ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၁

ဘုရားသခင်နှင့် လူတို့ကို တန်းတူ ပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင် မဆောင်ရွက်သလို သူ၏ နှုတ်ကပတ်တော်တို့ကိုလည်း မပြောကြားပါက လူတို့သည် ဘုရားသခင်၏ အလိုကို ဘယ်သောအခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပါ၊ ထို့ကြောင့်ဘုရားသခင်ကို ဘဝတစ်လျှောက်လုံး ဆက်ကပ်အပ်နှံခဲ့သည့် သူတို့သည်ပင်လျှင် ဘုရားသခင်၏ အတည်ပြုခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့၏ ဆောင်ရွက်ချက်သည် မည်မျှပင် ကောင်းမွန်စေကာမူ ဘုရားသခင်၏အမှု မပါဝင်ပါက အရာမရောက်ပါ။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်များသည် လူတို့၏ စိတ်ကူးအကြံများထက် အမြဲ မြင့်မားနေမည် ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို “ရှင်းလင်းစွာ သိသည်” ဆိုသူများမှာ အရည်အချင်းမရှိ၊ သူတို့အားလုံးသည် စိတ်ကြီးဝင်၍ ပညာမဲ့သူများ ဖြစ်သည်ဟု ငါဆိုသည်။ လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်မချသင့်ပါ၊ သည့်အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်ချနိုင်စွမ်းမရှိပါ။ ဘုရားသခင်၏အမြင်တွင် လူသားတို့သည် ပုရွက်ဆိတ်ထက်ပင် သေးငယ်ပေသေးသည်။ သို့ဖြစ်လျှင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဒီလိုမလုပ်ဘူး သို့မဟုတ် ဟိုလို မလုပ်ဘူး” သို့မဟုတ် “ဘုရားသခင်က ဒီလိုပဲ သို့မဟုတ် ဟိုလိုပဲ” ဟု စဉ်ဆက်မပြတ် ပြောဆိုနေကြသူများ ရှိသည်။ သူတို့အားလုံး စိတ်ကြီးဝင်နေခြင်း မဟုတ်ပါလော။ အသွေးအသားဖြင့် တည်ဆောက်ထားသော လူများ အားလုံးကို စာတန်ဖျက်ဆီးထားကြောင်းကို ငါတို့အားလုံး သိသင့်သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန်မှာ သူတို့၏သဘာဝဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ မဟုတ်ရုံမက ဘုရားသခင်၏ အမှုအား သူတို့က လမ်းညွှန်အကြံပြုခြင်းမှာ ပို၍ပင် မဖြစ်နိုင်ပါ။ လူသားတို့ကို ဘုရားသခင်က မည်သို့ ဦးဆောင်လမ်းပြသည် ဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်ပါသည်။ လူသားဆိုသည်မှာ ဖုန်မှုန့်သာ ဖြစ်သည့်အတွက် လူသားတို့သည် ထိုကဲ့သို့သောအမြင်ကို ကိုင်စွဲမထားသင့်ဘဲ ကျိုးနွံနာခံသင့်ပါသည်။ ဘုရားသခင်ကို ရှာဖွေရန် ငါတို့ ကြိုးစားသောကြောင့် ဘုရားသခင်၏ ဆင်ခြင် သုံးသပ်မှုအတွက် ဘုရားသခင်၏ အမှုအပေါ် ငါတို့၏ အယူအဆများကို ထည့်သွင်းခြင်း မပြုသင့်ပါ။ အနည်းဆုံး ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ရည်ရွယ်ကြိုးစားသည့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ငါတို့ အသုံးမပြုသင့်ပါ။ ယင်းက ငါတို့ကို အန္တိခရစ်များ မဖြစ်စေဘူးလား။ ထိုသို့သောသူများက ဘုရားသခင်ကို ယုံကြည်ပါသည်ဟု အဘယ်ကဲ့သို့များ ပြောနိုင်ပါလိမ့်။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ငါတို့ ယုံကြည်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလျက် ဘုရားသခင်ကို တွေ့မြင်လိုသည့်အတွက် ငါတို့သည် သမ္မာတရားလမ်းကို ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာစွာဖြင့် မဆန့်ကျင်သင့်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မည်သည့် ကောင်းခြင်းများ ရရှိသနည်း။

ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိပါသည်။ ဤစကားများကို သင်လက်ခံချင်မှ လက်ခံပေလိမ့်မည်၊ သင့်အတွက် ထူးဆန်းသည်ဟု ခံစားရနိုင်သည်၊ သို့သော် သင်၏ သဘာဝကို ထုတ်ဖော်ပြသခြင်း မပြုရန် ငါအကြံပြုသည်။ အကြောင်းမှာ ဘုရားသခင် ရှေ့တွင် ဖြောင့်မတ်မှုကို အမှန်တကယ် ဆာငတ်သော သူများသာလျှင် သမ္မာတရားကို ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ် ရိုသေကိုင်းရှိုင်းသူများသာ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြပို့ဆောင်ခြင်းကို ရရှိနိုင်ပါသည်။ အငြင်းအခုံများမှ တစ်ဆင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် မည်သည့်အရာမျှ ရရှိလာမည်မဟုတ်ပါ။ တည်ငြိမ်စွာ ရှာဖွေမှ သာလျှင် ရလဒ်များကို တွေ့ရှိပါလိမ့်မည်။ “ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိသည်”ဟု ငါပြောသောအခါ ဘုရားသခင် လူသားအဖြစ်သို့ ပြန်လည် ကြွရောက်ခြင်းကို ငါရည်ညွှန်းသည်။ ဤစကားများကို သင်အလေးမထားခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ သို့မဟုတ် အလွန်စိတ်ဝင်စားခြင်းတို့ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ကြွရောက်ခြင်းကို အမှန်တကယ် တောင့်တသူတို့အားလုံး ဤအချက်ကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စဉ်းစားရန် ငါမျှော်လင့်သည်။ ချက်ချင်းအမြန် ဆုံးဖြတ်ချက်မချလိုက်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ပညာရှိသူတို့ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၂

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၈

သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး နားလည်လိုလျှင်၊ သင် ရင်ဆိုင်ရသည့် အခက်အခဲများ၏ အနှစ်သာရနှင့် သင်၏ အနီးအနားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၈

ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူကို အပြည့်အစုံ ဖော်ပြမည်။ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၇

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။