သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း ငါး

အသိစိတ်နှင့်စပ်လျဉ်း၍ ယင်းက မည်သည့်အရာကို ရည်ညွှန်းသည်ဟု ငါတို့ ယခင်က ပြောပြီးဖြစ်သနည်း။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ တရားမျှတစိတ်နှင့် ကြင်နာမှု ဖြစ်သည်။ လူတစ်ဦးအနေဖြင့် အသိစိတ်ရှိသည်ဟု ဆိုရန်မှာ တည်ကြည်ဖြောင့်မတ်ပြီး ကြင်နာရမည်ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ပုံမှန်လူ့သဘာဝ၏ တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ကြင်နာမှုအား မည်သို့ စုံလင်ပြည့်ဝစေပြီး မြှင့်တင်နိုင်မည်နည်း။ ဤအရာကို သမ္မာတရားအား နားလည်ခြင်းဟူသော အခြေခံအုတ်မြစ်အပေါ်၌ တည်ဆောက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်သည့် စံသတ်မှတ်ချက်များသည် အပြုသဘောဆောင်သော ပန်းတိုင်တစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းက ၎င်းတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ အခြားလူတိုင်းအတွက်လည်းကောင်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု၊ တန်ဖိုးနှင့် အရေးပါမှု ရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် အရာခပ်သိမ်းကို ဘုရားသခင် သင်ကြားပေးသည့် သမ္မာတရားစည်းမျဉ်းများအား အခြေခံ၍ ရှုမြင်ပြီး ကိုင်တွယ်ကြလိမ့်မည်။ အခြားသူများ၏ အမြင်တွင် ထိုသို့သော လူတစ်ဦးသည် အတော်လေး တည်ကြည်ဖြောင့်မတ်ပေသည်။ တည်ကြည်ဖြောင့်မတ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဖြောင့်မှန်ခြင်း ဆိုသည်မှာ ဘယ်ဘက်သို့ဖြစ်စေ၊ ညာဘက်သို့ဖြစ်စေ မတိမ်းစောင်းခြင်းကိုလည်းကောင်း၊ စိတ်လိုက်မာန်ပါ ပြုမူခြင်း၊ ခံစားချက်များ၊ ကိုယ်ကျိုးစီးပွား သို့မဟုတ် ဆက်ဆံရေးများ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များဘက်သို့ မတိမ်းစောင်းခြင်းကိုလည်းကောင်း ဆိုလိုသည်။ ထို့ထက် အမှန်ကန်ဆုံး၊ အလျောက်ပတ်ဆုံးဖြစ်သော ပန်းတိုင်၊ လူတို့၏ လေးစားမှု၊ လေးစားအထင်ကြီးမှုနှင့် အလွန်အလေးထားမှုတို့နှင့် အထိုက်တန်ဆုံးဖြစ်သော ပန်းတိုင်အတွက် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းသည်ဟုမြင်ပြီး အသိအမှတ်ပြုသည့် ပန်းတိုင်အတွက် လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုနိုင်သည်။ ဤသည်မှာ သာမန်ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ရှုမြင်သည့် “တည်ကြည်ဖြောင့်မတ်ခြင်း”ထက် သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ကြည်ဖြောင့်မတ်ခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံး အခြေခံပြီး အသိစိတ်၏ အခြေခံအုတ်မြစ်အပေါ်၌ တည်ဆောက်ထားသည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်သောအခါ ပြဿနာများကို ဖြေရှင်းရန်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ရန် နည်းလမ်းများနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်လေသည်။ သို့ဖြစ်၍ ဤလူ၏ အသိစိတ်သည် အတော်လေး ပြီးပြည့်စုံသည် မဟုတ်လော။ ယင်းသည် စုံလင်ပြည့်ဝစေခြင်း ခံရပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် စစ်မှန်သော လူတစ်ဦး၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည် မဟုတ်လော။ ၎င်းတို့သည် ဤသဘောအရ ဖြောင့်မှန်ခြင်းကို ပိုင်ဆိုင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စစ်မှန်သော လူတစ်ဦးသည် လူတို့ပြောဆိုကြသည့် ပြတ်သားစွာ တည်ကြည်ဖြောင့်မတ်ပြီး မျက်နှာမလိုက်ခြင်း၊ ပွင့်လင်းပြီး ရိုးသားခြင်း၊ သို့မဟုတ် “ယောက်ျားကောင်းတို့သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ မိမိတို့၏ လုပ်ရပ်များအတွက် အမြဲတစေ တာဝန်ယူသည်” ဟူသည့်အရာအစား သမ္မာတရားနှင့် ကိုက်ညီသည့်သဘောအရ တည်ကြည်ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သင့်သည်။ လူတို့ပြောသည့်အရာမှာ စိတ်လိုက်မာန်ပါဖြစ်ခြင်း ဖြစ်သည်၊ ယင်း၌ အမှန်တကယ်ဖြစ်သော အကြောင်းအရာ တစ်ခုမျှ မရှိသည့်အပြင်၊ လူတို့ လုံးလုံး ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ တည်ကြည်ဖြောင့်မတ်ခြင်းတွင် သမ္မာတရားက ယင်း၏ အခြေခံအကြောင်းရင်းအဖြစ် ရှိသည်။ ယင်းနှင့်ပတ်သက်၍ အမှန်တကယ် အသက်ရှင်နေထိုင်သည့် လက်တွေ့လုပ်ဆောင်မှုများ ရှိသည်။ ဆိုလိုသည်မှာ ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦးသည် သမ္မာတရားကို ၎င်း၏ အရင်းအမြစ်နှင့် စမှတ်အဖြစ် ရှိပြီး အမျိုးမျိုးသော ကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သဘောထားကာ ကိုင်တွယ်နိုင်သည်။ ဤသည်ကို တည်ကြည်ဖြောင့်မတ်ခြင်းဟု ခေါ်သည်။ ကြင်နာခြင်းမှာ သာ၍ပင် ပြောစရာမလိုပေ။ အနည်းဆုံးအနေဖြင့် ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းကို ကျော်လွန်သည်။ ကြင်နာခြင်းအတွင်း၌ ရက်စက်ကြမ်းကြုတ်ခြင်း မဆိုထားနှင့်၊ သူတော်ကောင်း ယောင်ဆောင်ခြင်းပင် မရှိပေ။ ယင်းမှာ လူတို့အတွက် အကျိုးရှိပြီး တည်ဆောက်မှုပေးသည့်အပြင် တစ်ချိန်တည်းတွင် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသော နည်းလမ်းများကို လုံးလုံး အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့၏ ပန်းတိုင်နှင့် စံသတ်မှတ်ချက်များကို လုံးလုံး အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းကင်အောက်၊ စကြဝဠာတစ်ခုလုံးတွင် အကြင်နာဆုံး၊ အံ့ဩဖွယ်အကောင်းဆုံးအရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို မိမိ၏အသက်အဖြစ် ပိုင်ဆိုင်သော လူတစ်ဦးတွင် အကြင်နာဆုံးသော စိတ်နှလုံး ရှိသည်မှာ သေချာသည်၊ အကြောင်းမှာ ၎င်းသည် သမ္မာတရားကို လက်ခံနိုင်ပြီး ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့် စံနှုန်းနှင့် လုံးဝကိုက်ညီသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ တည်ကြည်ဖြောင့်မတ်သည်ဟု ဆိုခြင်းက သင့်လျော်သည့်အပြင်၊ ၎င်းတို့ ကြင်နာသည်ဟု ဆိုခြင်းကလည်း သင့်လျော်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မိမိတို့၏ ခံစားချက်များအတိုင်း ၎င်းတို့ မလုပ်ဆောင်ကြ သို့မဟုတ် ရည်မှန်းချက်များဖြစ်စေ၊ လိုအင်ဆန္ဒများဖြစ်စေ မရှိကြသည့်အပြင်၊ ၎င်းတို့သည် မိမိတို့အတွင်း၌ ရိုးရာယဉ်ကျေးမှု၏ အဆိပ်အတောက်များကို မထားရှိဘဲ၊ ကိုယ်ကျင့်တရားနှင့် လူ့သဘာဝကို တိုင်းတာရန် ၎င်းတို့၏ စံနှုန်းက စာတန်၏ မည်သည့် အတွေးအခေါ်များ၊ အကြံအစည်များ သို့မဟုတ် အမြင်များနှင့်မျှ ရောနှောခြင်း မရှိ၊ သမ္မာတရားနှင့် လုံးဝကိုက်ညီသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ပါရှိသည့် လူ့သဘာဝသည် အလွန် စုံလင်ပြည့်ဝနှင့်ပြီးသားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် သမ္မာတရားကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ ၎င်းက အသက်ရှင်နေထိုင်သည့် အသက်၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်လည်းကောင်း၊ ထိုသို့သော အသက်အနှစ်သာရကို ပိုင်ဆိုင်သည့် ၎င်း၏ လူ့သဘာဝက ပြီးပြည့်စုံပေသည်။ သင်တို့သည် “ပြီးပြည့်စုံသော” ဟူသော စကားလုံးကို ကြားရခြင်းအား မနှစ်သက်လျှင် ငါသည်လည်း ယင်းကို “စုံလင်ပြည့်ဝသော” ဟု ခေါ်ဆိုနိုင်သည်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စုံလင်ပြည့်ဝပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့ထဲတွင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အမှုပြုရန် ၎င်းတို့၌ရှိသော အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ် အနည်းငယ်ကို အသုံးပြုသည်။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားက သင်၏အထဲတွင် အလုပ်လုပ်သောအခါ၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အားနည်းသွားခြင်းမရှိ သို့မဟုတ် ဖုံးကွယ်ခံရခြင်းမရှိဘဲ၊ ထိုအစား ပို၍ ပုံမှန်ဖြစ်လာပြီး စုံလင်ပြည့်ဝလာသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင် အလိုရှိသော လူသားမျိုးနွယ် ဖြစ်သည်။ ပြီးပြည့်စုံသည်ဟု မပြောဘဲ စုံလင်ပြည့်ဝသည်ဟု ပြောကြစို့။ အဘယ်ကြောင့် ပြီးပြည့်စုံသည်ဟု မပြောသနည်း။ ငါက ပြီးပြည့်စုံသည်ဟု ပြောလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အချို့လူတို့က “ကိုယ်တော်က ပြီးပြည့်စုံသောလူများ မဖြစ်ရန် ပြောခဲ့သည် မဟုတ်လော”ဟု ပြောကြလိမ့်မည်။ သို့ဖြစ်၍ အချို့လူများ အထင်မလွဲစေရန်အတွက် ငါသည် ဤစကားလုံးကို ရှောင်ရပေမည်။ အမှန်တွင် တစ်စုံတစ်ခုသည် ဘုရားသခင်၏ အမြင်တွင် စုံလင်ပြည့်ဝလျှင် ဖန်ဆင်းခံလူသားမျိုးနွယ်အလယ်တွင် ယင်းကို ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။ ဤပြီးပြည့်စုံခြင်းသည် လူတို့၏ စိတ်ကူးများထဲတွင်ရှိသည့် ပြီးပြည့်စုံခြင်းမဟုတ်ဘဲ၊ ထို့ထက် လှပပြီး ကောင်းမွန်သောအရာတစ်ခု၊ တရားမျှတမှု၏ အင်အားစုတစ်ခုဖြစ်သည့်အပြင် အပြုသဘောဆောင်သော အရာတစ်ခု၊ လူတို့၏ ချီးမွမ်းခြင်း၊ တမ်းတခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းနှင့် တန်ဖိုးထားခြင်းတို့နှင့် ထိုက်တန်သောအရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏အသိစိတ်ကို သင်၏ ကျင့်ကြံပြုမူခြင်းတွင်ရှိသည့် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းကို မကျော်လွန်ရုံမျှဖြင့် ရပ်တန့်မနေစေဘဲ သင်၏အသိစိတ်ကို ပို၍ သိတတ်စေရန်၊ ပို၍ သတိပြုတတ်စေရန်အပြင်၊ သင်၏ ဆင်ခြင်တုံတရားကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီစေရန် အလိုရှိလျှင် သင်၌ လမ်းကြောင်းတစ်ခုသာ ရှိသည်။ ဤလမ်းကြောင်းသည် လူ့သဘာဝ၏ အမျိုးမျိုးသော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ကျော်လွှားအောင်မြင်ခြင်း မဟုတ်ဘဲ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်က လူတို့ကို သွန်သင်ပေးသည့် အမျိုးမျိုးသော သမ္မာတရားများကိုအားထုတ်ခြင်း၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ပတ်သက်လာသည့်အခါတွင် သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများက အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် မည်သို့ ရှုမြင်သင့်၊ သဘောထားသင့်ပြီး ကိုင်တွယ်သင့်သည်ကိုလည်းကောင်း နားလည်ခြင်း ဖြစ်သည်။ ဘုရားသခင်၌ ဤကဏ္ဍအားလုံးအတွက် သတ်မှတ်ထားသော စည်းမျဉ်းများနှင့် စံနှုန်းများ ရှိသည်။ သင်၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤဦးတည်ချက်၊ ဤပန်းတိုင်အတွက် ဤစံနှုန်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ပထမဆုံးအနေဖြင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စံနှုန်းများမှာ အဘယ်အရာဖြစ်သည်ကို ရှာဖွေပြီး နားလည်လော့။ ဆက်လက်၍၊ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများအတိုင်း သင့်ကိုယ်သင် တောင်းဆိုမှုများ ပြုလုပ်စဉ်၊ တစ်ချိန်တည်းတွင် သင်၏ အယူအဆများနှင့် စိတ်ကူးများထဲရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသည့် အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ စည်းမျဉ်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခြားအရာများကို လက်လွှတ်လော့။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ တဖြည်းဖြည်းချင်း ဖြစ်လာစေလော့။ လက်လွှတ်ရန် သင်ယူနေစဉ်တွင် မမေ့နှင့်၊ လက်လွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ သင့်အား အနှစ်သာရမဲ့သောသူတစ်ဦး ဖြစ်စေရန် မဟုတ်ပေ။ ဘုရားသခင်သည် သင်၏အသက်တာတွင် အကြောင်းအရာ ရှိစေလိုသည်။ ဤအကြောင်းအရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းက အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စည်းမျဉ်းများကို ရည်ညွှန်းသည်။ လူတို့က အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို အနှစ်မဲ့ သဘောတရားများအဖြစ် ပြောင်းလဲစေကာ ယင်းတို့အကြောင်း ပြောရုံသာပြောပြီး လက်တွေ့မလုပ်ဆောင်သည်ကို ဘုရားသခင် အလိုမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား လူတို့က ဤသမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ အသက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခိုင်မာစွာ ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝများထဲသို့ ဆောင်ကြဉ်းနိုင်မည်ဟု သူမျှော်လင့်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ဥပမာအနေဖြင့် ကြည့်လော့၊ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတို့ထံမှ ဘုရားသခင်က မည်သည့်စံနှုန်းကို တောင်းဆိုသနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို လက်တွေ့ကျကျပုံစံဖြင့်လည်းကောင်း၊ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အဆင့်အတန်းနှင့်အညီလည်းကောင်း ကျင့်ကြံပြုမူရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် လက်တွေ့ကျရမည်၊ သင်သည် ဝတ်ကျေတမ်းကျေ မလုပ်ရ၊ သို့မဟုတ် ပေါ့ပေါ့တန်တန် မလုပ်ရ၊ သင်သည် ဟန်ဆောင်လုပ်ပြရုံ မလုပ်ပြရ၊ သို့မဟုတ် အခြားသူများ မြင်ရန်အတွက် မလုပ်ဆောင်ရသည့်အပြင်၊ သင်သည် ကြွားလည်းမကြွားရပေ။ သာ၍ပင် အရေးကြီးသည်မှာ သင့်အနေဖြင့် သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် ပြောသည့်အတိုင်း သင် လုပ်ဆောင်သင့်ပြီး ဘုရားသခင်က သင့်ကို မလုပ်ဆောင်ရန် ပြောသည့်အရာများကို သင် မလုပ်ဆောင်ဘဲ ရှောင်ကြဉ်သင့်သည်။ သင်သည် ထိုအရာများကို လုပ်ဆောင်ခြင်းအား လုံးဝ ရှောင်ကြဉ်နိုင်ခြင်း မရှိလျှင် ယင်းတို့ကို လျှော့လုပ်ခြင်းဖြင့် စတင်လော့။ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများကို ပုန်ကန်ပြီး ယင်းတို့ကို လုပ်ဆောင်ခြင်းမှ လုံးဝ ရှောင်ကြဉ်သည်အထိ တဖြည်းဖြည်း ရောက်စေလော့။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသည် မဟုတ်လော။ (လွယ်ပါသည်။) ကယ်တင်ခြင်းကို လိုက်စားသည့် ဖြစ်စဉ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး လက်လွှတ်သင့်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်ခြင်းသည် နောက်ဆုံးသော ပန်းတိုင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ နောက်ဆုံးသော ပန်းတိုင်မှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်ခြင်းနှင့်ဆိုင်သည့် မရှိမဖြစ်လိုအပ်ချက်အရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို လက်ခံရန် ဖြစ်သည်။ ယင်းတို့ကို လက်ခံခြင်းသည် သင်၏ စိတ်အခြေအနေကို ပြောင်းလဲရန်အလို့ငှာ မဟုတ်သည့်အပြင်၊ သင် ဂုဏ်သိက္ခာဖြင့် သင့်ကို အသက်ရှင်နိုင်စေရန်အလို့ငှာလည်း မဟုတ်ပေ။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးမှသာ ကယ်တင်ခြင်းကို ရရှိနိုင်သည်နှင့်အမျှ ဤသည်မှာ နောက်ဆုံးသော ပန်းတိုင်ဖြစ်သည်။

ကယ်တင်ခြင်းကို ရရှိရန် လူတို့အတွက် အကြီးမားဆုံးသော အတားအဆီးမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ သင်၏ ပညာအရည်အချင်းနိမ့်ကျခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ သို့မဟုတ် စကားပြောပုံ အဆင်မပြေခြင်းနှင့် သင့်ကိုယ်သင် ဖော်ပြနိုင်စွမ်း မရှိခြင်းဟူသည့် ဤအရာများထဲမှ တစ်ခုမျှ ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများ မဟုတ်ပေ။ သင်၏ တာဝန်တွင်ရှိသည့် သင်၏ ညံ့ဖျင်းသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ယင်းကို သင်၏ နားလည်နိုင်စွမ်း မရှိခြင်း၊ ဤသည်မှာလည်း သင်၏ ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီး မဟုတ်ပေ။ သို့ဆိုလျှင် ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးမှာ အဘယ်နည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဖော်ထုတ်ထားသည့် လူ၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့အတွက် ဖြေရှင်းရန် မလွယ်ကူသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ လူတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်လိုစိတ် မရှိသောကြောင့် မဟုတ်သည့်အပြင်၊ ၎င်းတို့၏ အတွေးများနှင့် အမြင်များ ခေတ်မမီတော့သောကြောင့်လည်း မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝရှိ ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများကြောင့် သာ၍ပင် မဟုတ်သည့်အပြင် လူတို့သည် ထုံထိုင်းပြီး တုံ့ပြန်မှု နှေးကွေးသောကြောင့်လည်း မဟုတ်သည်မှာ အမှန်ဖြစ်၏၊ ဤအရာများထဲမှ တစ်ခုမျှ ပြဿနာ၏ အရင်းအမြစ်မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နေသောကြောင့်သာ ဖြစ်သည်။ လူတို့သည် ယင်းတို့ကို ဖယ်ရှားရန် ဆန္ဒရှိရုံမျှဖြင့် မဖယ်ရှားနိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက်များ ဖြစ်စေရန်နှင့် ပြဿနာရှာရန် မကြာခဏ ထွက်ပေါ်လာတတ်သည်။ ဥပမာအနေနှင့် သင်သည် အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တစ်စုံတစ်ခုကို မှားလုပ်မိကာ ပြုပြင်ခြင်းခံခဲ့ရသည် ဆိုပါစို့။ ထိုအခြေအနေတွင် သင်သည် ယင်းကို လက်ခံသင့်သည်၊ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံသင့်သည်၊ နောင်တရလိုစိတ်ရှိသင့်ပြီး ထိုမှားယွင်းသော လုပ်နည်းကိုင်နည်းကို ပြောင်းပြန်လှန်ကာ သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်သင့်သည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ကိစ္စရပ်ဖြစ်သော်လည်း သင် မလုပ်ဆောင်နိုင်ပေ။ သင်က “ငါ့ကို မနှစ်မြို့စရာအဖြစ် မြင်ကာ ဖြုတ်ချချင်သောကြောင့် ငါသည် ဤသို့ ပြုပြင်ခြင်းခံရသည်လော”ဟု တွေးဆသည်။ သင်၏ စိတ်နှလုံးထဲတွင် မကျေနပ်ခြင်းများနှင့် အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာပြီး သင်က ဘုရားသခင်နှင့်ပင် အငြင်းအခုံလုပ်ရန် ကြိုးစားသည်၊ “ကိုယ်တော်က ကျွန်ုပ်ကို မနှစ်မြို့စရာဟု မြင်ပြီး ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းလိုသည့်အတွက် ဤအရာကို ရှင်းကြစို့။ ကျွန်ုပ်က ဘုရားသခင်ကို ဆယ့်ရှစ်နှစ်အရွယ်တွင် စတင်ယုံကြည်ခဲ့သည်၊ ဤနှစ်များတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ရင်း၊ အိမ်ထောင်နှင့် မိသားစုတို့ကို စွန့်ပစ်လျက်၊ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ဤအရာများကို မည်သို့ ထည့်တွက်မည်နည်း” ဟူ၍ ဖြစ်သည်။ သင် ပို၍ တွက်ချက်လေ၊ ပို၍ စိတ်ထက်သန်လာလေလေ ဖြစ်သည်။ ဤသည်မှာ လက်လွှတ်နိုင်ခြင်း မရှိရုံမျှသာဖြစ်သလော။ မဟုတ်ပေ။ အဘယ်ကြောင့် သင်သည် ဤအရာများကို လက်မလွှတ်နိုင်သနည်း။ ဤနေရာတွင် အရင်းခံပြဿနာတစ်ခု ရှိနေသည်။ သင် ပြုပြင်ခြင်းခံရသောအခါ မတရားခံရသည်ဟု သင် ခံစားရသည်။ သင်၏ စိတ်နှလုံးထဲတွင် စောဒကတက်ပြီး အာခံသည့်စိတ်ကို ခံစားရသည့်အပြင်၊ သင်သည် အငြင်းအခုံလုပ်ပြီး သင့်ကိုယ်သင် မှန်ကြောင်းပြရန်လည်း ကြိုးစားကာ အခြားသူများကို သင့်အတွက် ရပ်တည်ပေးရန်ပင် တောင်းဆိုသည်။ အဘယ်ကြောင့် သင်သည် ဤသို့ ပြုမူသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်ပါသည်။) အကြောင်းရင်းတစ်ခုတည်း၊ အရင်းခံအကြောင်းတရားတစ်ခုတည်းသာ ရှိသည်။ သင်၌ မဖြေရှင်းရသေးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေပေသည်။ သင်တို့ထဲမှ အချို့က “ကျွန်ုပ်၏ ပင်ကိုအစွမ်းအစနှင့် အရည်အချင်းက မလုံလောက်သည့်အပြင် ထိုအလုပ်ကို မလုပ်နိုင်သောကြောင့် ဖြစ်သလော”ဟု ပြောကြလိမ့်မည်။ သင်တို့ထဲမှ အချို့အတွက် ဤသည်မှာ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်သည်၊ ညံ့ဖျင်းသော အစွမ်းအစကြောင့် သင်သည် အလုပ်အတွက် အရည်အချင်းမမီသည့်အပြင်၊ သမ္မာတရားကိုလည်း နားမလည်ပေ။ သို့ဖြစ်၍ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့်အရာများအား လုပ်ဆောင်မိသည်။ ဤသည်မှာ အမှန်ပင် သင်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်သက်သက် ဖြစ်သလော။ ယင်းမှာ ကဏ္ဍတစ်ခုသာ ဖြစ်သည်။ အရင်းခံပြဿနာမှာ သင်၏ အသိစိတ်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေခြင်း ဖြစ်သည်။ သင်၏ အသိစိတ်နှင့်ပတ်သက်သည့် ဤပြဿနာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့်အရာများအား လုပ်ဆောင်ခဲ့ပြီး ပြုပြင်ခြင်းခံခဲ့ရသည်၊ ဤအရာကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ အလုပ်အတွက် အရည်အချင်းမမီသည့် ကိစ္စရပ်ကို သင် မည်သို့ ချဉ်းကပ်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤအရာများသည် ပြဿနာများမဟုတ်သည့်အပြင်၊ ယင်းတို့ကို မှန်ကန်စွာ သင် ချဉ်းကပ်နိုင်သည်။ သို့သော် လူအများစုသည် ဤအရာများကို ကြုံတွေ့ရသောအခါ မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် အငြင်းအခုံလုပ်ရန် ကြိုးစားသည်၊ ၎င်းတို့ စောဒကတက်ကြသည်၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့က၊ “ယင်းမှာ သင်က ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းပြီး တတ်စွမ်းနိုင်ခြင်းမရှိဟု ထင်သောကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်ကို ဤအစွမ်းအစ ပေးခဲ့သည် မဟုတ်လော။ သို့တိုင် သင်က ကျွန်ုပ် အလုပ်မလုပ်နိုင်ဟု စောဒကတက်နေသည်။ သင် ကျွန်ုပ်ကို မနှစ်မြို့စရာဟု မြင်လျှင် စောစောစီးစီး ပြောခဲ့သင့်သည်”ဟု စိတ်လိုက်မာန်ပါဖြင့် ပြောဆိုကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရစဉ်တွင် အတော်အတန် ပို၍ ပြင်းထန်သော စကားလုံးများကို အသုံးပြုထားလျှင် ၎င်းတို့က “ကောင်းချီးများ ရရှိဖို့ ကျွန်ုပ်၏ မျှော်လင့်ချက် မရှိတော့ပြီလော။ ဤဘဝတွင် ကျွန်ုပ်၏ အဆင့်အတန်းက အန္တရာယ်ရှိနေပြီဖြစ်ပြီး နောင်ဘဝတွင်လည်း ကျွန်ုပ် မျှော်လင့်ချက် မရှိကောင်း မရှိနိုင်ဟု ထင်သည်”ဟု တွေးကြသည်။ ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့အတွက် ကျိုးနွံနာခံရန် မလွယ်ကူပေ။ နောက်ဆုံး စိစစ်မှုတွင်၊ ဤသရုပ်သကန်အားလုံးသည် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ သင်၏ အစွမ်းအစ ညံ့ဖျင်းပြီး သင်သည် အလုပ်အတွက် အရည်အချင်းမမီပေ။ ယင်းမှာ လူ့သဘာဝ၏ ပင်ကို အပြစ်အနာအဆာများ သို့မဟုတ် ချို့ယွင်းချက်များထဲမှ တစ်ခုသာ ဖြစ်သည်။ ယင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။ သင်၏ ပင်ကိုအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ကြီးမားပြီး သင်သည် အလုပ်အတွက် အရည်အချင်းမမီလျှင်ပင် ဘုရားသခင်သည် သင့်အပေါ်၌ မနှစ်မြို့ခြင်း သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း လုံးဝမခံစားရပေ။ သို့သော် အလုပ်အတွက် အရည်အချင်း မမီခြင်းအပြင် သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်မပြုဘဲ၊ စောဒကလည်းတက်သည်၊ အတိုက်အခံလုပ်သည့်စိတ်ကို ခံစားရပြီး အဆုံးတွင် အပျက်သဘောဆောင်လာကာ သင်၏ အလုပ်ကို စွန့်ပစ်သည်၊ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဤသည်မှာ သင် ဖြေရှင်းရန် လိုအပ်သည့်အရာ ဖြစ်သည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးနောက်တွင် သင်၏ အစွမ်းအစနှင့် သင်၏ လူ့သဘာဝ အခြေအနေများက အရည်အချင်းမီသည့် အလုပ်တွင် သင်သည် အသုံးပြုရန် သင့်တော်လာလိမ့်မည်။ သို့သော် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းနိုင်သည့်အပြင်၊ သမ္မာတရားအတိုင်း လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ပြုပြင်ခြင်းကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ သို့မဟုတ် ဖော်ထုတ်ခြင်းခံရသည်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ သင်၏ အစွမ်းအစ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ သင်၏ လူ့သဘာဝ အခြေအနေများက မည်မျှပင် သာလွန်သည်ဖြစ်စေ သင်သည် အသုံးပြုခံရရန် သင့်တော်လိမ့်မည်မဟုတ်ပေ။ နားလည်ပြီလော။ (နားလည်ပါပြီ။) ငါ့ကို ပြောလော့၊ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ (ဘုရားသခင်ကို ယုံကြည်ရာတွင် အရေးကြီးဆုံးအရာမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန် ဖြစ်ပါသည်။ အလေးပေးရမည့်အရာမှာ မိမိလူ့သဘာဝ၏ အပြင်ပန်း ချို့ယွင်းချက်များ သို့မဟုတ် မပြည့်စုံမှုများ မဟုတ်ဘဲ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အခြေအနေများကို ကြုံတွေ့ရသောအခါ အပြင်ပန်းကိစ္စရပ်များကို အမြဲတစေ စိတ်ဝင်စားကြပြီး အနှစ်သာရရှိသော ပြဿနာများကို အခြေခံကျကျ မဖြေရှင်းနိုင်သည့်အပြင်၊ ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်များကို ကျိုးနွံနာခံခြင်းကိုလည်း မရရှိနိုင်ပါ။) သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားပြီး၊ သင် ကြုံတွေ့ရသည့် ကိစ္စရပ်များတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကို သဘောပေါက်နိုင်သည့်အပြင်၊ ယင်းတို့ကို စည်းမျဉ်းများအတိုင်း မည်သို့ ကိုင်တွယ်ရမည်ကို သင် သိရှိလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အသုံးပြုခံရရန် သင့်တော်လိမ့်မည်။ သင်၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သင်၌ ပါရမီ မည်မျှပင် ရှိသည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခြင်းမရှိလျှင်၊ သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ သင်သည် အသုံးပြုခြင်းအတွက် သင့်တော်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်၏ အစွမ်းအစနှင့် အရည်အချင်းများ အကန့်အသတ်ရှိသော်လည်း သင်သည် သမ္မာတရားစည်းမျဉ်းအမျိုးမျိုးကို နားလည်သည့်အပြင် သင်၏ အလုပ်နယ်ပယ်အတွင်းရှိ သင် နားလည်သင့်ပြီး သဘောပေါက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို နားလည်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးဖြစ်လျှင် သင်သည် အသုံးပြုခံရရန် သင့်တော်သောသူတစ်ဦး ဖြစ်လိမ့်မည်။ နားလည်ပြီလော။ ဤစကားများကို အပြည့်အဝ နားလည်ရန် သင်တို့အနေဖြင့် အတန်ကြာ စဉ်းစားသုံးသပ်ဖို့ လိုကောင်းလိုပေမည်။

