သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း သုံး

င။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ

ဘုရားသခင်၏အလုပ်တွင် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များ ပါဝင်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့ဆိုလျှင် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲရှိ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ကြိုးကိုင်ညွှန်ကြားခြင်းတစ်မျိုး ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့ကို ပိုက်ကွန်ကြီးတစ်ခုထဲ၌ လျှို့ဝှက်စွာ ဖုံးအုပ်ထားပြီး ၎င်းတို့၏ အပြုအမူအားလုံးနှင့် ၎င်းတို့ရှိနေသော ပတ်ဝန်းကျင်များကို ကြိုးကိုင်ညွှန်ကြားကာ ၎င်းတို့လုပ်ဆောင်သမျှကို စောင့်ကြည့်နေသည်ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ လူတို့၌ရှိသော အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကျိုးဆက်အနေဖြင့် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သတိထားရှောင်ကာ ကြောက်ရွံ့လာကြပြီး ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ၎င်းတို့ ဤသို့ ကြောက်ရွံ့ပြီး ကာကွယ်နေခြင်းသည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း ပုံစံတစ်မျိုး ဖြစ်သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး အရာခပ်သိမ်း၌ ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်။” ဟူသည်မှာ မှန်ကန်သည်ဟုလည်းကောင်း လူတို့က ထင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အား ရွေးချယ်ပိုင်ခွင့် လွတ်လပ်မှုကို မပေးဘဲ ၎င်းတို့၏ စိတ်နှလုံးများ၊ ၎င်းတို့၏ လက်များနှင့် ခြေထောက်များကို ချုပ်တည်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အပေါ် အဆက်မပြတ် စောင့်ကြည့်နေပြီး မျက်ခြည်မပြတ် ကြည့်နေသည်ဟုလည်းကောင်း၊ ၎င်းတို့ကို သမ္မာတရား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းခြင်း၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကို ပြောင်းလဲရန် အတင်းအကျပ်ခိုင်းခြင်းနှင့် ဘုရားသခင်၏ အလိုတော်များနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းခြင်းတို့ကို ပြုသည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ဤသည်တို့အားလုံးမှာ လူ့အယူအဆများ ဖြစ်ကြသည်။ အတိအကျဆိုရလျှင် ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်းတစ်မျိုး ဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်ခိုင်းရန်၊ ချည်နှောင်ရန် သို့မဟုတ် ကြိုးကိုင်ညွှန်ကြားရန် မည်သည့်အခါမျှ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်သည် လူတို့ကို မည်သည့်အခါမျှ ဘောင်မခတ်ပေ သို့မဟုတ် အတင်းအကျပ် မခိုင်းသည့်အပြင် လူတို့ကို သာ၍ပင် အတင်းအကျပ် မပြုပေ။ ဘုရားသခင်က လူတို့အား ပေးသည့်အရာမှာ လုံလောက်သော လွတ်လပ်ခွင့် ဖြစ်သည်၊ သူသည် လူတို့အား ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို ရွေးချယ်ခွင့်ပြုသည်။ သင်သည် ဘုရားအိမ်တော်၌ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို ခံရလျှင်ပင် သင်သည် မည်သို့ပင်ဖြစ်စေ လွတ်လပ်သည်။ သင်သည် ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များနှင့် အစီအစဉ်များကို ငြင်းပယ်ရန် ရွေးချယ်နိုင်သည် သို့မဟုတ် ၎င်းတို့ကို လက်ခံရန် ရွေးချယ်နိုင်သည်၊ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ရန် အခွင့်အရေးကို ပေးသည်။ သို့သော် သင်မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ၊ သင်မည်သို့ ပြုမူသည်ဖြစ်စေ၊ သင်ရင်ဆိုင်ရသော ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ရာတွင် သင်၏ အမြင်ရှုထောင့် မည်သို့ရှိသည်ဖြစ်စေ၊ ယင်းကို ဖြေရှင်းရန် သင်နောက်ဆုံးတွင် မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ သင်၏ လုပ်ဆောင်ချက်များအတွက် သင်တာဝန်ယူရမည်။ သင်၏ နောက်ဆုံးအဆုံးသတ်သည် သင်၏ ပုဂ္ဂိုလ်ရေး ဝေဖန်အကဲဖြတ်မှုများနှင့် သတ်မှတ်ချက်များအပေါ် အခြေမခံဘဲ ဘုရားသခင်ထံ၌ စာရင်းမှတ်တမ်းတစ်ခု ရှိပေသည်။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြပြီးနောက်နှင့် လူတို့သည် ဤများစွာသော သမ္မာတရားများကို ကြားပြီးနောက်တွင် ဘုရားသခင်သည် လူတစ်ဦးစီ၏ အမှားအမှန်များကို တိတိကျကျ အကဲဖြတ်မည်ဖြစ်ပြီး လူတစ်ဦးစီ၏ နောက်ဆုံးအဆုံးသတ်ကို သူပြောဆိုခဲ့သည့်အရာ၊ သူတောင်းဆိုသည့်အရာနှင့် လူတို့အတွက် သူဖော်ထုတ်ခဲ့သော စည်းမျဉ်းများကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။ ဤကိစ္စတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များသည် ဘုရားသခင်က လူတို့ကို ကြိုးကိုင်ညွှန်ကြားနေခြင်း သို့မဟုတ် သူက ၎င်းတို့ကို ချည်နှောင်နေခြင်း မဟုတ်ပေ၊ သင်သည် လွတ်လပ်သည်။ သင်သည် ဘုရားသခင်ကို သတိထားရှောင်ရန် မလိုအပ်သကဲ့သို့ ကြောက်ရွံ့ရန် သို့မဟုတ် စိုးရိမ်ပူပန်ရန်လည်း မလိုအပ်ပေ။ သင်သည် အစမှအဆုံး လွတ်လပ်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် သင့်အား လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခု၊ လွတ်လပ်စွာ ရွေးချယ်ရန် ဆန္ဒတစ်ခုနှင့် လွတ်လပ်စွာ ရွေးချယ်ရန် နေရာတစ်ခုကို ပေးလျက် သင့်အား မိမိကိုယ်တိုင် ရွေးချယ်စေပြီး သင်အဆုံးသတ် ရရှိသည့် မည်သည့်အဆုံးသတ်မဆိုသည် သင်လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် လုံးလုံးလျားလျား ဆုံးဖြတ်ခြင်းခံရသည်။ ဤသည်မှာ မျှတသည် မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ဆုံးတွင် သင်သည် ကယ်တင်ခြင်းခံရပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ဘုရားသခင်နှင့် သဟဇာတဖြစ်သူတစ်ဦး ဖြစ်လျှင်၊ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး ဖြစ်လျှင် ယင်းမှာ သင်၏ မှန်ကန်သော ရွေးချယ်မှုများကြောင့် သင်ရရှိသည့်အရာ ဖြစ်သည်၊ နောက်ဆုံးတွင် သင်သည် ကယ်တင်ခြင်းမခံရဘဲ ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်လျှင်၊ ဘုရားသခင်၏ ရယူခြင်းကို သင်မခံရလျှင်၊ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး မဟုတ်လျှင် ယင်းမှာလည်း သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူ၏အလုပ်တွင် ဘုရားသခင်သည် လူတို့အား ရွေးချယ်ရန် လွတ်လပ်မှုများစွာကို ပေးပြီး လူတို့အား အကြွင်းမဲ့ လွတ်လပ်ခွင့်ကိုလည်း ပေးသည်။ အကြောင်းမှာ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များအပါအဝင် လူ၊ ဖြစ်ရပ်နှင့် အမှုအရာအားလုံးကို တိုင်းတာရန် သမ္မာတရားကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များသည်လည်း သမ္မာတရားကို အသုံးပြု၍ ဆုံးဖြတ်ခြင်းခံရသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲပေ။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ သူ့ကို သတိထားရှောင်ခြင်းနှင့် လမ်းဆုံးတိုင်အောင် ကြောက်ရွံ့တုန်လှုပ်စွာနှင့် ကျိုးကျိုးနွံနွံဖြင့် လျှောက်လှမ်းခြင်းတို့ကြောင့် ဘုရားသခင်သည် သင့်ကို လက်ခံမည်မဟုတ်၊ သင့်အား ကျေးဇူးပြုမည်မဟုတ်၊ သင့်ကို ကယ်တင်ခြင်းခံရခွင့်ပြုမည်လည်း မဟုတ်ပေ၊ သို့မဟုတ် သင်ပြုလုပ်ခဲ့သော မည်သည့်ဖြည့်ဆည်းမှုကြောင့်မဆို အဆုံးတွင် သင့်ကို