ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၉

ငါ့ကို အကြွင်းမဲ့မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်းဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လိမ်လည်ခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပေးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင်၊ ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရှင်ဘုရင်များအဖြစ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် ထပ်တလဲလဲဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝသည်လည်း ထိုနည်းတူဖြစ်၏- သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့်၊ လူတစ်ဦးသည် သူတစ်ပါးထံမှ ခိုးယူခြင်းကို မွေ့လျော်ပါက၊ ၎င်းတို့အနေဖြင့် တစ်ခါတစ်ရံ ခိုးယူနိုင်ပြီး၊ တစ်ခါတစ်ရံ မခိုးယူနိုင်သော်လည်း၊ ဤ “ခိုးယူခြင်းကို ပျော်မွေ့ခြင်း” သည် ၎င်းတို့၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းတို့ ခိုးသည်ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ၎င်းတို့၏ ခိုးယူခြင်းသည် အမူအကျင့် တစ်မျိုးမျှသာ ဖြစ်သည်ဟု သက်သေမပြနိုင်ပေ။ ယင်းထက်၊ ၎င်းတို့၏ ခိုးယူခြင်းသည် ၎င်းတို့ဘဝ၏ အစိတ်အပိုင်းဖြစ်သည်ကို သက်သေပြပေသည်- ယင်းမှာ ၎င်းတို့၏ သဘာဝဖြစ်၏။ အချို့က မေးလိမ့်မည်- ခိုးယူခြင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည့်အတွက်၊ ပစ္စည်းကောင်းများကို ၎င်းတို့ မြင်သည့်အခါ တစ်ခါတစ်ရံ အဘယ်ကြောင့် မခိုးကြသနည်း။ အဖြေမှာ အလွန်ရိုးရှင်း၏။ ၎င်းတို့ မခိုးရသည့် အကြောင်းရင်း များစွာရှိ၏။ စောင့်ကြည့်နေသော မျက်စိများအောက်မှ အလစ်သုတ်ဖို့ ထိုအရာက ကြီးလွန်းသောကြောင့် သို့မဟုတ် လုပ်ဖို့ အဆင်ပြေသည့်အချိန် မရှိသောကြောင့်၊ သို့မဟုတ် အရာတစ်ခုသည် စျေးကြီးလွန်းပြီး အလွန်တင်းကျပ်စွာ စောင့်ကြပ်ထားသောကြောင့်၊ သို့မဟုတ် ထိုအရာကို ၎င်းတို့ အထူး စိတ်ဝင်စားမှု မရှိကြ၍ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သူတို့အဖို့ ထိုအရာက မည်သို့ အသုံးဝင်မည်ကို မသိနိုင်ကြသောကြောင့်၊ စသည်ဖြင့် တစ်စုံတစ်ရာကို ၎င်းတို့ မခိုးယူနိုင်ပေ။ ဤအကြောင်းရင်းများအားလုံးသည် ဖြစ်နိုင်၏။ သို့သော် မည်သို့ပင်ဖြစ်စေ၊ အရာတစ်ခုကို ၎င်းတို့ ခိုးသည် ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ယင်းက ဤအတွေးသည် တစ်ခဏ လျှပ်တစ်ပြက်သာ တည်ရှိသည်ဟု သက်သေမပြနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းသည် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲရန် ခက်ခဲသည့် ၎င်းတို့ သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် တစ်ကြိမ်မျှ ခိုးယူခြင်းဖြင့် မကျေနပ်ပေ။ အခြားသူတို့၏ ပိုင်ဆိုင်မှုများကို မိမိတို့၏ ကိုယ်ပိုင်အဖြစ် တောင်းဆိုသည့် ထိုသို့သော အတွေးများသည် ကောင်းသောအရာတစ်ခုခု သို့မဟုတ် သင့်တော်သည့် အခြေအနေတစ်ခုနှင့် ကြုံသည့်အချိန်တိုင်း ဖြစ်ပေါ်လေသည်။ ထို့ကြောင့် ဤအတွေး၏ ဇာစ်မြစ်သည် မကြာခဏ ရွေးချယ်ရုံသာ ခံရသည့် အရာတစ်ခု မဟုတ်ဘဲ၊ ဤလူ၏ ကိုယ်ပိုင် သဘာဝထဲတွင် ရှိသည့်အရာတစ်ခု ဖြစ်သည်ဟု ငါ ပြောရခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၅

အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ပထမဦးစွာ ဘုရားသခင်ကို သင်သစ္စာစောင့်သိရမည် ဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် ပင်ကိုအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၆

ပေတရုသည် စုံလင်စေခြင်းခံခဲ့ရသည့် လူတစ်ဦး ဖြစ်ခဲ့သည်။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီးသည့်နောက်၊ ထိုသို့ဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၂

လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သည့်အသက်တာကို ရရှိသည့်အခါ၊ စာတန်၏အင်အားစု တစ်ရပ်လုံးကို ချည်နှောင်ထားမည်ဖြစ်၍ လူသားသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၇

ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင်၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။