သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း တစ်
ဖြည့်စွက်ချက်- ကောလာဟလများကို ချဉ်းကပ်နည်း
လတ်တလောတွင် လူအချို့သည် အပျက်သဘောဆောင်သော ကောလာဟလအချို့ကို ကြားပြီးကြသလော။ (ကြားပြီးပါပြီ။) သင်တို့ ဤကောလာဟလများကို ကြားသည့်အခါ သင်တို့၏ တုံ့ပြန်မှုမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့ ကြောက်ရွံ့သွားကြသလော။ သင်တို့ သိချင်စိတ် ဖြစ်သွားကြသလော။ ဤကောလာဟလများမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိချင်ကြသလော။ (ကျွန်ုပ်တို့ မသိချင်ပါ၊ အကြောင်းမှာ အဆင်းနီသော နဂါးကြီးသည် မကြာခဏ မရှိကိုအရှိလုပ်၍ ကောလာဟလများကို လုပ်ကြံဖန်တီးလေ့ရှိသည်ကို ကျွန်ုပ်တို့ သိထားပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ၎င်းပြောဆိုသည့် မည်သည့်အရာမဆို မှားယွင်းပါသည်။ ထို့ကြောင့် ဤကောလာဟလများ၏ အသေးစိတ်ကို ကျွန်ုပ်တို့ စိတ်မဝင်စားကြသကဲ့သို့ ၎င်းပြောသည့် နတ်ဆိုးဆန်သော စကားများကို နားလည်အောင် ကြိုးစားရန်လည်း မလိုလားကြပါ။) အဆင်းနီသော နဂါးကြီးသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် ကောလာဟလအမျိုးမျိုးကို လုပ်ကြံဖန်တီးပြီး လူများစွာတို့သည် ကောလာဟလများကို ကြားပြီးနောက် အထင်အမြင်မှားစေခြင်း ခံကြရသည်။ အချို့သောသူတို့သည် ကြောက်ရွံ့လာကြပြီး မှန်သော လမ်းခရီးကို လက်ခံရန် မဝံ့ကြပေ။ ယင်းကို လက်ခံပြီးသူအချို့သည်လည်း သံသယဝင်လာကြပြီး ဘုရားသခင်ကို ဆက်၍မယုံကြည်ချင်ကြတော့ပေ။ ဤလူတို့သည် အဆင်းနီသော နဂါးကြီး၏ ကောလာဟလများကို မကြားမီက မည်သည့်သံသယမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းရှိပုံရခဲ့ပြီး ဘုရားသခင်နောက်လိုက်ရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခဲ့ကြသည်။ သို့သော် ကောလာဟလများကို ကြားပြီးနောက်တွင်မူ ၎င်းတို့သည် ချက်ချင်းပင် သံသယများ ဖြစ်ပေါ်လာကြပြီး ဘုရားသခင်နောက်လိုက်ရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်မရှိကြတော့ပေ။ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသူများထဲမှ အချို့သည် ၎င်း၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုအောက်တွင် အလျှော့ပေးလိုက်ကြပြီး ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ကြကာ ထိုလူများထဲမှ အချို့သည် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ရေးထိုးကြပြီး ဘုရားသခင်ကို နှုတ်ဖြင့် စော်ကားရန် အတင်းအကျပ်စေခိုင်းခြင်းပင် ခံကြရသည်။ ထိုသို့သောလူများ အတော်များများ ရှိသည်။ သင်တို့အားလုံးသည် ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများစွာကို ကြားဖူးကြပြီးဖြစ်သကဲ့သို့ အဆင်းနီသော နဂါးကြီးက ဘုရားသခင်ကို ယုံကြည်သူများကို ဖမ်းဆီးပြီးနောက် ၎င်းတို့ကို ဦးနှောက်ဆေးကြောသည်ကိုလည်း မြင်ဖူးကြပြီး ဖြစ်သည်၊ အမှန်ပင် လူအတော်များများ အထင်အမြင်မှားစေခြင်း ခံခဲ့ကြရသည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သူတို့ကိုလည်း ၎င်းအတွက် အစေခံမှုပေးရန် အသုံးပြုလျက် ၎င်းတို့အား အသင်းတော်ကို ထောက်လှမ်းစောင့်ကြည့်စေပြီး ဘုရားသခင်ကို ယုံကြည်သူများနောက်သို့ လိုက်၍ နောက်ယောင်ခံစေသည်။ ဘာသာရေးယုံကြည်မှုကို အမြစ်ဖြတ်ချေမှုန်းရန်နှင့် ဘုရားသခင်၏ အသင်းတော်ကို ဖယ်ရှားရန်အလို့ငှာ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို နှိမ်နင်းခြင်းနှင့် ဖမ်းဆီးခြင်းကို အရေးကြီးသော နိုင်ငံတော်အလုပ်အဖြစ်၊ နိုင်ငံရေးဆိုင်ရာ အထူးတာဝန်တစ်ရပ်အဖြစ် သဘောထားပြီး ယင်းကို အလွန် စေ့စပ်သေချာစွာနှင့် အားထုတ်ကြိုးပမ်း၍ လုပ်ဆောင်သည်။ ဤသည်က ဘုရားသခင်ကို ယုံကြည်သူများစွာတို့အား ကြောက်ရွံ့လာစေသဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မဝံ့ကြတော့သကဲ့သို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်လည်း မဝံ့ကြတော့ပေ။ အထူးသဖြင့် အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများကို ကြားပြီးနောက်တွင် လူများစွာတို့သည် အထင်အမြင်မှားစေခြင်း ခံကြရသည်။ ဤကောလာဟလများနှင့်ပတ်သက်၍မူ ဘုရားအိမ်တော်က ရှေးယခင်ကတည်းက ယင်းတို့ကို အကျဉ်းချုပ်ပြီး ပိုင်းခြားသိမြင်ခဲ့ပြီး ဖြစ်သဖြင့် ယင်းတို့ကို ဤနေရာတွင် ဆွေးနွေးရန် မလိုအပ်ပေ။ သင်သည် အမှန်တကယ် ဖမ်းဆီးခံရခြင်းကို ကြုံတွေ့ရပြီး အဆင်းနီသော နဂါးကြီးက သင့်ကို ဦးနှောက်ဆေးကြောရန် ဤကောလာဟလများကို အသုံးပြုကာ သင့်ကို ရပ်တည်ချက်တစ်ခုခု ယူရန် အတင်းအကျပ်စေခိုင်းပြီး “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးခိုင်း၍ ထိုသို့ဖြင့် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ရန် သင့်ကို အတင်းအကျပ်စေခိုင်းလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများအားလုံးသည် မှားယွင်းပြီး အထင်အမြင်မှားစေကာ လှည့်ဖြားတတ်ကြောင်းကို သင်တို့ ယခု သိကြသည်။ သင်တို့၏ သဘောထားမှာ ၎င်းတို့ကို နားမထောင်ခြင်း၊ မကြည့်ခြင်းနှင့် မယုံကြည်ခြင်း ဖြစ်သော်လည်း ဤကောလာဟလများကို သင့်ရှေ့တွင် ချထားခဲ့လျှင် သင့်အား ယင်းတို့ကို ကြားစေ၊ မြင်စေပြီး အမှန်တကယ်ဖြစ်သည်ဟုပင် ထင်စေလျှင် သင် စိတ်ယိုင်သွားမည်လော။ သင်၏ စိတ်နှလုံးထဲတွင် သင် မည်သည့်အရာကို ထင်မည်နည်း။ အဖြစ်မှန်များ၏ အမှန်တရားကို သင် သိချင်မည်လော။ ယင်းတို့ကို သင် အတည်ပြုစစ်ဆေးချင်မည်လော။ အဆင်းနီသော နဂါးကြီးက လူတို့ကို အထင်အမြင်မှားစေရန်နှင့် ခြိမ်းခြောက်ရန် ကောလာဟလများ လုပ်ကြံဖန်တီးခြင်း၊ သို့မဟုတ် လူများကို ဦးနှောက်ဆေးကြောရန်နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အလုပ်ကို လုပ်ဆောင်ရန် ကောလာဟလများနှင့် ဘုရားမဲ့ဝါဒကို အသုံးပြုခြင်းတို့နှင့်ပတ်သက်၍ လူများကို ကြိုတင်ကာကွယ်မှုပေးရန် ငါတို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်သလော။ ဤသည်မှာ လိုအပ်သော အလုပ်တစ်ရပ် ဖြစ်သလော။ အချို့သောသူတို့က “အဆင်းနီသော နဂါးကြီးက ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို နှစ်ပေါင်းများစွာ လုပ်ကြံဖန်တီးနေခဲ့သည်၊ အထူးသဖြင့် ခရစ်တော်အကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသည့်လူအကြောင်း၊ အသင်းတော်နှင့် အသင်းတော်၏ အလုပ်အကြောင်း ကောလာဟလများ ဖြစ်သည်။ ကျွန်ုပ်တို့သည် ယင်းတို့ကို မည်သည့်အခါမျှ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိ၊ ကျွန်ုပ်တို့၏ သဘောထား သို့မဟုတ် ရှုမြင်ပုံကို ရှင်းလင်းစေရန် ရှေ့ထွက်လာခဲ့ခြင်း မရှိ၊ မည်သည့် ခုခံကာကွယ်ပြောဆိုမှုကိုမျှ မလုပ်ခဲ့ပါ၊ ဤသည်မှာ သင့်လျော်ပါသလော” ဟု ပြောကြသည်။ အချို့သောသူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှ ယခုအချိန်အထိ အဆင်းနီသော နဂါးကြီးနှင့် ဘာသာရေးလောက၏ ကောလာဟလအမျိုးမျိုးကို မည်သည့်အခါမျှ ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာတစ်ခု အစဉ်သဖြင့်ရှိနေခဲ့သည်။ ဤမေးခွန်းထုတ်စရာမှာ လုံးဝမယုံကြည်ခြင်းကို ဆိုလိုခြင်းမဟုတ်သကဲ့သို့ လုံးဝယုံကြည်ခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ဤအရာများသည် အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများ ဖြစ်နိုင်သကဲ့သို့ အဖြစ်မှန်များလည်း ဖြစ်နိုင်သည်ဟု တွေးထင်လျက် ဤကိစ္စရပ်များကို ရှုမြင်ရန် ကြားနေ ရပ်တည်ချက်တစ်ခုကို ၎င်းတို့က ယူကြသည်ကို ဆိုလိုသည်။ ဤ “ဖြစ်နိုင်သည်” ဆိုခြင်းက သမ္မာတရားကို ရှာဖွေခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ်ကို ထင်ဟပ်စေသလော။ (မထင်ဟပ်ပါ။) ဤသည်မှာ ကောလာဟလများကို မှန်မမှန်စစ်ဆေးပြီး အတည်ပြုရန် လိုအပ်သည်ဟု ယုံကြည်ခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ်၊ သို့မဟုတ် အတွင်းသိများက အခြေအနေမှန်အချို့ကို ထုတ်ဖော်ပြောကြားသည်ကို စောင့်ဆိုင်းပြီး စောင့်ကြည့်လေ့လာခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤရှုမြင်ပုံနှစ်မျိုးထဲမှ တစ်ခုခုကို လူများက ထားရှိခြင်းမှ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟု သင်တို့ ထင်သနည်း။ ထိုသို့သောသူများသည် အန္တရာယ် ကျရောက်နေသလော။ ဤရှုမြင်ပုံနှစ်မျိုးထဲမှ မည်သည့်ရှုမြင်ပုံက လူတို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည်နည်း။ (ဤရှုမြင်ပုံနှစ်မျိုးလုံးက လူတို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည် မဟုတ်ပါ။ တစ်စုံတစ်ဦးတွင် ဤ “ဖြစ်နိုင်သည်” ဟူသော အတွေးရှိလျှင် ၎င်းတို့သည် စစ်မှန်သော လမ်းခရီးအပေါ် မသေချာမရေရာသေးကြောင်းနှင့် ၎င်းတို့အတွင်း၌ သံသယဝင်ခြင်း ကဏ္ဍများ ရှိနေသေးကြောင်းကို ပြနေပါသည်။ ဤအခြေအနေတွင် ကောလာဟလများသည် ၎င်းတို့အတွက် ကြီးမားသော စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်လာသည်။ လူတို့သည် မှန်သော လမ်းခရီးအပေါ် မသေချာမရေရာနိုင်လျှင်၊ သမ္မာတရားကို မယုံကြည်နိုင်လျှင်၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် အမှန်တကယ်တွင် အလွန် အန္တရာယ်ကြီးမားသော အခြေအနေတွင် ရှိနေပါသည်။) ၎င်းတို့သည် ယနေ့ထက်တိုင် မှန်သော လမ်းခရီးအပေါ် မသေချာမရေရာသေးပေ။ ၎င်းတို့၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ (အနှစ်သာရအားဖြင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပါသည်။) ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ ဤရှုမြင်ပုံနှစ်မျိုးထဲမှ တစ်ခုခုကို စွဲကိုင်ထားသော လူများစွာ ရှိသလော။ ဧကန်မုချ အတော်များများ ရှိသည်။ ဤလူတို့သည် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် သံသယများ ဖြစ်ပေါ်လာကြပြီး ကောလာဟလများ၏ အရင်းစစ်အမြစ်စစ်ကို သိရှိရန်၊ ၎င်းတို့ မှန်သည်၊ မှားသည်ကို သိရှိရန် လိုလားကြသည်။ သို့ရာတွင် ဤကိစ္စကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိသောကြောင့် အဆုံးတွင် ၎င်းတို့သည် ယင်းကို မဖြေရှင်းဘဲ ထားလိုက်ကြသည်။ အမှန်တွင် ဤပြဿနာသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိနေဆဲဖြစ်ပြီး မဖြေရှင်းရသေးပေ။ သင်တို့ ဤကောလာဟလများကို ကြားသည့်အခါ သမ္မာတရားကို ရှာဖွေကြသလော။ ကောလာဟလများကို စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ပိုင်းခြားသိမြင်ရန် သင်တို့ သမ္မာတရားကို ရှာဖွေကြသလော၊ သို့မဟုတ် ၎င်းတို့ အမှားအမှန်ကို ခွဲခြားရန်နှင့် ၎င်းတို့ အမှန်တကယ် မှန်သည်၊ မှားသည်ကို သိမြင်ရန် ကောလာဟလများကို တစ်ခုပြီးတစ်ခု သင်တို့ ဆန်းစစ်ကြသလော။ သင်တို့ ကောလာဟလများကို ကြားပြီးနောက်တွင် ၎င်းတို့ မမှန်ကြောင်း၊ ဤသည်မှာ အဆင်းနီသော နဂါးကြီးက ကောလာဟလများ လုပ်ကြံဖန်တီးပြီး အသရေဖျက်သည့် လှုံ့ဆော်မှုတစ်ခုသာဖြစ်ကြောင်း သင်တို့၏ စိတ်နှလုံးထဲ၌ တွေးထင်ကြသော်လည်း သင်တို့သည် ၎င်းတို့ကို သမ္မာတရားနှင့် အဖြစ်မှန်များကို အခြေခံ၍ မချေပကြပေ၊ အမှန်တကယ်တွင် သင်တို့၏ စိတ်နှလုံးထဲ၌ သံသယအချို့ ရှိနေဆဲဖြစ်ပြီး သင်တို့၏ သံသယများကို ဖြေရှင်းရန် ဤအယူဝါဒဆိုင်ရာ ပြောဆိုချက်များကို အသုံးပြုကြရုံသာ ဖြစ်သည်။ ဤသို့ တွေးထင်ခြင်းက သင်တို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည်လော။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းလော။ ဤသည်က သင်တို့ သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်း ပြသသလော။ ပြဿနာသည် အရင်းခံမှ ဖြေရှင်းပြီးဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် သင်တို့ သမ္မာတရားကို အသုံးပြုလိုကြသလော၊ ဤသို့ဖြင့် သင်တို့သည် ဤကောလာဟလများကို ပိုင်းခြားသိမြင်နိုင်မည်ဖြစ်ပြီး အထင်အမြင်မှားစေခြင်း မခံရဘဲ သင်တို့၏ စိတ်နှလုံးထဲတွင် မည်သည့်မေးခွန်းမျှမရှိကာ ငါ့အပေါ် သင်တို့၏ သံသယများ၊ သင်တို့၏ သင်္ကာမကင်း ဖြစ်မှုများနှင့် သင်တို့၏ သတိထားရှောင်ခြင်းများကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်လော။ အချို့သောသူတို့က “ကျွန်ုပ်တို့ ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှ ယခုအချိန်အထိ ကိုယ်တော်၏ တရားဒေသနာများကို နားထောင်နေခဲ့ပြီး ရေလောင်းခြင်းနှင့် သိုးထိန်းခြင်းကို လက်ခံနေခဲ့ကာ အကျိုးကျေးဇူးနှင့် တိုးတက်မှုအချို့ ရရှိခဲ့ကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကိုယ်တော်နှင့် အမှန်တကယ် အတူနေထိုင်ခဲ့ခြင်း သို့မဟုတ် အမှန်တကယ် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိပါ။ သို့ဖြစ်၍ ကိုယ်တော်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်၊ ကိုယ်တော်၏ ပင်ကိုစရိုက်နှင့် ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည်၊ ကိုယ်တော်သည် မည်သို့သော အသက်တာမျိုးဖြင့် အသက်ရှင်သည်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား လုံးဝ အမှောင်ချထားပြီး အသိပေးမခံရပါ” ဟု တွေးထင်ကြသည်။ ဆိုလိုသည်မှာ ဤဇာတိပကတိ၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းအမျိုးမျိုးအပြင် ငါ၏ အသက်တာ၊ လူများနှင့် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ငါ၏ သဘောထားနှင့် တိကျသော သရုပ်သကန်တို့နှင့် ပတ်သက်လာလျှင် လူတို့သည် ဤအရာများကို အစဉ်သဖြင့် မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့အပေါ် သံသယများ ထားရှိခဲ့ကြသည်။ တစ်ဖက်တွင် လူတို့ ဤသံသယများ ထားရှိခြင်းမှာ လူတို့ကိုယ်တိုင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအပေါ် ရာနှုန်းပြည့် မသေချာမရေရာခြင်းမှ ဖြစ်ပေါ်လာပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့၏ သမ္မာတရားနားလည်မှု အလွန်အပေါ်ယံဆန်သောကြောင့် ဘာသာရေးလောက သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ကောလာဟလများ၏ လွှမ်းမိုးခြင်းကို ခံရခြင်းမှ ဖြစ်ပေါ်လာသည်။ သို့ဖြစ်၍ သင်တို့သည် ငါ့အကြောင်း ထင်ကြေးပေးမှုများစွာ ရှိကြသည်။ ဤထင်ကြေးပေးမှုများ၏ အကြောင်းအရာမှာ ဧကန်မုချ အပြုသဘောဆောင်ခြင်း သို့မဟုတ် သင့်လျော်ခြင်း မရှိသည်မှာ အမှန်ပေ။ ယင်းတွင် မှောင်မိုက်ပြီး အပျက်သဘောဆောင်သော အချက်အလက်အချို့ ဧကန်မုချ ပါဝင်သည်။ ဤထင်ကြေးပေးမှုများကို ထားရှိခြင်းသည် သင်တို့အတွက် ကောင်းသောအရာလော၊ သို့မဟုတ် မကောင်းသောအရာလော။ ယင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခုလော၊ ချည်နှောင်မှုတစ်ခုလော၊ သို့မဟုတ် တွန်းအားတစ်ခုလော။ သင်တို့ မည်သို့ ထင်သနည်း။ (လူတို့၏ စိတ်နှလုံးထဲတွင် ဤအပျက်သဘောဆောင်သော ထင်ကြေးပေးမှုများ ရှိလျှင် ယင်းမှာ ကောင်းသောအရာမဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပါသည်။ ယင်းက လူတို့ကို ဘုရားသခင်အပေါ် သတိထားကာကွယ်စေမည်ဖြစ်ပြီး ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အကူအညီမျှ ပေးမည်မဟုတ်ပါ။) ဤအပျက်သဘောဆောင်သော အရာများက သင်တို့အပေါ် မည်သို့သော သက်ရောက်မှု ရှိသနည်း။ ၎င်းတို့သည် မည်သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်နည်း။ အချို့သော ပတ်ဝန်းကျင်များတွင် ဤအရာများသည် သင့်အတွက် အန္တရာယ်ရှိသလော။ (ရှိပါသည်။) ဤအရာများသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပြီး သင့်အတွက် ကောင်းသောအရာ မဟုတ်သောကြောင့် ၎င်းတို့ကို ဖြေရှင်းရန် သင် သမ္မာတရားကို အသုံးပြုသင့်သလော။ သို့မဟုတ် ယင်းတို့ကို