ကယ်တင်ခြင်းခံရခွင့်ပြုမည်လည်း မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် လူတစ်ဦးသည် မိမိ မထိုက်တန်သော အဆုံးသတ်တစ်ခု သို့မဟုတ် ကောင်းသော ပန်းတိုင်တစ်ခုဖြင့် အဆုံးသတ်ရသည့် ခြွင်းချက်များ ရှိမည်မဟုတ်ပေ၊ လူတစ်ဦးစီ အဆုံးသတ်ရရှိသည့် မည်သည့်အဆုံးသတ်မဆိုသည် ၎င်း လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် ဆုံးဖြတ်ခြင်းခံရသည်။ ငါသည် သင့်အား ဥပမာတစ်ခု ပေးမည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ဖွဲ့စည်းပေးသည်ဆိုပါစို့၊ ပြီးလျှင် ဤပတ်ဝန်းကျင်တွင် သင်လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ ကိုယ်ပိုင် ပြစ်မှားခြင်းများကို ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များ၊ ချို့တဲ့မှုများနှင့် မလုံလောက်မှုများ၊ သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နားလည်မှုလွဲမှားခြင်းများနှင့် စောဒကတက်ခြင်းအချို့ကို သိလာရန် ဖြစ်သည်။ သင်သည် ဆင်ခြေများပေးခြင်းနှင့် မိမိကိုယ်ကို ကာကွယ်ရန် လိမ်လည်လှည့်ဖြားစွာ ခုခံချေပခြင်းတို့ကိုလည်း ရပ်တန့်သင့်ပြီး ထိုအစား သင်၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် ကျိုးနွံနာခံနိုင်ကာ သက်ဆိုင်ရာ သမ္မာတရားများကို ရှာဖွေနိုင်ပြီး သမ္မာတရားကို သင့်အတွင်းသို့ လက်ခံကာ ထို့နောက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် အလိုရှိသော အကျိုးသက်ရောက်မှုကို ရရှိလိမ့်မည်။ အလားတူအမှုအရာများ သင့်အပေါ် နောက်တစ်ကြိမ် ဖြစ်ပျက်လာသောအခါ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း သဘာဝအတိုင်း လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သင့်အား ကူညီရန် ဘုရားသခင်အနေဖြင့် အထူးပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးထားရန် လိုအပ်တော့မည် မဟုတ်ပေ။ ဤသည်မှာ လူတို့ ရရှိနိုင်သောအရာတစ်ခုဖြစ်ပြီး ၎င်းတို့ ယင်းကို ရရှိနိုင်ပါက ဘုရားသခင်သည် မလိုအပ်သော အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ သို့သော် သမ္မာတရားကို မလိုက်စားသောသူများနှင့်ပတ်သက်လာလျှင်မူ ဘုရားသခင်၏ သဘောထားသည် ကွဲပြားသည်။ အချို့သောလူတို့သည် ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြဘဲ ထိုအစား အပျက်သဘောဆောင်ပြီး မြည်တွန်တောက်တီးကာ ဘုရားသခင်နှင့် အခြားလူတို့အပေါ် စောဒကတက်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အယူအဆများ ဖြစ်ပေါ်လာသည်သာမက သူ့အပေါ် ဝေဖန်သုံးသပ်ခြင်းလည်း ပြုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြရန် ဆင်ခြေများကို ရှာဖွေကြမည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏အလုပ်တွင် အပျက်သဘောဆောင်ကာ ခိုကပ်လာနိုင်သည် သို့မဟုတ် အမှုအရာများကိုပင် ဖြိုဖျက်နိုင်သည်။ ထိုသို့သောလူတို့သည် ကယ်တင်၍မရနိုင်ဘဲ ဘုရားသခင် ပစ်ပယ်သောသူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ရင်း သမ္မာတရားကို အနည်းငယ် စိတ်ဝင်စားမှုရှိပြီး တရားဒေသနာများကို နားထောင်လိုစိတ်ရှိကာ သမ္မာတရားဆီသို့ ကြိုးစားအားထုတ်လျှင်၊ သင်၌ အပြုသဘောဆောင်သော သဘောထား အနည်းငယ်ရှိလျှင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေသောအခါ သင့်အား အနည်းငယ် လှုံ့ဆော်မည်ဖြစ်ကာ ထို့နောက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိမရှိကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်။ သို့သော် သင်သည် သင်၏အလုပ်တွင် အပျက်သဘောဆောင်ပြီး ခိုကပ်ရန်၊ ဆင်ခြေများပေးပြီး မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန်နှင့် နေရာအနှံ့တွင် အော်ဟစ်ဆူပူရန် ရွေးချယ်ပြီး မိမိကိုယ်ကို သိရန် သို့မဟုတ် နောင်တရရန် မရွေးချယ်ပါက ဘုရားသခင်သည် အဘယ်အရာကို လုပ်ဆောင်မည်ဖြစ်ပြီး သင့်ကို သူမည်သို့ ကိုင်တွယ်မည်နည်း။ ဘုရားသခင်သည် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို တိတ်တဆိတ် စောင့်ကြည့်ရုံသာ ကြည့်ရှုမည်။ ဘုရားသခင်သည် သင့်ကို လှုံ့ဆော်မည် မဟုတ်သကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို ရှာဖွေရန် သင့်အား တိုက်တွန်းမည်လည်း မဟုတ်ပေ။ ဘုရားသခင်သည် ပါဝင်ပတ်သက်မည်မဟုတ် သို့မဟုတ် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ သူသည် သင်၏ စိတ်တိုင်းကျ သရုပ်ဆောင်စေမည်။ သင်၏ အသိစိတ် နိုးကြားလာပြီး “ငါ ဤသို့ မလုပ်ဆောင်ခဲ့သင့်ပါ” ဟု သင်တွေးထင်သည့်အခါ၊ သို့မဟုတ် သင်၏ လက်ရှိအခြေအနေနှင့် ဆင်တူသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုကို သင် ရံဖန်ရံခါ ကြားပြီး ထိုလူ မည်သို့ ပြုမူခဲ့သည်ကို သိရှိကာ ထို့နောက် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မသင့်လျော်၊ ကျိုးကြောင်းမဆီလျော်ဘဲ မဖွယ်မရာဖြစ်သည်ဟု ရုတ်တရက် ခံစားရပြီး သင်၏ စိတ်နှလုံးထဲတွင် သိမ်မွေ့သော နာကျင်မှုတစ်ခု ရှိလာသည့်အခါ ထိုအချိန်မှစ၍ သင်သည် နောက်တစ်ဖန် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိတော့မည်မဟုတ်ဘဲ မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန် သင်၏ ပါးစပ်ကို ဖွင့်ဟရန် ရှက်ရွံ့နေမည်ဖြစ်ကာ အနှောင့်အယှက်ပေးပြီး ဖြိုဖျက်တတ်သော သင်၏ စိတ်ကူးများ သို့မဟုတ် လုပ်ဆောင်ချက်များသည် အရေအတွက်အားဖြင့် တဖြည်းဖြည်း နည်းပါးလာမည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် ပြင်းထန်မှု လျော့နည်းလာမည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံး၌ မည်မျှအထိ တိုးတက်သွားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းမှာ သင်၏ ကိုယ်ပိုင် အပြုအမူသာ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား နောက်ဆုံး၌ အကဲဖြတ်ရန်အတွက် သက်သေအထောက်အထားကို ရှာဖွေဖို့ ရည်ရွယ်ချက်ဖြင့် လျှို့ဝှက်စွာနှင့် တိတ်တဆိတ် စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။ နိနေဝေမြို့သည် ပျက်စီးခြင်းခံရတော့မည့်အချိန်မှာကဲ့သို့ပင် ဘုရားသခင်သည် နိနေဝေမြို့သားတို့ထံ သတင်းစကားတစ်ခုကို သယ်ဆောင်သွားရန် ယောနကို စေလွှတ်ရုံသာ ပြုခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့အား မိမိတို့၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ နောင်တရရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် ပြဿနာများကို နားလည်ရန် မလှုံ့ဆော်ခဲ့ပေ၊ သူသည် ဤအရာများကို မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်သည် သတင်းစကားကို သယ်ဆောင်သွားရန် ယောနကို စေလွှတ်ရုံသာ ပြုခဲ့ပြီး တစ်ချိန်တည်းတွင် ဤသတိပေးချက်ကို ကြားပြီးနောက် ၎င်းတို့ မည်သို့သော တုံ့ပြန်မှုများနှင့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ အထက်မှ အောက်ခြေအထိ အမျိုးမျိုးသော လူအားလုံး၏ အစီအစဉ်များ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှ ဤသတိပေးချက်အပေါ် ၎င်းတို့၏ သဘောထားများ မည်သို့ရှိသည်ကိုလည်းကောင်း သိမြင်ရန် လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။ သူလုပ်ဆောင်ခဲ့သမျှမှာ လျှို့ဝှက်စွာ စောင့်ကြည့်ခြင်း ဖြစ်သည်။ “စောင့်ကြည့်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် ဘေးမှရပ်ကြည့်သူတစ်ဦးကဲ့သို့ အမှုအရာများ မည်သို့ ဖြစ်ပေါ်ဖွံ့ဖြိုးသွားသည်နှင့် အမှုအရာများ ပြောင်းလဲသွားသည့် လားရာကို စောင့်ကြည့်နေပြီး သူသည် မည်သည့်နည်းလမ်းဖြင့်မျှ ဝင်ရောက်မစွက်ဖက်ဟု ဆိုလိုသည်။ ယောနကို ထိုစကားအနည်းငယ်ကို သယ်ဆောင်သွားစေခြင်းမှလွဲ၍ ဘုရားသခင်သည် မည်သည့်ထပ်ဆောင်းအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ လူတို့ကို တိုက်တွန်းအားပေးသည့် မည်သည့်အလုပ်ကိုမျှလည်း မလုပ်ဆောင်ခဲ့သည့်အပြင် ထို့ထက်ပင် သတင်းပါးစေရန် ထပ်ဆောင်းနှုတ်ကပတ်တော်များ မရှိခဲ့ဘဲ ယောန၏ ပါးစပ်မှ ထွက်ပေါ်လာသော ထိုစကားသုံးလေးခွန်းသာ ရှိခဲ့သည်။ မလွဲဧကန်ပင် ယနေ့ခေတ်လူတို့အပေါ် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် မပြောင်းလဲဘဲ ရှိနေသည်၊ သူသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်နေဆဲဖြစ်ပြီး ဤသည်မှာ အစမှအဆုံး လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သူသည် တစ်စုံတစ်ဦးကို ပြောင်းလဲစေလိုသည်ဖြစ်စေ သို့မဟုတ် လူတစ်ဦး၌ တစ်စုံတစ်ခုကို ပြီးမြောက်စေလိုသည်ဖြစ်စေ သူ၏အလုပ်တွင် ဘုရားသခင်၏ သဘောထား၊ စည်းမျဉ်းများနှင့် နည်းလမ်းများသည် မပြောင်းလဲပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဘုရားသခင် ဖန်ဆင်းခဲ့သည့်အရာမှာ စက်များ သို့မဟုတ် ရုပ်သေးရုပ်များမဟုတ်ဘဲ လွတ်လပ်သောဆန္ဒရှိသည့် အသက်ရှင်သောလူများ၊ ဖန်ဆင်းခံ လူသားများ ဖြစ်ကြသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို ပြီးမြောက်စေလိုသည့်အခါ သူသည် သူ၏ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ ကြိုးစားရန် ၎င်းတို့အား ထောက်ကူပေးဖို့ ပတ်ဝန်းကျင်တစ်ခုကို ဦးစွာ မကြာခဏ စီစဉ်ဖွဲ့စည်းပေးပြီး တစ်ခါတစ်ရံတွင် သူ၏ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များက မည်သည့်အရာများဖြစ်သည်ကို လူတို့အား တိုက်ရိုက် ပြောကြားလိမ့်မည်၊ ကျန်သည့်အရာမှာ ၎င်းတို့၏ လွတ်လပ်သောဆန္ဒနှင့် ၎င်းတို့ ပိုင်ဆိုင်သော အမျိုးမျိုးသော အခြေအနေများကို အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်သည့် လူတို့အပေါ်တွင် မူတည်သည်။ ဤသည်မှာ နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်ခဲ့ပြီး ယခု သူကယ်တင်လိုသော လူတို့အပေါ် သူ၏သဘောထားသည် မပြောင်းလဲဘဲ ရှိနေသည်။ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် မပြောင်းလဲခဲ့ပေ၊ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမြဲ အလုပ်လုပ်ပြီး သူဖန်ဆင်းခဲ့သော လူသားများအပေါ် သူ၏အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် အမြဲ ဤသို့ပင် ဖြစ်သည်။ ယောနသည် နိနေဝေမြို့သားတို့အား သတိပေးပြီးနောက်တွင် သူသည် အနားယူစိတ်ဖြေလျှော့ဖို့ နေရာတစ်ခုကို ရှာဖွေရန် သွားခဲ့ပြီး ဘုရားသခင်၏ သတင်းစကားကို မြို့၏အထက်မှ အောက်ခြေအထိ သတင်းပါးပြီးနောက်တွင်လည်းကောင်း၊ ဘုရားသခင်က နိနေဝေမြို့ကို ဖျက်ဆီးတော့မည်ဟူသော သတင်းကို လူတိုင်း သိရှိပြီးနောက်တွင်လည်းကောင်း နိနေဝေမြို့သားတို့အကြား မည်သို့သော တုန်လှုပ်မှုများနှင့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို သိမြင်ရန် မြို့သူမြို့သားများကို ဘေးမှနေ၍ စောင့်ကြည့်ခဲ့သည်၊ သူလုပ်ဆောင်ခဲ့သမျှမှာ စောင့်ကြည့်လေ့လာခြင်း ဖြစ်သည်။ ဤစောင့်ကြည့်ခြင်းသည် အချိန်ယူခဲ့ပြီး ဤဖြစ်စဉ်အတွင်းတွင် ဘုရားသခင်သည် ဤအမှုအရာအားလုံးရှိ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။ အမှုအရာများသည် ကောင်းသော ဦးတည်ချက်တစ်ခု၌ ဖြစ်ပေါ်ဖွံ့ဖြိုးသွားပါက ဘုရားသခင်သည် နှစ်ထောင်းအားရဖြစ်ပေမည်၊ အမှုအရာများသည် မကောင်းသော ဦးတည်ချက်တစ်ခု၌ ဖြစ်ပေါ်ဖွံ့ဖြိုးသွားပါက သူသည် ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကောင်း ဖြစ်မည်ဖြစ်သော်လည်း ယင်းမှာ အခြေအနေအပေါ်တွင် မူတည်ပေမည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသောကြောင့် ဘုရားသခင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး လူသားများသည် ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရသည့်အခါ သို့မဟုတ် အသက်တစ်ချောင်း ဆုံးရှုံးတော့မည့်အခါတွင် ဘုရားသခင်သည် စိတ်မကောင်းဖြစ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသောလူတို့ ဤသို့ ထုံထိုင်း၍ ဉာဏ်နှေးကာ ဤသို့ ပုန်ကန်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်သည် စိတ်မကောင်းဖြစ်ခြင်းမရှိပေ။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း၊ သူအလုပ်လုပ်သည့် နည်းလမ်းများအတိုင်းလည်းကောင်း၊ ဖန်ဆင်းခံများကို သူကိုင်တွယ်သည့် နည်းလမ်းများနှင့် စည်းမျဉ်းများအတိုင်းလည်းကောင်း သူလုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်မည်ဖြစ်သည်။ ဤနေရာတွင် လူ့ခံစားချက်များ သို့မဟုတ် စိတ်ခံစားချက်များ မရှိဘဲ ဖန်ဆင်းရှင်၏ အမှုအရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များသာ ရှိသည်။ သို့ဖြစ်၍ ဤကိစ္စနှင့်ပတ်သက်၍ ဖန်ဆင်းခံလူသားများ၏ ကျဉ်းမြောင်းသောစိတ်ထားကို အသုံးပြုကာ ဘုရားသခင်၏ အတွေးအခေါ်များနှင့် စိတ်ကူးများအပေါ် မှန်းဆချက်များနှင့် ခန့်မှန်းချက်များ ပြုလုပ်ခြင်းအစား လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများကို လက်လွှတ်သင့်ပြီး လူတို့ကို ဆက်ဆံရန် ဘုရားသခင်၏ သဘောထားနှင့် နည်းလမ်းများကို တိကျစွာ နားလည်သဘောပေါက်သင့်သည်။ ဘုရားသခင်သည် သင့်အပေါ် အလုပ်လုပ်ပြီး သင့်အား လေ့ကျင့်ပေးရန်နှင့် လက်တွေ့လုပ်ဆောင်နိုင်စေရန် သင့်အတွက် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးကာ လူ၊ ဖြစ်ရပ်နှင့် အမှုအရာများကို စီစဉ်ပေးပြီး သူသည် သင့်အတွင်းသို့ သမ္မာတရားကို ထည့်သွင်းလိုသည်၊ ဤနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် အဘယ်အရာကို အခြေခံသနည်း။ ယင်းမှာ အသက်ကို လေးမြတ်ခြင်းနှင့် တန်ဖိုးထားခြင်းဟူသည့် စည်းမျဉ်းအပေါ် အခြေခံသည်။ ဤသည်မှာ ဖန်ဆင်းရှင်က ဖန်ဆင်းခံလူသားများအပေါ် ထားရှိသော ခံစားချက်တစ်ခု မဟုတ်ပေ၊ ဘုရားသခင်၌ ခံစားချက်များ မရှိပေ။ ဤမူလရည်ရွယ်ချက်၏ စည်းမျဉ်းသည် လူ့ဇာတိပကတိဆိုင်ရာ ဆွေမျိုးတော်စပ်မှု၏ ခံစားချက်များကို ကျော်လွန်ပြီး ယင်းမှာ ချစ်ခင်တွယ်တာမှုတစ်မျိုးလည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏၊ ယင်းမှာ အသက်ကို တန်ဖိုးထားခြင်းနှင့် လေးမြတ်ခြင်းဟူသည့် စည်းမျဉ်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အချို့သောလူတို့က “ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကြီးခြင်းလော။ ဤသည်မှာ သူ၏ မြင့်မားသော ဖြစ်ခြင်းအဆင့်အတန်းလော” ဟု ဆိုကြသည်။ သင်တို့ ယင်းသို့ဖြစ်သည်ဟု ထင်သလော။ (မဟုတ်ပါ။) သင်သည် “ဖြစ်ခြင်းအဆင့်အတန်း” နှင့် “စိတ်သဘောထားကြီးခြင်း” ဟူသော ဝေါဟာရများကို လူတို့ကို ဖော်ပြရန် အသုံးပြုနိုင်သော်လည်း ယင်းတို့ကို ဘုရားသခင်နှင့်ပတ်သက်၍ မသုံးနှုန်းနှင့်။ ဤသည်မှာ စိတ်သဘောထားကြီးခြင်းလည်း မဟုတ်၊ ဖြစ်ခြင်းအဆင့်အတန်းတစ်ခုလည်း မဟုတ်ပေ။ ရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ ဖန်ဆင်းရှင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းဟု ဆိုနိုင်ပြီး အခြားရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖန်ဆင်းခံ၏ အသက်ကိုမဆို တန်ဖိုးထားပြီး လေးမြတ်သော်လည်း