သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း ငါး

လူတစ်ဦးတွင် ပုံမှန်လူ့သဘာဝ၏ အသိစိတ်ရှိပါက ယင်းတို့သည် မိမိ၏ အတွေးအခေါ်များ၊ စကားများနှင့် လုပ်ဆောင်ချက်များကို စည်းကမ်းဖြင့်ထိန်းညှိပေးလိမ့်မည်။ “စည်းကမ်းဖြင့်ထိန်းညှိပေးသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်၏ အတွေးအခေါ်များနှင့် အပြုအမူများသည် ပုံမှန်လူ့သဘာဝ၏ စံနှုန်းအပြင်ဘက်သို့ လမ်းလွဲသွားသောအခါ သင်၏ အသိစိတ်က ထိုသို့သောနည်းလမ်းဖြင့် တွေးတောခြင်းသည် မှားယွင်းကြောင်းနှင့် ထိုအရာကို ပြုလုပ်ခြင်းသည် မကောင်းကြောင်း ဆုံးဖြတ်လိမ့်မည်၊ သို့ဖြစ်၍ သင်သည် မျက်နှာနီမြန်းလာပြီး စိတ်မသက်မသာဖြစ်ကာ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံစားရလိမ့်မည်။ ဤခံစားချက်များ ရှိပြီးနောက် သင်၏ အတွေးအခေါ်များနှင့် အပြုအမူများသည် အတိုင်းအတာတစ်ခုအထိ ချုပ်တည်းခြင်း ခံရလိမ့်မည်ဖြစ်ပြီး ဤအတိုင်းအတာတစ်ခုအထိ ချုပ်တည်းခြင်းက သင်၏ အပြုအမူကို စည်းကမ်းဖြင့်ထိန်းညှိပေးကာ သမ္မာတရား စည်းမျဉ်းများကို သိသာထင်ရှားစွာ ချိုးဖောက်သည့်အရာများနှင့် သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရား ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သည့်အရာများကို မပြုလုပ်မိစေရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သို့သော် သင့်တွင် အသိစိတ်၏ စံနှုန်းမရှိပါက သင်သည် အမှုအရာများကို ပြုလုပ်သည့်အခါ သင်၏ အတွေးအခေါ်များနှင့် အပြုအမူများကို စည်းကမ်းဖြင့်ထိန်းညှိရန်နှင့် ချုပ်တည်းရန် မည်သည့်စံနှုန်းမျှ ရှိမည်မဟုတ်ပေ၊ သို့ဖြစ်၍ သင်သည် စည်းမရှိကမ်းမရှိ ဖြစ်သွားလိမ့်မည်၊ သင်၏ ခေါင်းထဲသို့ ရောက်လာသမျှကိုလည်းကောင်း၊ သင်အလိုရှိသမျှကိုလည်းကောင်း၊ သင့်အတွက် အကျိုးရှိပြီး အကျိုးဖြစ်ထွန်းစေမည့် မည်သည့်အရာကိုမဆိုလည်းကောင်း သင်လုပ်ဆောင်လိမ့်မည်။ သင့်တွင် မည်သည့်ချုပ်တည်းမှုမျှ လုံးဝမရှိသည့် ဤအခြေအနေများအောက်တွင် သင်၏ အတွေးအခေါ်များနှင့် အပြုအမူများသည် အဆများစွာ ချဲ့ထွင်ခြင်းခံရလိမ့်မည်။ “အဆများစွာ ချဲ့ထွင်ခြင်းခံရသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းတို့အပေါ် မည်သည့်စည်းကမ်းဖြင့် ထိန်းညှိမှုမျှ လုံးဝရှိမည်မဟုတ်ပေ။ ယင်းမှာ ဘာသာတရားမရှိသူများက လူများကို လိမ်လည်သည့်အခါ ဖြစ်သကဲ့သို့ပင် ဖြစ်လိမ့်မည်၊ ၎င်းတို့သည် အသိစိတ်၏ အာရုံခံစားမှု ကင်းမဲ့ကြပြီး သင့်ထံမှ ဒေါ်လာတစ်ထောင် လိမ်လည်သွားပါက ၎င်းတို့ စိတ်မကောင်းဖြစ်မည် မဟုတ်ပေ၊ သင်၏ မိသားစု ပျက်စီးသွားသည်အထိ သင့်ကို လိမ်လည်လှည့်ဖြားသွားပါကလည်း ၎င်းတို့ စိတ်မကောင်းဖြစ်မည် မဟုတ်ပေ၊ သင်သည် ဒူးထောက်၍ အသနားခံသည့်တိုင် ၎င်းတို့သည် သင့်ကို အရေးစိုက်မည် မဟုတ်ပေ။ ၎င်းတို့သည် အမှန်တကယ်ပင် အလွန်အမင်း ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော မကောင်းမှုကို ပြုလုပ်နိုင်သနည်း။ အကြောင်းမှာ ၎င်းတို့တွင် အသိစိတ်၏ အာရုံခံစားမှု သို့မဟုတ် အသိစိတ်က ပေးသော ချုပ်တည်းမှု မရှိသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့သည် အလွန်ဆိုးယုတ်နိုင်ကာ အပြစ်ကြီးမားပြီး ဆိုးယုတ်သောသူများ ဖြစ်လာကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်လူ့သဘာဝ၏ အသိစိတ်ရှိရန် အရေးကြီးသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနိုင်ခြင်းမှာ ပထမဦးစွာ ၎င်းတို့တွင် အသိစိတ်၏ အာရုံခံစားမှု ရှိသည့်အခြေအနေအောက်တွင် ဖြစ်သည်။ အသိစိတ်၏ အာရုံခံစားမှုနှင့် အရှက်တရားရှိခြင်းသည် သင်၏ အပြုအမူကို စည်းကမ်းဖြင့်ထိန်းညှိပေးနိုင်ပြီး သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်အရေးကို သင့်အား ပေးသည့်အရာ ဖြစ်သည်။ သင့်ကိုယ်သင် စည်းကမ်းဖြင့်ထိန်းညှိရန် အသိစိတ်၏ အာရုံခံစားမှု သင့်တွင် မရှိပါက သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်အရေး ရရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ အသိစိတ်၏ အာရုံခံစားမှု ပိုင်ဆိုင်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်၌သာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ခံရရန် အခွင့်အရေး ရရှိနိုင်သည်၊ သို့သော် ထိုသို့ဖြစ်သည့်တိုင် ၎င်းတို့သည် ဤအခွင့်အရေးကိုသာ ရရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအခွင့်အရေးကိုသာ ရရှိကြသည်ဟု ငါပြောဆိုရခြင်းမှာ လူတစ်ဦး၏ အတွေးအခေါ်များနှင့် အပြုအမူများသည် အသိစိတ်၏ အာရုံခံစားမှုက စည်းကမ်းဖြင့် ထိန်းညှိခြင်းခံရလျှင်ပင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်နိုင်သေးသည် သို့မဟုတ် ယင်းတို့နှင့်အညီ မပြုမူဘဲ ကြားနေလမ်းစဉ်ကို လိုက်ကာ သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းခြင်း မရှိဘဲ ဆိုးယုတ်သောလူများနှင့်လည်း ပူးပေါင်းခြင်းမပြုဘဲ နေနိုင်သေးသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ အသိစိတ်၏ အကျိုးသက်ရောက်မှုအောက်တွင် အတော်အတန် ကောင်းမွန်သောလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနိုင်သော်လည်း အနည်းငယ် အစွမ်းအစညံ့သောလူများမှာမူ အနည်းဆုံးအနေဖြင့် ဆိုးယုတ်သောလူများ၏ ထိန်းချုပ်ခြင်း သို့မဟုတ် အတင်းအကျပ်စေခိုင်းခြင်းကို ခံရခြင်းမှ ရှောင်ရှားနိုင်ပြီး မကောင်းမှုပြုရာတွင် ၎င်းတို့နောက်သို့ လိုက်ပါခြင်းမှ ရှောင်ရှားနိုင်သည်၊ ဤသည်မှာ အသိစိတ်၏ စံနှုန်းမှ လာသော အခြေခံစည်းကို ရောက်ရှိရုံမျှသာ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော်လည်း မကောင်းမှုကိုမူ မပြုလုပ်ခဲ့ပေ။ ဤကဲ့သို့သောလူတစ်ဦးကို အနည်းဆုံးအနေဖြင့် အသိစိတ်ရှိသူဟု ခေါ်ဆိုနိုင်သေးပြီး ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော်လည်း မကောင်းမှုကိုမူ မပြုလုပ်ရန် သေချာပေသည်။ ဤသည်မှာ အသိစိတ်က လူတို့အပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့အတွက် အသိစိတ်၏ အကျိုးအရှိဆုံးသော အကျိုးသက်ရောက်မှုတစ်ခုမှာ ယင်းသည် ၎င်းတို့၏ စကားများနှင့် အပြုအမူများကို စည်းကမ်းဖြင့်ထိန်းညှိပေးရန် အခွင့်အရေးရှိပြီး ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ လူတို့အတွက် အသိစိတ်သည် ၎င်းတို့၏ လူ့သဘာဝ၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့ မရှိဘဲ နေ၍မရသည့်အရာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် “အသိစိတ်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အခွင့်အရေးရသည့်အခါ ထိုအကြောင်းကို နောက်ပိုင်းတွင် အသေးစိတ် ပြောဆိုကြမည်၊ သို့သော် ယနေ့တွင်မူ ယင်းအကြောင်းကို အကျဉ်းချုပ်မျှသာ ပြောဆိုကြစို့။ အသိစိတ်သည် လူတစ်ဦး၏ ကြင်နာတတ်ခြင်းနှင့် တရားမျှတစိတ်ကို ရည်ညွှန်းပြီး ယင်းတို့သည် အခြေခံအကျဆုံးသော အရည်အသွေးနှစ်ခု ဖြစ်သည်။ သင်သည် ဤအရည်အသွေးနှစ်ခုကို ပိုင်ဆိုင်ပါက သင်သည် အသိစိတ်ရှိသူတစ်ဦး ဖြစ်သည်၊ သင်သည် ဤအရည်အသွေးနှစ်ခုထဲမှ တစ်ခုကိုမျှ မပိုင်ဆိုင်ပါက သင်သည် အသိစိတ် ကင်းမဲ့သူ ဖြစ်သည်။ အသိစိတ် ကင်းမဲ့သောလူများသည် ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ပြီးလျှင် ပုံမှန်လူ့သဘာဝ မရှိခြင်းဆိုသည်မှာ ၎င်းတို့တွင် တရားမျှတစိတ်မရှိဘဲ ကြင်နာတတ်ခြင်း မရှိသည်ကို ဆိုလိုသည်။ “တရားမျှတစိတ်မရှိခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကလိမ်ကကျစ်ကျခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းကို ဆိုလိုသည်။ “ကြင်နာတတ်ခြင်းမရှိခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မလိုမုန်းထားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းကို ဆိုလိုသည်။ ဤစိတ်သဘောထားများကို ပိုင်ဆိုင်သောလူများသည် လူ့သဘာဝမရှိသောလူများ ဖြစ်ကြပြီး အကျိုးဆက်အားဖြင့် ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို ပြုလုပ်နိုင်စွမ်းရှိကြသည်၊ အကြောင်းမှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ အသိစိတ် မရှိသကဲ့သို့ ပုံမှန်လူ့သဘာဝ၏ အသိစိတ်၌ ပါဝင်သော တရားမျှတစိတ်နှင့် ကြင်နာတတ်ခြင်းဟူသည့် အနှစ်သာရနှစ်ခုလည်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်မရှိ၊ အလွန်အမင်း ကလိမ်ကကျစ်ကျပြီး အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ကာ မလိုမုန်းထားတတ်ကြသောကြောင့် မည်သည့်မကောင်းမှုကိုမဆို ပြုလုပ်နိုင်စွမ်းရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပြီး မလိုမုန်းထားသည့်အရာများကို ပြုလုပ်ပါစေ မည်သည့်အရာကိုမျှ မခံစားရပေ၊ ၎င်းတို့သည် စိတ်မကောင်းမဖြစ်သကဲ့သို့ ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်း မခံစားရပေ။ ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်မကောင်းမှုကိုမဆို ပြုလုပ်နိုင်စွမ်းရှိသနည်း။ အကြောင်းမှာ ၎င်းတို့သည် ကြင်နာတတ်ခြင်းမရှိဘဲ လူ့သဘာဝ၏ အနှစ်သာရ ကင်းမဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့ မည်သည့်မကောင်းမှုကို ပြုလုပ်ပါစေ ယင်းမှာ ပြုသင့်ပြုထိုက်သည်ဟု တွေးထင်ကြပြီး မကောင်းမှုဖြစ်သည်ဟု မခံစားရပေ။ ဥပမာအားဖြင့် သင်သည် အသိစိတ်၏ အာရုံခံစားမှုရှိသူတစ်ဦး ဖြစ်ပါက အခြားသူတစ်ဦးကို ကျိန်ဆဲသည့် သို့မဟုတ် တိုက်ခိုက်သည့် စကားတစ်ခွန်းကို သင်ပြောဆိုသည့်အခါ သင်သည် လုပ်ရက်မည် မဟုတ်ချေ။ “ကျွန်ုပ်သည် ၎င်းတို့ကို ကျိန်ဆဲသည့် စကားအနည်းငယ် ပြောခဲ့ပြီးဖြစ်၍ ယင်းမှာ လုံလောက်ပြီ။ လူများကို ကျိန်ဆဲခြင်းသည် ၎င်းတို့ကို အလွန်စိတ်မကောင်းဖြစ်စေသည်။ တစ်စုံတစ်ဦးက ကျွန်ုပ်ကို ထိုသို့ ကျိန်ဆဲပါက ကျွန်ုပ်လည်း စိတ်မကောင်းဖြစ်မည်၊ သို့ဖြစ်၍ ယခုအခါ ကျွန်ုပ်၏ အမုန်းတရားကို ဖြေရန်နှင့် ဒေါသအနည်းငယ်ကို လွှတ်ထုတ်ပေးရန် ၎င်းတို့ကို ကျိန်ဆဲသည့် စကားအနည်းငယ် ပြောခဲ့ပြီးဖြစ်သဖြင့် ထိုမျှနှင့်ပင် ရပ်လိုက်တော့မည်” ဟု သင်တွေးလိမ့်မည်။ သို့ဖြစ်၍ သင်သည် ရပ်တန့်လိုက်လိမ့်မည်။ သို့သော် ဆိုးယုတ်သောလူများသည် ထိုသို့မတွေးထင်ကြပေ။ ၎င်းတို့က “သင့်ကို ကျိန်ဆဲခြင်းသည် သင့်ကို လျှော့ပေါ့ပေးရာကျမည်။ ကျွန်ုပ်သည် သင့်ကို ရိုက်နှက်ဦးမည်၊ သင်၏ မိသားစုကို ပျက်စီးစေမည်၊ သင်၏ မျိုးဆက်များကို ဒုက္ခခံစားစေမည်။ သင့်အပေါ် ကျွန်ုပ်ပြုလုပ်သည့် မည်သည့်မကောင်းမှု သို့မဟုတ် ဆိုးယုတ်သည့်အရာမဆိုသည် ကျိုးကြောင်းဆီလျော်သည်။ သင်နှင့်ထိုက်တန်သော အပြစ်ဒဏ်ကို သင်ရပြီး ကျွန်ုပ်၏ အမုန်းတရားကို ဖြေနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ကျွန်ုပ် ဆန္ဒရှိသည်” ဟု တွေးတောကြသည်။ ၎င်းတို့သည် သင့်ကို ကျိန်ဆဲခြင်းပင် ပြုလုပ်မည်မဟုတ်ဘဲ သင့်အပေါ်ကိုသာ မကောင်းမှုများကို မဆိုင်းမတွ ပြုလုပ်လိုက်ကာ သင့်ကို လက်စားချေလိမ့်မည်၊ ဤသည်မှာ ဆိုးယုတ်ခြင်းပင် ဖြစ်သည်။ အသိစိတ်၏ အာရုံခံစားမှု မရှိသောလူများသည် ဤကဲ့သို့ပင် ဖြစ်သည်၊ ၎င်းတို့သည် အမျိုးမျိုးသော မကောင်းမှုများကို ကျူးလွန်နိုင်စွမ်း ရှိကြသည်။

လူတို့တွင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ ရှိသော အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများထဲတွင် လူတို့ သတိပြုမိသည့်အရာများမှာ အဓိကအားဖြင့် ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့နှင့် သက်ဆိုင်သည့် ၎င်းတို့ မကြာခဏ ပြောဆိုလေ့ရှိသော အယူအဆများ ဖြစ်ကြသည်။ တစ်ဖက်တွင် ငါတို့သည် ဘုရားသခင်၏ အမှုတော်အတွင်း၌ လူတို့တွင် ပေါ်ပေါက်လာသော အယူအဆများနှင့် စိတ်ကူးများအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်၊ အခြားတစ်ဖက်တွင်လည်း လူတို့သည် ဘုရားသခင်က လူတို့အပေါ် များပြားပြီး အမျိုးမျိုးသော နည်းလမ်းများဖြင့် အမှုပြုကြောင်းကိုလည်း သိသင့်သည်။ ကိုယ်တော်အမှုပြုသည့် မတူညီသောခေတ်များအပေါ် မူတည်၍လည်းကောင်း၊ လူတို့ထံမှ ကိုယ်တော်တောင်းဆိုသည့် မတူညီသော စံနှုန်းများအပေါ် မူတည်၍လည်းကောင်း၊ ပြောစရာမလိုသည်မှာ ကိုယ်တော်၏ အမှုတော်မှတစ်ဆင့် လူတို့၌ ကိုယ်တော် စွမ်းဆောင်ရရှိလိုသော မတူညီသော အကျိုးရလဒ်များအပေါ် မူတည်၍လည်းကောင်း၊ ကိုယ်တော်၏ အမှုတော်၏ မတူညီသော ပစ်မှတ်များနှင့် လူတို့၏ မတူညီသော သဘာဝအနှစ်သာရများအပေါ် မူတည်၍လည်းကောင်း ဘုရားသခင်သည် မတူညီသော နည်းလမ်းများကို အသုံးပြုပြီး လူတို့အပေါ် များပြား၍ အမျိုးမျိုးသော နည်းလမ်းများဖြင့် အမှုပြုသည်။ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့သည် ကိုယ်တော်၏ အမှုတော်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ကိုယ်တော်၏ အမှုတော်၌ ကိုယ်တော်အသုံးပြုသည့် အဓိကနည်းလမ်းများ မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်၏ အမှုတော်၏ တတိယအဆင့်တွင် ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန်နှင့် ၎င်းတို့ကို ကယ်တင်ခြင်းဟူသည့် အကျိုးရလဒ်ကို စွမ်းဆောင်ရရှိရန် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်သောကြောင့် ကိုယ်တော်က လူတို့အပေါ် ပြုလုပ်သည့် ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း အမှုပမာဏသည်ပင် အလွန်ပင် နည်းပါးသည်။ ထို့အပြင် ကိုယ်တော်၏ အမှုတော်၏ မတူညီသော ပစ်မှတ်များအပေါ် မူတည်၍ ဘုရားသခင်သည် ဤအရာများကို သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီလည်း ပြုလုပ်ပြီး ကိုယ်တော်၏ လုပ်ဆောင်ချက်များသည် ခံယူရမည့်သူများနှင့် အမျိုးမျိုးသော မတူညီသည့် အခြေအနေများအပေါ် မူတည်၍ ကွဲပြားသည်။ သို့ဖြစ်၍ နှိုင်းယှဉ်ကြည့်လျှင် ကိုယ်တော်သည် လူတို့ကို ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို ရှားရှားပါးပါးသာ ပြုလုပ်သည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ ၎င်းတို့၏ ယခင် အယူအဆများနှင့် စိတ်ကူးများကို ဆက်လက်ဆုပ်ကိုင်ထားခြင်းကို ရပ်သင့်ပြီး ဘုရားသခင်သည် များစွာသော နှုတ်ကပတ်တော်များနှင့် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်က ၎င်းတို့ကို တိုက်တွန်းသည်ကို မတုန်မလှုပ်ဖြင့် ခွင့်ပြုလျက် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့အပေါ် ဆက်လက်မှီခိုမနေသင့်ပေ၊ ဤသည်မှာ လူတို့ မရှိသင့်သည့် အတွေးအခေါ်တစ်ခု ဖြစ်သည်။ လူတို့ ရှိသင့်သည့် မှန်ကန်သော အတွေးအခေါ်မှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေရန် သို့မဟုတ် ကိုယ်တော်၏ ရှေ့မှောက်သို့ ရောက်လာစေရန် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့အပေါ် မတုန်မလှုပ်ဖြင့် မှီခိုနေမည့်အစား ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ပို၍ အပြုသဘောဆောင်ပြီး တက်ကြွစွာ လာရောက်ရမည်ဟူ၍ ဖြစ်သည်။ မည်သည့်အချိန်အခါ၌မဆို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများသည် သင်ရှေ့ဆက်ရန် လားရာဖြစ်ပြီး သင်၏ နေ့စဉ်အသက်တာ၌ သို့မဟုတ် သင်၏ ဖြစ်တည်မှုလမ်းကြောင်း၌ သင်အများဆုံး စွဲကိုင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်ကြသည်၊ သို့သော် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့မှာမူ ကိုယ်တော်က လိုအပ်သည်ဟု ယူဆသည့် အချို့သော အထူးအခြေအနေများနှင့် အနေအထားများတွင် ကိုယ်တော်ပြသသည့် အမှုပြုခြင်းနည်းလမ်းများသာ ဖြစ်သည်။ လူတို့အနေဖြင့် “ဘုရားသခင်သည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ကာ ရိုက်နှက်ပြီး အပြစ်ဒဏ်ပေးပါစေ၊ ထိုသို့ဖြင့် ကျွန်ုပ်သည် သမ္မာတရားကို ချစ်လာနိုင်ပြီး လက်တွေ့လုပ်ဆောင်လာနိုင်မည်ဖြစ်သည်” ဟု တွေးထင်လျက် ဤအရာ ဖြစ်ပေါ်လာရန် မတုန်မလှုပ် စောင့်ဆိုင်းခြင်း သို့မဟုတ် မတက်မကြွ တောင်းဆိုခြင်း မပြုသင့်ပေ။ ဤလုပ်နည်းကိုင်နည်းသည် မမှန်ကန်ပေ။ ဘုရားသခင်သည် လူတို့၏ အမှန်စင်စစ်ဖြစ်သော သရုပ်သကန်များနှင့်အညီ၊ ၎င်းတို့အသက်၏ လိုအပ်ချက်များနှင့်အညီ အမှုပြုလေသည်။ အချို့လူများက အသိစိတ် ကင်းမဲ့သောသူတို့သည် တိရစ္ဆာန်များဖြစ်ကြပြီး ကယ်တင်ခြင်းမခံရနိုင်ဟု ကြားသိရသောအခါ စိုးရိမ်လာကြပြီး “ကျွန်ုပ် ကယ်တင်ခြင်းမခံရနိုင်လျှင် တကယ်ကို ဒုက္ခရောက်မည်။ ကျွန်ုပ်တွင် ပုံမှန်လူ့သဘာဝ၏ အသိစိတ်၏ အာရုံခံစားမှု မရှိသောကြောင့် ပုံမှန်လူ့သဘာဝ၏ အသိစိတ်အစား ဘုရားသခင်က ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးခြင်းကို ပို၍ နှစ်သက်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ စိတ်ကူးကောင်းတစ်ခု ဟုတ်သလော။ ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ ဖောက်ပြန်ပျက်စီးသော သာမန်လူသားမျိုးနွယ်ဝင် တစ်ဦးအနေဖြင့် သင်သည် မိမိကိုယ်ကို ပုံမှန်လူ့သဘာဝ ကင်းမဲ့ပြီး ပုံမှန်လူ့သဘာဝ၏ အသိစိတ် ကင်းမဲ့သည်ဟု အမှန်တကယ် တွေးထင်ပါက ဤအရာ၏ နာကျင်မှုကို နက်ရှိုင်းစွာ ခံစားရပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့က သင့်ကို စွန့်ခွာသွားမည်မဟုတ်ကြောင်းနှင့် ယင်းတို့က သင့်ကို အသွင်ပြောင်းလဲစေပြီး နောက်ဆုံးတွင် ရှင်သန်စေရန် ထောက်ကူပေးလိမ့်မည်ဟု မျှော်လင့်သည်၊ သင့်ထံတွင် ဤကဲ့သို့သော