သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄) အပိုင်း သုံး
ဥပမာ ၅- ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် တမင်သက်သက် ကြိုးပမ်းခြင်း
အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ရှိသူများ အနီးအနားတွင် ရှိသည့်အခါတိုင်း အစွမ်းကုန် ကိုယ်ရည်သွေးကြပြီး ပို၍ထူးခြားသောနည်းလမ်းဖြင့် ဝတ်စားဆင်ယင်ကာ ပို၍ စွဲမက်စရာကောင်းပုံပေါ်ဖို့ မိတ်ကပ်လိမ်းခြယ်ရန် ကြိုးစားကြသည်။ ဥပမာအားဖြင့် ၎င်းတို့ အထူးတလည် ရင်းနှီးသော ညီအစ်ကိုမောင်နှမများနှင့် အတူရှိသည့်အခါ ၎င်းတို့၏ အပြုအမူနှင့် အသွင်အပြင်သည် ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ၎င်းတို့နှင့် အသက်အရွယ်တန်းတူ ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦး ရောက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလွန်စိတ်လှုပ်ရှားလာကြပြီး ထူးခြားသော ဝတ်စားဆင်ယင်မှုနှင့် အသွင်အပြင်ကို ခံယူရန် မဖြစ်မနေ စိတ်ဆန္ဒ ပြင်းပြလာကြသည်။ အချို့အမျိုးသမီးများသည် ၎င်းတို့၏ နှုတ်ခမ်းများကို ပို၍ထင်ရှားပေါ်လွင်စေရန် ချက်ချင်း နှုတ်ခမ်းနီဆိုးကြသည်၊ မျက်ခုံးမွေးများကို ပြင်ဆင်ကြသည်၊ အချိန်ရပါက ပါးနီအချို့ကိုပင် ထပ်ခြယ်ကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် ဆံပင်ကို စည်းထားကြသော်လည်း ၎င်းတို့နှစ်သက်သော သို့မဟုတ် ဆွဲဆောင်မှုရှိသည်ဟု ၎င်းတို့မြင်သော ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးနှင့် ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဆံပင်ကို ပခုံးအထိ ချထားခြင်းဖြင့် မိမိတို့၏ ပုံရိပ်ကို မြှင့်တင်ကြသည်။ ထိုအချိန်တွင် အချို့အမျိုးသားများမှာမူ ၎င်းတို့၏ ဆံပင်ကို ပို၍တောက်ပြောင်စေသည်၊ ကိုရီးယား၊ ဟောင်ကောင် သို့မဟုတ် အနောက်တိုင်းဆံပင်ပုံစံဖြစ်အောင် ပြင်ဆင်သည်၊ ၎င်းတို့၏ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများကို ညှိသည်၊ မျက်မှန်တစ်လက် တပ်သည်၊ ပိုကောင်းသော အဝတ်အစားများသို့ ပြောင်းဝတ်ဆင်သည်၊ အခါအခွင့်သင့်ပါက ရေမွှေးအချို့ကိုပင် ဖျန်းကြသည်၊ ဤအားလုံးမှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်များနှင့် စကားပြောသည့်အခါ ၎င်းတို့သည် မိမိတို့၏ ယဉ်ကျေးရည်မွန်မှု၊ ကျက်သရေရှိမှု၊ ဉာဏ်ကောင်းမှုနှင့် ဟာသဉာဏ်ရှိမှုကို ပြသရန် ရည်ရွယ်လျက် ကိုယ်ရည်သွေးရန် စကားလုံးအကြီးကြီးအချို့ကို မကြာခဏ ကြားညှပ်ပြောဆိုကြသည်။ ဤလုပ်ဆောင်ချက်များ အားလုံး၏ နောက်ကွယ်ရှိ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အလွန်တရာ အကွက်ချစီစဉ်ထားခြင်းဖြစ်သည်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန်သက်သက်အတွက်သာ ယင်းကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ အချို့လူများသည် ၎င်းတို့နှစ်သက်သော ဆန့်ကျင်ဘက်လိင်တစ်ဦး သို့မဟုတ် အသက်အရွယ်တူ ဆန့်ကျင်ဘက်လိင်တစ်ဦး၏ အနီးအနားတွင် ရှိသည့်အခါ ပို၍ပင် တက်ကြွလာကြသည်၊ စကားပိုများလာကြသည်၊ မိမိတို့ကိုယ်ကို ပို၍ကောင်းမွန်စွာ ဖော်ပြလာကြသည်၊ ၎င်းတို့၏ မျက်လုံးများသည် ပို၍အသက်ဝင်လာကြပြီး မွဲခြောက်၍ အသက်မဲ့ခြင်း မရှိတော့ဘဲ ၎င်းတို့၏ မျက်နှာအမူအရာများသည်လည်း ထူးထူးခြားခြား အမျိုးမျိုး ဆန်းသစ်လာကြသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို မြင်သည့်အခါ ထူးထူးခြားခြား ဟန်ဆောင်မှုများပြီး မူမမှန်ဖြစ်နေပုံ ပေါ်ရသနည်း။ ဆန့်ကျင်ဘက်လိင်များ ပထမဆုံး တွေ့ဆုံသည့်အခါ ၎င်းတို့သည် အများအားဖြင့် အနည်းငယ် ရှက်ကြသော်လည်း အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် ၎င်းတို့သည် ပို၍ရင်းနှီးလာကြပြီး ပို၍သဘာဝကျစွာ ပြုမူကြသည်။ သို့သော် အချို့လူများသည် ဆန့်ကျင်ဘက်လိင်ကို မြင်သည့်အခါတိုင်း ထူးထူးခြားခြား တက်ကြွပြီး စိတ်လှုပ်ရှားလာကြသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ သွေးဆောင်ဖြားယောင်းခြင်းနှင့် ပတ်သက်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်အထိ တက်သွားပါသည်။) ဤသည်မှာ မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပါသည်။) ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာမရှိသလော။ (ရှိပါသည်။) တိတိကျကျပြောရလျှင် ဤသည်မှာ ထိုသို့သောလူများ၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ဤနေရာတွင် ၎င်းတို့၏ လူ့သဘာဝ၏ မည်သည့်ကဏ္ဍက ပြဿနာရှိနေသနည်း။ ယင်းမှာ ဆန့်ကျင်ဘက်လိင်နှင့် ပေါင်းသင်းဆက်ဆံခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ဘာသာတရားမရှိသူများက ဤအရာကို မည်သို့ သရုပ်ဖော်ကြသနည်း။ ၎င်းတို့က ယင်းကို လူတစ်ဦး၏ လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူနှင့်ဆိုင်သော ပြဿနာတစ်ခုဟု ခေါ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပါဝင်ပါက ယင်းကို ကောက်ကျစ်ဆိုးယုတ်မှုအဖြစ် အတော်အသင့် အကျဉ်းချုပ်နိုင်သည်၊ သို့သော် ပို၍သင့်လျော်စွာ ဆိုရလျှင် ယင်းမှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်သော ကျားမဆက်ဆံရေးဆိုင်ရာ အပြုအမူ၏ ပြဿနာတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်နှင့် ရင်ဆိုင်ရသည့်အခါ အချို့လူများသည် အထူးသဖြင့် တက်ကြွလာကြပြီး ထူးထူးခြားခြား အပြုသဘောဆောင်ကာ တက်ကြွစွာ ပြုမူလာကြသည်။ ဤ “ထူးထူးခြားခြား” များက ဖော်ပြသည့်အရာမှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်သော လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူ၏ ပြဿနာတစ်ခု ဖြစ်သည်။ ဤလူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူသည် ပုံမှန်ဖြစ်သလော သို့မဟုတ် ပုံမှန်မဟုတ်သလော။ (ပုံမှန်မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု သရုပ်ဖော်နိုင်သလော။ ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ဆိုခြင်းသည် သင့်လျော်သလော။ ယင်းမှာ အနည်းငယ် ယုတ်ညံ့သည်ဟု ဆိုလျှင် ရနိုင်သလော။ (ရနိုင်ပါသည်။) ထိုသို့သောလူများသည် အနည်းငယ် ယုတ်ညံ့သည်။ ၎င်းတို့ သဘောကျသော ဆန့်ကျင်ဘက်လိင်တစ်ဦး ရှိသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့သည် ထိုသူ၏ အုပ်စုထံသို့ တိမ်းညွတ်ကြသည်၊ ၎င်းတို့၏ ဘေးတွင် မရမက ဝင်ထိုင်သည်၊ ကိုယ်ထိလက်ရောက် ပတ်သက်မှုများ ပြုလုပ်ပြီး မျက်စပစ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခုကို ထင်ဟပ်စေသည်၊ ၎င်းတို့သည် စည်းကမ်းမရှိ၊ အကျင့်မကောင်းဘဲ ယုတ်ညံ့ကြသည်။ အကယ်၍ လူတစ်ဦးသည် အပေါ်ယံဆန်ပါက ၎င်းတို့သည် လိင်တူ၏ ရှေ့မှောက်တွင်ဖြစ်စေ၊ ဆန့်ကျင်ဘက်လိင်၏ ရှေ့မှောက်တွင်ဖြစ်စေ ၎င်းတို့၏ သရုပ်သကန်များသည် အတူတူပင် ဖြစ်သင့်သည်၊ ၎င်းတို့သည် ကြည့်ကောင်းလိုရုံသာဖြစ်ပြီး အခြားသူများ၏ နှစ်သက်ခြင်း၊ အားကျခြင်းနှင့် တန်ဖိုးထားခြင်းကို ခံလိုကြသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင် အပေါ်ယံဆန်ခြင်းနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ပြီး ၎င်းတို့ကို လိုက်ကပ်နေရန်သာ ဖြစ်ပါက ယင်းသည် ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့၏ လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူ၏ ပြဿနာတစ်ရပ် ဖြစ်လာသည်။ လူတစ်ဦးသည် ၎င်းတို့၏ ပုံမှန်အသက်တာကို ထိခိုက်သည်အထိ အလွန်အမင်း အပေါ်ယံဆန်ပါက ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ၏ ကဏ္ဍတစ်ခုရှိ ချို့ယွင်းချက် သို့မဟုတ် ပြဿနာတစ်ခုမျှသာ ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးသည် ဆန့်ကျင်ဘက်လိင်များကို ဆွဲဆောင်ရန်၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိပုံ၊ စွဲမက်ဖွယ်ကောင်းပုံ ပေါ်ရန်နှင့် လူအများ၏ အာရုံကို ဖမ်းစားရန် ရည်ရွယ်လျက် သီးသန့် ဝတ်စားဆင်ယင်ပါက ထိုအရာသည် ကောက်ကျစ်ဆိုးယုတ်သည်၊ ယုတ်ညံ့၍ ညံ့ဖျင်းသော လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူကို ညွှန်ပြသည်။ အချို့လူများသည် လူများ ပို၍ရှိလေ၊ ပို၍ပင် ယုတ်ညံ့လာကြလေဖြစ်ပြီး ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ရန် အစဉ်သဖြင့် ကြိုးစားကာ ၎င်းတို့၏ ရှေ့မှောက်တွင် ကိုယ်ရည်သွေးကြသည်။ ဘာသာတရားမရှိသူများကြားတွင် ခေတ်စားသည့် မည်သည့်အရာကိုမဆို ၎င်းတို့သည် ထိုနည်းအတိုင်း ဝတ်စားဆင်ယင်ကြလိမ့်မည်။ အထူးသဖြင့် စုဝေးပွဲများ တက်ရောက်သည့်အခါ သို့မဟုတ် ကင်မရာရှေ့တွင် ပေါ်လာသည့်အခါ ဆန့်ကျင်ဘက်လိင်များ ပို၍များလေ၊ ၎င်းတို့သည် ပို၍ ဝတ်စားဆင်ယင်လိုလေ ဖြစ်သည်။ အချို့အမျိုးသမီးများသည် စွပ်ကျယ်လက်ပြတ်များကို ဝတ်ဆင်သည်၊ ၎င်းတို့၏ ဆံပင်ကို ချထားသည်၊ ထင်ရှားပေါ်လွင်သော နှုတ်ခမ်းနီကို ဆိုးသည်၊ ပါးနီကို ထပ်ခြယ်ကြသည်။ အချို့သည် ၎င်းတို့၏ နှာတံကိုပင် ပုံဖော်သည်၊ မျက်လုံးခြယ်ဆေး လိမ်းခြယ်သည်၊ လက်ဝတ်ရတနာအမျိုးမျိုးကို ဝတ်ဆင်ကြသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မည့် မည်သည့်နည်းလမ်းဖြင့်မဆို ဝတ်စားဆင်ယင်ကြသည်။ ဤသည်မှာ အပေါ်ယံဆန်ခြင်းထက် ပို၍ဆိုးရွားသည်။ အပေါ်ယံဆန်ခြင်းသည် လူတစ်ဦး၏ လူ့သဘာဝ၏ ကဏ္ဍတစ်ခုရှိ ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုဖြစ်ပြီး အသေးအဖွဲ ပြဿနာတစ်ခုဖြစ်ပါက ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေး၏ ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သော ကဏ္ဍများသည် အဓိကပြဿနာတစ်ရပ် ဖြစ်သည်။ အပေါ်ယံဆန်သောသူတစ်ဦးသည် ကာမဂုဏ်လိုက်စားသော အပြုအမူများတွင် ပါဝင်ပတ်သက်ချင်မှ ပတ်သက်မည်ဖြစ်သော်လည်း ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သောသူများထဲတွင်မူ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ကာမဂုဏ်လိုက်စားသော အပြုအမူများတွင် ပါဝင်ပတ်သက်လာဖွယ်ရှိသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ လူတစ်ဦးသည် ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့၏ ပေါင်းသင်းဆက်ဆံရေးကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ပြီး ဆန့်ကျင်ဘက်လိင်များ၏ ရှေ့မှောက်တွင် မိမိကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် ပြသရန် ထူးထူးခြားခြား နှစ်သက်ပါက ထိုသို့သောသူတစ်ဦးသည် ဆန့်ကျင်ဘက်လိင်များ ဆွဲဆောင်ရန် ပို၍ ဖြစ်နိုင်ချေရှိ၏။ ဆန့်ကျင်ဘက်လိင်များကို ဆွဲဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မသင့်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ရန် ဖြစ်သည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်တစ်ဦးကို ပေါ့ပေါ့ဆဆ သွေးဆောင်ဖြားယောင်းနိုင်ပါက ဤသည်မှာ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် အလွန် ပေါ့ပေါ့ဆဆနိုင်ကြောင်းကို မညွှန်ပြပေလော။ (ညွှန်ပြပါသည်။) ထိုသို့သောလူများတွင် ဂုဏ်သိက္ခာမရှိပေ၊ ၎င်းတို့သည် အခြားသူများကို ပေါ့ပေါ့ဆဆ ပရောပရည်လုပ်ကြပြီး အလျင်ဦးအောင်ပင် လှုပ်ရှားကြလေသည်။ ၎င်းတို့ ပရောပရည်လုပ်သည့်လူ ပိုများလေ၊ ၎င်းတို့ ပို၍ပျော်ရွှင်လာလေဖြစ်ပြီး ၎င်းတို့ကြိုက်သရွေ့ မည်သူ့ကိုမျှ မည်သည့်အခါမျှ မငြင်းပယ်ကြပေ။ ဤသည်မှာ မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့တွင် မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို ယခုလောလောဆယ် ဘေးဖယ်ထားလျက် ဤသို့သော လူ့သဘာဝမျိုးသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) ၎င်းတို့၏ လူ့သဘာဝ၏ အခြားကဏ္ဍများတွင် မည်သို့သော ကောင်းကွက်များ သို့မဟုတ် အားနည်းချက်များ ရှိသည်ဖြစ်စေ ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့၏ လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူပိုင်းတွင် ထူးထူးခြားခြား ပေါ့ပေါ့တန်တန်ထားပြီး ပေါ့ပြက်ပြက်နိုင်ကာ မွေ့လျော်ခံစားလွန်းပါက ဤတစ်ချက်တည်းကပင် ၎င်းတို့၏ လူ့သဘာဝ မကောင်းကြောင်းကို ပြသရန် လုံလောက်သည်။ ၎င်းတို့သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အမှားလုပ်နိုင်သည် သို့မဟုတ် စည်းကျော်နိုင်ပါက ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောသူတစ်ဦးသည် ယုံကြည်အားထားရသလော။ (မရပါ။) ၎င်းတို့၏ မယုံကြည်အားထားရခြင်း၏ အရင်းမြစ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၌ တည်ရှိသည်။ ၎င်းတို့သည် ကာမရာဂစိတ်များ အချိန်မရွေး၊ နေရာမရွေး ထားရှိနိုင်ပြီး ဆန့်ကျင်ဘက်လိင်ကို အချိန်မရွေး၊ နေရာမရွေး သွေးဆောင်ဖြားယောင်းနိုင်သည်၊ ၎င်းတို့၏ စိတ်များသည် ဤအတွေးအခေါ်များဖြင့်သာ ပြည့်နှက်နေသည်။ အခါအခွင့်မသင့်ပါက သို့မဟုတ် ၎င်းတို့တွင် ဝတ်စားဆင်ယင်ရန် အချိန်အလုံအလောက် မရှိပါက ၎င်းတို့သည် နည်းလမ်းတစ်ခုကို ရှာတွေ့ဆဲဖြစ်သည်၊ ၎င်းတို့သည် ကလက်တက်တက် အကြည့်များကို အသုံးပြုပြီး ၎င်းတို့၏ ခန္ဓာကိုယ် သို့မဟုတ် ၎င်းတို့၏ အမူအရာများကို ကိုယ်ရည်သွေးကာ အခြားသူများကို သွေးဆောင်ဖြားယောင်းရန် ကလူမြှူဆွယ်သည့် အကြည့်ဖြင့် ကြည့်ကြ၏။ ထိုသို့သောလူများသည် တန်ဖိုးမရှိပေ၊ ၎င်းတို့သည် အလွန် မယုံကြည်အားထားရပေတကား။ ၎င်းတို့သည် ပေါ့ပြက်ပြက်နိုင်သည်၊ အကျင့်ပျက်သည်၊ ပေါ့ပေါ့ဆဆနိုင်သည်၊ အခြားသူများကို အပြစ်လုပ်ရန် အချိန်မရွေး၊ နေရာမရွေး သွေးဆောင်ဖြားယောင်းနိုင်ပြီး ပြစ်မှားခြင်းများကို ကျူးလွန်နိုင်သည်၊ ထိုသို့သောလူများသည် ၎င်းတို့၏ လူ့သဘာဝတွင် အရှက်တရားသိစိတ်မရှိ၊ ၎င်းတို့သည် ကယ်တင်၍မရနိုင်သောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ကြောက်စရာကောင်းပါသလော။ (ကောင်းပါသည်။) ပြီးလျှင် ၎င်းတို့သည် ဤအရာများမှာ ရှက်ဖွယ်ကောင်းသောအရာများဟု မထင်ကြပေ၊ ပတ်ဝန်းကျင်တွင် လူမည်မျှပင် ရှိသည်ဖြစ်စေ ၎င်းတို့သည် ဤသို့ ပေါ်ပေါ်တင်တင် ဝတ်စားဆင်ယင်ပြီး ကိုယ်ရည်သွေးကာ ဤနည်းလမ်းဖြင့် မွေ့လျော်ခံစား၍ ပြုမူပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းကြသည်။ အခြားသူများမှာမူ မည်သို့ဖြစ်နေသည်ကိုပင် မသိကြပေ၊ ၎င်းတို့သည် မိမိတို့၏ ပုံမှန်အလုပ်ကို အာရုံစိုက်နေဆဲ၊ အတူတကွ စကားစမြည်ပြောနေဆဲ သို့မဟုတ် ဆွေးနွေးပြောဆိုနေဆဲဖြစ်စဉ် ဤပုဂ္ဂိုလ်များမှာမူ တစ်စုံတစ်ဦးကို ကလက်တက်တက် အကြည့်များဖြင့် ပရောပရည်လုပ်ခြင်းကို စတင်နှင့်ပြီးဖြစ်သည်။ ထိုသို့သောလူများသည် မည်မျှ စက်ဆုပ်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို ကြည့်လော့။ ၎င်းတို့တွင် အရှက်တရား တစ်စုံတစ်ရာ မရှိကြပေ၊ ဟုတ်သည်မဟုတ်လော။ အရှက်တရား မရှိသောလူများသည် ပြစ်မှားခြင်းများကို အဆက်မပြတ် ကျူးလွန်ကြပြီး ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်မှာ အဘယ်နည်း။ (၎င်းတို့သည် ငရဲတွင် အပြစ်ဒဏ်ပေးခံရခြင်းဖြင့် အဆုံးသတ်ကြလိမ့်မည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဆိုသနည်း။ “ပြစ်မှားခြင်းများက လူသားကိုငရဲသို့ ဦးတည်စေလိမ့်မည်” ဟူ၍ဖြစ်လေသည်။ ထို့ကြောင့် သင်၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများသည် အလွန်ဆိုးရွားပါက သင်သည် ကြီးမားသော အန္တရာယ်၌ ရှိနေသည်။ အချို့သော ကိစ္စရပ်၌ လူတစ်ဦး၏ မကောင်းသော