ဤတန်ဖိုးထားခြင်းနှင့် လေးမြတ်ခြင်းကို အခြေခံ၍ ဘုရားသခင်သည် သူ၏စည်းမျဉ်းများအပေါ် အလျှော့မပေးဘဲ ဤစည်းမျဉ်းများသည် ခံစားချက်များ သို့မဟုတ် ဇာတိပကတိနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်တစ်ဦးတည်းသာ ပိုင်ဆိုင်သော သမ္မာတရား၏ စည်းမျဉ်းများ ဖြစ်ကြသည်။ စဉ်းစားကြည့်လော့၊ လူတို့၌ ကလေးများရှိလျှင် ၎င်းတို့သည် ၎င်းတို့ကို အလွန်အမင်း ချစ်ခင်ကြပြီး ၎င်းတို့အပေါ် အလွန်နက်ရှိုင်းသော ခံစားချက်များ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကလေးများကို မိမိတို့၏ လက်မောင်းများထဲ၌ ပွေ့ချီထားနိုင်ပြီး ၎င်းတို့နှင့် တစ်နေ့လုံး အတူရှိနေနိုင်ရန်ပင် ဆန္ဒရှိကြသည်။ ဘုရားသခင်၌ လူသားများအပေါ် ထိုသို့သော ခံစားချက်များ သို့မဟုတ် ချစ်ခင်တွယ်တာမှု မရှိပေ။ ၎င်းတို့၏ သွေးသားတော်စပ်မှုများကြောင့် လူတို့သည် မိမိတို့၏ ကလေးများအပေါ် ထိုသို့သော ခံစားချက်များ ဖြစ်ပေါ်လာပြီး ထိုသို့သော ခံစားချက်များသည် လူတို့ကို ၎င်းတို့၏ ဆင်ခြင်တုံတရားနှင့် စည်းမျဉ်းများကို ဆုံးရှုံးစေလိမ့်မည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သဘာဝကျသော သို့မဟုတ် ပုံမှန်ဖြစ်သော ထုတ်ဖော်ခြင်းများ မဟုတ်သကဲ့သို့ ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်တစ်ခုလည်း မဟုတ်ပေ။ ၎င်းတို့သည် ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းသက်သက်သာ ဖြစ်သည်၊ ၎င်းတို့သည် သွေးသားတော်စပ်မှုမှ ပေါ်ပေါက်လာသော ခံစားချက်များ ဖြစ်ကြသည်။ ခံစားချက်များသည် သမ္မာတရားများ မဟုတ်သကဲ့သို့ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သင့်သည့်အရာလည်း မဟုတ်ပေ၊ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖူးဖူးမှုတ်ထားခြင်း မရှိ သို့မဟုတ် အလိုမလိုက်ပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်နည်း။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ အသက်ကို တန်ဖိုးထားခြင်းနှင့် အသက်ကို လေးမြတ်ခြင်းဟူသည့် စည်းမျဉ်းကို အခြေခံ၍ သင့်ကို ရွေးချယ်ခဲ့ပြီး သင့်အတွက် တာဝန်ရှိကာ သင့်အပေါ် အလုပ်လုပ်ပြီး အဖိုးအခပေးလျက် သင့်အား သမ္မာတရားနှင့် အသက်ဖြင့် ထောက်ပံ့ရန် နှုတ်ကပတ်တော်များကို ပြောဆိုသည်။ သို့သော် ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းမှာ လူတို့ စိတ်ကူးသည့်အတိုင်း သင့်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း သို့မဟုတ် ပို၍ အရပ်သုံးစကားဆန်သော ဝေါဟာရကို သုံးရလျှင် သင့်ကို ဇွတ်အတင်း တောင်းဆိုခြင်းအားဖြင့် မဟုတ်ပေ။ ယင်းမှာ ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဇွတ်အတင်း မတောင်းဆိုပေ၊ သူသည် လူတို့ကို မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မည်သည့်အခါမျှ အတင်းအကျပ်မခိုင်းပေ။ ကောင်းချီးများကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ လူတို့သည် ဘုရားသခင်ကို အမြဲ ဇွတ်အတင်း တောင်းဆိုလိုကြပြီး ဘုရားသခင်အား ၎င်းတို့ကို ကောင်းချီးများပေးရန် အမြဲ အတင်းအကျပ်ပြုလိုကြသည့်အပြင် ဘုရားသခင်အပေါ် တွယ်ကပ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ကို ဝင်ခွင့်ပြုရန် သူ့ကို ဇွတ်အတင်း တောင်းဆိုလိုကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင်သည် သင့်ကို ဇွတ်အတင်း မတောင်းဆိုပေ။ ဤအရပ်သုံးစကားဖြစ်သော “သင့်ကို ဇွတ်အတင်း တောင်းဆိုသည်” ဟူသော ဝေါဟာရကို အသုံးပြုရန် မကောင်းသော်လည်း ယင်းမှာ အနည်းငယ် ပုံဖော်နိုင်ပြီး လူတို့အတွက် နားလည်ရန် လွယ်ကူသည်။ ဘုရားသခင်သည် သင့်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း မဟုတ်ပေ၊ သင်သည် လွတ်လပ်သည်။ သူသည် သင်၏အသက်ကို လေးမြတ်ခြင်း၊ တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကြောင့် သင့်အပေါ် ဘုရားသခင် လုပ်ဆောင်သော ဤအလုပ်အားလုံးကို သင်တန်ဖိုးထားပါက သူသည် သင့်အတွက် မည်သည့်ပတ်ဝန်းကျင်ကိုမဆို စီစဉ်ညွှန်ကြားပြီး စီစဉ်သည့်အခါ ဘုရားသခင်ကို သတိထားရှောင်ရန်၊ နားလည်မှုလွဲမှားခြင်းများ ထားရှိရန်၊ စိတ်ခုအောင်လုပ်သည်ဟု ခံစားရရန် သို့မဟုတ် ငြင်းပယ်ရန် သင်မရွေးချယ်သင့်ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သင့်ပြီး ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သော ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ပြသသင့်သည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်ကို ယခု ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။

လူတို့ ဘုရားသခင်၏အလုပ်ကို ချဉ်းကပ်သည့် နည်းလမ်းသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများထဲမှ တစ်ခုကို ဖော်ထုတ်ပြီးဖြစ်သည်။ ဤအယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များဟူသည်မှာ သူက လူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နေခြင်းအဖြစ် ၎င်းတို့က အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံလော။ (မဟုတ်ပါ။) လူတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် ၎င်းတို့သည် ဘုရားသခင်ကို မထင်မရှား ကြောက်ရွံ့ကြသည်။ ဘုရားသခင်အကြောင်း ပြောဆိုရုံမျှဖြင့် သူသည် ကြောက်မက်ဖွယ်ကောင်းပြီး ချစ်ခင်နှစ်လိုဖွယ်မကောင်းဟု ၎င်းတို့ ခံစားကြရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိပါက သင်သည် သူ၏နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့်တိုင်အောင် သူသည် သင့်အပေါ် အမျက်ထွက်မည်ဖြစ်ပြီး သူသည် သင့်ကို စုံလင်စေသည်အထိ လက်လျှော့မည်မဟုတ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူတို့၌ရှိသော အယူအဆတစ်ခု မဟုတ်လော။ လူတို့သည် ဘုရားသခင်ကို အဘယ်အရာဟု စိတ်ကူးကြသနည်း။ ၎င်းတို့သည် သူ့ကို အာဏာရှင်တစ်ဦးအဖြစ် စိတ်ကူးကြသည် မဟုတ်လော။ သင်သည် သူ၏အုပ်ချုပ်မှုကို လက်ခံရမည်၊ သူ၏မူဝါဒများကို လက်ခံရမည်၊ သူ့အပေါ် ရိုသေကိုင်းရှိုင်းပြီး သူသင့်အား ပြောသမျှကို လုပ်ဆောင်ရမည်ဟုလည်းကောင်း၊ သင်သည် သူ၏နောက်ကွယ်တွင် သူ့အကြောင်း ပြော၍မရနိုင်ဟုလည်းကောင်း၊ သူက သင့်အတွက် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များကို သင်လက်ခံရမည်ဟုလည်းကောင်း၊ သင်လက်မခံပါက သင်သည် အပြစ်ပေးခြင်းခံရပြီး တုံ့ပြန်ဒဏ်ခတ်ခြင်းကို ခံရမည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ဘုရားသခင်သည် အမှန်တကယ် ဤနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် သင့်ကို လေးစားပြီး သင့်အတွက် တာဝန်ယူသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ အသက်ကို တန်ဖိုးထားသည်။ လူတို့သည် မိမိတို့အတွက် အဘယ်အရာ ကောင်းသည်ကို မသိရှိခြင်း သို့မဟုတ် ဘုရားသခင်၏ ကြင်နာမှုကို အသိအမှတ်မပြုခြင်းတို့ မဖြစ်သင့်ပေ။ သင်သည် ဘုရားသခင်၏ ကြင်နာမှုကို အသိအမှတ်ပြုပါက သူ စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များကို သင်ခံယူသင့်ပြီး သူ့ထံမှ ယင်းတို့ကို ခံယူသင့်သည်။ သင်သည် ယင်းတို့ထဲရှိ သမ္မာတရားများကို လက်မခံလျှင်ပင်၊ ယင်းတို့ထဲရှိ သမ္မာတရား စည်းမျဉ်းများကို နားမလည်လျှင်ပင်၊ သင်မည်သည့်အရာကို လက်တွေ့လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ ပြောင်းလဲသင့်သည်ကိုဖြစ်စေ နားမလည်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ကို သတိထားရှောင်ခြင်း သို့မဟုတ် သူ့ကို နားလည်မှုလွဲမှားခြင်းတို့ မဖြစ်သင့်ပေ၊ ဤသည်မှာ သင်ရရှိသင့်သည့်အရာ ဖြစ်သည်။ သင်သည် ဤပတ်ဝန်းကျင်များမှ မည်သည့်အရာကိုမျှ မရရှိလျှင်ပင် ဘုရားသခင်၏ အလိုတော်များကို အဓိပ္ပာယ်လွဲမှားစွာ မကောက်ယူနှင့်။ ဘုရားသခင်သည် သင့်ထံမှ မည်သည့်အရာကိုမျှ ရရှိရန် ကြိုးစားမနေပေ။ သင်သည် သေးငယ်သော ဖန်ဆင်းခံတစ်ဦးသာ ဖြစ်သည်၊ ဘုရားသခင်သည် သင့်ထံမှ အဘယ်အရာကို ရရှိရန် ရှာဖွေနိုင်မည်နည်း။ သင်၏အသက်နှင့် ယနေ့ သင် ပျော်မွေ့ခံစားနေရသမျှအားလုံးကို ဘုရားသခင်က သင့်အား ပေးခဲ့ခြင်းဖြစ်ပြီး သင်နားလည်သော အယူဝါဒအနည်းငယ်သည်လည်း ထိုသို့ပင် ဖြစ်သည်။ သင်၏ လွတ်လပ်သောဆန္ဒ၊ သင်၏ အစွမ်းအစ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ စွမ်းရည် ကြီးကြီးငယ်ငယ်များနှင့် ကျွမ်းကျင်မှုများအားလုံးကို ဘုရားသခင်က သင့်အား ပေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ထံမှ ရရှိရန် ရှာဖွေဖို့ အဘယ်အရာ ရှိသနည်း။ ဘုရားသခင်သည် သင့်အတွင်းသို့ သမ္မာတရားကို ထည့်သွင်းပြီးနောက် သင့်အား သူ့ကို ကျိုးနွံနာခံစေပြီး ကြောက်ရွံ့စေလျက် ဘုန်းအသရေကို ရရှိပြီး ဤသည်မှာ ဘုရားသခင် သင့်ထံမှ ရရှိရန် ကြိုးစားသည့်အရာဖြစ်သည်ဟု သင်ထင်ပါက သင်သည် သင်၏ ကိုယ်ပိုင် ယုတ်ညံ့သော စံနှုန်းများဖြင့် သူ့ကို အကဲခတ်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် လူတို့ထံမှ အဘယ်ဘုန်းအသရေကို ရရှိနိုင်သနည်း။ အဆုံးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူတို့ကိုယ်တိုင် ဖြစ်ကြသည်။ သူ၏အလုပ် မပြီးဆုံးမီတွင် ဘုရားသခင်သည် ဘုန်းအသရေကို ရရှိပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုန်းအသရေနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်၊ သူ၏သမ္မာတရားနှင့် သြဇာအာဏာသည် စာတန်၏ ရှုံးနိမ့်မှု သက်သေပြချက်ဖြစ်ပြီး ၎င်းတို့သည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှု ဖြစ်ကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုန်းအသရေနှင့် ပြည့်စုံသည်၊ သို့ဖြစ်လျှင် သူသည် သင်ကဲ့သို့ သေးငယ်သော ဖန်ဆင်းခံတစ်ဦးထံမှ ဘုန်းအသရေအနည်းငယ်ကို ရရှိရန် လိုအပ်နေသေးသလော။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကိုမျှ ရရှိရန် မရှာဖွေပေ။ သူသည် မည်သည့်အရာကိုမဆို ရရှိရန် ရှာဖွေပါက ယင်းမှာ လူတို့အား သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း သူ၏တောင်းဆိုချက်များကို နောက်ဆုံး၌ ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး လူတို့သည် ကယ်တင်ခြင်းကို ရရှိပြီး ဘုရားသခင်နှင့် သဟဇာတ ဖြစ်နိုင်သည်နှင့်တစ်ပြိုင်နက် သူသည် ထို့နောက်တွင် ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်လိမ့်မည်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းကြောင့် ဘုရားသခင်သည် အပြန်အလှန်အားဖြင့် ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်ခွင့်ရလိမ့်မည်၊ ဤသည်မှာ ဘုရားသခင် ရရှိရန် ကြိုးစားသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် အဆုံးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူတို့မဟုတ်လော။ လူတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်၊ ၎င်းတို့သည် ဘဝတွင် ပျောက်ဆုံးနေသည်ဟု နောက်တစ်ဖန် ခံစားရတော့မည်မဟုတ်၊ ၎င်းတို့၌ ဦးတည်ချက်တစ်ခုနှင့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ပြီး သူ့ကို နောက်တစ်ဖန် ပုန်ကန်တော့မည်မဟုတ်၊ ၎င်းတို့သည် မည်သည့်ဆိုးယုတ်သော အင်အားစု၏ ဖမ်းဆီးခြင်းကိုမျှ နောက်တစ်ဖန် ခံရတော့မည်မဟုတ်၊ ၎င်းတို့သည် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သေခြင်းနှင့် နောက်တစ်ဖန် ရင်ဆိုင်ရတော့မည်မဟုတ်၊ ယင်းမှာ အလွန်ကြီးမြတ်သော ဂုဏ်တစ်ခုဖြစ်သည်တကား။ အကြီးမားဆုံး လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူသားများ၊ ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသောသူများ ဖြစ်ကြသည်။ ဤရှုထောင့်ကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးပြီလော။ ဤအတွင်း၌ လူတို့၏ အယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များဟူသည်မှာ သူက လူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နေခြင်းအဖြစ် ၎င်းတို့က အဓိပ္ပာယ် ဖွင့်ဆိုကြသည်။) ငါတို့သည် ဤအကြောင်းကို မိတ်သဟာယမဖွဲ့ခဲ့ပါက လူတို့သည် မိမိတို့၏ စိတ်ထဲတွင် ၎င်းတို့ မဖော်ပြနိုင်သော သို့မဟုတ် စနစ်ကျသော သီအိုရီတစ်ခုအဖြစ် မဖော်ဆောင်ရသေးသော အတွေးအခေါ်များနှင့် အမြင်အချို့ အမြဲရှိနေလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ကို ဘောင်မခတ်သော်လည်း သို့မဟုတ် ၎င်းတို့၏ နေ့စဉ်ဘဝများကို သိသာသောနည်းလမ်းဖြင့် မထိခိုက်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ထို့ကြောင့် ဤသည်တို့မှာ လူတို့ လက်လွှတ်ရမည့်အရာများ ဖြစ်ကြသည်။ ဤပြဿနာကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးတစ်ခုကို လက်လွှတ်ပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်ရှိ အတားအဆီးတစ်မျိုးကို ဖယ်ရှားပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်သည် သမ္မာတရားကို လိုက်စားရန် ပို၍ လွယ်ကူစေမည်ဖြစ်သည်။ တကယ့် အခက်အခဲများကို ဖြေရှင်းသည့်အခါ သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် အနှောင့်အယှက်များ လျော့နည်းသွားမည်ဖြစ်သောကြောင့် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပို၍ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယင်းမှာ စစ်မြေပြင်သို့ သွားခြင်းနှင့်တူသည်၊ သင်တို့သည် စစ်တိုက်ရန် သွားသည့်အခါ ဝန်ပေါ့ပေါ့ဖြင့် သွားခြင်းက ပိုကောင်းသည် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်း၍သွားခြင်းက ပိုကောင်းသည်ဟု သင်တို့ ထင်သလော။ မည်သည့်အရာက ပို၍ သက်သောင့်သက်သာရှိသနည်း။ (စစ်တိုက်ရန် ဝန်ပေါ့ပေါ့ဖြင့် သွားခြင်း ဖြစ်ပါသည်။) ဝန်ပေါ့ပေါ့ဖြင့် စစ်တိုက်ရန် သွားခြင်း၊ သင်၏ကျောပေါ်တွင် လက်နက်တစ်ခုကို သယ်သွားရုံမျှဖြင့် လုံလောက်သည်၊ ယင်းမှာ ထိုနည်းလမ်းဖြင့် ရိုးရှင်းပြီး လွယ်ကူသည်။ ထို့အပြင် သင်သည် အိုးများနှင့် ခရီးဆောင်အိတ် သို့မဟုတ် အလှကုန်များနှင့် အားကစားပစ္စည်းများကို သယ်ဆောင်သွားပါက ဝန်ထုပ်ဝန်ပိုးသည် အလွန်လေးလံလိမ့်မည်၊ အရာဝတ္ထုများစွာကို သယ်ဆောင်၍ စစ်တိုက်ခြင်းသည် ပင်ပန်းဆင်းရဲဖွယ်ဖြစ်ပြီး တိုက်ခိုက်ရန် အဆင်မပြေဖြစ်လိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့ သယ်ဆောင်သွားလာသော ဝန်ထုပ်ဝန်ပိုးအမျိုးမျိုးနှင့်တူပြီး ၎င်းတို့ သွားလေရာရာ၌ ၎င်းတို့အတွက် ပြဿနာများနှင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ကြသည်။ အတိုချုပ်ဆိုရလျှင် အခါအားလျော်စွာ ဤအရာများသည် သင့်အား ထိခိုက်စေမည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်အား တားဆီးမည်ဖြစ်သည်။ အရေးကြီးသော ပြဿနာများ မရှိသည့်အခါ သင်၌ မည်သည့်ကြီးမားသော ပြဿနာမျှ မရှိဟု ထင်ရလိမ့်မည်။ သို့သော် အရေးကြီးသော စည်းမျဉ်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်သည် သင့်အား ဘုရားသခင်ထံမှ ပိုင်းခြားထားသော ဤအရာများ၏ အတားအဆီးတစ်ခု ရှိလိမ့်မည်။ ဤအရာများ ထွက်ပေါ်လာသည့်အခါ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး၌ ပြဿနာတစ်ခု ရှိသည်ဟုလည်းကောင်း၊ သင်နှင့် ဘုရားသခင်ကြား၌ ပဋိပက္ခတစ်ခုရှိသည်ဟုလည်းကောင်း ခံစားရလိမ့်မည်၊ ဘုရားသခင်ကို ယုံကြည်သော သင်၏ စိတ်နှလုံးသည် နောက်တစ်ဖန် ထိုသို့ သန့်စင်တော့မည်မဟုတ်ဘဲ သင်၌ အခက်အခဲများစွာ ရှိလိမ့်မည်။ သို့သော် သင်သည် ဤအရာများကို လက်လွှတ်လိုက်သည့်အခါ သင်သည် ကောင်းသည်ဟု ခံစားရလိမ့်မည်၊ သင်၏ စိတ်နှလုံးသည် သက်သောင့်သက်သာရှိပြီး လွတ်မြောက်ကာ နောက်တစ်ဖန် ဘောင်ခတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်း မခံရတော့ပေ။ ဤအရာများသည် သင်၏ မသိစိတ် သို့မဟုတ် သင်၏ အတွေးအခေါ်များထဲတွင် အခါအားလျော်စွာ ပေါ်လာမည်ဖြစ်သော်လည်း သင်သည် ၎င်းတို့ကို အခြေခံအားဖြင့် ဖြေရှင်းပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အမှုအရာများကို နောက်တစ်ကြိမ် လုပ်ဆောင်သည့်အခါ ၎င်းတို့ကို လုပ်ဆောင်ရာတွင် ပို၍ စိတ်အေးလက်အေး ဖြစ်မည်ဖြစ်ပြီး ပို၍ ရိုးရှင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် သင်၏ စိတ်နက်ရှိုင်းသော နေရာများတွင် မသိသာသော အကျိုးသက်ရောက်မှုတစ်ခု ရှိနေနိုင်သေးသော်လည်း အနည်းဆုံးအနေဖြင့် သင်သည် သင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများမဟုတ်ကြောင်းကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျအားဖြင့် သင်သည် ၎င်းတို့ကို လက်လွှတ်မည်ဖြစ်ပြီး ၎င်းတို့၏ ထိခိုက်မှုကို ခံရမည်မဟုတ်ပေ။ ဤသို့ဖြင့် သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ ဤအတားအဆီးကို အခြေခံအားဖြင့် လက်လွှတ်ပြီး ဖြေရှင်းပြီးဖြစ်လိမ့်မည်။

ငါတို့သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဤနည်းလမ်းအတိုင်း မကြာခဏ မိတ်သဟာယဖွဲ့ကြသည်။ သင်တို့သည် သမ္မာတရားကို လိုက်စားခြင်း၏ အရေးပါမှုကို ခံစားရနိုင်သလော။ သင်တို့နှင့် သိကျွမ်းသော သင်တို့ပတ်ဝန်းကျင်မှ လူများသည် ကိုင်တွယ်ခြင်းခံရကာ အချို့သည် အသင်းတော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရသည်ကို သင်တို့ မြင်တွေ့သောအခါ ယင်းနှင့်ပတ်သက်၍ သင်တို့၌ အတွေးတစ်ခုခု ရှိခဲ့သလော။ သင်တို့သည် ယင်းမှ အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာ တစ်ခုခု ရရှိခဲ့သလော။ ဘီ အုပ်စုသို့ ပြောင်းရွှေ့ခံရသူများနှင့် ရှင်းလင်းပစ်ခြင်းခံရသူများ၏ အဓိကပြဿနာများမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကျွန်မနှင့် သိကျွမ်းသော ကျွန်မပတ်ဝန်းကျင်မှ အချို့သောလူများ ဘီ အုပ်စုသို့ ပြောင်းရွှေ့ခံရခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံရသည်ကို ကျွန်မ မြင်တွေ့သောအခါ ယင်းက ကျွန်မ၏ နှလုံးသားနှင့် စိတ်တို့ကို လှုပ်နှိုးခဲ့ပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို အမှန်တကယ် မလိုက်စားကြဘဲ၊ ကျွန်မသည်လည်း သမ္မာတရားကို မလိုက်စားဘဲ ကျွန်မအပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတိုင်း သမ္မာတရားကို မရှာဖွေပါက ကျွန်မသည် နောက်ဆုံး၌ ၎င်းတို့ကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဖြစ်ပါသည်။) ဤလူများကို ကိုင်တွယ်ရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိသလော။ ဘုရားအိမ်တော်သည် ၎င်းတို့၏ လူ့သဘာဝ မကောင်းဘဲ သမ္မာတရားကို မလိုက်စားရုံဖြင့်၊ ၎င်းတို့ကို မနှစ်မြို့ဖွယ်ဟု မြင်ရုံဖြင့် ၎င်းတို့ကို ရှင်းလင်းပစ်ခဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ကိုင်တွယ်ခြင်းမခံရသောသူအားလုံးသည် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာမရှိ၊ ၎င်းတို့အားလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လိုက်စားကာ သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့သည်ဟူသော အဆိုမှာ မှန်သလော။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုလူများသည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ ယင်းကို အလွန်အမင်း မနှစ်မြို့ရုံဖြင့် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် ဘီ အုပ်စုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရခြင်းလော။ ၎င်းတို့သည် လူ့သဘာဝ မကောင်းသည့်အပြင် သမ္မာတရားကို လက်ခံရန် လုံးဝငြင်းပယ်သောကြောင့် သို့မဟုတ် ၎င်းတို့၏ ရုပ်ရည်မရှိခြင်း သို့မဟုတ် ယာယီပြစ်မှားမှုတစ်ခုခုကြောင့် ကိုင်တွယ်ခံခဲ့ရခြင်းလော။ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို ကိုင်တွယ်သည့် စည်းမျဉ်းဖြစ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားသောကြောင့် ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ပြီး တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်ကာ ၎င်းတို့ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ကိုင်တွယ်ပြီး ဖယ်ရှားလိုက်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့ဘဲ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ကာ ဘုရားအိမ်တော်၏အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အဓိကအကြောင်းရင်း ဖြစ်ခဲ့သလော။ (ဟုတ်ပါသည်။) အခြားမည်သည့် အကြောင်းရင်းများ ရှိခဲ့သေးသနည်း။ အစဉ်မပြတ် လိမ်လည်ပြောဆိုမှုကြောင့် တစ်စုံတစ်ဦး ဖယ်ရှားခြင်း ခံရဖူးသလော။ (မခံရဖူးပါ။) သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် တစ်စုံတစ်ဦး ဖယ်ရှားခြင်းခံရဖူးသလော။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသောကြောင့် တစ်စုံတစ်ဦး ဖယ်ရှားခြင်းခံရဖူးသလော။ (မခံရဖူးပါ။) ဤလူများ ဖယ်ရှားခြင်းခံရသည်မှာ စိတ်မကောင်းစရာဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့ထဲမှ တစ်စုံတစ်ဦးမျှ မတရားပြုခံရခြင်း ရှိခဲ့သလော။ (မရှိပါ။) လုံးဝတစ်ဦးတစ်ယောက်မျှ မတရားပြုခံရခြင်း မရှိခဲ့ပေ။ ဤလူများ ကျူးလွန်ခဲ့သော ဒုစရိုက်အမှုများအရ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်သို့ သွားသောအခါ ဆယ့်ရှစ်ကြိမ်တိုင်တိုင် သေဆုံးထိုက်ပြီး ၎င်းတို့အားလုံး အပြစ်ဒဏ်ပေးခြင်းခံရမည် ဖြစ်သည်။ သေဆုံးပြီးနောက် ပြန်အသက်ရှင်လာကာ နောက်တစ်ဖန် အပြစ်ဒဏ်ပေးခြင်းခံရပြီး နောက်တစ်ဖန် သေဆုံးကာ နောက်တစ်ဖန် ပြန်အသက်ရှင်လာပြီး နောက်တစ်ဖန် အပြစ်ဒဏ်ပေးခြင်းခံရကာ နောက်တစ်ဖန် သေဆုံးသည်။ ၎င်းတို့သည် စုစုပေါင်း ဆယ့်ရှစ်ကြိမ် သေဆုံးထိုက်သည်။ ၎င်းတို့သည် ဒုစရိုက်အမှုများစွာကို ကျူးလွန်ခဲ့ပြီး ၎င်းတို့၏ အပြစ်များသည် အလွန် ယုတ်မာလှပေတကား။ သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ကိုင်တွယ်ပြီး နှင်ထုတ်ခဲ့သနည်း။ အကြောင်းမှာ ၎င်းတို့ကို မကိုင်တွယ်ဘဲ နေ၍မဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေနေပြီး အမှုအရာများကို ဖြိုဖျက်နေခြင်းတည်း။ အချို့က ဤလူများသည် လိမ်လည်ပြောဆိုခြင်းကို နှစ်သက်ပြီး လူ့သဘာဝ မကောင်းသောကြောင့် သို့မဟုတ် အဆင့်အတန်းနှင့် အာဏာအတွက် ယှဉ်ပြိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသောကြောင့် ကိုင်တွယ်ခြင်းခံရသည်ဟုပင် ထင်ကြသည်။ အခြားနားဝေတိမ်တောင်ဖြစ်သောလူများကမူ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် သင်တို့သည် သမ္မာတရားကို