာရုံပြုရန် ငြင်းဆန်သည်သာမက သမ္မာတရားဖြင့် အသက်ရှင်ရန် ဆာငတ်ခြင်းလည်း သင်၌မရှိ။ ခက်ခဲပြီး ဗလာနတ္တိဖြစ်နေသော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်း သင်၌သာ၍မရှိ။ ထိုအစား သင်၏အသက်တာကို သွေးသားဇာတိဖြင့် လည်းကောင်း၊ အပြစ်တရားနှင့်ပြည့်သော အသက်တာဖြင့် လည်းကောင်း အသက်ရှင်နေစဉ်ပင် သင်၏နစ်နာချက်များကို အမှန်ပြင် ကုစားပေးရန်နှင့် သင့်ဘဝထဲ အုံ့ဆိုင်းနေသော မြူမှိုင်းကို ခွင်းပေးရန် ဘုရားသခင်အား မျှော်လင့်တကြီး သင်ကြည့်သည်။ ဤအရာသည် မည်ကဲ့သို့ဖြစ်နိုင်ခြေရှိမည်နည်း။ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင်လိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်၌ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်မှု ရှိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေါ်လွင်ထင်ရှားစေသောသူတစ်ဦး ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ပြုပေးမည်မှာ သေချာသည်၊ မိမိကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများကိုခံရသည့် သားကောင်ဖြစ် သွားသော သူများကိုမူ တရားသဖြင့် မပြုပေးချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် အကြင်နာတရား မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်းတရား မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းတရားနှင့် ကြင်နာခြင်း တရားတို့သည် သမ္မာတရားနှင့် နှီးနွှယ်နေကြသည် မဟုတ်လော။ ထိုတရားတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများ အတွက် သိုမှီးထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်မရှင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်သည် အဘယ်သို့သောသူ ဖြစ်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၀

ဘုရားသခင်၏ သြဇာအာဏာကို ကျယ်ပြန့်သည့်ရှုထောင့်နှင့် အနုစိတ်ရှုထောင့်များမှ သိနားလည်ခြင်း ဘုရားသခင်၏ သြဇာအာဏာသည် အတုမဲ့ဖြစ်၏။ ၎င်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၂

မယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်၏လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းသည် ကောင်းသူများကို ဆုချ၍ ဆိုးယုတ်သူများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၉

ငါ၏ ဘုန်းတော်ကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည်လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား၊ ငါ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၄

လူသားတို့ ချို့ယွင်းသည့်အရာမှာ ဝိညာဉ်ရေးရာ အသက်တာ၏ ထောက်မခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အတွေ့အကြုံသာ မကဘဲ ထို့ထက်ပိုအရေးကြီးသည်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။