အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။ သူ၏ကိုယ်ခန္ဓာမှာ အဆိပ်ပါဝင်ပြီး စာတန်သည် ဤအဆိပ်ကို ကိုင်တွယ် အသုံးချသည်။ ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့်သူက မြွေပင်ဖြစ်သည်။ ဧဝက အပြစ်လုပ်ပြီးနောက် အာဒံသည်လည်း အပြစ်လုပ်ခဲ့ပြီး သူတို့နှစ်ယောက်သည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်စွမ်း ရှိသွားကြသည်။ မြွေက ဧဝကို သွေးဆောင်လိမ့်မည်ဟုသာ ယေဟောဝါက သိခဲ့လျှင် ဧဝက အာဒံကို သွေးဆောင်မည်ဟုသာ ကြိုသိခဲ့လျှင် ဘုရားသခင်သည် သူတို့အားလုံးကို အဘယ်ကြောင့် ဥယျာဉ်တစ်ခုထဲမှာ ထားခဲ့မည်နည်း။ သူသည် ဤအရာများကို ကြိုတင် သိမြင်နိုင်ခဲ့လျှင် မြွေကို အဘယ်ကြောင့်ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ ထားခဲ့မည်နည်း။ ဧဒင်ဥယျာဉ်ထဲမှာ အဘယ်ကြောင့် အကောင်းနှင့် အဆိုးကို ခွဲခြားသိနိုင်သည့် သစ်ပင်၏ အသီး ရှိနေခဲ့သနည်း။ သူတို့အား အသီးကို စားစေဖို့ ရည်ရွယ်ခဲ့သလော။ ယေဟောဝါ ရောက်လာသည့်အခါ အာဒံနှင့် ဧဝတို့သည် သူနှင့်ရင်မဆိုင်ရဲခဲ့ချေ။ ယေဟောဝါသည် ဤအချိန်ကျမှသာ သူတို့သည် မြွေ၏လှည့်စားမှု၌ ကျဆုံးသွားပြီး အကောင်းနှင့် အဆိုးကို သိစေသည့်အပင်၏ အသီးကို စားခဲ့ကြပြီဆိုသည်ကို သိခဲ့သည်။ အဆုံးမှာတော့ ဘုရားသခင်သည် မြွေကိုကျိန်ပြီး အာဒံနှင့် ဧဝကိုလည်း ကျိန်ခဲ့သည်။ သူတို့နှစ်ယောက်က သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်မှာ ယေဟောဝါသည် သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးသွမ်းခြင်း အဖြစ်ထိ ယိုယွင်းပျက်စီးလာခဲ့ပြီး တဏှာရာဂ တပ်မက်မှုများရှိလာကာ သူတို့နှလုံးသားထဲမှာ ခိုဝင်လာသည့် အရာများ အားလုံးသည် ဆိုးယုတ်မှုနှင့် မဖြောင့်မတ်မှုများ ဖြစ်လာသည်အထိ ယိုယွင်းပျက်စီးလာကြသည်။ သူတို့အားလုံးသည် ညစ်ညမ်းကြသည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့ခြင်းကို နောင်တရခဲ့သည်။ ဤနောက်မှာတော့ သူသည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောဧနှင့် သူ၏သားများသာ လွတ်မြောက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးသကဲ့သို့ အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန်များ ဖြစ်နေခြင်းမျိုး မဟုတ်ကြပေ။ အချို့က "ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်လိမ့်မည် ဆိုသည်ကို သိရက်နှင့် အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း" ဟုမေးသည်။ ဤအချက်များကို ကြည့်ပါ။ ကမ္ဘာမြေကြီး မတည်ရှိခင်တုန်းက ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်တို့၏ အကြီးမြတ်ဆုံးဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန် အားလုံးအပေါ်မှာ တရားစီရင်ပိုင်ခွင့် ရှိသည်။ ဤအရာသည် ဘုရားသခင် ပေးအပ်ထားသည့် အခွင့်အာဏာဖြစ်သည်။ ဘုရားသခင်ကို ခြွင်းချက်ထားလျှင် သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်များ အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အခါ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်းဆိုလျှင် သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်လိုပြီး ဘုရားသခင်၏ အခွင့်အာဏာထက် သာလွန်လိုခဲ့သည်။ ဧဝကို အပြစ်လုပ်မိစေဖို့ သွေးဆောင်ခဲ့သူက ကောင်းကင်တမန်မင်းပင်။ ကမ္ဘာမှာ သူ၏နိုင်ငံကို တည်ထောင်လိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်ကာ သူ၏စကားကိုသာ လိုက်နာစေလိုသောကြောင့် ဤကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏စကားကို အားလုံးက လိုက်နာသည်ကို သူတွေ့မြင်ခဲ့ရသည်။ ကောင်းကင်တမန်များက လိုက်နာသည်။ ကမ္ဘာမှာရှိသည့် လူများကလည်း လိုက်နာသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာမှာရှိသည့် အရာခပ်သိမ်းသည် အာဒံနှင့် ဧဝတို့ဖြစ်သည့် လူသား၏ လက်အောက်မှာ ရှိနေသည်။ အာဒံနှင့် ဧဝကလည်း လိုက်နာသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို သာလွန်အောင်ပြုလုပ်ဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်တမန်အများအပြားကို ဘုရားသခင်အား ပုန်ကန်စေဖို့ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းမှာ ဤကောင်းကင်တမန်များသည် မသန့်ရှင်းသည့် ဝိညာဉ်ဆိုးများ ဖြစ်လာခဲ့သည်။ ယနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စာတန်၏ ဖျက်ဆီးမှုကြောင့် ဖြစ်လာသည် မဟုတ်ပေဘူးလား။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတွက် လူသားမျိုးနွယ်သာ တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် လုပ်ဆောင်မှုသည် လူများ စိတ်ထင်သကဲ့သို့ လုံးဝ အပေါ်ယံရိုးရိုးလေး မဟုတ်ပေ။ စာတန်သည် အကြောင်းရှိ၍ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူများသည် ဤကဲ့သို့ရိုးရှင်းသည့် အရာတစ်ခုကို နားလည်ဖို့ မတတ်နိုင်ကြချေ။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းပြီး စာတန်ကိုပါ အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သော်လည်း အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းလျှင် ရန်သူကို သူဖန်ဆင်းခြင်း ဖြစ်မနေဘူးလော။ ဘုရားသခင်သည် အမှန်တကယ်ပင် ရန်သူကို ဖန်ဆင်းခဲ့တာမျိုး မဟုတ်ချေ။ တကယ်တော့ သူသည် ကောင်းကင်တမန် တစ်ပါးကို ဖန်ဆင်းပြီး ဤကောင်းကင်တမန်သည် နောက်မှာတော့ သူ့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏အစွမ်းသည် အလွန်ကြီးမားသည့်အတွက် ဘုရားသခင်ကို သစ္စာဖောက်ချင်လာသည်။ ဤအရာသည် တိုက်ဆိုင်မှုတစ်ခုဟု ပြောနိုင်သော်လည်း ရှောင်လွှဲ၍မရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ဤအရာက လူသည် တချိန်ချိန်မှာ ရှောင်လွှဲ၍မရဘဲ သေဆုံးရသည့် ပုံစံနှင့် ဆင်တူသည်။ အကြောင်းအရာများသည် တိကျသည့် အဆင့်တစ်ခုဆီကို ဖွံ့ဖြိုးရောက်ရှိနေပြီး ဖြစ်သည်။ ဤကဲ့သို့ပြောတတ်သည့် အဓိပ္ပာယ်မရှိသည့် လူများရှိသည်။ "စာတန်က ကိုယ်တော်၏ ရန်သူဖြစ်လျှင် သူ့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို ကိုယ်တော်မသိခဲ့သလော။ ကိုယ်တော်သည် ထာဝရကာလမှ ထာဝရကာလတိုင် သိမြင်နိုင်သည် မဟုတ်လော။ သူ၏သဘောသဘာဝကို ကိုယ်တော်မသိသလော။ သူက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို သေသေချာချာ သိနေသော်လည်း အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ သစ္စာဖောက်ခြင်းကို လျစ်လျူရှုခဲ့လျှင်ပင် စာတန်က ကောင်းကင်တမန် အများအပြားကို ဦးဆောင်ပြီး သေမျိုးများ၏ လောကကြီးကိုဆင်းပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဦးမည်ပင်။ ဤနေ့အထိ ကိုယ်တော်က ကိုယ်တော့်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို မပြီးဆုံးနိုင်သေး" ဟု ပြောကြသည်။ ဤအရာမှန်ကန်ပါသလား။ လိုအပ်သည်ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေသည်နှင့်မတူဘူးလား။ အချို့က ပြောပါသေးသည်။ "လက်ရှိအချိန်၌လည်း စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည်ပင် မဟုတ်လော။ ဘုရားသခင်က ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်မည်မဟုတ်။ ဤကဲ့သို့ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့်ပြည့်စုံမှုသည် မြင်နိုင်မည်မဟုတ်ချေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ သွားပြီး ထင်ရှားပြမည်နည်း။ ဤအရာကြောင့် ဘုရားသခင်သည် စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖော်ပြလိမ့်မည်၊ ဤကဲ့သို့ မဟုတ်လျှင် လူသားသည် မည်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်ပညာကို ရှာတွေ့နိုင်မည်နည်း။ လူသားသည် သူ့ကို ပြန်လည်မပုန်ကန်ဘူးဆိုလျှင် သူ၏ပြုမူဆောင်ရွက်မှုများကို ထင်ရှားပြဖို့ လိုအပ်မည်မဟုတ်ချေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ဖို့နှင့် လိုက်နာမည်ဆိုလျှင် သူ့မှာ ဘာမျှလုပ်စရာရှိမည် မဟုတ်" ဟုပြောသည်။ ဤအရာသည် သမ္မာတရားနှင့် သာ၍ပင် ဝေးသွားသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း ဘာမျှ မရှိသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သူသည် ညစ်ညမ်းမှုကို ဖန်ဆင်းနိုင်မည် မဟုတ်ချေ။ သူသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ယခုဖွင့်ပြခြင်းသည် အစအဦးကတည်းက သူ့လက်အောက်မှာရှိခဲ့ပြီး သူ့ကို ပြန်လည်တွန်းလှန်သည့်၊ သစ္စာဖောက်သည့်၊ သူ့ကိုမုန်းသည့် စာတန်နှင့် နတ်ဆိုးများကို ချေမှုန်းပြီး သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏ရန်သူကို အောင်နိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို ချေမှုန်းချင်သည်။ ဤကဲ့သို့ လုပ်ဆောင်ရင်းနှင့် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း အားလုံးကို ဖွင့်ပြချင်သည်။ ကမ္ဘာပေါ်မှာရှိသည့် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် စာတန်၏ အရိပ်အောက်မှာရှိပြီး မကောင်းဆိုးဝါးတို့၏ အရိပ်အောက်မှာ ရှိသည်။ လူများသည် သူ့ကို သိကျွမ်းလာစေဖို့အတွက် ဘုရားသခင်သည် အရာအားလုံး အပေါ်မှာ သူ၏လုပ်ရပ်များကို ဖွင့်ပြချင်သည်။ ဤကဲ့သို့နည်းနှင့် စာတန်ကို ချေမှုန်းပြီး သူ၏ရန်သူများကို အကြွင်းမဲ့ နှိမ်နင်းပြီးသား ဖြစ်သွားသည်။ ဤအမှုအားလုံးသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြခြင်းမှတစ်ဆင့် ပြီးမြောက်စေသည်။ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးသည် စာတန်၏ အရိပ်အောက်မှာ ရှိနေသောကြောင့် စာတန်ကို ချေမှုန်းဖို့အတွက် သူသည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖွင့်ပြချင်သည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်က မနှောင့်ယှက်ခဲ့လျှင် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်စေခဲ့မည်ဖြစ်သည်။ သူသည် စာတန်က သူ့ကို သစ္စာမဖောက်ခင် ကောင်းကင်တမန်များကို သို့မဟုတ် ကောင်းကင်တမန်မင်းကို သူ၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို အဘယ်ကြောင့် မဖွင့်ပြခဲ့သနည်း။ အစဦး၌ ကောင်းကင်တမန်များနှင့် ကောင်းကင်တမန်မင်းသည် သူ့ကိုသိခဲ့ပြီး သူ့စကားကို လိုက်နာခဲ့လျှင် ဤအဓိပ္ပာယ်မရှိသည့် အမှုများကို ဆောင်ရွက်မည် မဟုတ်ပါဘူး။ စာတန်နှင့် နတ်ဆိုးများ တည်ရှိနေသည့်အတွက် လူများသည် သူ့ကို ခုခံတွန်းလှန်ကြပြီး ပုန်ကန်လိုသည့် စိတ်သဘောထားများနှင့် ပြည့်နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြချင်သည့် ဆန္ဒရှိသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသည့်အတွက် စာတန်ကို အောင်နိုင်ဖို့အတွက် သူ၏ ကိုယ်ပိုင်အခွင့်အာဏာနှင့် သူ၏ ပြုမူဆောင်ရွက်မှုအားလုံးကို