လူ့သဘာဝသည် ချို့ယွင်းချက်တစ်ခုဖြစ်ပါက ယင်းကို ပြုပြင်ရန် အခွင့်အရေးများ ရှိကောင်းရှိနိုင်မည်။ သို့သော် ၎င်းတို့တွင် သဘာဝအားဖြင့် ရှက်စိတ်မရှိသောကြောင့် ၎င်းတို့၏ လူ့သဘာဝ၏ အချို့ကဏ္ဍသည် ညံ့ဖျင်းပြီး အခြားသူများကို အချိန်မရွေး၊ နေရာမရွေး သွေးဆောင်ဖြားယောင်းနိုင်ပါက ၎င်းတို့သည် သိသာထင်ရှားသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ခြင်း မရှိသေးလျှင်ပင် ဆိုးရွားသော အကျိုးဆက်များဆီသို့ ဦးတည်စေသည့် ကြီးမားသော ပြစ်မှားခြင်းများကို ကျူးလွန်နိုင်ဆဲဖြစ်သည်၊ ထိုအခါ ထိုသို့သောလူများသည် ကျင့်ကြံပြုမူပုံ၌ စည်းများမရှိ၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ထူးထူးခြားခြား ညံ့ဖျင်းသည်၊ ၎င်းတို့သည် ပြစ်မှားခြင်းအနည်းငယ်ကို ကျူးလွန်ပါက ယင်းက ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်သည်။ လူ့သဘာဝ၏ ပြဿနာများနှင့်ပတ်သက်၍ ၎င်းတို့သည် ကိုယ်ရှေ့ဆက်ရမည့်လမ်းကိုယ် ပိတ်ဆို့လိုက်ကြပြီးဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး ၎င်းတို့၏ ပြစ်မှားခြင်းများသည် အလွန်များပြားသောကြောင့် ၎င်းတို့ကို ငရဲသို့ ပို့ဆောင်ရန် လုံလောက်နေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်း၏ လမ်းကြောင်းကို လျှောက်လှမ်းရန် မည်သည့်အခွင့်အရေးမျှ မရရှိမီ ၎င်းတို့အတွက် အရာရာသည် ပြီးဆုံးသွားလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ရှက်စိတ်ကင်းမဲ့ခြင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်သော အလွန်ဆိုးရွားသည့် ပြဿနာတစ်ရပ် ဖြစ်သည်။ တိတိကျကျပြောရလျှင် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်အထိ မရောက်ရှိပေ၊ ယင်းမှာ လူတစ်ဦးက ကျင့်ကြံပြုမူရာတွင်လည်းကောင်း၊ အချို့သောကိစ္စရပ်များကို ကိုင်တွယ်ရာတွင်လည်းကောင်း ခံယူသော နည်းလမ်းတစ်ခု၊ သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ဤသဘောထားသည် ၎င်းတို့၏ လူ့သဘာဝနှင့် ဆက်စပ်ပြီး ပြစ်မှားခြင်းများဆီသို့ ဦးတည်စေနိုင်ကာ ပြဿနာကို ဆိုးရွားစေသည်။
ဥပမာ ၆- မိမိ၏ အားသာချက်ကို အရင်းအနှီးအဖြစ် မှတ်ယူခြင်း
အချို့လူများသည် ကခုန်ခြင်းကို နှစ်သက်ပြီး အကကွက်များကို အလွန်လျင်မြန်စွာ သင်ယူကြသည်။ ဆရာက သုံးကြိမ် သရုပ်ပြပြီးနောက် ၎င်းတို့သည် အကတစ်ခု၏ စည်းချက်နှင့် လှုပ်ရှားမှုများကို အခြေခံအားဖြင့် ကျွမ်းကျင်သွားပြီး ယင်းကို တိကျမှန်ကန်စွာ ဖျော်ဖြေနိုင်သည်။ ၎င်းတို့သည် ဆုများရရှိထားကာ အတော်အတန် ကောင်းမွန်စွာလည်း ကခုန်ကြသည်၊ ၎င်းတို့သည် အကနှင့်သက်ဆိုင်သော အသက်မွေးဝမ်းကျောင်းတစ်ခုကို လိုက်စားရန် မျှော်လင့်ကြသည်၊ ဖြစ်နိုင်သည်မှာ အကဆရာတစ်ဦး သို့မဟုတ် ဖျော်ဖြေသူတစ်ဦးအဖြစ် ဖြစ်သည်။ ဤသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် သက်ဆိုင်ပါသည်။) ဤသည်မှာ ၎င်းတို့၏ အားသာချက်ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ စိတ်ဝင်စားမှုတစ်ခုနှင့် ဝါသနာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ကခုန်ခြင်းကို အလွန်လျင်မြန်စွာ သင်ယူကြသည်၊ ယင်းက ၎င်းတို့သည် ကခုန်ခြင်း၌ အလွန်တော်ကြောင်းကို ပြသသည်၊ ၎င်းတို့သည် ဤအရာမျိုးကို တိကျစွာဖြင့် သဘာဝအတိုင်း နားလည်သဘောပေါက်ပြီး လွယ်ကူစွာ တတ်မြောက်ကြသည်။ ဤသည်မှာ အားသာချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ဤကိစ္စ၌ အားသာချက်တစ်ခု ရှိသည်။ ကခုန်ခြင်းကို သင်ယူပြီးနောက် ၎င်းတို့သည် ကခုန်ခြင်းကိုလည်း နှစ်သက်ကြသည်၊ ကခုန်ရန် စိတ်အားထက်သန်ကြသည်၊ ထို့ထက်မက ၎င်းတို့သည် အနာဂတ်တွင် အကနှင့်သက်ဆိုင်သော အသက်မွေးဝမ်းကျောင်းတစ်ခုကို လိုက်စားရန် စီစဉ်ကြပြီး အကကို ၎င်းတို့၏ အနာဂတ်အသက်တာနှင့် အနာဂတ်ခရီးစဉ်တွင် အဖော်ပြုစေရန် ရည်ရွယ်ကြသည်၊ ဤသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများနှင့် သက်ဆိုင်သည်။ အကသည် ၎င်းတို့၏ အားသာချက်ဖြစ်သကဲ့သို့ ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာလည်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ အချို့လူများတွင် ဤပင်ကိုအခြေအနေရှိပြီး ၎င်းတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် အကဗီဒီယိုများ ကြည့်ရှုခြင်းကိုလည်း နှစ်သက်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ သင်ယူထားသောအရာကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးချနိုင်ရန်၊ ဘုရားသခင်၏ အိမ်တော်၌ အသုံးဝင်စေရန်နှင့် ဘုရားသခင်က အမှတ်ရမည့် မိမိတို့၏ ကောင်းမှုများကို ပြင်ဆင်နိုင်ရန် မျှော်လင့်လျက် ဘုရားသခင်၏ အိမ်တော်၌ ကခုန်ခြင်းတာဝန်ကို ထမ်းဆောင်ကြ၏။ ၎င်းတို့တွင် အက၌ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုရှိပြီး အမျိုးမျိုးသော အကအမျိုးအစားများကိုလည်း လျင်မြန်စွာ သင်ယူကြသည်။ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ အကအစီအစဉ်များကို ဖန်တီးနေစဉ် ၎င်းတို့သည် မိမိတို့သင်ယူခဲ့သမျှ အရာအားလုံးကို မည်သည့်အရာမျှ ချန်မထားဘဲ အခြားသူများကို သင်ကြားပေးလိုစိတ် ရှိကြသည်။ ၎င်းတို့သည် အခြားသူများထက် အကအမျိုးအစားများ ပိုမိုသင်ယူခဲ့ပြီး ၎င်းတို့၏ အတတ်ပညာပိုင်းဆိုင်ရာ၌ ပို၍ကျွမ်းကျင်သော်ငြားလည်း ၎င်းတို့သည် မောက်မာခြင်းမရှိကြပေ။ ၎င်းတို့သည် အခြားသူများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံကြပြီး မိမိတို့သင်ယူခဲ့သောအရာကို ညီအစ်ကိုမောင်နှမများအား အလွန်စိတ်ရှည်စွာ သင်ကြားပေးကြသည်။ ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) ၎င်းတို့၏ လူ့သဘာဝသည် ကောင်းမွန်သလော သို့မဟုတ် မကောင်းမွန်သလော။ (၎င်းတို့၏ လူ့သဘာဝသည် ကောင်းမွန်ပါသည်။) မည်သည့်နည်းလမ်းများဖြင့် ကောင်းမွန်သနည်း။ (၎င်းတို့သည် မိမိတို့သိသမျှ အရာအားလုံးကို တစ်ခုမျှ ထိမ်ချန်မထားဘဲ အခြားသူများကို သင်ကြားပေးနိုင်စွမ်းရှိပြီး အခြားသူများကို ၎င်းတို့ရရှိသောအရာကို ရရှိစေသည်၊ ဤသည်မှာ ကောင်းမွန်သော လူ့သဘာဝ ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့သင်ယူခဲ့သမျှ အရာအားလုံးကို မည်သည့်အရာမျှ ထိမ်ချန်မထားဘဲ အခြားသူများကို သင်ကြားပေးနိုင်စွမ်း ရှိကြသည်။ ၎င်းတို့တွင် အခြားမည်သည့် အားကောင်းသောအချက်များ ရှိသေးသနည်း။ ၎င်းတို့သည် ထိုမျှ ကိုယ်ရည်သွေးခြင်း မရှိကြပေ။ ဤလူအမျိုးအစား၏ လူ့သဘာဝသည် ကောင်းမွန်သည်။ ၎င်းတို့တွင် အက၌ အားသာချက်တစ်ခုရှိသောကြောင့် ဘုရားအိမ်တော်၌ အကနှင့်သက်ဆိုင်သော တာဝန်တစ်ခုကို ယူကြသည်။ သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် အလုပ်၏ လိုအပ်ချက်များကြောင့် ဘုရားအိမ်တော်က ၎င်းတို့ကို အခြားသင့်လျော်သော အလုပ်တစ်ခုကို လုပ်ဆောင်ရန် စီစဉ်ပေးသည်။ ၎င်းတို့သည် “ငါ အနှစ်နှစ်ဆယ်ကြာ ကခုန်ခြင်းကို သင်ယူခဲ့ရသည်မှာ အလဟဿ ဖြစ်သွားပြီလော။ ယခု ကခုန်ခြင်းနှင့် မသက်ဆိုင်သော အလုပ်ကို လုပ်ခိုင်းသဖြင့် ငါသည် အလွန် စိတ်တိုင်းမကျ ဖြစ်မိ၏။ ငါ့ကို အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ခန့်မည့်အစား ငါ၏ အားသာချက်၊ ငါ၏ ကျွမ်းကျင်မှုများကို အဘယ်ကြောင့် အသုံးမပြုစေရသနည်း။ ဤသည်မှာ ငါ၏ အားသာချက်လည်း မဟုတ်သကဲ့သို့ မည်သို့လုပ်ဆောင်ရမည်ကိုလည်း ငါ မသိပေ။ ဤသည်မှာ ငါ မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့သော အရာတစ်ခု ဖြစ်၏” ဟု မိမိတို့ဘာသာ တွေးကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့က “ဤအရာအားလုံးသည် ဘုရားသခင်၏ အစီအစဉ်များတွင် ပါဝင်ပြီး ကျွန်ုပ်သည် ကျိုးနွံနာခံရန် လိုလားနေပါသည်” ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ခေါင်းဆောင်များ မည်သို့ပင်ပြောစေကာမူ ၎င်းတို့သည် ယင်းကို လက်ခံရန် မလိုလားကြဘဲ စိတ်ထဲသို့လည်း မထည့်ကြပေ။ ၎င်းတို့က “သင်တို့သည် လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာမရှိသည့်တိုင် ငါတို့ကို ဦးဆောင်ရန် လာခဲ့သည်။ သင်တို့လုပ်သမျှမှာ အယူဝါဒအကြောင်း ပြောခြင်းသာ ဖြစ်သည်။ သင်တို့သည် ငါ့ထက် မသာပါ” ဟု တွေးကြသည်။ ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (စိတ်ထဲမှ အာခံခြင်း ဖြစ်ပါသည်။) ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ လူ့သဘာဝသည် ယေဘုယျအားဖြင့် မဆိုးလှသော်လည်း ၎င်းတို့သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည်၊ ကြင်နာတတ်သည်၊ လူကောင်းတစ်ဦးဖြစ်လိုသည်၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းနှင့် ပြဿနာရှာခြင်းတို့ကို မပြုလုပ်လိုသော်လည်း ၎င်းတို့၏ ခံစားချက်နှင့်ဆိုင်သော ဆန္ဒအရ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လိုစိတ်ရှိသော်လည်း ၎င်းတို့၏ အဆင့်အတန်းနှင့်ပတ်သက်လာသည့်အခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ဆန္ဒများနှင့် မကိုက်ညီသော ကိစ္စရပ်များနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့တွင် ကျိုးနွံနာခံခြင်း ရှိသလော။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း၏ မည်သည့်သရုပ်သကန်များကိုမဆို ပြသသလော။ (မပြသပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို ဖော်ပြသနည်း။ (၎င်းတို့ ဖော်ပြသည့်အရာမှာ အတိုက်အခံလုပ်ခြင်း၊ ညည်းညူခြင်းနှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံမှု ကင်းမဲ့ခြင်းတို့ ဖြစ်ပါသည်။) မှန်ပေသည်။ သို့ဆိုလျှင် ဤသရုပ်သကန်များကို မည်သို့သော ပြဿနာမျိုးအဖြစ် အကျဉ်းချုပ်နိုင်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) အပြင်ပန်းအားဖြင့် ၎င်းတို့၏ လူ့သဘာဝသည် ကြင်နာပုံရပြီး ၎င်းတို့သည် ခေါင်းဆောင်များကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ခြင်း၊ ပွက်လောရိုက်ခြင်း သို့မဟုတ် ဝေဖန်ကဲ့ရဲ့ခြင်းတို့ကို မပြုလုပ်သော်လည်း ဤကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) မှန်ပေသည်၊ မာနထောင်လွှားမှု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့သည် အချို့သောနယ်ပယ်၌ ကျွမ်းကျင်သည်ဟုလည်းကောင်း၊ မိမိတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်သည်ဟုလည်းကောင်း တွေးထင်ကြသဖြင့် ၎င်းတို့သည် ဤအရာကို အရင်းအနှီးအဖြစ် အသုံးချ၍ အသင်းတော်ခေါင်းဆောင်များ၏ စီစဉ်မှုများကို ကျိုးနွံနာခံရန် အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ မိမိတို့နှစ်သက်ရာ မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်လိုကြသည်။ အသင်းတော်က ၎င်းတို့ကို သင့်လျော်သော တာဝန်တစ်ခု ခန့်အပ်သည့်အခါတွင်ပင် ၎င်းတို့သည် လက်မခံနိုင်ကြပေ၊ တစ်စုံတစ်ခုသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီပါက ယင်းမှာ ဘုရားအိမ်တော်၏ စီစဉ်မှုတစ်ခုဖြစ်လျှင်ပင် ၎င်းတို့သည် ကျိုးနွံနာခံရန် ငြင်းပယ်ကြသည်။ ဤသည်တို့မှာ ပုန်ကန်ခြင်းနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းများ ဖြစ်ကြသည်။ ၎င်းတို့ပြသသော ဤသရုပ်သကန်တသီတတန်းကို ကြည့်လော့။ ၎င်းတို့၏ ပင်ကိုအခြေအနေများ၏ အားသာချက်များမှသည် ၎င်းတို့၏ လူ့သဘာဝ၊ နောက်ဆုံးတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအထိ ၎င်းတို့၏ သရုပ်သကန်များသည် ဤမတူညီသော ကဏ္ဍသုံးရပ်ကို လွှမ်းခြုံထားသည်။ ၎င်းတို့၏ ပင်ကိုအခြေအနေများ၏ အားသာချက်များသည် ၎င်းတို့ မွေးရာပါအရာတစ်ခုဖြစ်ပြီး ထိုအရာ၌ ဝေဖန်စရာ တစ်ခုမျှမရှိပေ။ ၎င်းတို့ မည်သည့်အရာ၌ ကျွမ်းကျင်သည်ဖြစ်စေ ယင်းက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုသကဲ့သို့ ၎င်းတို့၏ ကိုယ်ကျင့်စရိုက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေကိုလည်း မပြသနိုင်ပေ။ သို့သော် အချို့သော ပင်ကိုအခြေအနေများကြောင့် ဖြစ်ပေါ်လာသော လူတစ်ဦး၏ သာလွန်စိတ် သို့မဟုတ် လောကီလူထုအမြင်က ၎င်းတို့အပေါ် အတင်းအကျပ် သတ်မှတ်ပေးသော နေရာထားမှုနှင့် သတ်မှတ်ချက်သည် ၎င်းတို့၏ လူ့သဘာဝကို ပုံပျက်စေနိုင်သည်။ ဤပုံပျက်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးသည် အခြားသူများက အတော်အသင့် နှစ်သက်ဖွယ်အဖြစ် ရှုမြင်သော ပင်ကိုအခြေအနေအချို့ကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ အချို့လူများထံမှ အားကျခြင်းနှင့် လေးစားခြင်းကို လက်ခံရရှိသောကြောင့်လည်းကောင်း ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တန်ဖိုးနှင့် ရာထူးအပေါ် မမှန်ကန်သော သတ်မှတ်ချက်တစ်ခုကို ဖြစ်ပေါ်လာစေသည်ဟု ဆိုလိုသည်။ ၎င်းတို့က မိမိတို့သည် အတော်အတန် တော်သည်ဟုလည်းကောင်း၊ အခြားသူများထက် သာလွန်သည်ဟုလည်းကောင်း တွေးထင်ကြပြီး လူတို့ကို အထင်သေးစပြုလာကာ မိမိတို့သည် အစဉ်သဖြင့် မှန်ကန်ပြီး မိမိတို့နှင့်ပတ်သက်သည့် အရာအားလုံးသည် ကောင်းသည်ဟု အစဉ်သဖြင့် ယုံကြည်လျက် အခြားသူများက ၎င်းတို့ကို စကားနားထောင်ပြီး ၎င်းတို့နောက်လိုက်ရန် အလိုရှိကြသည်။ ထိုသို့ဖြစ်ပါက အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံများနှင့် ရပ်တည်ချက်များသည် အားလုံး မှားယွင်းနေသည်။ ဤမှားယွင်းသော ရှုမြင်ပုံများနှင့် ရပ်တည်ချက်များဖြင့် လူတစ်ဦးသည် လောကနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်နောက်သို့ လိုက်လိမ့်မည်။ ဆိုးယုတ်သော လူသားမျိုးနွယ်နှင့် ဆိုးယုတ်သော လောကနောက်သို့ လိုက်ခြင်း၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင်သည် ဤဆိုးယုတ်သော လောကနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ လာသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများအတိုင်း အသက်ရှင်လိမ့်မည်ဖြစ်ပြီး သင်သည် အရာခပ်သိမ်းကို ခွဲခြားရန်နှင့် သတ်မှတ်ရန် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် ဆိုရိုးများကို အသုံးပြုလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အတော်အတန် ရုပ်ရည်ကောင်းမွန်ပြီး မျက်နှာအသွင်အပြင် ပြေပြစ်ကာ ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည် ဆိုကြပါစို့၊ ဤသည်တို့မှာ ဘုရားသခင်က ပေးသနားတော်မူသော ပင်ကိုအခြေအနေများ ဖြစ်ကြသည်။ ဤအရာ၌ မှားယွင်းသောအရာ တစ်ခုမျှမရှိပေ၊ ယင်းမှာ အဖြစ်မှန်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဤလူ့အဖွဲ့အစည်းနှင့် ဤဆိုးယုတ်သော လူသားမျိုးနွယ်၏ မှားယွင်းသော သတ်မှတ်မှုအောက်တွင် ဤအဖြစ်မှန်က သင့်ကို ဘဝင်မြင့်ပြီး အထိန်းအကွပ်မဲ့သူ၊ အပေါ်ယံဆန်ပြီး မာနကြီးသူ ဖြစ်လာစေနိုင်သည်။ ဆိုလိုသည်မှာ ပင်ကိုအားဖြင့် သာလွန်သော အခြေအနေများကို ပိုင်ဆိုင်ထားခြင်းကြောင့်၊ ထို့အပြင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ထံမှ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၏ လေ့ကျင့်ပေးခြင်း၊ သွေးဆောင်ခြင်းနှင့် ပုံသွင်းခြင်းတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ သင်၏ လူ့သဘာဝသည် ပုံပျက်သွားသည်။ “ပုံပျက်သည်” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်သည် ဤပင်ကိုအခြေအနေများကို ပိုင်ဆိုင်ခြင်းသည် ယင်းကိုယ်၌က လုံးဝ ဓမ္မတာပင်ဖြစ်သည်၊ ရုပ်ရည်ကောင်းမွန်ခြင်းသည် ထူးခြားသောအရာ တစ်စက်မျှ မဟုတ်ပေ၊ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် မြင့်မြတ်သည်ဟုလည်း မဆိုလိုပေ။ ယင်းက သင်သည် ရုပ်ရည်ကြည့်ကောင်းသည်၊ သပ်ရပ်သော အသွင်အပြင် ရှိသည်၊ လူများက သင့်ကို အနည်းငယ် ပို၍ လှည့်ကြည့်လိုစိတ် ရှိနိုင်သည်ဟုသာ ဆိုလိုသည်၊ သင်သည် အခြားသူများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ သို့မဟုတ် မနှစ်မြို့စရာ မဟုတ်ပေ၊ ထိုမျှသာ ဖြစ်သည်။ သို့သော် အလှအပ၊ ဆွဲဆောင်မှုရှိခြင်းနှင့် အဆင့်အတန်းမြင့်ပြီး ခေတ်မီစွဲလမ်းဖွယ်ဖြစ်သော အတွေးအခေါ်များကို အလွန်အမင်း တန်ဖိုးထားသည့် လူမှုပတ်ဝန်းကျင်တစ်ခုတွင် ဤရေစီးကြောင်းက သင့်ကို အစွန်းတစ်ဖက်ဆီသို့ တွန်းပို့ပြီး သင်၏ လူ့သဘာဝကို မာနကြီးသူ၊ အပျော်အပါးလိုက်စားလွန်းသူနှင့် အပေါ်ယံဆန်သူ ဖြစ်လာစေသည်။ ရုပ်ရည်ကောင်းမွန်ခြင်းသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို မာနကြီးသူ၊ အပျော်အပါးလိုက်စားလွန်းသူ သို့မဟုတ် အပေါ်ယံဆန်သူ ဖြစ်လာစေရန် ဤပင်ကိုအခြေအနေ ပေးသနားတော်မူခဲ့ခြင်း မဟုတ်ဘဲ ထိုအစား ကိုယ်တော်က သင်သည် ယင်းကို ပုံမှန်အတိုင်း ရှုမြင်စေရန် အလိုရှိတော်မူသည်။ “ကျွန်ုပ်ကို ဤပင်ကိုအခြေအနေ၊ ဤအသွင်အပြင်ကို ပေးသနားတော်မူသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချီးမြှင့်ပေးသနားခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ကျွန်ုပ်၌ ကြွားဝါစရာ တစ်စက်မျှ မရှိပါ” ဟူ၍ဖြစ်၏။ ထိုသို့သော ပင်ကိုအခြေအနေတစ်ခုဖြင့် ဘုရားသခင်၏ သွန်သင်ချက်များအတိုင်း လူတစ်ဦး လုပ်ဆောင်သင့်သောအရာမှာ လူများနှင့် အမှုအရာများကို ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းနှင့် စာတန်ထံမှ အမျိုးမျိုးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို လက်ခံပြီးနောက် ၎င်းတို့သည် အလှအပနှင့် ဆွဲဆောင်မှုရှိခြင်းကို အရင်းအနှီးပုံစံတစ်မျိုးအဖြစ် ရှုမြင်လာကြသည်။ ထို့နောက် ၎င်းတို့သည် ဤပင်ကိုအားဖြင့် အခြေခံကျသော အခြေအနေကို အခွင့်ကောင်းယူ၍ မိမိတို့အလိုရှိသောအရာကို ရရှိရန် အုပ်စုတိုင်းရှိ လူတိုင်းထံမှ မျက်နှာသာရရန် ဤအရင်းအနှီးကို အသုံးပြုကြသည်။ အချို့သည် ဥပဒေကို ချိုးဖောက်သော၊ ကိုယ်ကျင့်တရားဆိုင်ရာ စည်းများကို ချိုးဖောက်သော သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သော အမှုအရာများကို လုပ်ဆောင်ရန် ဤပင်ကိုအခြေအနေကိုပင် အသုံးပြုကြသည်။ လူတစ်ဦး၏ လူ့သဘာဝတွင် ပုံပျက်ပြီး အစွန်းရောက်သောအရာအချို့ ပါဝင်ရသည့်အကြောင်းရင်းမှာ လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ အချို့သော မိစ္ဆာအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် မှားယွင်းသော လူထုအမြင်များ၏ ပိုမိုဆိုးရွားစေသော လွှမ်းမိုးမှုကြောင့် ဖြစ်သည်။ အကြောင်းမှာ လူတို့သည် ပင်ကိုအားဖြင့် သမ္မာတရားနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကာ ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှဖြစ်သော ဤလူထုအမြင်များ၊ အဆိုအမိန့်များနှင့် သီအိုရီများကို သဘာဝအတိုင်း လက်ခံကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော အရာများကို မှန်သည့်အလား မှတ်ယူကြပြီး ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ ဆိုးယုတ်သော အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် မြင့်မားလာခြင်း သို့မဟုတ် သန့်စင်လာခြင်းမရှိဘဲ ထိုအစား ပုံပျက်ကာ ပျက်စီးသွားသည်။ ဤလူ့အဖွဲ့အစည်းသည် ရုပ်ရည်ချောမောသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများကို ချီးမွမ်းခြင်း သို့မဟုတ် မြှောက်ပင့်ပြောဆိုခြင်း မရှိခဲ့ပါက၊ သင့်ကို သွေးဆောင်ခြင်း သို့မဟုတ် ပုံသွင်းခြင်းပြုသည့် ပြင်ပအတွေးအခေါ်များ မရှိခဲ့ပါက၊ သင်သွားလေရာ မည်သည့်နေရာတွင်မဆို သင်၏ ရုပ်ရည်ကောင်းမွန်မှုအတွက် သင့်ကို မည်သူမျှ မြှောက်ပင့်ပြောဆိုခြင်း၊ သင့်ကို အထူးဆက်ဆံခြင်း သို့မဟုတ် အမျိုးမျိုးသောအရာများကို လုပ်ဆောင်ရန် သင့်ကို သွေးဆောင်ခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ကို မပြုလုပ်ခဲ့ပါက သင်သည် သဘာဝအားဖြင့် ရုပ်ရည်ကောင်းမွန်ခြင်းသည် လုံးဝ ပုံမှန်ဖြစ်ပြီး ကိုယ်ရည်မသွေးထိုက်ကြောင်းကို ရှုမြင်ရလိမ့်မည်။ ဤသည်မှာ သင်သည် သင်၏ ပင်ကိုအားဖြင့် အခြေခံကျသော အခြေအနေကို အခြေခံ၍ သင်လုပ်ဆောင်သင့်သော အမှုအရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သင်သည် ထိုသို့သော သာလွန်သည့် ပင်ကိုအခြေအနေတစ်ခု ရှိရုံမျှဖြင့် သင်မလုပ်ဆောင်သင့်သော အမှုအရာများကို လုပ်ဆောင်မည်မဟုတ်ဟု ဆိုလိုသည်။ သို့သော် ပြင်ပပတ်ဝန်းကျင်၏ သွေးဆောင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် သင်သည် သဘာဝအားဖြင့် ရုပ်ရည်ကောင်းမွန်ခြင်းသည် ထူးခြားသောအရာတစ်ခုဖြစ်ပြီး ယင်းက သင့်ကို အခြားလူတိုင်းထက် ပို၍ကောင်းမွန်စေသည်ဟု ယုံကြည်လာသည်။ မိမိကိုယ်ကို ချုပ်တည်းနိုင်စွမ်း တစ်စုံတစ်ရာ ကင်းမဲ့လျက် သင်သည် အခြားသူများကို သွေးဆောင်ဖြားယောင်းရန် သင်၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်ကို အသုံးပြုပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှုကို ချိုးဖျက်ကာ ကျင့်ကြံပြုမူခြင်း၏ စည်းများကို ကျော်လွန်သည်။ မတူညီသော ပတ်ဝန်းကျင်များတွင် သင်သည် သင်အလိုရှိသော အကျိုးအမြတ်များကို ရရှိရန် သင်၏ သာလွန်သော ပင်ကိုအခြေအနေကို အသုံးချပြီး အမျိုးမျိုးသော နည်းဗျူဟာများကို အသုံးပြုလျက် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်နိုင်သည်။ ဤသည်မှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဤသုံးခုကြားရှိ ဆက်နွှယ်မှု ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဤကဏ္ဍသုံးရပ်ကြား၌ အချို့သော ဆက်နွှယ်မှုတစ်ခု ရှိသည်၊ ပြောစရာမလိုသည်မှာ တစ်ခါတစ်ရံတွင် ပထမနှစ်ခု သို့မဟုတ် နောက်ဆုံးနှစ်ခုကြား၌ မလွဲမသွေဖြစ်သော ဆက်နွှယ်မှုတစ်ခု ရှိသည်။ သင် နားလည်ပါသလော။ (ကျွန်ုပ်တို့ အနည်းငယ် ပို၍ နားလည်လာပါသည်။) သင်သည် အနည်းဆုံးအနေဖြင့် မည်သည့်အရာကို သိသင့်သနည်း။ မည်သည့် ပင်ကိုအခြေအနေမဆို ယင်းဘာသာ မှားယွင်းခြင်းမရှိပေ၊ ယင်းမှာ လူတစ်ဦး၏ လူ့သဘာဝ၏ အခြေခံအခြေအနေတစ်ခုမျှသာ ဖြစ်သည်။ လူတို့၏ လူ့သဘာဝများနှင့်ပတ်သက်လာလျှင် ကောင်းသောအရာနှင့် ဆိုးသောအရာ၊ အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သောအရာတို့ ရှိကြသည်။ သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ လူတစ်ဦးသည် ၎င်းတို့၏ ပင်ကိုအားဖြင့် မွေးရာပါ အခြေအနေများကို အခြေခံ၍ စာတန်၏ အမျိုးမျိုးသော အကြံအစည်များနှင့် အတွေးအခေါ်များဖြင့် လေ့ကျင့်ပေးခြင်းခံရသည့်အခါ ဖြစ်ပေါ်လာပြီး ဤလေ့ကျင့်ပေးခြင်းက အမျိုးမျိုးသော မှားယွင်းသော ရှုမြင်ပုံများ ဖြစ်ပေါ်လာစေကာ ယင်းတို့က ထို့နောက် လူသည် ရှင်သန်ရန် မှီခိုအားထားရသော အသက်အနှစ်သာရတစ်မျိုး ဖြစ်လာသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။
စောစောက ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မတူညီသော သရုပ်သကန်များအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့သည် ပင်ကိုအခြေအနေ ဆယ်မျိုးကို စာရင်းပြုစုခဲ့ပြီး လူ့သဘာဝနှင့်သက်ဆိုင်သော အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကိုလည်း စောစောကပင် မိတ်သဟာယဖွဲ့ခဲ့သည်။ ယခု အကျဉ်းချုပ်ကြစို့။ ငါတို့သည် လူ့သဘာဝ၏ မည်သို့သော မတူညီသည့် သရုပ်သကန်များအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သနည်း။ (လူ့သဘာဝနှင့်ပတ်သက်၍ ကောင်းမွန်သော လူ့သဘာဝ၏ သရုပ်သကန်များနှင့် မကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များ ရှိပါသည်။ ဘုရားသခင်က ဥပမာအချို့ကို စောစောက ပေးခဲ့ပါသည်။ အချို့လူများသည် သဘာဝအလျောက် အချို့သောနယ်ပယ်၌ သီးခြားအားသာချက်တစ်ခု ရှိပြီး အချို့သော နည်းပညာဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာ၌ ကျွမ်းကျင်ကြကာ ၎င်းတို့သည် မည်သည့်အရာမျှ ထိမ်ချန်မထားဘဲ အခြားသူများကို သင်ကြားပေးနိုင်စွမ်း ရှိကြသည်။ အခြားသူများကို အခွင့်ကောင်းမယူသော လူအချို့လည်း ရှိပါသည်။ ဤသည်တို့မှာ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဘုရားသခင်သည် မကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များဆိုင်ရာ ဥပမာများကိုလည်း ပေးခဲ့ပါသည်။ ဥပမာအားဖြင့် ယုတ်ညံ့ပြီး ညစ်ညမ်းသော လူ့သဘာဝရှိခြင်းနှင့် သူတစ်ပါး၏နောက်ကွယ်တွင် အတင်းအဖျင်းစကားများကို စပ်စုရန် အစဉ်မပြတ် နှစ်သက်ခြင်း၊ ဆန့်ကျင်ဘက်လိင်နှင့် လူတစ်ဦး၏ လူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အပြုအမူပိုင်းတွင် ပေါ့ပေါ့ဆဆနိုင်ခြင်းနှင့် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်းနှင့် အခြားသူများကို အခွင့်ကောင်းယူရန် နှစ်သက်ခြင်းအပြင် အခြားသူများနှင့် မိမိ၏ ပေါင်းသင်းဆက်ဆံရေးများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား စိုးစဉ်းမျှမရှိဘဲ အလွန်အမင်း တွက်ချက်တတ်ခြင်းတို့ ဖြစ်သည်၊ ဤသည်တို့အားလုံးမှာ မကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြပါသည်။) မကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များထဲတွင် အဆိုးဆုံးမှာ အဘယ်နည်း။ သင်တို့အတွက် မနှစ်မြို့ဆုံးသော လူအမျိုးအစားမှာ မည်သည့်အမျိုးအစား ဖြစ်သနည်း။ (ရှက်စိတ်မရှိဘဲ ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့၏ ပေါင်းသင်းဆက်ဆံရေးများတွင် အထူးသဖြင့် ပေါ့ပေါ့ဆဆနိုင်သောသူများ ဖြစ်ပါသည်။) ပေါ့ပေါ့ဆဆနိုင်ခြင်း၊ အကျင့်ပျက်ခြင်းနှင့် ရှက်စိတ်ကင်းမဲ့ခြင်းတို့ ဖြစ်သည်။ ယဉ်ကျေးသောနည်းလမ်းဖြင့် ဆိုရလျှင် ဤလူများသည် “ရှက်စိတ်မရှိကြ” ဟူ၍ ဖြစ်သည်။ ရိုးရှင်းသောဘာသာစကားဖြင့် ဆိုရလျှင် ၎င်းတို့သည် “အရှက်မရှိ” ကြပေ၊ သို့မဟုတ် ပို၍တိကျစွာ ဆိုရလျှင် “အရှက်မရှိ မျက်နှာပြောင်တိုက်သော” သူများ ဖြစ်ကြသည်။ ထိုသို့သောလူများကို မည်သူမျှ မနှစ်သက်ပေ။