ချစ်မြတ်နိုးသလော။ ဖယ်ရှားခြင်း မခံရသောသူအားလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လိုက်စားကြသလော။ (မဟုတ်ပါ။) ဤအရာများထဲမှ တစ်ခုမျှ အဖြစ်မှန်များ မဟုတ်ပေ။ အမှန်တကယ်တွင် ဤလူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေကာ အမှုအရာများကို ဖြိုဖျက်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ကိုင်တွယ်ပြီး နှင်ထုတ်သည်ကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများ၊ အဆင်းနီသော နဂါးကြီးတို့ လုပ်ဆောင်လိုသော်လည်း မလုပ်ဆောင်နိုင်သည့် အမှုအရာများကို လုပ်ဆောင်ခဲ့ကြပြီး ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြီးမားစွာ ချိုးဖောက်ကာ ဘုရားသခင်ကို ပြင်းထန်စွာ အမျက်ထွက်စေခဲ့သည်။ ၎င်းတို့ကို မဖယ်ရှားဘဲ နေ၍မဖြစ်သောကြောင့်သာ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်က လူတို့အပေါ် မေတ္တာကင်းမဲ့ပြီး ကြမ်းတမ်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်က လူတို့အား အခွင့်အရေးများ မပေးခြင်းကြောင့်လည်း မဟုတ်ပေ။ ထိုအစား ထိုလူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် အလွန်အကျွံပြုမူခဲ့ကြပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေကာ အသင်းတော်၏အလုပ်ကို ၎င်းတို့ ဖြစ်ပေါ်စေခဲ့သော ဆုံးရှုံးမှုများမှာ အလွန်ကြီးမားခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်သည့်အပြင် အလုပ်လုပ်ပေးနေခြင်းပင် မဟုတ်ပေ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေနေပြီး မကောင်းမှုကို ပြုနေခြင်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသူများထဲမှ တစ်ဦးတစ်ယောက်မျှ အသင်းတော်၌ ဤကဲ့သို့သော လူများ ရှိနေခြင်းကို မနှစ်သက်ပေ။ သင်သည် အသင်းတော်၌ လှောင်ပြောင်သည့်စကားတစ်ခုခု ပြောဆိုလျှင် သို့မဟုတ် လိမ်လည်ပြောဆိုလျှင် ယင်းမှာ သင်၏ ပုဂ္ဂိုလ်ရေးအပြုအမူမျှသာဖြစ်ပြီး သင်သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားခြင်းမျှသာ ဖြစ်သည်။ ယင်းက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မဖြစ်ပေါ်စေသရွေ့ သင့်ကို မည်သူမျှ ကိုင်တွယ်မည်မဟုတ်ပေ။ သင်သည် တစ်ခါတစ်ရံ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနည်းငယ် ဝတ်ကျေတမ်းကျေလုပ်သော်လည်း အချိန်အများစုတွင် သင်သည် အကျိုးသက်ရောက်မှုရှိပါက သင်သည် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မဖြစ်ပေါ်စေသရွေ့ ဘုရားအိမ်တော်သည် သင့်အား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလျက် ဆက်နေပြီး တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို ပေးလိမ့်မည်။ သို့သော် ဤလူများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် မဆင်မခြင်ဘဲ ဒုစရိုက်အမှုများကို ကျူးလွန်ခဲ့ကြပြီး ကဏ္ဍတိုင်းတွင် စည်းမျဉ်းများကို ချိုးဖောက်ကာ ကြီးမားသော ဂယက်ရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အသင်းတော်အလုပ်၏ ကဏ္ဍအားလုံးသည် ဖြိုဖျက်ခြင်းခံခဲ့ရပြီး ညီအစ်ကိုမောင်နှမများစွာတို့ ထမ်းဆောင်ခဲ့သော တာဝန်များ၏ အသီးအပွင့်များသည် လုံးဝ အလဟဿ ဖြစ်ခဲ့ရသည်။ ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ အကျိုးဆက်များသည် အလွန်ကြီးမားပြီး ယင်းတို့ကို ပြန်လည်ပြုပြင်ရန် မရေမတွက်နိုင်သော အခြားသူများက မရေမတွက်နိုင်သော အချိန်များစွာ ယူရမည်ဖြစ်သောကြောင့် ဤလူများကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ပြီး ကောင်းမွန်သောရလဒ်များ ရရှိစေရန် ကာကွယ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်းဖြင့်သာ ညီအစ်ကိုမောင်နှမများအတွက် သင့်လျော်သော အလုပ်လုပ်သည့် ပတ်ဝန်းကျင်နှင့် နေထိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် အသင်းတော်၌ ကျန်ရှိနေမည်ဆိုလျှင် ၎င်းတို့သည် ဘေးဆိုးတစ်ခုသာ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့ သွားလေရာရာ၌ ညစ်ညမ်း၍ အဆိပ်အတောက်ဖြစ်စေသော အငွေ့အသက်နှင့် ပရမ်းပတာအခြေအနေတစ်ခု ရှိနေမည် ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မည်သည့်အရာကမျှ အလုပ်လုပ်ပေးခြင်း၏ စံနှုန်းနှင့်ပင် မကိုက်ညီခဲ့ပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှမှာ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖြိုဖျက်ခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာတိုင်းမှာ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ ထိုသို့သောလူများသည် အသင်းတော်၌ ကျန်ရှိနေနိုင်သလော။ ၎င်းတို့သည် သာမန်ဖောက်ပြန်ပျက်စီးသော လူသားများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူများသည် အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ဖြုန်းတီးခဲ့ပြီး ဘာသာတရား မရှိသူများအား အကြွင်းမဲ့ ပေးခဲ့သည်။ ၎င်းတို့သည် ဘာသာတရား မရှိသူများအား ငွေပေးရာတွင် အလွန် ရက်ရောခဲ့ကြပြီး ထိုသူတို့က မတောင်းဆိုသည့်အခါ၌ပင် ၎င်းတို့အပေါ် အတင်းအကျပ် ပေးခဲ့ကြသည်။ ၎င်းတို့က ဘာသာတရား မရှိသူများအား အလုပ်အချို့ လုပ်ဆောင်ရန် တောင်းဆိုပြီး ဘာသာတရား မရှိသူများက ဒေါ်လာတစ်ရာ လုံလောက်မည်ဟု ပြောသောအခါ ၎င်းတို့က သုံးရာ အတင်းပေးခဲ့ကြပြီး ဘာသာတရား မရှိသူများက ဒေါ်လာသုံးရာ တောင်းသောအခါ ၎င်းတို့က ငါးရာ အတင်းပေးခဲ့ကြကာ ၎င်းတို့၏ လုပ်အားခများကို ပေးချေပြီးနောက်တွင် ဘာသာတရား မရှိသူများအား အပိုဆုကြေးငွေများပင် ပေးခဲ့ကြသည်။ ပူဇော်သက္ကာ မည်မျှ သုံးစွဲရမည်ဖြစ်စေ ၎င်းတို့သည် အထက်ကို ယင်းနှင့်ပတ်သက်၍ မေးမြန်းရမည့်အစား မိမိတို့သဘောအတိုင်း ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ သို့မဟုတ် ဘုရားအိမ်တော်က ပေးအပ်သော စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့ကြသည့်အပြင် သေချာပေါက်ပင်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုံးဝ မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို လုံးဝမကာကွယ်ဘဲ မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို လိုက်ကာ မိမိတို့နှစ်သက်သလို လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် ဘာသာတရား မရှိသူများကို ကာကွယ်ပေးလိုကြပြီး ဘုရားသခင်၏ ပူဇော်သက္ကာများကို နေရာတိုင်းတွင် ဖြုန်းတီးခဲ့ကြသည်။ ထိုငွေသည် ၎င်းတို့ ရှာဖွေခဲ့သော ငွေဖြစ်သလော။ ဘာသာတရား မရှိသူများအား ဆုကြေးငွေများနှင့် လက်ဆောင်များ ပေးသည့်အခါ ၎င်းတို့သည် လုံးဝ နောက်မတွန့်ခဲ့ကြဘဲ မည်သူမျှ ၎င်းတို့နှင့် သဘောထားကွဲလွဲခွင့် မရှိခဲ့သည့်အပြင် ၎င်းတို့နှင့် သဘောထားကွဲလွဲသူ မည်သူ့ကိုမဆို ၎င်းတို့က ပြစ်တင်ဆုံးမခဲ့ကြသည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သောလူများဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့သည် အမှိုက်သရိုက်များ မဟုတ်လော။ ဤကဲ့သို့သော လူများကို ရှင်းလင်းပစ်သင့်သလော။ (ရှင်းလင်းပစ်သင့်ပါသည်။) ဤလူများသည် အခြားမည်သည့် ဒုစရိုက်အမှုများကို ကျူးလွန်ခဲ့ကြသေးသနည်း။ ဧဝံဂေလိတရားကို ဟောပြောရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်ကို လှည့်ဖြားရန် မှားယွင်းသော ကိန်းဂဏန်းများကို တင်ပြခဲ့ကြပြီး မှားယွင်းသော