အသုံးပြုရပါမည်။ ဤနည်းလမ်းအားဖြင့် လူသားများကြားမှာ သူလုပ်ဆောင်သည့် သူ၏ ကယ်တင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မြင်စေမည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ ဆောက်ရွက်သည့် အလုပ်သည် အဓိပ္ပာယ်နှင့် ပြည့်စုံပြီး အချို့လူများ ဤကဲ့သို့ပြောသကဲ့သို့နှင့် လုံးဝ မဆင်တူပေ။ "ကိုယ်တော် လုပ်သည့်အလုပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေပေလော။ ဤအဆက်မပြတ် လုပ်ဆောင်မှုများသည် ကိုယ်တော့်ကိုယ် ကိုယ်တော် ဒုက္ခပေးခြင်း သက်သက်ပင် မဟုတ်ပေလော။ ကိုယ်တော်က စာတန်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို သစ္စာဖောက်စေပြီး တွန်းလှန်စေသည်။ ကိုယ်တော်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် စာတန်၏ လက်ထဲကို ထည့်လိုက်သည်။ ပြီးလျှင် ကိုယ်တော်က အာဒံနှင့် ဧဝကို သွေးဆောင်ခြင်း ခံရစေသည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် အဘယ်ကြောင့် လူသားများကို မုန်းတီးသနည်း။ ကိုယ်တော် အဘယ်ကြောင့် စာတန်ကို မုန်းတီးသနည်း။ ဤအရာများက ကိုယ်တော် ကိုယ်တိုင် ပြုလုပ်သည့်အရာများ မဟုတ်ဘူးလား။ ကိုယ်တော် အဘယ်မုန်းစရာရှိသနည်း။" အဓိပ္ပာယ် မရှိသည့် လူအများအပြားသည် ဤကဲ့သို့ပြောကြသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာတော့ ဘုရားသခင်ကို စောဒကတက်ကြသည်။ မည်မျှ ရှေ့နောက်မညီ ဖြစ်နေသနည်း။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်၌ သဘာဝလွန် အတွေးများ များစွာရှိနေပြီး ဤအရာသည်လည်း ဘုရားသခင်၏ အမှားဟုပင် သင်ပြောဆိုသည်။ အလွန်အမင်း အဓိပ္ပာယ်မရှိခြင်းပင်။ သမ္မာတရားကို လိမ်လည်သူမှာ သင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အမှားမဟုတ်။ အချို့လူများကဆိုလျှင် ထပ်ခါတလဲလဲ စောဒကတက်ကြသည်။ "စာတန်ကို ဖန်ဆင်းသည်မှာ ကိုယ်တော်ပင်။ လူသားမျိုးနွယ်ကို စာတန် လက်ထဲသို့ ပေးအပ်လိုက်သည်မှာလည်း ကိုယ်တော်ပင်။ လူသားမျိုးနွယ်သည် စာတန်၏ စိတ်သဘောထားများ ရှိနေသည်။ သူတို့ကို ခွင့်လွှတ်ရမည့်အစား ကိုယ်တော်က သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးသည်။ အစမှာတော့ ကိုယ်တော်သည် လူသားမျိုးနွယ်ကို အတိုင်းအတာတစ်ခုအထိ ချစ်ခဲ့သည်။ လူ့လောကကြီးထဲကို စာတန်ထံသို့ ကိုယ်တော်ထည့်ခဲ့သည်။ ယခုတော့ လူသားမျိုးနွယ်ကို ကိုယ်တော် မုန်းတီးနေပြီ။ လူသားမျိုးနွယ်ကို ချစ်ပြီး မုန်းတီးသည်မှာ ကိုယ်တော်ပင်။ ဤအရာများအတွက် မည်ကဲ့သို့ဖြေရှင်းမည်နည်း။ ဤအရာသည် ရှေ့နောက်မညီ ဖြစ်နေသည် မဟုတ်လော" ဟု စောဒကတက်ကြသည်။ သင်တို့သည် မည်ကဲ့သို့ပင် မြင်သည်ဖြစ်စေ ကောင်းကင်ဘုံ၌ ဤကဲ့သို့ဖြစ်ခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤနည်းလမ်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ လူသားမျိုးနွယ်သည်လည်း ဤနည်းလမ်းနှင့်ပင် ပျက်စီးခဲ့ပြီး ဤပုံစံအတိုင်းပင် ယနေ့အထိ ဆက်သွားခဲ့သည်။ သင်တို့မည်ကဲ့သို့ပင်လုပ်ပြီး ပြောပါစေ ဤအရာက ဖြစ်ခဲ့သမျှ အရာအားလုံးပင်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး စာတန်ကို ချေမှုန်းဖို့အတွက် ယနေ့လုပ်ဆောင်မှုများကို လုပ်သည်ဆိုခြင်းကို သင်တို့ နားလည် ရပါမည်။

ကောင်းကင်တမန်သည် အထူးသဖြင့် အားနည်းပြီး တန်ခိုးအစွမ်းများကို မပိုင်ဆိုင်သောကြောင့် အခွင့်အာဏာကို အပေးခံရသည့်အချိန်၌ ဘဝင်မြင့်လာသည်။ အထူးသဖြင့် အခြား ကောင်းကင်တမန်များထက် ပိုပြီးမြင့်မားသည့် ကောင်းကင်တမန်မင်းဖြစ်သည်။ ကောင်းကင်တမန်မင်းသည် ကောင်းကင်တမန်အားလုံး၏ ဘုရင်ဖြစ်ခဲ့သည်။ သူသည် သန်းပေါင်းများစွာသော ကောင်းကင်တမန်များကို ဦးဆောင်ခဲ့ပြီး ယေဟောဝါ၏ အောက်မှာ သူ၏အခွင့်အာဏာသည် အခြား ကောင်းကင်တမန်များထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုအရာလည်း လုပ်ချင်၊ ဤအရာလည်း လုပ်ချင်ဖြစ်ခဲ့ပြီး လောကကြီးကို ကြီးကြပ်ဖို့ ကောင်းကင်တမန်များကို လူ့လောကကြီးထဲ ဦးဆောင်ချင်ခဲ့သည်။ ဘုရားသခင်သည် စကြဝဠာကို သူအုပ်ချုပ်သည်ဟု ပြောသည်။ ကောင်းကင်တမန်မင်းက စကြဝဠာကို အုပ်ချုပ်ဖို့ ၎င်းပိုင်သည်ဟု ပြောခဲ့သည်။ ပြီးနောက်မှာတော့ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ကောင်းကင်ဘုံမှာ ဘုရားသခင်သည် အခြား လောကကြီးတစ်ခုကို ဖန်ဆင်းခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤလောကကြီးကို အုပ်ချုပ်လိုစိတ်ရှိပြီး လူသား၏နယ်ပယ်ကို ဆင်းသက်ချင်သည်။ ဘုရားသခင်သည် ဤအရာကို ခွင့်ပြုနိုင်ပါမည်လော။ ထို့ကြောင့် ၎င်းကို ဘုရားသခင်သည် လေထဲကို နှင်ချခဲ့သည်။ စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့် အချိန်ကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာတန်နှင့် စစ်ဆင်နွှဲခဲ့သည်။ စာတန်ကို ချေမှုန်းဖို့အတွက် ဤနှစ်ပေါင်း ၆၀၀၀ ကို သူအသုံးပြုခဲ့သည်။ အနန္တတန်ခိုးနှင့် ပြည့်စုံသည့် ဘုရားသခင် အပေါ်မှာ သင့်အယူအဆသည် ဘုရားသခင် ယခုလုပ်ဆောင်နေသည့် အလုပ်နှင့် ကိုက်ညီမှုမရှိချေ။ လက်တွေ့မှာ အလုပ်မဖြစ်ဘဲ အလွန်အမင်း အဓိပ္ပာယ်မရှိချေ။ အမှန်တွင် ဘုရားသခင်သည် ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ပြီးသည့် အခါမှသာ ၎င်းကို ရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လူ့လောကကို