ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၂

ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး လမ်းလွဲခြင်း သို့မဟုတ် လွဲမှားစွာယုံကြည်ခြင်း မရှိဘဲ အခြားသောအရာများထက် ဘုရားသခင်၏ အမှုကို သိကျွမ်းသင့်သည်။ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြူစင်စွာ လက်ခံခြင်း ကင်းမဲ့သော လွဲမှားသည့် ထိုယုံကြည်ချက်အမျိုးမျိုးတို့သည် ဘာသာရေးအယူအဆများသာဖြစ်ပြီး လွဲချော်၍ မှားယွင်းနေသော လက်ခံချက်သာ ဖြစ်သည်။ ထင်ရှားသော ဘာသာရေးသမားတို့၏ အကြီးမားဆုံး စွမ်းရည်မှာ အတိတ်က လက်ခံထားကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုယူ၍ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံရာတွင် အတိတ်၌ သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်ပွင့်လင်းစေရန် ဖွင့်ပြခဲ့သော အရာများကို ဖက်တွယ်ထားပါက သင်၏အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး သင်၏လက်တွေ့ကျင့်သုံးခြင်းသည် ခေတ်နောက်ကျကာ ဘာသာရေးအခမ်းအနား သက်သက်သာ ဖြစ်နေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အပြင်ပန်း၌ နှိမ့်ချ၍ သည်းခံရမည်ဟု သင်ယုံကြည်ပြီး ထိုအသိတရားမျိုးကို ယနေ့ကျင့်သုံးပါက ထိုအသိပညာသည် ဘာသာရေး အယူအဆသာ ဖြစ်ပြီး ထိုလက်တွေ့ကျင့်သုံးခြင်းသည် ဟန်ဆောင်သည့် သရုပ်ဆောင်ချက်သာ ဖြစ်နေလိမ့်မည်။ “ဘာသာရေးအယူအဆများ” ဆိုသည်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို လက်ခံမှုများနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့ဘဲ ခေတ်ကုန်သွားသည့် အရာများကို ရည်ညွှန်းပြီး ၎င်းတို့ကို ယနေ့ လက်တွေ့ကျင့်သုံးပါက ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းဖြစ်စေကာ လူတို့အတွက် အကျိုးမရှိပါ။ လူသည် မိမိအထဲမှ ဘာသာရေး အယူအဆများနှင့်ဆိုင်သည့် ထိုအရာများကို ထုတ်ပယ်ခြင်း မပြုနိုင်ပါက ၎င်းတို့သည် လူ၏ ဘုရားသခင်ကို အစေခံမှု၌ ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို အမီမလိုက်နိုင်ကြဘဲ ခြေတစ်လှမ်း နောက်ကျနေကြပြီး ဤဘာသာရေး အယူအဆများက လူအား မိမိကိုယ်ကိုမှန်လှပြီဟု ထင်စေ၍ မောက်မာစေသဖြင့် ခြေနှစ်လှမ်းနောက်ကျကြရပြန်သည်။ ဘုရားသခင်သည် အတိတ်၌ မိမိပြောဆို၍ လုပ်ဆောင်ခဲ့သော အရာများကို လွမ်းဆွတ်တမ်းတနေခြင်း မရှိဘဲ ထိုအရာများသည် ခေတ်ကုန်သွားပါက သူဖယ်ရှားသုတ်သင်လိုက်သည်။ သင်၏အယူအဆများကို ဧကန်အမှန်ပင် သင်စွန့်လွှတ်နိုင်သည် မဟုတ်လော။ သင်သည် အတိတ်က ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ၎င်းက ဘုရားသခင်၏အမှုကို သင်သိသည်ဟု သက်သေထူပေးသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ အတိတ်က အလင်းကို ဖက်တွယ်ထားပါက ထိုအရာက ဘုရားသခင်၏ ခြေလှမ်းများကို သင်လိုက်လျှောက်သည်ဟု သက်သေထူပေးသလော။ ဘာသာရေး အယူအဆများကို သင်မစွန့်လွှတ်နိုင်ဘဲ ရှိနေသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။

လူသည် ဘာသာရေး အယူအဆများကို စွန့်လွှတ်နိုင်ပါက သူသည် မိမိ၏ အသိဉာဏ်ဖြင့် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်နှင့် အမှုကို မစစ်ဆေး မတိုင်းတာတော့ဘဲ ယင်းအစား တိုက်ရိုက်နာခံလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့်မတူဘဲ ထင်ရှားသော်လည်း သင်သည် အတိတ်၏ အမြင်များကိုစွန့်လွှတ်၍ ဘုရားသခင်၏ ယနေ့ အမှုကို နာခံနိုင်သည်။ အကယ်၍ သင့်မှာ ထိုအသိပညာမျိုးရှိပြီး အတိတ်၌ ဘုရားသခင် မည်သို့ လုပ်ဆောင်ခဲ့စေကာမူ ယနေ့ သူပြုသောအမှုကို အသားပေးထားပါက သင်သည် မိမိ၏အယူအဆများကို စွန့်လွှတ်ခဲ့ပြီးသူ၊ ဘုရားသခင်ကို နာခံသူ၊ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်ကို နာခံသူ၊ ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်သူ ဖြစ်သည်။ ဤ၌ သင်သည် ဘုရားသခင်ကို ဧကန်အမှန် နာခံသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် စစ်ကြောခြင်းမပြု၊ ဘုရားသခင်သည် မိမိယခင်က ပြုခဲ့သည့်အမှုကို မေ့လျော့ထားသကဲ့သို့ သင်လည်း မေ့ပျောက်လိုက်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က မိမိပြုခဲ့သည့်အမှုကို ဘေးဖယ်ထားသည့်အတွက် သင်လည်း ထိုအရာပေါ်တွင် မနေသင့်ပေ။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အပြည့်အဝ နာခံသူ၊ မိမိ၏ဘာသာရေး အယူအဆများကို လုံးဝစွန့်လွှတ်သူ ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၂

တစ်ခါတစ်ရံတွင် လူတို့သည် ဘုရားသခင်အား သူတို့ဘဝဖြစ်စေမည်ဟု ပြောကြသော်လည်း သူတို့သည် ထိုအဆင့်၌ တွေ့ကြုံခံစားရသည့် အတွေ့အကြုံကို မရရှိကြသေးပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၉

မည်သည့်ဝိညာဉ်လိပ်ပြာအတွက်မဆို ၎င်းတို့ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ ၎င်းတို့မွေးဖွားသည့် မိသားစုနှင့် ၎င်းတို့၏ဘဝ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။