သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄) အပိုင်း တစ်
သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း
မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း
၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း
စ။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ- ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်
ပြီးခဲ့သည့် စုဝေးပွဲတွင် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ အဘယ်အရာဖြစ်သနည်း။ ငါတို့သည် လူတို့၏ ပင်ကိုအခြေအနေများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ခြားနားချက်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဤကဏ္ဍနှစ်ခုနှင့်ပတ်သက်၍လည်း သီးသန့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မိတ်သဟာယမှတစ်ဆင့် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အလုပ်ကိုလည်းကောင်း၊ လူတို့ကို ကယ်တင်ရာတွင် မည်သည့်ကဏ္ဍများကို ဘုရားသခင် ပြောင်းလဲလိုသည်ကိုလည်းကောင်း သင်တို့တွင် အတိုင်းအတာတစ်ခုအထိ နားလည်မှု ရှိကြသလော။ (ရှိပါသည်။ ဘုရားသခင်၏ ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကိုယ်တော်၏အလုပ်ဖြင့် ဘုရားသခင် ပြောင်းလဲရန် ရည်ရွယ်သည့်အရာမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့ပါသည်။) လူတို့ကို ကယ်တင်ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ကင်းစင်စေရန် ရည်ရွယ်သည်။ သူသည် ၎င်းတို့၏ ပင်ကိုအခြေအနေများကို ပြောင်းလဲရန် ရည်ရွယ်ခြင်း မရှိပေ၊ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူတို့အား သမ္မာတရားဖြင့် ထောက်ပံ့ပေးကာ အမျိုးမျိုးသော အလုပ်နည်းလမ်းများကို အသုံးပြုသည်။ ဤအရာအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးတည်ပေသည်။ သူ၏အလုပ်မှတစ်ဆင့် ဘုရားသခင်သည် လူတို့အား ရှင်သန်မှုအတွက် ၎င်းတို့မှီခိုအားထားရပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် စိတ်သဘောထားများကို ဖယ်ရှားနိုင်စေသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် လူတို့ထဲတွင် ထည့်သွင်းပြီး ၎င်းတို့၏အသက် ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်၏အလုပ်က စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် နောက်ဆုံးရလဒ် ဖြစ်သည်။ ဤကဏ္ဍနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်းမှ သင်တို့ အဘယ်အရာကို သဘောပေါက်ခဲ့ကြသနည်း။ မည်သည့်အကြောင်းအရာက သင်တို့အပေါ် အနက်ရှိုင်းဆုံးသော အထင်အမြင်ကို ဖြစ်စေခဲ့သနည်း။ ခေတ္တမျှ စဉ်းစားကြည့်လော့။ (ဘုရားသခင်၏ ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းက ကျွန်မထားရှိခဲ့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အမြင်ရှုထောင့်တစ်ခုကို ပြုပြင်ရန် ကူညီပေးခဲ့ပါသည်။ ယခင်က ဘုရားသခင်သည် လူတို့၏ ပင်ကိုယ်အစွမ်းအစ၊ စွမ်းရည်များနှင့် ပင်ကိုစရိုက်ကို ပြောင်းလဲလိမ့်မည်ဟု ကျွန်မထင်ခဲ့သော်လည်း ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်သည် သဘာဝလွန်အလုပ်ကို မလုပ်ဆောင်ကြောင်း ကျွန်မနားလည်ခဲ့ပါသည်။ ဘုရားသခင်၏အလုပ်မှာ စာတန်၏အရာများဖြစ်ကြသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို ပြောင်းလဲရန် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတို့၏ ပုံမှန်လူ့သဘာဝသည် ပြန်လည်ကောင်းမွန်လာပြီး ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် တိုး၍ ပုံမှန်ဖြစ်လာပါသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို လိုက်စားခြင်း၏ အရေးပါမှုကိုလည်း ကျွန်မနားလည်ခဲ့ပါသည်။ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်ပါသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်တို့၏ အသက် ဖြစ်လာသည့်အခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ခံရပါသည်။ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းနှင့်ဆိုင်သော ဤကဏ္ဍနှစ်ခုသည် ကျွန်မအပေါ် အတော်အတန် နက်ရှိုင်းသော အထင်အမြင်ကို ဖြစ်စေခဲ့ပါသည်။) ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာတွင် ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားတစ်ခု ပါဝင်ခဲ့သည်၊ ယင်းတွင် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော တိကျသည့် ကဏ္ဍအချို့၊ ဘုရားသခင်၏အလုပ်က ဦးတည်သည့်အရာများနှင့် ယင်းက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် ရလဒ်များ ပါဝင်ခဲ့သည်။ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာကို အခြေခံ၍ တိကျသော မေးခွန်းအချို့ ပေါ်ပေါက်လာခဲ့သည်။ ဤမေးခွန်းများတွင် နေ့စဉ်အသက်တာရှိ မည်သည့်သရုပ်သကန်များကို လူတစ်ဦး၏ ပင်ကိုအခြေအနေများအဖြစ် မှတ်ယူရသည်၊ မည်သည့်သရုပ်သကန်များက လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ထင်ဟပ်စေသည်၊ ဆိုလိုသည်မှာ လူတစ်ဦး၏ လူ့သဘာဝသည် ကောင်းမကောင်းဟူသည့် သရုပ်သကန်အချို့ဟု ငါတို့ အများအားဖြင့် ရည်ညွှန်းသည့်အရာနှင့် မည်သည့်သရုပ်သကန်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများဖြစ်သည်တို့ ပါဝင်သည်။ ဤသည်တို့မှာ တိကျသော မေးခွန်းများ ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ယခင်က ဤခေါင်းစဉ်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့စဉ်က ဥပမာအချို့ကို ပေးခဲ့သော်လည်း ၎င်းတို့သည် သိပ်ပြီး ဦးတည်ချက်မရှိသကဲ့သို့ တိတိကျကျလည်း မရှိခဲ့ပေ။ ယနေ့ ငါတို့သည် လူတို့ထုတ်ဖော်ပြသည့် မည်သည့်သရုပ်သကန်များက ပင်ကိုအခြေအနေများဖြစ်သည်၊ မည်သည့်အရာများက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်၊ မည်သည့်အရာများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် အမျိုးအစားထဲသို့ ကျရောက်သည်တို့ကို ခွဲခြားရန်၊ ဤကဏ္ဍသုံးခု၏ တိကျသော သရုပ်သကန်များကို ခွဲခြားရန် ဤပြဿနာနှင့်ပတ်သက်၍ အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ ဤသို့ဖြင့် လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာတွင် ကြုံတွေ့ရသော မရေမတွက်နိုင်သော ပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ ဤကဏ္ဍသုံးခုနှင့် မည်သို့မှန်ကန်စွာ အမျိုးအစား ခွဲခြားရမည်ကို ပို၍ ရှင်းလင်းလာမည်ဖြစ်သည်။ ဤသည်တွင် လူတို့၏ မည်သည့်ထုတ်ဖော်ခြင်းများက ကိုင်တွယ်ရန် သို့မဟုတ် ချုပ်တည်းရန် မလိုအပ်သည့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုကဏ္ဍများဖြစ်သည်၊ မည်သည့်ကဏ္ဍများက လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများ၏ ထုတ်ဖော်ခြင်းများဖြစ်ပြီး ၎င်းတို့ကို မည်သို့ပြောင်းလဲကာ ပြုပြင်သင့်သည် သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ဖြေရှင်းသင့်သည်၊ ပြီးလျှင် မည်သည့်သရုပ်သကန်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် အမျိုးအစားထဲသို့ ကျရောက်ပြီး လူတို့သည် ဤစိတ်သဘောထားများ၏ အနှစ်သာရကို မည်သို့နားလည်လာသင့်ကာ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဖြေရှင်းကာ ဖယ်ရှားသင့်သည်တို့ ပါဝင်သည်။ ဤအရာအားလုံးတွင် တိကျသော သရုပ်သကန်များ ရှိကြပြီး ပါဝင်သော လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော လမ်းကြောင်းများလည်း ရှိသည်မှာ ပြောစရာမလိုချေ။ လူတို့၏ မတူညီသော သရုပ်သကန်များနှင့်အညီ ၎င်းတို့အနေဖြင့် ဤပြဿနာများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို နားလည်နိုင်ရန်နှင့် အမျိုးမျိုးသော ပြဿနာများအတွက် ပိုမိုခိုင်မာသော သဘောထားများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ ရရှိနိုင်ရန်အတွက် ငါတို့သည် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများအပေါ် မိတ်သဟာယဖွဲ့ကြမည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။)
၄။ ပင်ကိုအခြေအနေများ ဟူသည်မှာ
ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ပြဿနာသုံးခုနှင့်ပတ်သက်၍ ငါတို့သည် ယခင်က နှစ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ လူတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများသည် ဤပြဿနာသုံးခုထဲမှ မည်သည့်အရာနှင့် သက်ဆိုင်သည်ကို ငါတို့သည် ပစ်မှတ်ထား၍ အတိအကျ မရှင်းပြခဲ့သော်လည်း ပြဿနာတစ်ခုစီကို မိတ်သဟာယဖွဲ့သည့်အခါ ဥပမာအချို့ကို ပေးခဲ့သည်။ ယခင်မိတ်သဟာယဖွဲ့ခြင်းများတွင် ဤပြဿနာသုံးခုကို ထိမိသည့်အခါ ဤပြဿနာများ၏ အနှစ်သာရ သို့မဟုတ် ပါဝင်သော လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းများနှင့် စည်းမျဉ်းများကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ယခု ခုနက ငါဖော်ပြခဲ့သော ပြဿနာသုံးခုနှင့်ပတ်သက်၍ ပင်ကိုအခြေအနေများက မည်သည့်အရာကို ရည်ညွှန်းသည်ကို လူတိုင်းအား ဦးစွာ ဆွေးနွေးစေလိုသည်။ သင်တို့အားလုံးသည် ဦးစွာ အခြေခံသဘောတရားတစ်ခုကို ရရှိရန် ဤအကြောင်းကို အကြမ်းဖျင်း မိတ်သဟာယဖွဲ့နိုင်သည်။ (ဘုရားသခင်၊ ပင်ကိုအခြေအနေများဆိုသည်မှာ လူတစ်ဦး၏ အစွမ်းအစ၊ စွမ်းရည်များ၊ ပင်ကိုစရိုက်နှင့် ပင်ကိုသဘာဝတို့ကို ရည်ညွှန်းပါသလော။) ဤအကြောင်းအရာကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သဖြင့် သင်တို့အားလုံး ယင်းနှင့် ရင်းနှီးသင့်သည်။ နောက်ထပ် ရှိသေးသလော။ အားသာချက်များနှင့် အသွင်အပြင်ကို ပင်ကိုအခြေအနေများအဖြစ် မှတ်ယူပါသလော။ (မှတ်ယူပါသည်။) လူတစ်ဦး၏ မျိုးရိုးနောက်ခံနှင့်ပတ်သက်၍ရော မည်သို့နည်း။ (ယင်းလည်း ပါဝင်ပါသည်။) ပြီးလျှင် လူနေမှုဘဝ လုပ်ရိုးလုပ်စဉ်များနှင့် အလေ့အထများ၊ ဟုတ်သည် မဟုတ်လော။ အခြားအရာ ရှိသေးသလော။ (စိတ်ဝင်စားမှုများနှင့် ဝါသနာများလည်း ပါဝင်ပါသည်။) စိတ်ဝင်စားမှုများနှင့် ဝါသနာတို့အပြင် အားသာချက်များကြားတွင် အနည်းငယ် ခြားနားမှုရှိသည်။ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ထည့်သွင်းခြင်းက ပို၍ တိကျစေသည်။ ၎င်းတို့ကို အစဉ်လိုက် စာရင်းပြုစုကြစို့။ ပထမမှာ မျိုးရိုးနောက်ခံ ဖြစ်သည်။ ဒုတိယမှာ အသွင်အပြင် ဖြစ်သည်။ တတိယမှာ ပင်ကိုစရိုက် ဖြစ်သည်။ စတုတ္ထမှာ ပင်ကိုသဘာဝ ဖြစ်သည်။ ပဉ္စမမှာ အစွမ်းအစ ဖြစ်သည်။ ဆဋ္ဌမမှာ အားသာချက်များ ဖြစ်သည်။ သတ္တမမှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများ ဖြစ်သည်။ အဋ္ဌမမှာ စွမ်းရည်များ ဖြစ်သည်။ ပြီးလျှင် လူနေမှုဘဝ အလေ့အထများနှင့် လူနေမှုဘဝ လုပ်ရိုးလုပ်စဉ်များ ဖြစ်သည်။ ဤနောက်ဆုံးနှစ်ခုသည် ဆင်တူသော်လည်း တိကျသော ခြားနားချက်အချို့ ရှိသည်။ ဤအရာများသည် စုစုပေါင်း ဆယ်ခုအထိ ရှိသည်။ ရှေ့ဆက်ပြီး ၎င်းတို့ကို ဖတ်ပြလော့။ (တစ်- မျိုးရိုးနောက်ခံ။ နှစ်- အသွင်အပြင်။ သုံး- ပင်ကိုစရိုက်။ လေး- ပင်ကိုသဘာဝ။ ငါး- အစွမ်းအစ။ ခြောက်- အားသာချက်များ။ ခုနစ်- စိတ်ဝင်စားမှုများနှင့် ဝါသနာများ။ ရှစ်- စွမ်းရည်များ။ ကိုး- လူနေမှုဘဝ အလေ့အထများ။ ဆယ်- လူနေမှုဘဝ လုပ်ရိုးလုပ်စဉ်များ ဖြစ်ပါသည်။) ဤသည်တို့အားလုံးသည် လူတို့၏ ပင်ကိုအခြေအနေများ ဖြစ်ကြသည်။ ငါတို့သည် ပင်ကိုအခြေအနေများအကြောင်းကိုလည်း အတိအကျ မိတ်သဟာယဖွဲ့သင့်သည် မဟုတ်လော။ မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ မှန်ကန်သော ခွဲခြားမှုများကို သင်တို့ဘာသာ ပြုလုပ်နိုင်ကြမည်လော။ (မပြုလုပ်နိုင်ပါ။) မည်သည့်အခြေအနေများတွင် သင်တို့သည် ခွဲခြားမှုများကို မပြုလုပ်နိုင်ကြသနည်း။ (တစ်ခါတစ်ရံ လူတစ်ဦး၌ အချို့သော သရုပ်သကန်များကို ကျွန်ုပ်တို့မြင်သည့်အခါ ၎င်းတို့သည် ထိုသူ၏ ပင်ကိုစရိုက် သို့မဟုတ် ပင်ကိုသဘာဝကို ထင်ဟပ်စေခြင်းလော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများလောဟု ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါ။) (လူနေမှုဘဝ အလေ့အထများနှင့် လူနေမှုဘဝ လုပ်ရိုးလုပ်စဉ်များလည်း ပါဝင်ပါသည်၊ ယခင်က ဤအရာများသည် ရရှိလာသော လူနေမှုအခြေအနေများနှင့် နောက်ခံကို အခြေခံ၍ ဖြစ်ပေါ်လာသည်ဟု ကျွန်တော်ထင်ခဲ့သည်၊ ယင်းတို့သည် ပင်ကိုအခြေအနေများ ဖြစ်နိုင်သည်ကို ကျွန်တော် မသိခဲ့ပါ။) သင်မြင်သလော၊ အဓိကအကြောင်းအရာတစ်ခုအတွင်း အသေးစိတ်ကျပြီး တိကျသော အကြောင်းအရာအချို့ကို ငါတို့ ခွဲခြမ်းလိုက်သည့်အခါ အပေါ်ယံအားဖြင့် သင်သည် ဤတိကျသောအရာများကို သိပုံရသော်လည်း လက်တွေ့အသက်တာတွင် သင်သည် ယင်းတို့ကို အနည်းငယ် ရောထွေးသွားသည်၊ ယင်းတို့ကို မည်သို့ခွဲခြားရမည်ကို သင် သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိသေးပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် ဤပြဿနာနှင့်ပတ်သက်၍ တိကျသော မိတ်သဟာယဖွဲ့ခြင်းအချို့ကို ပြုလုပ်ရန် လိုအပ်နေသေးသည်။
၅။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြား ကွာခြားချက်နှင့် ဆက်နွှယ်မှု
ငါတို့ ခုနက ဖော်ပြခဲ့သော ကဏ္ဍသုံးခုဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတို့နှင့်ပတ်သက်၍ ပင်ကိုအခြေအနေများအတွက် တိကျသော အကြောင်းအရာအချို့ကို စာရင်းပြုစုပြီး ယင်းတို့ကို တစ်ခုချင်း အသေးစိတ် မိတ်သဟာယဖွဲ့ကြစို့။ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်မူ ယင်းတို့ကို ငါတို့ စာရင်းပြုစုမည်မဟုတ်။ ပင်ကိုအခြေအနေများ၏ တိကျသော အကြောင်းအရာများနှင့် သရုပ်သကန်များကို မိတ်သဟာယဖွဲ့နေစဉ်တွင် လူ့သဘာဝ၏ သရုပ်သကန်အချို့နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများကိုလည်း ငါတို့ ဆွေးနွေးသွားမည် ဖြစ်သည်။ ဤအရာများကို ငါတို့ မိတ်သဟာယဖွဲ့သည့်အခါ ယင်းတို့သည် ပြောင်းလဲရန် မလိုအပ်သည့် ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ခြင်းဟုတ်မဟုတ်ကိုဖြစ်စေ၊ သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ဖြေရှင်းရန် လိုအပ်သည့် လူတို့၏ ကိုယ်ကျင့်စရိုက် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော ပြဿနာများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုဖြစ်စေ သင်တို့ ပိုင်းခြားပြီး ခွဲခြားနိုင်သည်။ တိကျသော ဥပမာများနှင့် ပြဿနာများကို အသုံးပြု၍ တိကျသော မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်ခြင်းအားဖြင့် ခွဲခြားမှုများသည် ပို၍ ရှင်းလင်းလာမည် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
ဥပမာ ၁- ဆင်းဆင်းရဲရဲ ကြီးပြင်းလာခြင်းနှင့် ချမ်းချမ်းသာသာ ကြီးပြင်းလာခြင်း
အချို့လူများသည် ဆင်းရဲသော မိသားစုများမှ လာကြပြီး စီးပွားရေးအရ အဆင်မပြေကြပေ။ ၎င်းတို့သည် ငွေကြေးကျပ်တည်းသော အခြေအနေများတွင် နေထိုင်ကြသည်၊ ၎င်းတို့သည် အစဉ်သဖြင့် ငွေရေးကြေးရေးခက်ခဲပြီး အသုံးစရိတ်တိုင်းကို တွက်ချက်ကာ စီစဉ်ရသည်။ ငွေသုံးခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ လုပ်နည်းကိုင်နည်းမှာ ငွေတစ်ပြားကို တတ်နိုင်သမျှ အသုံးခံအောင် သုံးစွဲရန် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော မိသားစုများနှင့် ထိုသို့သော အခြေအနေများအောက်တွင် မွေးဖွားလာခဲ့ကြသည်။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော ကဏ္ဍသုံးခုထဲမှ မည်သည့်အရာတွင် ပါဝင်သနည်း။ ယင်းသည် ပင်ကိုအခြေအနေလော၊ လူ့သဘာဝလော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားလော။ ဤသည်မှာ ၎င်းတို့၏ မျိုးရိုးနောက်ခံ၏ ကဏ္ဍတစ်ခုဖြစ်ပြီး ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမျိုးရိုးနောက်ခံသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (လူ့ရှုထောင့်မှကြည့်လျှင် ဆိုးပါသည်။) ၎င်းတို့သည် ရပ်တည်ရန် ရုန်းကန်ရသည်၊ ၎င်းတို့၏ မိသားစုများသည် ဆင်းရဲမွဲတေသည်၊ ၎င်းတို့၏ စီးပွားရေးအခြေအနေများသည် မကြွယ်ဝ သို့မဟုတ် မချောင်လည်ပေ၊ ဤသည်တို့မှာ ၎င်းတို့၏ မျိုးရိုးနောက်ခံနှင့် သက်ဆိုင်သော ပြဿနာများ ဖြစ်ကြသည်။ ဤလူအမျိုးအစားသည် ဆင်းရဲသော မိသားစုတွင် မွေးဖွားခဲ့ကာ ငါးဥဆားနယ်ကို မည်သည့်အခါမျှ မစားသုံးဖူးဘဲ၊ နာမည်ကြီးတံဆိပ် အဝတ်အစားများကို မည်သည့်အခါမျှ မဝတ်ဆင်ဖူးဘဲ၊ အမျိုးမျိုးသော ဇိမ်ခံပစ္စည်းများကို မည်သည့်အခါမျှ မခံစားဖူးဘဲ၊ ဈေးကြီးသည့် မည်သည့်အရာနှင့်မျှဖြစ်စေ၊ ကြွယ်ဝသောပုဂ္ဂိုလ် တစ်ဦးတလေနှင့်မျှဖြစ်စေ၊ ကျော်ကြားသူ တစ်ဦးတလေနှင့်မျှဖြစ်စေ မထိတွေ့ဖူးသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် မည်သည့်အခါမျှ အခွင့်အရေးမယူကြပေ။ တစ်စုံတစ်ဦး ကောင်းမွန်သောအရာများကို ခံစားနေသည်ကို ၎င်းတို့မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ဦး ကြွယ်ဝချမ်းသာသည်ကို ၎င်းတို့မြင်သည့်အခါ အားကျစိတ်ကို ခံစားရသော်လည်း အခြားသူများ၏ ပိုင်ဆိုင်မှုများကို ခိုးယူရန် သို့မဟုတ် သိမ်းပိုက်ရန် မည်သည့်အခါမျှ မစဉ်းစားကြပေ။ ဤလူအမျိုးအစား၏ ထုတ်ဖော်ခြင်းသည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ကိုယ်ကျင့်စရိုက်နှင့် လူ့သဘာဝ ဖြစ်ပါသည်။) ယင်းသည် ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သည်။ ဤကဏ္ဍတွင် ၎င်းတို့၏ လူ့သဘာဝ၏ သရုပ်သကန်သည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (၎င်းတို့၏ လူ့သဘာဝသည် ကောင်းပြီး ဖြောင့်မတ်ပါသည်။) ဤသည်ကို ဖြောင့်မတ်သည်ဟု မှတ်ယူ၍မရသေးပေ၊ ယင်းမှာ ၎င်းတို့သည် သေးငယ်သော အကျိုးအမြတ်များကို အခွင့်အရေး မယူသကဲ့သို့ သူဌေးများကို မျက်နှာချိုမသွေးဟုသာ ဆိုလိုသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို မှန်ကန်စွာ ဆက်ဆံနိုင်ကြသည်။ ဤလူအမျိုးအစား၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်ပါသည်။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော ပြောဆိုချက်ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်သည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်အရ ၎င်းတို့တွင် အတော်အတန် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ရှိကြသည်။ ၎င်းတို့၏ မျိုးရိုးနောက်ခံသည် ဆင်းရဲပြီး မမြင့်မြတ်သော်လည်း ၎င်းတို့သည် ဆင်းရဲသားကို မထီမဲ့မြင်မပြုသကဲ့သို့ သူဌေးကို မျက်နှာသာမပေးသည့်အပြင် အခြားသူများကို အခွင့်အရေးမယူကြပေ။ အခြားလူအမျိုးအစားတစ်ခု ရှိသေးသည်။ ၎င်းတို့သည် ကြွယ်ဝသော မိသားစုတွင် မွေးဖွားခဲ့သည်၊ သို့မဟုတ် ဘာသာတရားမရှိသူများ ပြောသည့်အတိုင်း “ရွှေဇွန်းကိုက်ပြီး မွေးလာသည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အစားအသောက် သို့မဟုတ် အဝတ်အစားအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်စရာ မလိုခဲ့ဘဲ အရာရာသည် ၎င်းတို့အတွက် အဆင်သင့် ရှိနေသည်၊ ၎င်းတို့ စားလိုသည့် မည်သည့်အစားအစာမဆို လက်တစ်ကမ်းတွင် ရှိသည်။ ၎င်းတို့၏ မိသားစုအခြေအနေများသည် အထူးကောင်းမွန်ပြီး ၎င်းတို့၏ မိဘများသည် ၎င်းတို့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်။ ဤသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာလည်း ၎င်းတို့၏ မျိုးရိုးနောက်ခံနှင့် သက်ဆိုင်ပါသည်။) လူတစ်ဦး၏ မျိုးရိုးနောက်ခံသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ ဤလူအမျိုးအစားသည် အထူးကောင်းမွန်သော မျိုးရိုးနောက်ခံ၊ ကောင်းမွန်သော စီးပွားရေးအခြေအနေများ ရှိပြီး အစားအသောက်၊ အဝတ်အစားအတွက် စိုးရိမ်ပူပန်စရာမရှိသကဲ့သို့ ကောင်းမွန်သောအရာများကို မြင်ဖူးပြီး မျက်စိပွင့်နားပွင့် ဖြစ်သော်ငြားလည်း အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ မိမိတို့ထက် ပိုသာပြီး ပိုစွမ်းဆောင်နိုင်သော တစ်စုံတစ်ဦးကို သို့မဟုတ် နယ်ပယ်တစ်ခုခုတွင် ထူးထူးခြားခြား ထူးချွန်သောသူကို သို့မဟုတ် လူတို့ကြားတွင် ဩဇာအရှိန်အဝါရှိသောသူကို ၎င်းတို့မြင်ပါက မနာလိုဝန်တိုစိတ် ခံစားရပြီး ထိုလူတို့ကို သိမ်ငယ်အောင်လုပ်ရန် နည်းလမ်းများအတွက် ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ဤသရုပ်သကန်များသည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ကျွန်တော်ထင်သည်မှာ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့သဘာဝ နှစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။) မှန်ပေသည်။ ဤသရုပ်သကန်များသည် ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နှစ်ခုလုံးနှင့် သက်ဆိုင်သည်။ ဤလူအမျိုးအစားသည် မိမိတို့ထက် ပိုသာသောသူကို မြင်သည့်အခါ မနာလိုဝန်တိုစိတ်၊ မုန်းတီးစိတ် ခံစားရပြီး ထိုသူတို့ကို ဖိနှိပ်ရန်၊ ညှဉ်းပန်းရန်နှင့် ဖယ်ကြဉ်ရန် အလိုရှိသည်၊ ၎င်းတို့သည် ထိုသူတို့ကို ကျော်လွန်လိုကြသည်။ ၎င်းတို့တွင် ဤအတွေးများသာရှိပြီး ယင်းတို့အတိုင်း မလုပ်ဆောင်ပါက ၎င်းတို့သည် လူ့သဘာဝ မကောင်းသောသူ ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သလော။ (ဆိုးယုတ်ပါသည်။) ဤဆိုးယုတ်သော လူ့သဘာဝကို အခြေခံ၍ မိမိတို့ထက် ပိုသာသောသူကို မြင်သည့်အခါ အာခံစိတ်ကို ခံစားရလျှင်၊ ထိုသူ၏ နောက်ကွယ်၌ ဝေဖန်သုံးသပ်လျှင်၊ ၎င်းကို ဖိနှိပ်ရန် မသမာသော နည်းလမ်းများတွင်ပင် ပါဝင်ဆောင်ရွက်လျှင် ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တိကျသော သရုပ်သကန်များ ဖြစ်ကြသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ဤသရုပ်သကန်များသည် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နှစ်ခုလုံးနှင့် သက်ဆိုင်သည်။ ဤလူစားမျိုး၏ မိသားစုအခြေအနေများသည် ကောင်းမွန်ပြီး ၎င်းသည် ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ရကာ သင်က ၎င်းကို ထိုးထွင်းအမြင်ရှိပြီး အခြားသူများအပေါ် သည်းခံလိမ့်မည်ဟု မျှော်လင့်နိုင်သော်ငြားလည်း လူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းသည် အစဉ်သဖြင့် အခွင့်ကောင်းယူလိုပြီး အစဉ်သဖြင့် အလွန်အကျွံ တွက်ချက်တတ်သည်။ ၎င်းသည် အခြားသူများနှင့်အတူ တစ်နေရာရာသို့ အပြင်ထွက်သည့်အခါ မည်သူက ငွေပိုသုံးသည်၊ မည်သူက ခရီးစရိတ်ပေးသည်ကို ကပ်သပ်နေပြီး တစ်ပြားတစ်ချပ်ပို၍ပင် သုံးစွဲရန် မလိုလားပေ။ အခြားသူများနှင့် အလုပ်လုပ်သည့်အခါ မည်သူက ပိုလုပ်သည်၊ မည်သူက နည်းနည်းလုပ်သည်ကို အစဉ်သဖြင့် တွက်ချက်ပြီး ခိုကပ်ရန် နည်းလမ်းများကို အစဉ်သဖြင့် စဉ်းစားနေသည်။ ဤသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပါသည်။) လူ့သဘာဝ၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်းတို့နှင့် သက်ဆိုင်ပါသည်။) တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်း၊ အခြားသူများအပေါ် အခွင့်အရေးယူတတ်ခြင်း၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ခြင်း၊ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်။ လူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် တွက်ချက်တတ်ပြီး အခြားသူများကို အခွင့်ကောင်းယူတတ်သည်၊ ရရှိမည့် အကျိုးအမြတ်သည် တစ်ပြားတစ်ချပ်မျှသာ ဖြစ်လျှင်ပင် အခွင့်အရေးရရန် အခွင့်အလမ်းတိုင်းကို ရှာဖွေကြသည်။ ယင်းသည် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိက ရင်းမြစ်မှဖြစ်စေ၊ လူငယ် သို့မဟုတ် လူကြီးများထံမှဖြစ်စေ မသက်ဆိုင်ဘဲ လူတိုင်းကို အခွင့်အရေးယူကြသည်။ မည်သူဖြစ်သည်ဖြစ်စေ ၎င်းတို့သည် လက်မနှေးကြဘဲ အခွင့်အရေး ပေါ်လာသည့်အခါတိုင်း အခွင့်အရေးယူကြသည်။ ၎င်းတို့သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အထူးသဖြင့် အတင်းတောင်းဆိုပြီး တွက်ချက်တတ်ကြသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်တစ်ကြိမ်က သင်သည် ၎င်းတို့ကို အကူအညီတစ်ခု တောင်းခဲ့ပြီး ယခု သင်က ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ၎င်းတို့ ခံစားရသည်။ သင်က ထိုကျေးဇူးကို ပြန်ဆပ်လာအောင် ၎င်းတို့က နည်းမျိုးစုံဖြင့် ကြိုးစားလိမ့်မည်ဖြစ်ပြီး ယင်းသည် ၎င်းတို့ သင့်အတွက် လုပ်ပေးခဲ့သော ကျေးဇူးထက်ပင် ပိုကြီးမားသော ကျေးဇူးတစ်ခု ဖြစ်ရမည်၊ သို့မှသာလျှင် အပေးအယူမျှသည်ဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ အလွန်အကျွံ တွက်ချက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်အကျွံ တွက်ချက်ခြင်း၊ အခြားသူများအပေါ် အလွန်အမင်း တောင်းဆိုခြင်းနှင့် အလွန်ပရိယာယ်များခြင်း ဖြစ်သည်။ ၎င်းတို့သည် အစားအသောက်နှင့် အဝတ်အစားပိုင်းတွင် မည်သည့်အရာမျှ မချို့တဲ့သကဲ့သို့ အခြားသူများနှင့် နှိုင်းယှဉ်လျှင် ကဏ္ဍအားလုံးတွင် ပိုကောင်းသောဘဝကို ခံစားရသော်ငြားလည်း တစ်စုံတစ်ဦးထံတွင် မိမိတို့ မမြင်ဖူးသော အရာတစ်ခုကို မြင်သည့်အခါတိုင်း ယင်းကို ခဏအသုံးပြုပြီး စမ်းကြည့်လိုကြသည်။ အခြားသူများ ပိုင်ဆိုင်သမျှကို ပိုင်ဆိုင်ရန် လိုအပ်သည်ဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့ မပိုင်ဆိုင်ပါက စိတ်နှလုံးထဲတွင် မသက်မသာဖြစ်ပြီး စိတ်မတည်မငြိမ်ဖြစ်သည်ဟု ခံစားရကာ အစားအသောက်ပျက်ပြီး အိပ်မပျော်သည့်အထိ ဖြစ်သည်၊ မိမိတို့ကိုယ်တိုင် ပိုင်ဆိုင်မှသာလျှင် ကျေနပ်သည်ဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ (ဤသည်မှာ လူ့သဘာဝ၏ ပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။) ဤတိကျသော သရုပ်သကန်များသည် ၎င်းတို့၏ လူ့သဘာဝ၏ ပြဿနာများဖြစ်ပြီး ၎င်းတို့၏ ပင်ကိုအခြေအနေများ မဟုတ်ပေ။ ပင်ကိုအခြေအနေများသည် ၎င်းတို့၏ မျိုးရိုးနောက်ခံနှင့် ၎င်းတို့ ပျော်မွေ့ခံစားနိုင်သော မိသားစုအခြေအနေများကိုသာ ရည်ညွှန်းသည်၊ သို့သော် ၎င်းတို့၏ ပြုမူကျင့်ကြံပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းများမှာမူ ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သည်။ ၎င်းတို့၏ ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များဖြစ်သည့် ၎င်းတို့၏ သဘောထားများ၊ နည်းလမ်းများနှင့် ပြုမူကျင့်ကြံပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံအတွက် စေ့ဆော်မှုများသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၏ ပြဿနာနှင့် သက်ဆိုင်သည်၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အဆင့်သို့ မရောက်သေးပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည်၊ တောင်းဆိုလွန်းသည်၊ အလွန်အကျွံ တွက်ချက်တတ်သည်၊ ပရိယာယ်များပြီး အခြားသူများကို အခွင့်အရေးယူတတ်သည်၊ ဤသည်တို့မှာ ကောင်းသောလူ့သဘာဝ၏ သရုပ်သကန်များလော သို့မဟုတ် ဆိုးသော လူ့သဘာဝ၏ သရုပ်သကန်များလော။ (ဤသည်တို့မှာ ဆိုးသောလူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ပါသည်။) ဤအရာအားလုံးသည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်နှင့် ဆိုးသောလူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဆိုးသောလူ့သဘာဝ၏ ဤသရုပ်သကန်များကို အခြားသူများ မြင်နိုင်ပြီး သတိထားမိနိုင်သလော။ (မြင်နိုင်ပြီး သတိထားမိနိုင်ပါသည်။)
ဥပမာ ၂- ကြည့်ကောင်းခြင်းနှင့် မြင့်မားသော ပညာရေး အရည်အချင်းများ
အချို့လူများသည် ရုပ်ရည်ပြေပြစ်ပြီး လှုပ်ရှားသက်ဝင်ကာ ခံစားချက်ကိုဖော်ပြနိုင်ပုံရသော ကြီးမားတောက်ပ၍ ဉာဏ်ကောင်းသည့် မျက်လုံးများဖြင့် မွေးဖွားလာကြသည်။ ငယ်စဉ်ကတည်းက ၎င်းတို့သည် အတော်လေး ချစ်ခင်နှစ်လိုဖွယ် ကောင်းကြသည်။ ဤသည်မှာ မည်သည့်ကဏ္ဍအောက်သို့ ကျရောက်သနည်း။ (ဤသည်မှာ ၎င်းတို့၏ အသွင်အပြင်နှင့် သက်ဆိုင်ပါသည်။) အသွင်အပြင်သည် ပင်ကိုအခြေအနေများနှင့် သက်ဆိုင်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မျက်လုံးကြီးကြီးနှင့် ရုပ်ရည်ပြေပြစ်ခြင်း၊ ရုပ်ရည်ကောင်းခြင်း၏ အားသာချက်ကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ခြင်းဟူသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကဏ္ဍတစ်ခုလော။ (မဟုတ်ပါ။) ယင်းသည် လူ့သဘာဝ၏ ပြဿနာများနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ယင်းသည် လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မသက်ဆိုင်ချေ၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ပြောင်းလဲရန် မလိုအပ်ပေ။ ပင်ကိုအခြေအနေများသည် မွေးရာပါဖြစ်သည်၊ ၎င်းတို့သည် ဤအသွင်အပြင်ဖြင့် မွေးဖွားလာခဲ့ပြီး လူကဖန်တီးသော တုပပြုပြင်မှုမျှဖြစ်စေ၊ ပြောင်းလဲမှုကိုမျှဖြစ်စေ မခံယူခဲ့ကြပေ။ ဤသည်မှာ ၎င်းတို့၏ ပကတိအခြေအနေပင် ဖြစ်၏။ ၎င်းတို့သည် သဘာဝအတိုင်း ရုပ်ရည်ကောင်းမွန်သော်လည်း နေ့စဉ်အသက်တာတွင် ရှုပ်ထွေးသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အစဉ်သဖြင့် နားဝေတိမ်တောင်ဖြစ်နေပြီး ယင်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှုလည်း ကင်းမဲ့ကြသည်။ မည်သူနှင့် ပေါင်းသင်းနိုင်ပြီး မည်သူကို ရှောင်ကြဉ်သင့်သည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မသိကြပေ။ မည်သူက ဆိုးယုတ်ပြီး မည်သည့်ပေါင်းသင်းဆက်ဆံမှုများက ဒုက္ခဖြစ်စေနိုင်သည်ကို ၎င်းတို့ မသိကြပေ။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် ဤအရာများကို ၎င်းတို့ မသိကြသကဲ့သို့ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်တွင် အသက်တာအတွေ့အကြုံအချို့ ရှိနေသော်လည်း ၎င်းတို့ မသိကြသေးပေ။ ၎င်းတို့တွင် ကြီးမားပြီး ခံစားချက်ကိုဖော်ပြနိုင်သော မျက်လုံးများ ရှိသော်လည်း ၎င်းတို့၏ စိတ်သည် အတော်လေး နားဝေတိမ်တောင် ဖြစ်နေသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ဤသည်မှာ ၎င်းတို့၏ ပင်ကိုအစွမ်းအစနှင့်ဆိုင်သော ပြဿနာတစ်ခုလော။) ၎င်းတို့၏ ပင်ကိုအစွမ်းအစသည် သိပ်မကောင်းပေ။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်အခါ စည်းမျဉ်းများကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ကြသကဲ့သို့ လူအမျိုးမျိုးကိုလည်း ထိုးထွင်းမြင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် မကြာခဏ လိမ်လည်လှည့်ဖြားခံရပြီး အခြားသူများ၏ ကစားစရာကဲ့သို့ သဘောထားခြင်းကို ခံကြရသည်။ ဤလူအမျိုးအစား၏ အစွမ်းအစသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစသည် အတော်အတန် ညံ့ဖျင်းပါသည်။) ၎င်းတို့၏ အစွမ်းအစသည် မကောင်းပေ။ ခံစားချက်ကိုဖော်ပြနိုင်သော မျက်လုံးများ ရှိခြင်းသည် ပညာရှိသောစိတ်ရှိသည်ဟု မလွဲမသွေ ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းတို့၏ ပင်ကိုအခြေအနေအရ ရုပ်ရည်ကောင်းမွန်သော်လည်း ၎င်းတို့၏ အစွမ်းအစသည် မကောင်းမွန်ပေ။ သို့သော် အချက်တစ်ချက်ရှိသည်။ ၎င်းတို့၏ ကျောင်းသားဘဝကာလများအတွင်း ကျောင်းစာအသိပညာများ ဆည်းပူးရာတွင် ထူးချွန်ခဲ့သည်၊ စာပေများကို လျင်မြန်စွာ အလွတ်ကျက်မှတ်နိုင်ခဲ့ပြီး သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ သို့မဟုတ် ဘာသာစကားအသစ်တစ်ခုကို သင်ယူသည့်အခါ ဘာသာရပ်ကို လျင်မြန်စွာ သဘောပေါက်ခဲ့သည်။ ၎င်းတို့သည် တက္ကသိုလ်သို့ ချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး မဟာဘွဲ့ကို ဆက်လက်သင်ယူကာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ဤသည်မှာ မည်သည့်အရာအောက်သို့ ကျရောက်သင့်သနည်း။ ယင်းသည် ၎င်းတို့၏ ကောင်းမွန်သော အစွမ်းအစအောက်သို့ ကျရောက်နိုင်သလော။ (မကျရောက်နိုင်ပါ။) သို့ဆိုလျှင် ယင်းသည် မည်သည့်အရာအောက်သို့ ကျရောက်သနည်း။ (ယင်းသည် ၎င်းတို့၏ ပင်ကိုအခြေအနေဖြစ်သည့် ၎င်းတို့၏ အားသာချက်များအောက်သို့ ကျရောက်ပါသည်။) ထိုအချက်သည် တိကျမှန်ကန်သည်။ ဤလူအမျိုးအစားသည် စာသင်ခြင်း၊ အသိပညာဆည်းပူးခြင်းနှင့် ပညာရပ်ဆိုင်ရာ ဘာသာရပ်များတွင် ထူးချွန်သည်။ ၎င်းတို့သည် ကျောင်းစာအသိပညာနှင့် သဘောတရားဆန်ပြီး စည်းမျဉ်းများကို အခြေခံသည့်အရာများဖြစ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ နည်းပညာ သို့မဟုတ် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအတွက် ဖော်မြူလာများအပြင် စည်းမျဉ်းများနှင့် သက်ဆိုင်သော ကဏ္ဍများကို လျင်မြန်စွာ သဘောပေါက်ပြီး ယင်းတို့ကို အလွန်ကောင်းမွန်စွာ မှတ်မိကြသည်။ ဤလူအမျိုးအစားသည် ဤအရာများကို သင်ယူရာတွင် ထူးချွန်ပြီး ၎င်းတို့အတွက် အထုံပါရမီရှိသည်။ ၎င်းတို့သည် ထိုအရာများကို တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်ပြီး အထူးသဖြင့် စာမေးပွဲများနှင့် မေးခွန်းများဖြေဆိုရာတွင် ထူးချွန်သည်၊ မေးခွန်းများ ဖြေဆိုခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် လွယ်ကူစွာ ဖြေဆိုကြသည်၊ ဤသည်မှာ ၎င်းတို့၏ အားသာချက်များကို အကောင်းဆုံး အသုံးချနိုင်သည့်နေရာ ဖြစ်သည်။ ဤလူစားမျိုးသည် ကျယ်ပြန့်လှသော အသိပညာနှင့်ပတ်သက်သော် အေးဆေးသက်သာ ရှိသည်ဟု သင်ပြောနိုင်ပေသည်။ ဤသရုပ်သကန်များသည် ၎င်းတို့၏ အစွမ်းအစကို ကိုယ်စားပြုသလော။ (မပြုပါ။) ယင်းတို့က ၎င်းတို့တွင် တိကျသော အားသာချက်တစ်ခုရှိသည်ကိုသာ ကိုယ်စားပြုသည်။ ဤလူစားမျိုးသည် အသိပညာနယ်ပယ်တွင် အထူးကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသပြီး ဤနယ်ပယ်တွင် ၎င်းတို့၏ အားသာချက်သည် ထင်ရှားပေါ်လွင်ကြောင်း လူတို့ကို မြင်စေသည်။ ဤအားသာချက်ကို ၎င်းတို့ ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကို ရရှိခြင်းနှင့် အဆင့်မြင့်ပညာရေးကို ရရှိခြင်းဟူသည့် အချို့သော အောင်မြင်မှုများကို စွမ်းဆောင်ရရှိခဲ့သောကြောင့်လည်းကောင်း အခြားလူများအကြားတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အသိပညာကြွယ်ဝသော ပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် အဆင့်မြင့်ပညာတတ်များအဖြစ် ရှုမြင်ကြသည်။ ၎င်းက စာအုပ်များ ပိုဖတ်လေလေ၊ မိမိသည် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး၊ သာလွန်သောသူတစ်ဦးဖြစ်ပြီး အခြားလူတိုင်းသည် သာမန်ဖြစ်ကာ အသိပညာမရှိဘဲ ၎င်း၏စိတ်ကို နားမလည်နိုင် သို့မဟုတ် ထွင်းဖောက်မမြင်နိုင်ဘဲ ၎င်းနှင့် တစ်တန်းတည်း မဟုတ်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အခြားသူများထက် သာလွန်သည်ဟု မကြာခဏ ခံစားရပြီး မိမိတို့ကိုယ်ကို ထူးကဲသာလွန်ပြီး ထူးခြားသည်ဟု မှတ်ယူကြသည်။ ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်ကဏ္ဍ ဖြစ်သနည်း။ (မာနထောင်လွှားမှု ဖြစ်ပါသည်။) ၎င်းတို့၏ မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ၎င်းတို့ကို အဆင့်မြင့်ပညာရေးကို ရရှိပြီးနောက် လူထုနှင့် ဘဝအလွှာပေါင်းစုံမှ လူများကို ပို၍ပင် အထင်သေးစေသည်။ ၎င်းတို့၏ အဆင့်မြင့်ဘွဲ့နှင့် ဒီပလိုမာကြောင့် ဘုရားသခင်ကို ယုံကြည်ပြီးနောက် အသင်းတော်တွင် အဆုံးအဖြတ်စကားကို အစဉ်သဖြင့် ပြောလိုပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် ကြိုးပမ်းကြသည်။ ရွေးကောက်ပွဲရှိတိုင်း ၎င်းတို့သည် ရွေးကောက်ခံရရန် မျှော်လင့်ကြသည်။ ၎င်းတို့ ရွေးကောက်မခံရပါက အပျက်သဘောဆောင်လာပြီး မိမိတို့ကိုယ်ကို လက်လျှော့လိုက်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သို့ပင်ပြောစေကာမူ ၎င်းတို့ နားမထောင်လိုဘဲ ယင်းကို အတိုက်အခံလုပ်လိုကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့အား ပေးအပ်သည်ဖြစ်စေ ဤတာဝန်ပေးအပ်မှုကို ၎င်းတို့ စက်ဆုပ်ရွံရှာပြီး နောက်ကွယ်တွင် ဝေဖန်ကဲ့ရဲ့ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသို့ တွေးထင်ကြသည်၊ “သင်သည် အသိပညာများစွာ မရှိပေ။ သင်၏ စကားများသည် ယုတ္တိမတန်ပေ။ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်သည့် သင့်ကို ငါ့စိတ်နှလုံးထဲတွင် အထင်သေးသည်။ ငါ သင့်ကို အလျှော့ပေးရန် ငြင်းဆန်သည်။ သင်သည် ငါ့ထက် ပိုသာသည်ဟု မထင်နှင့်။ မည်သူက မည်မျှစွမ်းသည်ဟူသည်ကို နှိုင်းယှဉ်ကြည့်ကြစို့၊ မည်သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ရွတ်ဆိုနိုင်သည်၊ မည်သူက ပိုကြီးမားသော နားလည်မှုကို မျှဝေနိုင်သည်ကို ကြည့်ကြစို့။ သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ငါ့လောက် မကောင်းပါက ငါ သင့်ကို အလျှော့ပေးရန် ငြင်းဆန်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း သင် ငါ့ကို တောင်းဆိုသမျှကို နားထောင်ရန်၊ အကောင်အထည်ဖော်ရန် သို့မဟုတ် နာခံရန် မလိုအပ်ပေ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တိကျသော ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝနှင့် သက်ဆိုင်သလော။ ဤလူစားမျိုးသည် ပင်ကိုအားသာချက်တစ်ခုရှိပြီး ဤအခြေခံအုတ်မြစ်ကို အခြေခံ၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကာ အသိပညာများစွာ ဆည်းပူးပြီး လူမှုအဆင့်အတန်းကို ရရှိသောကြောင့် အခြားသူများထက် သာလွန်သည်ဟု ခံစားရကာ တစ်မူထူးခြားသည်ဟု ခံစားရပြီး အခြားလူတိုင်းအပေါ် အထက်စီးမှ စကားပြောလိုကာ ဗိုလ်ကျစိုးမိုးလိုသည်၊ လူတို့ကြားတွင် ၎င်းတို့သည် အစဉ်သဖြင့် ခေါင်းဆောင်ဖြစ်လိုပြီး အခြားသူများက ၎င်းတို့ကို နားထောင်စေလိုသည်၊ ဤလူစားမျိုးသည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် ပြဿနာရှိသလော။ (ရှိပါသည်။) ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ၎င်းတို့၏ အားသာချက်က စာသင်ခြင်းမှတစ်ဆင့် အဆင့်မြင့်ပညာရေးကို ရရှိရန် အလွန်လွယ်ကူစေခဲ့သည်။ ဤအားသာချက်ကိုယ်တိုင်က ပြဿနာတစ်ခုလော။ အားသာချက်ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကဏ္ဍတစ်ခုလော။ ယင်းသည် ဆိုးသောလူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ (မဟုတ်ပါ။) သို့သော် ဤအားသာချက်ကို ၎င်းတို့ ပိုင်ဆိုင်သောကြောင့် အသိပညာများစွာ ဆည်းပူးခဲ့ပြီး အဆင့်မြင့်ပညာရေးကို ရရှိခဲ့ကာ အဆင့်အတန်းအပေါ် လူ့အဖွဲ့အစည်း၏ အကဲဖြတ်မှု၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့နှင့် ကိုက်ညီခဲ့သည်။ ဤသည်မှာ ၎င်းတို့ကို အသင်းတော်တွင် အဆုံးအဖြတ်စကား ပြောသင့်သည်၊ မည်သည့်လူအုပ်စုတွင်မဆို ထိပ်တန်းဖြစ်သင့်ပြီး အခြားလူတိုင်းအထက်တွင် ရှိသင့်သည်ဟု ယုံကြည်စေခဲ့သည်။ ထိုသို့သော လူ့သဘာဝတွင် ဆင်ခြင်တုံတရား တစ်ခုခု ရှိပါသလော။ ထိုသို့သော လူ့သဘာဝသည် ကောင်းပါသလော။ (၎င်းတို့၏ လူ့သဘာဝသည် မကောင်းပါ။) ၎င်းတို့၏ လူ့သဘာဝသည် မည်သည့်ပုံစံဖြင့် မကောင်းသနည်း။ (၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ် ကင်းမဲ့သည်၊ ၎င်းတို့သည် အခြားသူများအထက်တွင် အစဉ်သဖြင့် ရှိလိုပါသည်။) အခြားသူများအထက်တွင် အစဉ်သဖြင့် ရှိလိုခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားတစ်နည်းအားဖြင့် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ဤသည်မှာ အနည်းငယ် အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အိမ်တော်သည် လူ့အဖွဲ့အစည်း မဟုတ်ပေ။ ဘုရားသခင်၏ အိမ်တော်သည် ခေါင်းဆောင်များကို ရွေးကောက်သည့်အခါ ပညာရေးဆိုင်ရာ အရည်အချင်းများကို နှိုင်းယှဉ်သလော။ (မနှိုင်းယှဉ်ပါ။) ဘုရားသခင်၏အိမ်တော်သည် ခေါင်းဆောင်များ ရွေးကောက်ခြင်းကို မည်သည့်အရာပေါ်တွင် အခြေခံသနည်း။ ယင်းသည် သမ္မာတရား စည်းမျဉ်းများကို အခြေခံသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အိမ်တော်တွင် ခေါင်းဆောင်များ ရွေးကောက်ခြင်းသည် မည်သူက ပိုမြင့်သော ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိသည်ကို မဟုတ်ဘဲ သမ္မာတရား စည်းမျဉ်းများကို အခြေခံသည်။ ခေါင်းဆောင်များ ရွေးကောက်ခြင်းအတွက် စည်းမျဉ်းများကို ၎င်းတို့ သိပါသလော။ သိပါသည်၊ သို့သော် ၎င်းတို့သည် ဤစည်းမျဉ်းများကို ဗျူရိုကရေစီဆန်သော ပြောဆိုချက်များနှင့် သီအိုရီများအဖြစ်သာ သဘောထားပြီး နေ့စဉ်အသက်တာတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် အသုံးချရမည်ကို မသိကြပေ။ အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိသူများသာလျှင် အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို နားလည်နိုင်ကာ အခြားသူများကို ဦးဆောင်နိုင်သည်ဟူသော အတွေးအခေါ်ကို ၎င်းတို့သည် အဆက်မပြတ် ဖြန့်ဝေကြသည်။ ၎င်းတို့တွင် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ၊ အသိပညာအချို့နှင့် လူမှုအဆင့်အတန်း ရှိသောကြောင့် ဘုရားသခင်၏ အိမ်တော်သည် လူ့အဖွဲ့အစည်းနှင့် တစ်ပုံစံတည်း လည်ပတ်သည်ဟု တွေးထင်ကာ ၎င်းတို့၏ အသိပညာနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများကို ဘုရားသခင်၏အိမ်တော်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိရန် ကြိုးစားရာ၌ အရင်းအနှီးအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် ခေါင်းဆောင်များ ရွေးကောက်ခြင်းအတွက် စည်းမျဉ်းများကို မိမိတို့၏ လူများကို ရှုမြင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံ နည်းလမ်းများ၊ လူမှုရပ်တည်မှုနှင့် အဆင့်အတန်းအပေါ် ထားသည့် မိမိတို့၏ ချဉ်းကပ်ပုံများ၊ ရှုထောင့်များနှင့် ရှုမြင်ပုံများဖြင့် အစားထိုးလိုကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို ဖော်ပြရန် အခြားနည်းလမ်းတစ်ခုမှာ အဘယ်နည်း။ (အရှက်မရှိခြင်း ဖြစ်ပါသည်။) ရိုးရိုးရှင်းရှင်းပြောရလျှင် ယင်းမှာ အရှက်မရှိခြင်း ဖြစ်သည်၊ အခြားပြောနည်းတစ်ခုမှာ ဤလူအမျိုးအစားသည် အလွန်ညံ့ဖျင်းသော ဆင်ခြင်တုံတရား ရှိခြင်း ဖြစ်သည်။ သင်မြင်သည့်အတိုင်းပင် ၎င်းတို့သည် အဆင့်မြင့်ပညာရေးဟု ခေါ်သောအရာကို ရရှိခဲ့ပြီး စာအုပ်များစွာ ဖတ်ခဲ့သော်လည်း ထိုစာအုပ်များထဲမှ တစ်အုပ်မျှဖြစ်စေ၊ မည်သည့်ဆရာမျှဖြစ်စေ၊ မည်သည့်ပညာပေးသူကမျှဖြစ်စေ ဆင်ခြင်တုံတရားရှိရန် မည်သို့ပြုမူရမည်ကို ၎င်းတို့အား မည်သည့်အခါမျှ မသင်ပေးခဲ့ပေ။ စာအုပ်များမှ အရာများစွာကို သင်ယူပြီးနောက်တွင်ပင် ၎င်းတို့သည် အရင်းအနှီးရရှိခဲ့ပြီး သာမန်လူများထက် သာလွန်သည်ဟု ခံစားရသည်။ ၎င်းတို့၏ အားသာချက်သည် အပျက်သဘောဆောင်သော အရာမဟုတ်ဘဲ ပင်ကိုအခြေအနေတစ်ခု ဖြစ်သော်လည်း ဤအားသာချက်သည် အကျိုးဆက်တစ်ခုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်၊ ယင်းက ၎င်းတို့ကို မာနထောင်လွှားပြီး စိတ်ကြီးဝင်စေကာ ၎င်းတို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးစေပြီး မျက်နှာပြောင်တိုက်ကာ အရှက်ကင်းမဲ့လာစေသည်။ စာအုပ်များစွာ ဖတ်ပြီး အသိပညာများစွာ ဆည်းပူးခဲ့သော်လည်း အရှက်တရားဆိုသည်မှာ မည်သည့်အရာမှန်းပင်မသိကြပေ။ ထို့ကြောင့် ပညာရေးဆိုင်ရာ အရည်အချင်းအချို့ကို ရရှိပြီးနောက် ၎င်းတို့သည် ဤအရာကို နေရာတိုင်းတွင် ကြွားဝါရန် အရင်းအနှီးအဖြစ် အသုံးပြုပြီး ဘုရားသခင်၏ အိမ်တော်တွင် အဆင့်အတန်းရရှိရန်နှင့် အဆုံးအဖြတ်စကား ပြောရန် ယင်းကို အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဤသို့ တွေးထင်ကြသည်၊ “ငါသည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိပြီး အရာရာကို လျင်မြန်စွာ သင်ယူနိုင်သည်၊ ဆိုလိုသည်မှာ ငါသည် အစွမ်းအစကောင်း ရှိသည်။ ထို့ထက်မက ငါသည် အသိပညာကြွယ်ဝသည်၊ လောကအတွေ့အကြုံများစွာ ရှိပြီး လျင်မြန်စွာ တွေးခေါ်နိုင်သည်၊ ထို့ကြောင့် ငါသည် အခြားသူများကို ဦးဆောင်ရန် အရည်အချင်း ပြည့်မီသည်” ဟူ၍ဖြစ်သည်။ ဆိုလိုရင်းမှာ ၎င်းတို့၏ အသိပညာနှင့် အားသာချက်များသည် သမ္မာတရား ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရာအားလုံးသည် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဆင်ခြင်တုံတရား ကင်းမဲ့သော ဤကဲ့သို့သော လူတစ်ဦးသည် တည်ကြည်မှု ရှိသလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာ ရှိသလော။ (မရှိပါ။) တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ခြင်းဟူသည့် ဤအရာမှာ ကောင်းသောလူ့သဘာဝ၏ သရုပ်သကန် ဖြစ်သလော သို့မဟုတ် ယုတ်ညံ့သိမ်ဖျင်းသော လူ့သဘာဝ၏ သရုပ်သကန်ဖြစ်သလော။ (ယင်းသည် ယုတ်ညံ့သိမ်ဖျင်းသော လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော လူများတွင် လူ့သဘာဝကောင်း မရှိပေ။ ၎င်းတို့ အမြတ်နိုးဆုံးအရာများမှာ ၎င်းတို့၏ ပညာရေးဆိုင်ရာ အရည်အချင်းများ၊ လူမှုအဆင့်အတန်း၊ တစ်ကိုယ်ရေတန်ဖိုးနှင့် ရပ်တည်မှုတို့ ဖြစ်ကြသည်။ ဤအရာများကို ၎င်းတို့၏ အရင်းအနှီးအဖြစ်ထား၍ ၎င်းတို့သည် အလွန်အမင်း မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ မိမိတို့သာ ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ ဤသည်မှာ ယုတ်ညံ့သိမ်ဖျင်းသော လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤပြဿနာတွင် ကဏ္ဍနှစ်ခု ပါဝင်သည်။ တစ်ခုမှာ ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပြီး အခြားတစ်ခုမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ပြဿနာများအပေါ် ၎င်းတို့၏ ရှုထောင့်နှင့် ပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ သဘောထားနှင့် ရှုမြင်ပုံများသည် ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သည်။ ဤကဲ့သို့သော လူ့သဘာဝက ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဖော်ပြချက်များဖြစ်သည့် တိကျသော လုပ်ဆောင်ချက်များ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများကို ဖြစ်ပေါ်စေသည်။