လက်ရှိတွင် လူအများစုသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဆုကျေးဇူးများအပေါ် မှီခိုနေဆဲဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနေဆဲ ဖြစ်သည်။ ၎င်းတို့သည် အပြစ်မလုပ်သရွေ့ သို့မဟုတ် မကောင်းမှုမပြုသရွေ့ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားခြင်းနှင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ လူအများစုသည် လုပ်နည်းကိုင်နည်းများနှင့် အပြုအမူများတွင် ရှုပ်ယှက်ခတ်ပြီး ရုန်းမထွက်နိုင်ဖြစ်နေကြသော်လည်း သမ္မာတရားကို ရှာဖွေခြင်းနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ ၎င်းတို့သည် မိမိတို့တတ်နိုင်သမျှကို လုပ်ဆောင်ရုံမျှဖြင့်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်၊ သို့မဟုတ် အမှုအရာများကို မဖျက်ဆီးမိရန် ကြိုးစားရုံမျှဖြင့် ကျေနပ်နေကြပြီး ထိုမျှသာဖြစ်သည်။ လူအများစုသည် ပြုပြင်ခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းကို မကြုံတွေ့ကြရသေးသကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကိုလည်း မတွေ့ကြုံကြရသေးပေ၊ ပြင်းထန်သော စမ်းသပ်မှုများ၏ အဆင့်ကို သာ၍ပင် မတွေ့ကြုံကြရသေးပေ၊ သို့ဖြစ်၍ လူအများစု၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲရန် မစတင်သေးပေ။ ဤသည်မှာ သတင်းကောင်း မဟုတ်သော်လည်း အမှန်တရားဖြစ်၏။ ငါ ဥပမာတစ်ခု ပေးမည်၊ ထို့နောက် သင်တို့ အဘယ်အရာ ဖြစ်ပျက်နေသည်ကို သိလာလိမ့်မည်။ သင် ကြည့်လော့၊ ယခု တာဝန်များ ထမ်းဆောင်နေသည့် လူအများစုမှာ သာမန်နောက်လိုက်များ ဖြစ်ကြသည်၊ ၎င်းတို့၌ အဆင့်အတန်းမရှိသကဲ့သို့ အဆင့်အတန်းနှင့် အာဏာရှိနေစဉ် အလုပ်တစ်ခုကို လုပ်ဆောင်သည့်အဆင့်သို့လည်း မရောက်ကြသေးပေ။ လူအများစု လက်တွေ့လုပ်ဆောင်သည့် အခြေခံစည်းမျဉ်းမှာ စကားနားထောင်ပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များသည် အထက်၏ အလုပ်အစီအစဉ်များအတိုင်း မိတ်သဟာယ ဖွဲ့နေကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် ခေါင်းဆောင်များ ခိုင်းသည့်အရာကို ခိုင်းသည့်အတိုင်း လုပ်ဆောင်ရုံသာဖြစ်ပြီး အမှားအမှန်ကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ စုံစမ်းစစ်ဆေးရန် မလိုအပ်ဘဲ အမှားမလုပ်သရွေ့ အဆင်ပြေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများကို မိမိ၏အသက်အဖြစ် ပိုင်ဆိုင်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိမရှိကို မည်သည့်အခြေအနေများအောက်တွင် သေချာစွာ သိနိုင်မည်နည်း။ ယင်းမှာ သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည့်အခါ ဖြစ်သည်၊ ဤသည်က လူတို့ကို အများဆုံး ထုတ်ဖော်သည်။ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ ရှိမရှိနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်မျှ ထုတ်ဖော်သည်တို့က သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိနှင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် သင့်တော်မှုရှိမရှိကို သက်သေပြနိုင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်လျှင် ဤအရာကို သင် မည်သို့ သဘောထားပြုမူသင့်သနည်း။ သင်သည် သင့်ကိုယ်သင် ဖွင့်ဟပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သလော၊ သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ပြီး ဟန်ဆောင်သင့်သလော။ ဤသည်မှာလည်း လူတို့ အများဆုံး ထုတ်ဖော်ခံရသည့်အချိန် ဖြစ်သည်။ အသင်းတော်ရှိ လူအများစုသည် အမှုအရာများကို သမ္မာတရားစည်းမျဉ်းများအတိုင်း မရှုမြင်နိုင်ကြပေ၊ ထိုအစား ၎င်းတို့သည် အမှုအရာများကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း၊ မိမိတို့၏ နှစ်သက်မှုများကို အခြေခံ၍ ရှုမြင်ပြီး မှတ်ချက်ပေးကြသည်။ လူအများစုက “ငါ၏ တာဝန်တွင် ကြီးမားသောအမှားများ မလုပ်ဘဲ အလုပ်ကို ဤကဲ့သို့ ရှေ့ဆက်လုပ်ဆောင်သွားသရွေ့ လုံလောက်ပြီဖြစ်သည်။ ကြီးမားသောအမှားများ ငါလုပ်မိပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သီးသန့်ခွဲထားခံရပါက သို့မဟုတ် ဘီအုပ်စုသို့ ပြောင်းရွှေ့ခြင်း ခံရပါက ယင်းမှာ ငါ၏ ကံဆိုးခြင်းသာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ ဤအခြေအနေက အဘယ်အရာကို သရုပ်ဖော်သနည်း။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ခိုင်းသမျှကို လုပ်ဆောင်လျက် နာခံပြီး ကျိုးနွံနာခံနိုင်သော်လည်း ဤသည်မှာ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိသည်ဟု မဆိုလိုသကဲ့သို့ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည်ဟုလည်း မဆိုလိုပေ။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီး ထိုအဆင့်အတန်းကို ရရှိသောအခါ သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ အဘယ်ကြောင့်နည်း။ သင်၌ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် သင်သည် မိမိစိတ်တိုင်းကျ လုပ်ဆောင်မည်၊ အရာခပ်သိမ်းကို ထိန်းချုပ်မည်၊ လုံးဝဥဿုံ စိုးမိုးခြယ်လှယ်မည်ဖြစ်ပြီး သီးခြားနိုင်ငံတော်တစ်ခုကို တည်ထောင်လိမ့်မည်၊ သင်သည် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို အခြေခံ၍လည်းကောင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍လည်းကောင်း၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို အခြေခံ၍လည်းကောင်း လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ သင်သည် အသုံးပြုခံရရန် သင့်တော်ခြင်း မရှိသေးပေ။ ယခုအချိန်အထိ လူပေါင်း ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ဤသို့သော အခြေအနေနှင့် အနေအထားမျိုးတွင် ရှိနေသည်ဟု ဆိုနိုင်သည်။ လူအများစုသည် မိမိတို့၏ တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး အပြင်ပန်းအားဖြင့် အတော်အတန် နာခံပြီး အမူအကျင့်ကောင်းမွန်လာကြသော်လည်း ဤသည်မှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိတော့ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ၎င်းတို့၏ အပြုအမူသည် အကျင့်ပျက်ခြင်း မရှိတော့ပေ၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အမူအကျင့်ကောင်းမွန်ပြီး သူတော်စင်တစ်ဦး၏ ကျင့်ဝတ် အနည်းငယ် ရှိပုံပေါ်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စိုးစဉ်းမျှပင် မပြောင်းလဲသေးပေ၊ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို တက်ကြွစွာ မရှာဖွေသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ပြဿနာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့ကို ခေါင်းဆောင်များ သို့မဟုတ် အထက်က ပြုပြင်သည်ဖြစ်စေ၊ အများဆုံးအားဖြင့် ၎င်းတို့က “ကောင်းပြီ၊ ငါ့အား ယင်းကို ပြင်ခိုင်းလျှင် ပြင်လိုက်မည်။ ဒုက္ခအနည်းငယ် ပို၍ခံလိုက်မည်၊ အချိန်အနည်းငယ် ပိုပေးလိုက်မည်ဖြစ်ပြီး အမြန်ပြန်လုပ်လိုက်ရုံသာရှိသည်” ဟု တွေးကြသည်။ ၎င်းတို့၌ ဤသို့သော သဘောထားနှင့် စိတ်နေစိတ်ထားမျိုးသာ ရှိသည်။ ဤသည်မှာ သမ္မာတရားကို ကျိုးနွံနာခံခြင်းကို ကိုယ်စားမပြုသကဲ့သို့ စစ်မှန်သော ကျိုးနွံနာခံခြင်းကိုလည်း ကိုယ်စားမပြုပေ။ ဤစိတ်နေစိတ်ထားသည် အဘယ်မှ လာသနည်း။ ယင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အပြုသဘောဆောင်သော တောင့်တမှုတစ်ခု၊ လူကောင်းများဖြစ်ရန် တောင့်တမှု၊ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများဖြစ်ရန် တောင့်တမှု ရှိသည်ဟူသောအချက်မှ လာသည်။ ဤဆန္ဒသည် လူတို့၏ နေ့စဉ်ဘဝများနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ဤသို့သော စိတ်နေစိတ်ထားမျိုးကို ဖြစ်ပေါ်စေသည်၊ လူ့စကားဖြင့်ဆိုသော် “အနှောင့်အယှက် မပေးကြနှင့်၊ ကောင်းမွန်စွာ နေထိုင်ကြပါစို့” ဟူ၍ ဖြစ်သည်။ “ကောင်းမွန်စွာ နေထိုင်ခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုလော။ ဤသည်က သင့်ကို နာခံရန်၊ စည်းမျဉ်းများကို လိုက်နာရန်နှင့် ဒုက္ခမပေးရန်သာ ဖြစ်စေသည်။ ဤသည်မှာ လူတို့အတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းတစ်ခုအဖြစ် စံမမီပေ။ သို့ဆိုလျှင် သမ္မာတရားစည်းမျဉ်းကား အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေရမည် ဖြစ်သည်။ သင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သောအခါ၊ သင်၌ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ရှိသောအခါ သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို ထုတ်ဖော်သောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်၌ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသောအခါ သင်သည် ဤသရုပ်သကန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တက်ကြွစွာ နှိုင်းယှဉ်ချိန်ဆရမည် ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ လမ်းညွှန်ခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြင်းထန်သော တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့်အတူ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏ သဘောထားကို တဖြည်းဖြည်း ပြောင်းလဲသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်ခံနိုင်သည့် အတိုင်းအတာသည် တိုး၍တိုး၍ မြင့်မားလာပြီး သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုး၍ အသိအမှတ်ပြုကာ အာမင်ဟု ဆိုလာသည်။ ထို့နောက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်အတွင်း၌ လက်ခံသည်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များကို စွန့်လွှတ်ပြီး လူ၏ ထုံးတမ်းအစဉ်အလာကို ဆက်လက်ဆုပ်ကိုင်မထားတော့ပေ၊ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သင်၏ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်နိုင်သည့်အပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သင်၏ ရှုထောင့်၊ ရပ်တည်ချက်နှင့် အမြင်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြောင်းလဲနိုင်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် သင်တို့၌ ယခု ဤသို့သော တက်ကြွသည့် လက်တွေ့လုပ်ဆောင်မှုမျိုး ရှိသလော။ လူပေါင်း ကိုးဆယ့်ကိုးရာခိုင်နှုန်းတွင် မရှိဟု ငါထင်သည်။ လူအများစု၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများသည် ၎င်းတို့ကို တိကျသောနည်းလမ်းဖြင့် ပြုမူရန် တွန်းအားပေးသည့် ပတ်ဝန်းကျင်တစ်ခုကို တွေ့ကြုံခြင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် “ဘုရားသခင်ကို ကျိုးနွံနာခံခြင်း” ကို ရရှိခြင်းအကြောင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု တွေးထင်လျက် မိမိတို့ကိုယ်ကို အတော်အတန် ကျေနပ်နေကြသည်။ သင်သည် သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့သော်လည်း ယင်းမှာ အမှန်တကယ်တွင် မိမိကိုယ်ကို ကြွားဝါခြင်း၊ သင့်ကိုယ်သင် သက်သေခံခြင်းနှင့် သင့်ကိုယ်သင် တည်ဆောက်ခြင်းအကြောင်း ဖြစ်သည်၊ “ကြည့်ပါ၊ ကျွန်ုပ်တွင် သက်သေခံချက်ရှိသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်မပျက်စေခဲ့ပါ။ ဤပတ်ဝန်းကျင်တွင် ကျွန်ုပ်၏ တာဝန်ကို မြဲမြံစွာ စောင့်ထိန်းခဲ့သည်” ဟူ၍ ဖြစ်သည်။ အခြားလူအချို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများမှာ ပြုပြင်ခြင်းခံရပြီးနောက် ၎င်းတို့ မည်သို့ ဆင်ခြင်သုံးသပ်ပြီး သိနားလည်လာပုံ၊ ၎င်းတို့ ဝတ်ကျေတမ်းကျေဖြစ်ခဲ့ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးခဲ့ကြောင်း သိရှိကာ ယခု နောင်တရလိုစိတ် ရှိပုံအကြောင်းတို့ ဖြစ်သည်။ နောင်တရကြောင်း ပြသည့် ကာလတစ်ခု ရှိနေပြီး ၎င်းတို့ ဝတ်ကျေတမ်းကျေ မလုပ်တော့ပုံရသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲသွားပြီလော။ မပြောင်းလဲသေးပေ။ နောက်ကွယ်တွင် ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး ဗိုလ်ကျနေဆဲဖြစ်သည်။ ၎င်းတို့ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ဆက်ဆံသည့် ရပ်တည်ချက်၊ ရှုထောင့်နှင့် အမြင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ အခြေမခံပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လုံးဝ ပြောင်းလဲရန် မစတင်သေးပေ။ သို့ဆိုလျှင် သင် ပြောဆိုသည့် ပြောင်းလဲခြင်းကား အဘယ်နည်း။ ယင်းမှာ အပြုအမူ၊ လူနေမှုပုံစံတို့တွင် ပြောင်းလဲခြင်းမျှသာ ဖြစ်ပြီး သင် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်သည့် လေသံ၊ ဖော်ပြပုံနှင့် ပုံစံတို့တွင် ပြောင်းလဲခြင်းမျှပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်၏ ယုံကြည်ခြင်းသည်လည်း ခိုင်မာလာခဲ့သည်၊ သင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် အကြိမ်များစွာ ပြုပြင်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေနိုင်ပြီး ယခု သမ္မာတရားများစွာကို နားလည်ကာ ဘုရားသခင်နောက်လိုက်ရန် သင်၏ စိတ်ပိုင်းဖြတ်မှုသည် ယခင်ကထက် ပို၍ ခိုင်မာသည်၊ ဤကဏ္ဍအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤပြောင်းလဲမှုများသည် လူတို့ကို ကယ်တင်ခြင်းရရှိရာ၌ ပို၍ ယုံကြည်မှု ရှိစေသည်၊ သမ္မာတရားကို လိုက်စားရန် ပို၍ လိုလားစေပြီး ဘုရားသခင်နောက် လိုက်ခြင်းနှင့်ပတ်သက်၍ ပို၍ မျှော်လင့်ချက်ရှိပြီး အကောင်းမြင်စေသည်။ မည်သည့် စမ်းသပ်မှုများ သို့မဟုတ် ဆင်းရဲဒုက္ခများ ကြုံတွေ့လာသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်သည်အထိ အပျက်သဘောဆောင်လာမည် မဟုတ်ပေ။ သို့သော်လည်း ဤအရာများသည် ပုံမှန်လူ့သဘာဝတွင် အပြင်ပန်းအားဖြင့် အသက်ရှင်နေထိုင်သည့်အရာ၌ ပြောင်းလဲခြင်းများမျှသာ ဖြစ်သည်။ ဤအတော်အတန် အပြုသဘောဆောင်ပြီး တက်ကြွသော အတွေးအခေါ်များနှင့် အမြင်များသည် လူတို့၏ စိတ်နှလုံးများကို ဖြည်းဖြည်းချင်း နေရာယူလာသည်။ ဤပြောင်းလဲမှုများသည် ၎င်းတို့၏ စိတ်နှလုံးများ နိုးထလာပြီး ပြန်လည် အသက်ဝင်လာနေသည့် လက္ခဏာများ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ပို၍ တက်ကြွပြီး ရည်မှန်းချက်ကြီးလာကာ အပြုသဘောဆောင်သော အရာများကို ပို၍ တောင့်တလာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို လိုက်စားရာ၌ ပို၍ ယုံကြည်မှုရှိလာကြသည်။ သဘာဝအားဖြင့် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်နေသည့် အရေးကြီးဆုံးသော အလုပ်ဖြစ်သော လူတို့ကို ကယ်တင်ခြင်းအလုပ်နှင့်ပတ်သက်၍ ပို၍ ရှင်းလင်းသော သဘောတရားတစ်ခုလည်း ရှိလာကြသည်။ ဤအခြေအနေများကို အခြေခံ၍ လူများစွာသည် မိမိတို့၏ တာဝန်များကို ယခင်ကထက် ပို၍ လက်တွေ့ကျကျပုံစံဖြင့်လည်းကောင်း၊ ပို၍ စည်းကမ်းလိုက်နာသော ပုံစံဖြင့်လည်းကောင်း၊ ပို၍ နာခံစွာဖြင့်လည်းကောင်း ထမ်းဆောင်ကြသည်။ ၎င်းတို့၏ တာဝန်များ ထိရောက်မှု တိုးတက်လာသည်၊ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်တွင် ယခု ပို၍ လျင်မြန်စွာ တိုးတက်နေသည်။ ၎င်းတို့သည် ရက်အနည်းငယ် ကြာသင့်သည့် အလုပ်များကို တစ်ပတ် သို့မဟုတ် ထို့ထက်ပို၍ ကြာအောင် ဆွဲထားခဲ့သည့် ယခင်ကကဲ့သို့ နှေးကွေးလေးလံခြင်း မရှိတော့ပေ၊ ယခု ရက်အနည်းငယ်အတွင်း ရလဒ်များ ထွက်ပေါ်နေပြီ ဖြစ်သည်။ ဤအရာက သတင်းကောင်း ဖြစ်သည်မှာ ပြောစရာမလိုပေ။ သို့သော် သတင်းဆိုးကား အဘယ်နည်း။ ယင်းမှာ သင်တို့ ထုတ်ဖော်ပြီး ပြသသည့်အရာသည် အပြုအမူ၊ အတွေးအခေါ်နှင့် စိတ်နေစိတ်ထားတို့တွင် ပြောင်းလဲခြင်းများမျှသာဖြစ်ပြီး သင်တို့၏ မသိစိတ်ထဲရှိ အတော်အတန် အပြုသဘောဆောင်သော၊ တက်ကြွသော၊ အကောင်းမြင်သော အရာများ နိုးထလာသည့် လက္ခဏာအချို့မျှသာ ဖြစ်သည်။ သို့သော်လည်း ဤလက္ခဏာများသည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲရန် စတင်နေပြီဟု မဆိုလိုပေ။ ဤသတင်းသည် သိပ်မကောင်းလှပေ၊ ဟုတ်သည် မဟုတ်လော။ (မှန်ပါသည်၊ သိပ်မကောင်းပါ။) ဤသတင်း သိပ်မကောင်းသော်လည်း ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ကယ်တင်ခြင်းကို ရရှိရန် မလွှဲမရှောင်သာသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူတို့သည် ဤမျှ သနားစရာကောင်းပြီး ဆင်းရဲသည်၊ ဤမျှ မရင့်ကျက်ဘဲ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း၏ အရှိန်သည် ဤမျှ နှေးကွေးသည်။ ဤသို့ အရှိန်နှေးကွေးရခြင်း၏ အခြေခံအကြောင်းရင်းမှာ ထိုသို့သော လူသားမျိုးနွယ်တွင် သမ္မာတရားကို လက်ခံရန် စွမ်းရည် ကင်းမဲ့နေပြီး ၎င်းတို့သည် သမ္မာတရား၊ အပြုသဘောဆောင်သော အရာများနှင့် ဘုရားသခင်ထံမှ လာသည့် မည်သည့်အရာကိုမဆို ဤမျှ ထုံထိုင်းနေသောကြောင့် ဖြစ်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။