ကိန်းဂဏန်းများကို မတင်ပြသူ မည်သူ့ကိုမဆို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်ခဲ့ကြသည်။ ၎င်းတို့သည် အခြားသူများအား မှားယွင်းသော ကိန်းဂဏန်းများကို တင်ပြရန် အတင်းအကျပ်ခိုင်းစေခဲ့ပြီး ထိုသို့ပြုလုပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မပေးခဲ့ပေ။ ဤသည်တို့မှာ အဘယ်လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် လူများပင် ဟုတ်ကြသေးသလော။ သင်က ၎င်းတို့သည် လူ့သဘာဝ မကောင်းသည့်အပြင် သမ္မာတရားကို မချစ်မြတ်နိုးသကဲ့သို့ သမ္မာတရားကို မလိုက်စားကြသူများမျှသာ ဖြစ်သည်ဟု ဆိုပါက ဤအဆိုသည် ကျိုးကြောင်းဆီလျော်သလော။ ယင်းမှာ အဓိပ္ပာယ်မရှိသောစကား မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားကြသည်သာမက သမ္မာတရားကို ချစ်မြတ်နိုးခြင်းနှင့် လိုက်စားခြင်းကို မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝကိုပင် မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် နတ်ဆိုးများပင်တည်း။ သင် ဤအရာကို ယခု ရှင်းရှင်းလင်းလင်း မြင်ပြီ မဟုတ်လော။ (မြင်ပါပြီ။) ဤလူများ၏ သဘာဝသည် အဘယ်အရာဖြစ်သနည်း။ (နတ်ဆိုးတို့၏ သဘာဝ ဖြစ်ပါသည်။) ၎င်းတို့၌ နတ်ဆိုးတို့၏ သဘာဝ ရှိသည်။ ရှင်းလင်းပစ်ခြင်း ခံရပြီးနောက်တွင် ဤလူများသည် “ကျွန်ုပ် အပြစ်မရှိပါ၊ ကျွန်ုပ် ထိုသို့ မလုပ်ခဲ့ပါ” ဟု ဆိုလျက် အာခံခဲ့ကြပြီး မတရားပြုခံရသည်ဟုပင် ခံစားခဲ့ကြသည်။ အချက်အလက်များသည် ၎င်းတို့၏ မျက်စိရှေ့တွင် ရှိနေသော်လည်း ၎င်းတို့သည် ဝန်ခံရန် ငြင်းပယ်ခဲ့ကြပြီး မိမိတို့၏ ဆင်ခြေများကို ခေါင်းမာစွာ ဖက်တွယ်ထားကာ အဆုံးတိုင် အာခံနေခဲ့ကြသည်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်းကို ဤအရာက သက်သေမပြပေလော။ ဤသို့သော လူစားမျိုးများကို ရှင်းလင်းမပစ်ပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့ နောင်တရမည်လော။ သင်သည် ၎င်းတို့အား တာဝန်တစ်ခုကို ဆက်လက်ထမ်းဆောင်ရန် အခွင့်အရေးပေးပြီး ၎င်းတို့ကို ပြုပြင်ရုံမျှသာ ပြုလုပ်လျှင်ပင် ၎င်းတို့သည် နောင်တရပြီး ပိုကောင်းအောင် ပြောင်းလဲနိုင်မည်လော။ (မပြောင်းလဲနိုင်ပါ။) ၎င်းတို့ နောင်တရနိုင်ချေ လုံးဝမရှိပေ။ ဤသည်မှာ မည်သည့် သဘာဝ အနှစ်သာရ ဖြစ်သနည်း။ မည်သို့သော လူစားမျိုးသည် နောင်တမရနိုင်ဘဲ အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် နောင်တမရသနည်း။ (နတ်ဆိုးများ ဖြစ်ပါသည်။) နတ်ဆိုးများ၊ စာတန်၏ အနှစ်သာရရှိသော လူများ၊ ဆိုးယုတ်သော ဝိညာဉ်များနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများသည် နောင်တရမည်မဟုတ်ပေ၊ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ နောင်တရမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အချက်အလက်များကိုပင် အသိအမှတ်မပြုကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး မိမိတို့ကိုယ်ကို သိလာနိုင်မည်လော။ ၎င်းတို့သည် ထိုသို့ လုံးဝပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အမှန်တရားများကို အသိအမှတ်ပြုနိုင်ခဲ့ပါက သမ္မာတရားကို လက်ခံရန် အခွင့်အရေးတစ်ခု ရှိပေမည်၊ သို့သော် ၎င်းတို့သည် အချက်အလက်များကိုပင် ဝန်မခံကြသည့်အပြင် မိမိတို့၏ လုပ်ရပ်များ၏ အနှစ်သာရကို အသိအမှတ်မပြု သို့မဟုတ် လက်မခံကြပေ။ ထိုသို့သောလူများသည် နောင်တရရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် သောဒုံမြို့သားများကဲ့သို့ပင် ဖြစ်သည်။ သင်က သောဒုံမြို့သားများအား “သင်တို့ နောင်တမရပါက ဘုရားသခင်သည် ဤမြို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ပြောခဲ့လျှင် ၎င်းတို့ လက်ခံမည်လော။ ဤစကားများကို ကြားပြီးနောက် ၎င်းတို့၏ သဘောထားသည် မည်သို့ ဖြစ်မည်နည်း။ ၎င်းတို့သည် ထိုစကားများကို မကြားခဲ့သည့်အလား ပြုမူပြီး မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း အမှုအရာများကို ဆက်လက်လုပ်ဆောင်ကာ လုံးဝ နောင်တရခြင်းမရှိဘဲ မိမိတို့ကြိုက်နှစ်သက်သမျှကို လုပ်ဆောင်ကြပေမည်။ ထို့ကြောင့် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်မှာ ဖျက်ဆီးခြင်းခံရခြင်း ဖြစ်ခဲ့သည်။ အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သော ဤလူများအတွက်မူ ဘုရားသခင်သည် ၎င်းတို့အား အခွင့်အရေးများ ပေးခဲ့သည့်တိုင် ၎င်းတို့သည် ထိုအခွင့်အရေးများကို တန်ဖိုးမထား သို့မဟုတ် နောင်တမရခဲ့ဘဲ ဘုရားသခင်ကို အဆုံးတိုင် ခေါင်းမာစွာ ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ၎င်းတို့သည် သနားထိုက်သလော။ (မသနားထိုက်ပါ။) မသနားထိုက်သော ဤလူများကို ကာကွယ်ပေးခဲ့သူ တစ်စုံတစ်ဦး ရှိသလော။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ပြီး အဖိုးအခပေးခဲ့သည်ဟုလည်းကောင်း၊ အလွန်ပင် ပင်ပန်းစွာနှင့် အလွန်ပင် လုံ့လဝီရိယရှိစွာ အလုပ်လုပ်ခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့ထဲမှ အချို့သည် အတော်လေး ကောင်းမွန်သော အစွမ်းအစရှိပြီး ကြီးမားသော အလုပ်လုပ်နိုင်စွမ်းနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့ ဖယ်ရှားခြင်း ခံရသည်မှာ စိတ်မကောင်းစရာဖြစ်သည်ဟုလည်းကောင်း ခံစားလျက် ၎င်းတို့ကို အထင်ကြီးလေးစားသူ တစ်စုံတစ်ဦး ရှိသလော။ ယင်းမှာ စိတ်မကောင်းစရာလော။ (မဟုတ်ပါ။) ယင်းမှာ စိတ်မကောင်းစရာမဟုတ်ပေ၊ ဆိုလိုသည်မှာ ၎င်းတို့ကို ဖယ်ရှားလိုက်ခြင်းသည် မှန်ကန်ခဲ့သည်ဟု ဆိုလိုသည်။ ဤလူများသည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသည်ကို စောင့်ကြည့်လေ့လာပြီး ကြည့်ရှုရုံသာ ပြုလော့။ လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်၌ပင် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေပါက ၎င်းတို့သည် လူသားမျိုးနွယ်၏ အမှိုက်သရိုက်များ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် လုပ်သင့်လုပ်ထိုက်သောအရာ ဖြစ်ပြီး ထိုတာဝန်သည် မည်သည့်အရာပင်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီခြင်းထက် လျော့နည်းနေလျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်ပေါ်စေသင့်ပေ။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခြင်းသည် စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားများ လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီး ဘုရားသခင်ကို အတိုက်အခံမလုပ်ဘဲ မနေနိုင်ကြပေ၊ သို့သော် ပုံမှန်လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ၎င်းတို့ကို ချုပ်တည်းထားသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖြိုဖျက်ခြင်း ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မထမ်းဆောင်နိုင်လျှင်ပင် ယင်းကို သာမန်အဆင့်အတန်းတစ်ခုအထိ ထမ်းဆောင်ရန်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဤသည်မှာ အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းနှင့် ကိုက်ညီသည်။ သို့သော် ဤလူများသည် ဤစံနှုန်းနှင့်ပင် မကိုက်ညီနိုင်ကြပေ၊ သို့ဖြစ်၍ အဆုံးတွင် ၎င်းတို့သည် ဤအဆင့်သို့သာ ဆိုက်ရောက်နိုင်သည်။ ၎င်းတို့၏ များပြားသော ဒုစရိုက်အမှုများကြောင့် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ဤသူများသည် လူသားမျိုးနွယ်၏ အမှိုက်သရိုက်များ ဖြစ်ကြသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။