စိတ်ပိုင်းဖြတ်ချက် အမှန်တကယ် ရှိပါက ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်နိုင်ပြီး သင်၏ ရှင်သန်ရေးအတွက် မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်သည်။ သို့သော် သင့်ထံတွင် ထိုသို့သော စိတ်ပိုင်းဖြတ်ချက် မရှိပါက၊ သင်သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်၏ အာရုံခံစားမှု မရှိပါက ကြီးမားသောအန္တရာယ်၌ ရှိနေသည်ဟု သင့်ကို ငါပြောမည်။ သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ရံဖန်ရံခါ လက်ခံရရှိခဲ့လျှင်ပင် ယင်းမှာ ကိုယ်တော်က သင့်အား ချီးမြှင့်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင် မကောင်းမှု နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ပြီး အပြစ်ဒဏ် နည်းနိုင်သမျှ နည်းအောင် ခံရစေရန်အလို့ငှာ သင့်ကို သတိပေးနှိုးဆော်ရန်နှင့် သတိပေးရန် ဤအရာများကို ပြုလုပ်ပြီး ဤနည်းလမ်းများကို အသုံးပြုသည်။ ဘုရားသခင်သည် သင့်ကို အလုံအလောက် သိက္ခာဆည်ပေးခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်က သင့်အား ခြွင်းချက်အနေဖြင့် ဤကျေးဇူးတော်ကို ပြုခြင်းအတွက် သင်သည် အကောင်းအဆိုးကို မသိတတ်သူ တစ်ယောက်ဖြစ်မည့်အစား ကျေးဇူးတင်သင့်သည်။ ပုံမှန်အခြေအနေများတွင် ဘုရားသခင်သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သူတစ်ဦးအပေါ် မည်သည့်အမှုကိုမျှ ပြုလုပ်မည်မဟုတ်သကဲ့သို့ မည်သည့်အမှုပြုခြင်း နည်းလမ်းကိုမျှ အသုံးပြုမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို လက်ခံရရှိခဲ့ပါက မည်သည့်အရာဖြစ်စေ၊ အနည်းငယ်သာဖြစ်စေ သို့မဟုတ် အတော်အတန် ပို၍ပြင်းထန်သည်ဖြစ်စေ ယင်းအားလုံးအတွက် ဘုရားသခင်ကို သင်ကျေးဇူးတင်သင့်သည်။ လူ၏ အရပ်သုံးစကားဖြင့် ပြောရလျှင် ဤသည်မှာ ဘုရားသခင်က သင့်ကို အလေးထားပြီး ချီးမြှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ရန်လိုမှုဖြင့် သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းဖြင့် လုံးဝမကြည့်ပေ၊ သို့ဖြစ်၍ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်သည်။ သင်သည် သမ္မာတရား၏ ထောက်ပံ့မှုအပြင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို လက်ခံရရှိရန် အခွင့်အရေး အမှန်တကယ် ရှိပါက ယင်းက ဘုရားသခင်သည် သင့်ကို ဖန်ဆင်းခံတစ်ဦးအဖြစ်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်ဆံနေဆဲဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်၊ ဤအရာကို မှန်ကန်စွာ နားလည်သင့်ပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို ကျိုးနွံနာခံသင့်သည်။ သင်သည် ယင်းကြောင့် ဘုရားသခင်အပေါ် ရန်လိုသော သဘောထား မထားသင့်သကဲ့သို့ ယင်းကြောင့် ဘုရားသခင်ကို သာ၍ပင် ပုန်ကန်ခြင်းလည်း မပြုသင့်ပေ။ သင်သည် မည်သို့သော ဆုံးမပဲ့ပြင်ခြင်းမျိုးကို လက်ခံရရှိခဲ့သည်ဖြစ်စေ သို့မဟုတ် သင်လက်ခံရရှိခဲ့သော အပြစ်ဒဏ်သည် မည်မျှပင် ပြင်းထန်သည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချက်ချင်း ကျိုးနွံနာခံပြီး ကျေးဇူးတင်သင့်သည်၊ သင့်ကို သတိပေးနှိုးဆော်ပြီး သတိပေးသည့်အတွက်လည်းကောင်း၊ သင့်အား ဤအခွင့်အရေးကို ပေးသည့်အတွက်လည်းကောင်း၊ ဘုရားသခင်ထံမှ ဤအရာအားလုံးကို လက်ခံရရှိရန် အခွင့်အရေး ရရှိစေသည့်အတွက်လည်းကောင်း ကိုယ်တော်အား ကျေးဇူးတင်သင့်သည်။ ဤအရာက သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေး ရှိနေဆဲဖြစ်ပြီး ဤဆက်နွှယ်မှုသည် လုံးဝ မပြတ်တောက်သေးကြောင်းကိုလည်း သက်သေပြသည်။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော်၌လည်းကောင်း၊ ကိုယ်တော်က လူတို့ကို ကယ်တင်သည့် ဖြစ်စဉ်၌လည်းကောင်း ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲတွင် သင့်ကို ထားရှိနေဆဲဖြစ်သည်၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် သင့်ကို မြင်နေဆဲဖြစ်သည်၊ ကိုယ်တော်သည် သင်၏ ပုန်ကန်မှုနှင့် သင်၏ ဖောက်ပြန်ပျက်စီးမှုကို မြင်တွေ့သည့်အခါ သင့်ကို ဆုံးမပဲ့ပြင်ရန်၊ ရိုက်နှက်ရန်နှင့် အပြစ်ဒဏ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ဤအရာက ကိုယ်တော်သည် သင့်ကို လုံးဝ စွန့်လွှတ်မထားသေးကြောင်း သက်သေပြသည်၊ သင့်အတွက် ဤသည်မှာ ကံကောင်းခြင်းဖြစ်ပြီး သတင်းကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ သင်သည် နာကျင်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်း အနည်းငယ်ကို ခံရသည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်သို့ ချက်ချင်း လာသင့်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်တော်၏ရှေ့မှောက်၌ သင်ဦးညွှတ်ပျပ်ဝပ်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်သည် ကြောက်မက်ဖွယ်ကောင်းသည် သို့မဟုတ် ကြောက်ရွံ့ဖွယ်ကောင်းသည်ဟု သင့်ကို ခံစားစေရန်လည်း မဟုတ်ပေ။ ထိုအစား သင်သည် ဘုရားသခင်ကို နှစ်သက်စေရန် မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ ဘုရားသခင်သည် သင့်အပေါ် နောက်ထပ် အမျက်မထွက်စေရန် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် ကိုယ်တော်၏ အမျက်ဒေါသကို ပြေပျောက်စေရန် မည်သည့်အရာကို လုပ်ဆောင်သင့်သည်တို့ကို သင်နားလည်သင့်သည်။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ အစွမ်းအစက ဖြစ်မြောက်အောင်မြင်သည့်အရာ၏ နယ်ပယ်အတွင်းတွင် ဘုရားသခင်က သင့်ကို ပြောပြခဲ့သော သမ္မာတရား စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားသင့်ပြီး ဘုရားသခင်ကို သင့်အပေါ် နောက်တစ်ကြိမ် အမျက်ထွက်စေခြင်း မပြုသင့်ပေ။ ဘုရားသခင်သည် သင့်အပေါ် အကြိမ်ကြိမ် အမျက်ထွက်ပြီး သင်သည် အလွန်အမင်း ထုံထိုင်းနေဆဲဖြစ်ကာ ခေါင်းမာစွာ၊ စိတ်နှလုံးမာကျောစွာဖြင့် ဘုရားသခင်ကို ရန်လိုမှုဖြင့် ရှုမြင်ပြီး အဆုံးတိုင် ကိုယ်တော်အား တိုက်ခိုက်နေဆဲဖြစ်ပါက အဆုံးတွင် သင်မလွဲမသွေ ကြုံတွေ့ရမည့်အရာမှာ ဘုရားသခင်က သင့်ကို စွန့်လွှတ်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို နောက်ထပ် ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုတော့သည့်အချိန်သည် ဘုရားသခင်က သင့်ကို စွန့်လွှတ်လိုက်သည့်အချိန် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သင့်ကို စွန့်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကိုယ်တော်သည် သင့်ကို သတိပေးနှိုးဆော်ခြင်းကို ရပ်တန့်လိမ့်မည်ဖြစ်ပြီး ကိုယ်တော်သည် သင့်ကို သူ၏မျက်မှောက်တော်မှ ဖယ်ရှားကာ အသင်းတော်အပြင်ဘက်ရှိ နေရာတစ်ခုသို့၊ သူ၏အမှုတော်ဗဟိုချက်မှ အဝေးရှိ နေရာတစ်ခုသို့ ရွှေ့ပြောင်းလိမ့်မည်၊ အနည်းဆုံးအနေဖြင့် ကိုယ်တော်သည် သူ၏အမှုတော်ကာလအတွင်း သင့်ကို မမြင်နိုင်စေရန် ပြုလုပ်လိမ့်မည်၊ ဘုရားသခင်သည် သင့်ကို နောက်ထပ် မြင်လိုတော့မည်မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ မကောင်းမှုကို ကျူးလွန်ပြီး ဤအဆင့်သို့ ရောက်ရှိပါက သင်ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ပေ။ သင်နားလည်ပြီလော။ (နားလည်ပါပြီ။)