ရောက်ရှိပြီးသည့်နောက်မှာ လူသားမျိုးနွယ်အပေါ်ကို နင်းခြေခဲ့သည့် ၎င်း၏ သစ္စာဖောက်မှုကြောင့်သာ ဖြစ်ပြီး၊ ထို့ကြောင့်သာ လူသားမျိုးနွယ်သည် ယခုအခြေအနေကို ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်နှင့် ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ "ငါသည် သင့်ကိုချေမှုန်း၍ လူသားမျိုးနွယ်၊ ငါ၏ဖန်ဆင်းခြင်းကို ကယ်တင်မည်။" စာတန်သည် အစမှာတော့ မယုံကြည်ဘဲ ပြောသည်။ "ကိုယ်တော်သည် ကျွန်ုပ်အား အဘယ်အရာ ပြုနိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား လေထဲသို့ နှင်ချနိုင်မည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား ဧကန်အမှန်ပင် ချေမှုန်းနိုင်မည်လော။" ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်ပြီးသည့်နောက် စာတန်သည် ဆက်ပြီးနှောင့်ယှက်နေသော်လည်း ထပ်ပြီး အရေးမစိုက်တော့ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏အလုပ်ကို စလုပ်သည်။ စာတန် လုပ်နိုင်သည့်အရာက ဘုရားသခင်ပေးသည့် အစွမ်းကို ကျေးဇူးတင်ဖို့ပင် ဖြစ်သည်။ ၎င်းသည် လေထဲမှာ ဤအစွမ်းများကို ၎င်းနှင့်အတူယူသွားပြီး ဤနေ့အထိ ဤအစွမ်းများကို သိမ်းဆည်းထားတုန်းပင် ဖြစ်သည်။ ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်ပြီးသည့်နောက် သူ၏ အခွင့်အာဏာကိုကား ပြန်မယူခဲ့ချေ။ ထို့ကြောင့် ၎င်းသည် လူသားမျိုးနွယ်ကို ဆက်လက်ပြီး ဖျက်ဆီးနေသည်။ တစ်ဖက်မှာတော့ ဘုရားသခင်သည် ဖန်ဆင်းခံရပြီးသည့်နောက် စာတန် ဖျက်ဆီးခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စတင်အလုပ်လုပ်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိနေစဉ်မှာ သူ၏ပြုမူဆောင်ရွက်မှုများကို မဖွင့်ပြခဲ့ချေ။ သို့သော်လည်း ကမ္ဘာကြီးကို မဖန်ဆင်းခင်၊ ကောင်းကင်ဘုံ၌ သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ ရှိသည့်သူများကို သူ၏ လုပ်ဆောင်မှုများအား မြင်နိုင်ဖို့အတွက် အခွင့်ပေးခဲ့ပြီး သူတို့ကို ကောင်းကင်ဘုံအထက်သို့ ခေါ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို ဉာဏ်ပညာနှင့် အသိဉာဏ်ကို ပေးခဲ့ပြီး သူတို့ကို ဤလောကကြီးထဲမှာ ဦးဆောင်နေစေခဲ့သည်။ ပုံမှန်ဆိုလျှင်တော့ ဤအရာကို သင်တို့တစ်ယောက်မျှ ကြားဖူးမည်မဟုတ်ချေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက်မှာ ကောင်းကင်တမန်မင်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန် စတင်ပြုလုပ်လာသည်။ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ် အားလုံးသည် ဗရမ်းဗတာ ဖြစ်နေကြသည်။ ဤအချိန်မှသာ ဘုရားသခင်သည် စာတန်နှင့်စစ်ပွဲကို စတင်ခဲ့သည်။ ဤအချိန်မှသာ လူများသည် သူ၏ ပြုမူဆောင်ရွက်မှုများကို မြင်ခဲ့သည်။ အစမှာတော့ သူ၏ ပြုမူဆောင်ရွက်မှုများသည် လူသားမျိုးနွယ်ထံမှ ဖုံးကွယ်ထားခြင်း ခံရသည်။ စာတန်သည် လေထဲကို နှင်ချခံရပြီးသည့်နောက် ၎င်းသည် ၎င်း၏ အရေးကိစ္စ၌သာ အာရုံစိုက်ပြီး၊ ဘုရားသခင်သည်လည်း သူ့အလုပ်၌သာ အာရုံစိုက်လျက် နောက်ဆုံးသော ကာလအထိ စာတန်နှင့် စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲခဲ့သည်။ ယခုအချိန်ကား စာတန် ဖျက်ဆီးခံရမည့် အချိန်ဖြစ်သင့်ပါပြီ။ အစအဦး၌ ဘုရားသခင်သည် စာတန်ကို အခွင့်အာဏာပေးခဲ့သည်။ နောက်မှာတော့ ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သော်လည်း စာတန်သည် ခိုင်မာသည့် စိတ်သဘောနှင့် နေခဲ့သည်။ နောက်မှာတော့ ၎င်းသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်များကို ဖျက်ဆီးခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမျိုးနွယ်များကို စီမံခန့်ခွဲလျက် ကမ္ဘာပေါ်မှာ ရှိနေခဲ့ပေသည်။ ဘုရားသခင်သည် စာတန်ကို ချေမှုန်းနိုင်ဖို့ သူ၏စီမံခန့်ခွဲထားသည့် လူများကို အသုံးပြုသည်။ လူများကို ဖျက်ဆီးခြင်းအားဖြင့် စာတန်သည် လူသားတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်။ တစ်ဖက်၌လည်း ဘုရားသခင်၏အလုပ်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ငှာ ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ အဘယ်အဆင့်က လူများကို သန့်ရှင်းစေဖို့၊ ဖြောင့်မတ်သည့်အရာကို သူတို့ပြုလုပ်စေဖို့နှင့် ချစ်ခြင်းကို ခံရနိုင်သည့် ပုံရိပ်ကို ဖန်တီးပေးမည့် အပြုအမူနှင့် နေထိုင်ဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်မူကား ဤကဲ့သို့မလုပ်ခဲ့ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် ၎င်း၏အလုပ်ကို အဆက်မပြတ် လုပ်ဆောင်နေသည်။ ဘုရားသခင်ကလည်း သူ၏အလုပ်ကို သူလုပ်နေသည်။ သူသည် စာတန်ကို အရေးမစိုက်ချေ။ စာတန်၌ အခွင့်အာဏာ မည်မျှပင်ရှိရှိ သူ၏အခွင့်အာဏာက ဘုရားသခင်ထံမှ ရခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာအားလုံးကို အမှန်တကယ် ပေးလိုက်ခြင်းကား မဟုတ်။ ထို့ကြောင့် စာတန်သည် မည်ကဲ့သို့ပင်လုပ်ပါစေ ဘုရားသခင်ကို မကျော်လွန်နိုင်ပါဘဲ ဘုရားသခင်၏ လက်ထဲ၌သာ အမြဲတမ်းရှိနေသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်မှာ သူ၏ ပြုမူလုပ်ဆောင်မှုများကို ဖွင့်မပြခဲ့ပေ။ ကောင်းကင်တမန်များကို အုပ်ချုပ်ဖို့အတွက် စာတန်ကို အခွင့်အာဏာ တစ်စိတ်တစ်ပိုင်းလောက်သာ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမည်သည့်အရာလုပ်လုပ် ဘုရားသခင်၏ အာဏာကို မကျော်လွန်နိုင်ချေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ၎င်းကိုပေးခဲ့သည့် အခွင့်အာဏာသည် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်က အလုပ်လုပ်နေချိန်မှာ စာတန်က နှောင့်ယှက်သည်။ နောက်ဆုံးသောကာလမှာ စာတန်၏နှောင့်ယှက်မှုသည် ပြီးဆုံးသွားမည်ဖြစ်သည်။ ဤကဲ့သို့ပင် ဘုရားသခင်၏ အလုပ်သည်လည်း ပြီးဆုံးပါလိမ့်မည်။ ဘုရားသခင်က ပြည့်စုံစေချင်သည့် လူမျိုးကလည်း ပြည့်စုံသွားပါလိမ့်မည်။ ဘုရားသခင်သည် လူများကို အပြုသဘောဆောင်ပြီး ညွှန်ကြားသည်။ သူ၏ အသက်သည် အကန့်အသတ်မရှိဖြစ်ပြီး တိုင်းတာ၍မရသည့် သက်စမ်းရေဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ပျက်ဆီးစေခဲ့သည်။ အဆုံးမှာတော့ ဘဝ၏ သက်စမ်းရေသည် လူသားကို ပြည့်စုံစေမှာဖြစ်ပြီး စာတန်အတွက် တားဆီးနှောင့်ယှက်ဖို့နှင့် ၎င်း၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ယူဆောင်မည်ဖြစ်သည်။ စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းပယ်တုန်းပင်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ယှဉ်ပြိုင်နေသော်လည်း ဘုရားသခင်မူကား အာရုံမစိုက်ချေ။ ငါသည် စာတန်၏ အမှောင်စွမ်းအားများနှင့် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုအားလုံးကို အနိုင်ယူမည်ဟု သူပြောခဲ့သည်။ ဤအရာသည် ဇာတိပကတိအထဲမှာ ယခု ပြီးမြောက်စေရမည့် အလုပ်ဖြစ်ပြီး ဤအရာသည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်လည်း ဖြစ်သည်။ ဤအရာသည် နောက်ဆုံးသောကာလမှာ စာတန်ကို ချေမှုန်းခြင်း အလုပ်၏အဆင့် ပြီးမြောက်စေဖို့ စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ဖြစ်သည်။ စာတန်ကို ဘုရားသခင် အနိုင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တကယ်တမ်းတော့ စာတန်က ရှုံးနိမ့်ခဲ့သည်မှာ ကြာလှချေပြီ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် အလုပ်ကိုစလုပ်ပြီး စတင် လှုပ်ရှားသည့်အခါ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဘုရားသခင်၏ ဧဝံဂေလိ သတင်းစကား စတင်ပျံ့နှံ့သွားသည့်အချိန်၌ စာတန်သည် အကြွင်းမဲ့ ချေမှုန်းခံရပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး သူ့အလုပ်ကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကို စာတန်က မြင်ခဲ့ပြီး၊ မည်ကဲ့သို့အင်အားမျိုးကမှ အလုပ်ကို ရပ်တန့်၍မရနိုင်သည်ကို ၎င်းမြင်ခဲ့သည်။ ထို့ကြောင့် ဤလုပ်ဆောင်ခြင်းကို မြင်ခဲ့သည့်အခါ ၎င်းသည် ကြက်သေသေသွားပြီး နောက်ထပ် လုပ်ဆောင်မှုများကို ဆက်မလုပ်ရဲတော့ချေ။ အစ၌ကား စာတန်သည် သူသည်လည်း များပြားသည့် ဉာဏ်ပညာများကို ပိုင်ဆိုင်သည်ဟု ထင်မြင်ပြီး ဘုရားသခင်၏ အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူလိမ့်မည် ဆိုသည်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏အလုပ်မှာ ဘုရားသခင်သည် ၎င်း၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ဗျာဒိတ်နှင့် တရားစီရင်မှုအနေနှင့် အသုံးပြုခဲ့ပြီး၊ ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး ၎င်းကို ချေမှုန်းမည်ဟု မမျှော်လင့်ခဲ့ပေ။ ဘုရားသခင်သည် ၎င်းထက် ပိုပြီး ဉာဏ်ပညာကြီးမားပြီး သူ၏အလုပ်သည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် အစောပိုင်းမှာ ဤအချက်ကို ငါဖော်ပြခဲ့သည်။ ငါလုပ်သည့် အလုပ်သည် စာတန်၏ လှည့်ကွက်များပေါ်မှာ တုံ့ပြန်သည့်အနေနှင့် လုပ်ဆောင်သည်။ အဆုံးမှာတော့ ငါ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် စာတန်၏ တန်ခိုးအစွမ်းကင်းမဲ့မှုကို ဖွင့်ပြမည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်စဉ်မှာ စာတန်သည် သူ့နောက်မှ အဆုံးမှာ ဖျက်ဆီးခြင်းခံရသည့်အထိ ချောင်းမြောင်းခဲ့သည်။ ၎င်းအဘယ်အရာဖြစ်သွားမှန်းပင် ၎င်းသိလိုက်မည် မဟုတ်။ ၎င်းသည် ဖျက်ဆီး ချေမှုန်းခံရပြီးသည့် အချိန်မှသာ သမ္မာတရားကို သိမြင်လာမည်ဖြစ်သည်။ ဤအချိန်မှာဆိုလျှင် ၎င်းသည် မီးကန်ထဲမှာ လောင်နေပြီးဖြစ်နေမည်ဖြစ်သည်။ ဤအရာဆိုလျှင် ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ၎င်းအတွက် နောက်လုပ်စရာ အစီအစဉ် မရှိတော့သည့် အတွက်ဖြစ်သည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှလုံးသားကို ဝမ်းနည်းစေတာက ဤလက်တွေ့ကျသည့် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ချက်များသာ ဖြစ်သည်။ စာတန်နှင့် သူ၏စစ်ပွဲ ဖြစ်ပျက်နေခဲ့သည်မှာ နှစ်ပေါင်း ၆၀၀၀ ရှိချေပြီ။ ထို့ကြောင့် ဘုရားသခင်က "ငါသည် လူသားမျိုးနွယ်ကို မည်သို့မျှ နောက်တစ်ဖန် ဖန်ဆင်းမည် မဟုတ်သကဲ့သို့၊ ကောင်းကင်တမန်များ အပေါ်၌လည်း အခွင့်အာဏာကို နောက်တစ်ဖန် အပ်နှင်းပေးမည် မဟုတ်" ဟုပြောခဲ့သည်။ ဤမှစပြီးလျှင် ကောင်းကင်တမန်များသည် ကမ္ဘာပေါ်မှာ အလုပ်လုပ်ဖို့အတွက် ဆင်းသက်လာချိန်မှာ ဘုရားသခင်၏ နောက်မှလိုက်ပြီး အလုပ်အချို့သာ လုပ်ကြရသည်။ သူသည် ကောင်းကင်တမန်များကို မည်သည့်အခါမျှ အခွင့်အာဏာ မပေးတော့ပေ။ ဣသရေလလူမျိုးတို့ မြင်ခဲ့သည့် ကောင်းကင်တမန်များသည် သူတို့၏ အလုပ်ကို မည်ကဲ့သို့လုပ်ကြသနည်း။ သူတို့သည် အိပ်မက်များထဲမှာ ကိုယ်ထင်ပြကြပြီး ယေဟောဝါ၏ စကားလုံးများကို သယ်ဆောင်ပေးသည်။ ယေရှုသည် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီးနောက် သုံးရက်အကြာမှာ ရှင်ပြန်ထမြောက်ပြီးသည့်အခါ ကျောက်ကြီးကို ဘေးကိုတွန်းခဲ့သူများက ကောင်းကင်တမန်များပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ချေ။ ဤကဲ့သို့ လုပ်ဆောင်ချက်မျိုးကို ကောင်းကင်တမန်များကသာ လုပ်ဆောင်ခဲ့သည်။ သူတို့သည် ထောက်ပံ့ပေးသည့် နေရာ၌သာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး အခွင့်အာဏာ မရှိခဲ့ပေ။ ဘုရားသခင်သည် သူတို့ကို မည်သည့်အခါမျှ နောက်ထပ် အခွင့်အာဏာ မပေးအပ်တော့သည့် အတွက်ဖြစ်သည်။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးသည့်အခါ ကမ္ဘာမှာ ဘုရားသခင် အသုံးပြုခဲ့သည့် လူသားတို့သည် ဘုရားသခင်၏ နေရာမှ မြင်ယောင်ပြီးပြောသည်။ "ငါစကြဝဠာထက် သာလွန်ချင်သည်။ တတိယကောင်းကင်၌ ငါရပ်တည်ချင်သည်။ အလုံးစုံသော အခွင့်အာဏာကို ငါတို့ ရချင်သည်"ဟု ဆိုကြသည်။ လုပ်ဆောင်ချက်များကို ရက်အနည်းငယ် လုပ်ပြီးသည့်နောက်မှာ သူတို့သည် ဘဝင်မြင့်လာကြသည်။ ကမ္ဘာပေါ်မှာ သူတို့သည် အလုံးစုံသော အခွင့်အာဏာကို လိုချင်ခဲ့ကြသည်။ နောက်ထပ် နိုင်ငံတစ်နိုင်ငံ ထူထောင်ချင်ခဲ့ကြသည်။ အရာအားလုံးကို သူတို့၏ ခြေအောက်မှာ ရောက်စေချင် ပြီး တတိယကောင်းကင်ဘုံမှာ ရပ်တည်ချင်ခဲ့ကြသည်။ သင်သည် ဘုရားသခင် အသုံးပြုသည့် လူသက်သက်သာ ဖြစ်သည်ဆိုခြင်းကို မသိသလော။ တတိယကောင်းကင်ကို သင်မည်ကဲ့သို့တက်နိုင်မည်နည်း။ ဘုရားသခင်သည် တိတ်ဆိတ်စွာနှင့် အော်ဟစ် ကြွေးကြော်ခြင်းမပါဘဲ ကမ္ဘာကို အလုပ်လုပ်ဖို့အတွက် ဆင်းလာပြီး၊ သူ့အလုပ်ကို တိတ်ဆိတ်စွာ ပြီးမြောက်စေပြီးသည့် အခါမှာ ပြန်လည် ထွက်ခွာသွားသည်။ လူသားများကဲ့သို့ အော်ဟစ်ကြွေးကြော်ခြင်း မည်သည့်အခါမျှ မပြုလုပ်ဘဲ သူ့အလုပ်ကို လက်တွေ့ကျကျ သူလုပ်ဆောင်သည်။ ဘုရားကျောင်းထဲကိုဝင်ပြီး "ငါသည် သင်တို့အားလုံးကို ဖယ်ရှားပစ်မည်။ သင်တို့ကို ငါကျိန်ဆို၍ ပြစ်တင်ဆုံးမမည်"ဟုလည်း မအော်ဟစ် မကြွေးကြော်ခဲ့ချေ။ သူ့အလုပ်ကိုသာ သူလုပ်ပြီး ပြီးတာနှင့် တစ်ခါတည်း ပြန်လည်ထွက်ခွာသည်။ ဖျားနာသူများကို ကုသပြီး နတ်ဆိုးများကို နှင်ထုတ်သူ၊ တရားဟောခုံပေါ်မှ သူများကို ဆရာလုပ်သူ၊ ရှည်လျားပြီး ဟိတ်ဟန်များသည့် မိန့်ခွန်းများကို ပြောသူ၊ လက်တွေ့နည်းလမ်း မကျသည့်အရာများကို ဆွေးနွေးသူများဖြစ်သည့် ဘာသာရေး သင်းအုပ်များသည် အူတိုင်အထိကို ဘဝင်မြင့်နေသည်။ သူတို့သည် ကောင်းကင်တမန်မင်းဆီမှ ဆင်းသက်လာသူများပင် ဖြစ်သည်။

သူ၏နှစ်ပေါင်း ၆၀၀၀ လုပ်ငန်းများကို လက်ရှိအချိန်အထိ လုပ်ဆောင်ပြီးနောက်မှာ ဘုရားသခင်သည် သူ၏ ပြုမူလုပ်ဆောင်မှု အများအပြားကို ဖွင့်ပြပြီး ဖြစ်သည်။ အဓိကမှာ စာတန်ကို ချေမှုန်းဖို့နှင့် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ဖို့ဖြစ်သည်။ သူသည် ဤအခွင့်အရေးကို အသုံးပြုပြီး ကောင်းကင်ဘုံ၌ရှိသည့် အရာအားလုံး၊ မြေကြီးပေါ်မှာ ရှိသည့်အရာအားလုံး၊ ပင်လယ်ထဲမှာရှိသည့် အရာအားလုံးနှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဘုရားသခင်၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်စေဖို့ အခွင့်ပေးခဲ့သည်။ သူသည် စာတန်ကို ချေမှုန်းဖို့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး လူများက စာတန်ကိုအောင်နိုင်သည့် သူ၏ဉာဏ်ပညာကို ချီးမြှောက်ဖို့၊ သူ့ကို ချီးမွမ်းနိုင်စေရန် ခွင့်ပြုဖို့နှင့် လူသားမျိုးနွယ် အပေါ်မှာ သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့ ပြုလုပ်ခဲ့သည်။ ကမ္ဘာပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်အတွင်းရှိသည့်အရာအားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာပြီး သူ၏အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းနှင့် သူ၏ပြုမူဆောင်ရွက်မှုများကို ချီးမွမ်းပြီး သူ၏ သန့်ရှင်းသည့် အမည်နာမကို ဟစ်အော်ကြသည်။ ဤအရာသည် စာတန်ကို သူချေမှုန်းနိုင်ခြင်း၏ သက်သေဖြစ်သည်။ စာတန်ကို သိမ်းပိုက်အောင်နိုင်ခြင်း၏ သက်သေ ဖြစ်သည်။ ပိုပြီးအရေးကြီးသည့်အရာက ၎င်းသည် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း သက်သေပင် ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းမှု အားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာသည်။ သူ၏ရန်သူကို ချေမှုန်းပြီး အနိုင်ရကာ ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြသည်။ ကြီးကျယ်သည့် အောင်နိုင်သူ ရှင်ဘုရင် အနေနှင့် ချီးမြှောက်ကြသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းဖို့သက်သက်ပင် မဟုတ်ချေ။ ထို့ကြောင့် သူသည် နှစ်ပေါင်း ၆၀၀၀ ကြာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာတန်ကို အောင်နိုင်ခြင်းကို အသုံးပြုခဲ့သည်။ သူသည် သူ၏ပြုမူဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းတော် အားလုံးတို့ကို ဖွင့်ပြဖို့အတွက် စာတန်ကိုအောင်နိုင်ခြင်းကို အသုံးပြုသည်။ သူသည် ဘုန်းကို ရရှိမည်ဖြစ်ပြီး ကောင်းကင်တမန်အားလုံးသည် သူ၏ ဘုန်းအားလုံးကို မြင်ကြရမှာဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသည့် တမန်များ၊ ကမ္ဘာမှာရှိသည့် လူသားများနှင့် ကမ္ဘာမှာ ရှိသည့် ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းကို မြင်ကြရမည်ဖြစ်သည်။ ဤအရာသည် သူလုပ်ဆောင်သည့် အလုပ်ပင် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးမှာရှိသည့် သူ၏ ဖန်ဆင်းထားသော အရာများသည် သူ၏ဘုန်းအားလုံးကို မြင်ရမှာ ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အောင်နိုင်ပြီးနောက်မှာ အောင်နိုင်သူအဖြစ် ပြန်လာပြီး လူသား မျိုးနွယ်ကို သူ့ကို ချီးမွမ်းစေမှာ ဖြစ်သည်။ ထို့ကြောင့်သူသည် ဤရှုထောင့်နှစ်ခုလုံးကို အောင်မြင်စွာ ရရှိမည်ဖြစ်သည်။ အဆုံးမှာ လူသားမျိုးနွယ် အားလုံးကို သူသည် သိမ်းပိုက်အောင်နိုင်မည် ဖြစ်ပြီး ခုခံပုန်ကန်သည့် သူအားလုံးကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်နှင့် သက်ဆိုင်သည့်သူအားလုံးကို ဖယ်ရှားပစ်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဤပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်သော်လည်း သင်သည် ခုခံပုန်ကန်နေဆဲဖြစ်ပြီး ဆက်ကပ်အပ်နှံခြင်း မရှိချေ။ သင်ကိုယ်တိုင်၏ အတွင်းထဲ၌ အကြောင်းအရာများစွာ ခိုအောင်းထားပြီး သင်စိတ်ဆန္ဒ ရှိသကဲ့သို့ လုပ်ဆောင်သည်။ သင်၏ ကိုယ်ပိုင်တပ်မက်မှုနှင့် နှစ်သက်မှုတို့၏ နောက်ကိုလိုက်သည်။ ဤအရာသည် ပုန်ကန်ခြင်းဖြစ်သည်။ ဤအရာသည် ခုခံခြင်းဖြစ်သည်။ ကိုယ်ပိုင်တပ်မက်မှုအတွက်၊ နှစ်သက်မှုအတွက်၊ လောကအတွက်နှင့် စာတန်အတွက်၊ ဇာတိပကတိတို့အတွက် ဆောင်ရွက်ခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ညစ်ညမ်းသည်။ ဤအရာသည် ခုခံပုန်ကန်ခြင်းဖြစ်သည်။ ယခုအခါမှာ မတူညီသည့် ယုံကြည်မှုပေါင်းစုံရှိသည်။ အချို့သည် ဒုက္ခများမှ နားခိုရာကိုရှာသည်။ အချို့က ကောင်းချီးကိုရှာသည်။ အချို့က ထူးဆန်းသောအရာများကို နားလည်ချင်သည်။ အချို့က ငွေရဖို့ ကြိုးစားနေကြဆဲဖြစ်သည်။ ဤအရာများသည် ပုန်ကန်ခြင်း ပုံစံများပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ပြစ်မှားခြင်းများပင် ဖြစ်သည်။ ခုခံပုန်ကန်သည်ဟု ပြောဖို့မှာ ဤအရာများနှင့် ပတ်သက်နေသည် မဟုတ်လော။ ယနေ့လူအများစုသည် ငြီးတွားသည်၊ အထွန့်တက်သည် သို့မဟုတ် တရားစီရင်ခြင်းတို့ ပြုလုပ်ကြသည်။ ဤအရာများအားလုံးသည် ဆိုးယုတ်မှုအားဖြင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သူတို့သည် ခုခံပုန်ကန်သူ လူသားများဖြစ်သည်။ ဤကဲ့သို့လူများသည် စာတန်၏ ပိုင်ဆိုင်ထားခြင်း ခံရသည်။ ဘုရားသခင် ရရှိထားသည့် လူများသည် သူ့ကို လုံးဝအပြီးအပ်နှံထားသူများ ဖြစ်သည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော်လည်း ကယ်တင်ခြင်းခံရပြီး ယခုတော့ သူ၏ လုပ်ဆောင်မှုအားဖြင့် သိမ်းပိုက်ခံရသူ၊ ဒုက္ခဆင်းရဲကို ခံခဲ့ပြီး အဆုံးမှာ ဘုရားသခင်၏ ရွေးနုတ်ခြင်းကို ခံရပြီး စာတန်၏အရိပ်မှာ မနေတော့ဘဲ မဖြောင့်မတ်ခြင်းမှ လွတ်မြောက်သွားသည့်သူ၊ သန့်ရှင်းခြင်းအတိုင်း အသက်ရှင်ဖို့ ဆန္ဒရှိသူများ ဖြစ်သည်။ သူတို့သည် အသန့်ရှင်းဆုံးသော လူများဖြစ်သည်။ သူတို့သည် သန့်ရှင်းသူများ ဖြစ်သည်။ သင်၏ လက်ရှိအပြုအမူများသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီလျှင် သင်သည် ဖယ်ရှင်းခံရမည် ဖြစ်သည်။ ဤအရာသည် ငြင်းပယ်၍မရသည့် အရာဖြစ်သည်။ လက်ရှိကာလအပေါ်မှာ မူတည်ပြီး အရာအားလုံးသည် ပြီးမြောက်သည်။ သူသည် ကြိုတင်ခွဲခန့်မှတ်သားထားပြီး သင့်ကိုရွေးချယ်ပြီး ဖြစ်သော်လည်း ယနေ့သင်၏ အပြုအမူများသည် သင့်၏ရလဒ်များအပေါ်မှာ သက်ရောက်မှု ရှိနေဦးမည် ဖြစ်သည်။ သင်သည် အမီမလိုက်နိုင်လျှင် ဖယ်ရှင်းခြင်းခံရမည်ဖြစ်သည်။ သင်သည် ယခု အမီမလိုက်နိုင်လျှင် နောက်ကျလျှင်လည်း မီအောင်လိုက်နိုင်ဖို့ မည်ကဲ့သို့မျှော်လင့်၍[က] ရမည်နည်း။ ယခု သင့်ရှေ့မှာ ကြီးမားသည့် နိမိတ်လက္ခဏာတစ်ခု ပေါ်ပေါက်ခဲ့သော်လည်း သင်သည် မယုံကြည်သေး။ ငါ့ကို ပြောလော့။ ဘုရားသခင်သည် သူ့အလုပ်ကို ပြီးမြောက်ပြီးနောက်၌ နောက်ထပ် ဤကဲ့သို့အလုပ်မျိုး မရှိတော့သည့် အခါမှာ နောက်ပိုင်းမှာ သူ့ကို သင်မည်ကဲ့သို့ယုံကြည်မည်နည်း။ ဤအချိန်မှာဆိုလျှင် သင့်အတွက် သူ့နောက်ကို လိုက်ဖို့ သာ၍ပင် မဖြစ်နိုင်တော့ပေ။ နောက်ပိုင်း၌ ဘုရားသခင်သည် သင်သည် ဖယ်ရှားခြင်း ခံရသည့်သူလော သို့မဟုတ် ပြည့်စုံသည့်သူလောဆိုသည်ကို ခွဲခြားဖို့ သို့မဟုတ် သင်သည် အပြစ်ရှိသူလော သို့မဟုတ် ဖြောင့်မတ်သူလော ဆိုတာကို ခွဲခြားဖို့ သင်၏အတွေ့အကြုံနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ပတ်သက်သည့် သင်၏သဘောထားနှင့် အသိပညာအပေါ်မှာ မူတည်မည်ဖြစ်သည်။ သင်ယခု ရှင်းရှင်းလင်းလင်း မြင်သင့်ပါပြီ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤကဲ့သို့အလုပ်လုပ်သည်။ ယနေ့သင်၏ အပြုအမူအပေါ်မှာ မူတည်ပြီး သင်၏ ရလဒ်ကို သူခွဲခြားဆုံးဖြတ်သည်။ ယနေ့နှုတ်ကပတ်တော်များကို မည်သူပြောသနည်း။ ယနေ့အလုပ်များကို မည်သူလုပ်သနည်း။ ယနေ့ သင်သည် ဖယ်ရှားခြင်းခံရမည်ဟု မည်သူဆုံးဖြတ်ပါသနည်း။ မည်သူက သင့်ကို ပြည့်စုံစေဖို့ ဆုံးဖြတ်သနည်း။ ဤအရာသည် ငါကိုယ်တိုင် လုပ်သည့်အရာများ မဟုတ်သလော။ ဤနှုတ်ကပတ်တော်များကို ပြောသည့်သူမှာ ငါပင်။ ဤအလုပ်ကို လုပ်ဆောင်သူသည် ငါပင်။ လူများကို ကျိန်ဆိုခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ငါ၏အလုပ် အစိတ်အပိုင်း အားလုံးပင်။ အဆုံးမှာတော့ သင့်ကို ဖယ်ရှားခြင်းသည်လည်း ငါ၏ ကိုယ်ပိုင်အလုပ် ဖြစ်ပါလိမ့်မည်။ အားလုံးက ငါ၏ကိုယ်ပိုင်အလုပ် ဖြစ်သည်။ သင့်ကို ပြည့်စုံအောင် ပြုလုပ်ခြင်းသည် ငါ၏ ကိုယ်ပိုင်အလုပ်ဖြစ်သည်။ ကောင်းချီးများကို သင့်အား ခံစားစေခြင်းသည်လည်း ငါ၏ ကိုယ်ပိုင်အလုပ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ ကိုယ်ပိုင်အလုပ်များဖြစ်သည်။ သင်၏ ရလဒ်များသည် ယေဟောဝါက ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိပေ။ ယနေ့ ဘုရားသခင်က ခွဲခြားသတ်မှတ်သည်။ ယခု ခွဲခြားသတ်မှတ်သည်။ လောကကြီးကို မဖန်ဆင်းခင်က သတ်မှတ်ထားပြီး မဟုတ်ပေ။ အချို့ အဓိပ္ပာယ်မရှိသည့်လူများက "ကိုယ်တော့်မျက်လုံးက တစ်ခုခုမှားနေခြင်း ဖြစ်ပေမည်။ ကိုယ်တော်က ကျွန်ုပ်ကို ကိုယ်တော် မြင်သင့်သည့်အတိုင်း မမြင်။ အဆုံး၌ ဝိညာဉ်တော်က အရာအားလုံးကို မည်ကဲ့သို့ ထင်ရှားစေသည်ဆိုသည်ကို ကိုယ်တော် မြင်လိမ့်မည်" ဟု ပြောကြသည်။ ယေရှုသည် နဂိုမူလ ကတည်းက ယုဒကို သူ၏တပည့်အဖြစ် ရွေးချယ်ခဲ့သည်။ ယေရှုက သူနှင့်ပတ်သက်ပြီး အမှားတစ်ခု လုပ်ခဲ့သည်ဟု လူများက ထင်ကြသည်။ သူ့ကို သစ္စာဖောက်မည့် နောက်လိုက်ကို သူအဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ အစ၌ ယုဒသည် ယေရှုကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဤအရာသည် နောက်မှသာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်မှာ ယေရှုသည် ယုဒကို အတော်အတန် မျက်နှာသာပေး ကြည့်ရှုခဲ့သည်။ သူသည် လူသားကို သူ့နောက်ကို လိုက်စေခဲ့ပြီး သူတို့၏ ငွေရေးကြေးရေးကိစ္စကို သူ့ကို တာဝန်ယူစေခဲ့သည်။ ယုဒသည် ပိုက်ဆံကို အလွဲသုံးစား လုပ်မည်ဆိုတာကိုသာ သူသိခဲ့လျှင် သူ့ကို ပိုက်ဆံနှင့် ပတ်သက်ပြီး တာဝန်ယူခိုင်းခဲ့မည် မဟုတ်ပေ။ ယေရှုက ဤလူသည် ကောက်ကျစ်ပြီး လှည့်စားတတ်သည်၊ သူ၏ ညီအစ်ကို မောင်နှမများကို လိမ်လည်ခဲ့သည်ဆိုခြင်းကို မသိခဲ့ဘူးဟု ဆိုနိုင်သည်။ နောက်ပိုင်းမှာ ယုဒသည် အချိန်အတော်ကြာ ယေရှုနောက်ကို လိုက်ပြီးနောက် ယေရှုက သူသည် သူ၏ ညီအစ်ကို မောင်နှမများနှင့် ဘုရားသခင်ကို လိမ်လည် လှည့်စားသည်ကို မြင်ခဲ့သည်။ သူသည် ပိုက်ဆံအိတ်ထဲက ပိုက်ဆံများကို အမြဲတမ်း ယူသုံးတတ်သည်ဆိုခြင်းကို လူများက သိရှိခဲ့ကြပြီး ယေရှုကို ပြောခဲ့ကြသည်။ ယေရှုသည် ဤအချိန်မှသာ ဤအရာများအားလုံးကို သိရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအလုပ်ကို လုပ်ဆောင်ဖို့ဖြစ်ပြီး သူ့ကို သစ္စာဖောက်မည့် သူတစ်ယောက်ကို လိုအပ်ခဲ့သည်။ ယုဒသည် ဤနေရာနှင့် သင့်တော်သည့် လူတစ်ယောက် ဖြစ်နေသည်။ သခင်ယေရှုက "သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်။ လူသားသည် ကားတိုင်တွင် အသေခံရန် ဤသစ္စာဖောက်မှုကို အသုံးပြုလိမ့်မည် ဖြစ်ပြီး သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်လိမ့်မည်" ဟု ပြောခဲ့သည်။ ဤအချိန်မှာ ယေရှုသည် သူ့ကို သစ္စာဖောက်စေဖို့ ယုဒကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကဲ့သို့မဟုတ်ဘဲ ယုဒသည် သစ္စာရှိသည့် တပည့်တစ်ယောက်ဖြစ်ဖို့ သူဆန္ဒရှိခဲ့သည်။ သူ့အတွက် အံ့သြစရာတစ်ခုအနေနှင့် ယုဒသည် သခင်ကို သစ္စာဖောက်သည့် ကိုယ်ကျင့်တရားနိမ့်ကျသည့် လောဘသမား ဖြစ်နေခဲ့သည်။ ဤအလုပ်အတွက် ယုဒကို ရွေးချယ်ဖို့အတွက် ဤအခြေအနေကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယေရှု၏ တပည့် တစ်ဆယ့်နှစ်ယောက်လုံးသည် သစ္စာရှိခဲ့လျှင်၊ သူတို့ထဲ၌ ယုဒကဲ့သို့လူမျိုး မရှိခဲ့လျှင်၊ အဆုံးမှာတော့ ယေရှုကို သစ္စာဖောက်မည့်သူသည် တပည့်များ၏ ပြင်ပက လူသာဖြစ်ခဲ့လိမ့်မည်။ သို့သော်လည်း ဤအချိန်၌ အကြောင်းအားလျော်စွာ လာဘ်ပေးလာဘ်ယူအမှုကို နှစ်သက်သည့် လူတစ်ယောက်က သူတို့ထဲ၌ ရှိနေခဲ့သည်။ ယုဒပင် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် သူ၏အမှု ပြီးမြောက်ဖို့အတွက် ဤလူကို အသုံးပြုခဲ့သည်။ ဤအရာသည် မည်မျှရိုးရှင်းလိုက်သနည်း။ ယေရှုသည် သူ၏အမှု အစ၌ ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းအရာများသည် အခြေအနေတစ်ခုကို ရောက်ရှိလာသည့် အခါမှသာ သူသည် ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဝိညာဉ်တော် ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဟု အမည်ပေးနိုင်သည့် ယေရှု၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ဤအချိန်မှာ ယုဒကို ရွေးချယ်ခဲ့သူသည် ယေရှုဖြစ်သည်။ ယုဒသည် ယေရှုကို နောက်ပိုင်းမှာ သစ္စာဖောက်ခဲ့သည့်အချိန်၌ ဤအရာသည် သူ၏ အဆုံးသတ်မှုကို ပြီးမြောက်စေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ ဤအချိန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သည်။ ယေရှုသည် ယုဒကို ရွေးချယ်ခဲ့စဉ်က ယုဒသည် သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူလုံးဝမသိခဲ့ပေ။ သူသည် ယုဒရှကာယုတ်ဟုသာ သိခဲ့သည်။ ယနေ့ သင်တို့၏ အပ်နှံမှုအဆင့်နှင့် သင်တို့အသက်တာ၏ ကြီးထွားမှုအဆင့် အပေါ်မှာ မူတည်ပြီးလျှင်လည်း သင်တို့၏ ရလဒ်များကို သတ်မှတ်သည်။ လောကကြီးကို ဖန်ဆင်းခြင်း အချိန်ကတည်းက ကြိုတင်ခွဲခန့်မှတ်သားထားသည်ဆိုသည့် လူများကြားက အယူအဆအပေါ် မူတည်ခြင်း မဟုတ်ပေ။ သင်သည် ဤအရာများကို သေချာသိမြင်အောင် လုပ်ရမည်။ ဤအမှုအားလုံးသည် သင်စိတ်ထင်ထားသကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ချေ။

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "မျှော်လင့်၍" ကို ချန်လှပ်ထားသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