ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၂

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။ ဤနည်းဖြင့် သင်တို့ကို ငါ သတိပေးသည်မှာ ပထမဦးစွာ ငါ၏ အမှု အချည်းနှီးမဖြစ်ဖို့ရန် အလို့ငှာဖြစ်ပြီး၊ ဒုတိယအနေဖြင့် အလင်း၏ နေ့ရက်များထဲတွင် သင်တို့အားလုံး အသက်ရှင်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ အမှန်တွင်၊ ငါ၏ အမှု အချည်းနှီးဖြစ်သည်၊ မဖြစ်သည်က အရေးကြီးသည့် ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့်အရာမှာ သင်တို့သည် ပျော်ရွှင်သော ဘဝများနှင့် အံ့ဩဖွယ် အနာဂတ်တစ်ခု ရှိနိုင်ကြဖို့ ဖြစ်သည်။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၉

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၂

၃။ အသံ တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၁

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၃

ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။