ယနေ့ မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် မိမိကြားရှိ အတားအဆီးများကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိသော မိမိ၏ ရန်လိုမှုကို စွန့်လွှတ်ခြင်းဟူသည့် အကြောင်းအရာနှင့် သက်ဆိုင်သည်။ ဘုရားသခင်နှင့်ပတ်သက်သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖော်ထုတ်ခြင်းဖြစ်စေ၊ ဘုရားသခင်အပေါ်ထားရှိသော ၎င်းတို့၏ သဘောထားများကို ဖော်ထုတ်ခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူတို့အပေါ် သူ၏အမှုကို အတိအကျ မည်သို့မည်ပုံနှင့် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သည်ကို မိတ်သဟာယဖွဲ့ခြင်းဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤအရာအားလုံးက လူတို့ကို နောက်ဆုံးတွင် ပြောပြသည့်အရာမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့ အများဆုံးထားရှိသင့်သည့် မှန်ကန်သော ရှုမြင်ပုံမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ထံမှ ဝေးကွာသွားမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်က ၎င်းတို့အား ပေးသနားသည့် သမ္မာတရား စည်းမျဉ်းတစ်ခုစီကို လက်ခံရန် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို ပြုလုပ်သည့်အခါတိုင်း ၎င်းတို့၏ အပြင်ပန်းအပြုအမူတွင် အားထုတ်ကြိုးပမ်းမည့်အစား သို့မဟုတ် အပြင်ပန်းအားဖြင့် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရာတွင် အားထုတ်ကြိုးပမ်းမည့်အစား၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် နစ်မွန်းနေပြီး ယင်းတို့ကို အရေးလုပ်နေမည့်အစား သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ယင်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်သင့်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လိုက်စားသင့်သည်။ မည်သို့ပင်ဆိုစေကာမူ သင်၏ ဘုရားသခင်အပေါ် ထားရှိသော အယူအဆများနှင့် စိတ်ကူးများက မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏ အမှုတော်က စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးရလဒ်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လူတို့အတွင်းသို့ အလုပ်လုပ်ရန်နှင့် ၎င်းတို့၏ နေ့စဉ်ဘဝများနှင့် ၎င်းတို့၏ ဘဝလမ်းခရီးအတွင်း ကြုံတွေ့ရသည့် အရာအားလုံးတွင် လိုက်နာရန် သမ္မာတရား စည်းမျဉ်းများ ရှိစေရန်နှင့် ဤသမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနိုင်စေရန် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ထားသော အကျိုးရလဒ် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က စွမ်းဆောင်ရရှိသည့် နောက်ဆုံးအကျိုးရလဒ်မှာ ကိုယ်တော်က ဤအရာအားလုံးကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ပြီးမြောက်စေခြင်းထက် သမ္မာတရားသည် လူတို့၏ လက်တွေ့ကျမှုနှင့် လူတို့၏ အသက် ဖြစ်လာခြင်းပင် ဖြစ်သည်။ သင် ဤသည်ကို နားလည်ပြီလော။ ငါတို့သည် ဤအကြောင်းအရာများအပေါ် အနည်းနှင့်အများဆိုသကဲ့သို့ လုံလောက်အောင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။