ဘေးဖယ်ထားပြီး ယင်းတို့နှင့်ပတ်သက်၍ အာရုံမစိုက်ဘဲ ယင်းတို့အကြောင်း မစဉ်းစားဘဲ ပြဿနာတစ်ခုခု အမှန်တကယ် ပေါ်ပေါက်လာသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ ဖြေရှင်းသင့်သလော။ သင်တို့၏ သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ (ကျွန်တော် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့ကို ဘေးဖယ်ထားပြီး အာရုံမစိုက်ခဲ့ပါ။ သို့သော် ယခုလေးတင် ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို သမ္မာတရားဖြင့် ဖြေရှင်းရမည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပါသည်။ သို့မဟုတ်လျှင် လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲရှိ ဤဝန်ထုပ်ဝန်ပိုးကို မချထားနိုင်ဘဲ အချို့သောအခြေအနေများတွင် ယင်းက မကောင်းသော အကျိုးဆက်များဆီသို့ ဦးတည်နိုင်ပြီး ဘုရားသခင်ကို သံသယဝင်ခြင်းနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းဆီသို့ပင် ဦးတည်နိုင်ကာ ယင်းမှာ အလွန် အန္တရာယ်ကြီးမားပါသည်။) ဤအရာများသည် ကောလာဟလများဖြစ်သည်ဟု သင်တို့ နှုတ်ဖြင့် ပြောဆိုကြသော်လည်း သင်သည် ဤကောလာဟလများကို မည်သည့်အခါမျှ အမှန်တကယ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ၎င်းတို့အပေါ် မှန်ကန်သော သဘောထားမရှိလျှင်၊ ဤအပျက်သဘောဆောင်သော အရာများကို သင်၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် သယ်ဆောင်ထားလျှင် သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မကြာခဏ ခံရလိမ့်မည်။ ဤကောလာဟလများသည် သင့်အတွက် အချိန်မရွေး၊ နေရာမရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေသော အချိန်ကိုက်ဗုံးတစ်ခု ဖြစ်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ မတွေးတောနိုင်ဖွယ် ဧကန်မုချ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်။ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးသူတို့သည် ဗုံးကို ဖောက်ခွဲပြီး မိမိတို့ကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သူများ မဟုတ်လော။ ၎င်းတို့ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီးနောက်တွင် အဆင်းနီသော နဂါးကြီးသည် အလျှော့မပေးသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို စော်ကားသည့်အရာအချို့ကို နှုတ်ဖြင့် ပြောဆိုရမည်ဖြစ်ပြီး ထိုအခါမှသာ ကိစ္စပြီးပြတ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက တောင်းဆိုသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မလိုလားကြသော်လည်း ရွေးချယ်စရာမရှိဟု ခံစားရပြီး အကျဉ်းချခံရခြင်းကို ရှောင်ရှားရန် စာတန်ထံ အညံ့ခံကြသည်။ ဘုရားသခင်ကို နှုတ်ဖြင့် စော်ကားပြီးနောက်တွင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ လုံးဝ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း ခံစားကြရသည်။ ၎င်းတို့သည် ထိုကောလာဟလများ မှန်သည်၊ မှားသည်ကို စဉ်းစားရန် မလိုအပ်တော့ဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့စဉ်က ၎င်းတို့ သယ်ဆောင်ခဲ့သော စိုးရိမ်ပူပန်မှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ သတ္တိနည်းခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်သည်လည်း ပျက်စီးသွားလေသည်။ ငါ့ကို ပြောလော့၊ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို သို့မဟုတ် ဤရေစီးကြောင်းကို သံသယဝင်လျှင်ပင် ၎င်းတို့ ဘုရားသခင်ကို စော်ကားသင့်သလော။ (မစော်ကားသင့်ပါ။) အဆင်းနီသော နဂါးကြီးက သင့်ကို ဘုရားသခင်အား စော်ကားရန် ပြောသည့်အခါ အဘယ်ကြောင့် သင် ၎င်းကို နာခံသနည်း။ မည်သူပင်ဖြစ်စေ၊ မှန်သော လမ်းခရီးကို ငြင်းပယ်လျှင်၊ ဤရေစီးကြောင်းကို ငြင်းပယ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို မစော်ကားသင့်ပေ။ ဘုရားသခင်ကို စော်ကားသူတို့သည် မည်သို့သော လူစားမျိုးတို့ ဖြစ်ကြသနည်း။ (ဘုရားသခင်ကို စော်ကားနိုင်သူတို့သည် ဆိုးယုတ်သော လူ့သဘာဝရှိသူများဖြစ်ပြီး သမ္မာတရားကို အထူးပင် မုန်းတီးကြကာ စာတန်၏ စွမ်းအားကို ကျိုးနွံနာခံသူများလည်း ဖြစ်ကြပါသည်။) ငါ့ကို ပြောလော့၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တည်ရှိသည်ကို အမှန်တကယ် ယုံကြည်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကို ယုံကြည်လျှင်၊ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ကို ယုံကြည်လျှင်၊ လူ့အသက်ကို ဘုရားသခင်က ပေးသနားတော်မူသည်ကို ယုံကြည်လျှင်၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်ကို ယုံကြည်လျှင် ၎င်းတို့ ဘုရားသခင်ကို စော်ကားမည်လော။ (စော်ကားမည် မဟုတ်ပါ။) ၎င်းတို့ မည်သည့်အခါမျှ စော်ကားမည်မဟုတ်ပေ။ မည်သို့သော အခြေအနေများတွင်မဆို ၎င်းတို့ ဘုရားသခင်ကို စော်ကားမည်မဟုတ်ပေ။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော နာမတော်ကို သို့မဟုတ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုဖြစ်သော ဤရေစီးကြောင်းကို သံသယဝင်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စော်ကားမည်မဟုတ်ပေ။ သို့ဖြစ်၍ ဘုရားသခင်ကို စော်ကားနိုင်သော လူစားမျိုးသည် ဤရေစီးကြောင်းကို ငြင်းပယ်ပြီး လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်သည်သာမက ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကိုလည်း ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ဤအမျိုးအစားဝင် လူတို့သည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သနည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်ကြပါသည်။) ဤအမျိုးအစားဝင် လူတို့သည် စာတန်နှင့် နတ်ဆိုးများ၏ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်၊ ဘုရားသခင်၏ သိုးများ မဟုတ်ပေ၊ ၎င်းတို့သည် လူသားမဟုတ်ကြပေ။ အချို့သောသူတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ ပိုင်းခြားသိမြင်မှု မရှိသောကြောင့်လည်းကောင်း ကောလာဟလများကို ကြားသည့်အခါ သံသယဝင်လာကြသည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်အပေါ် သံသယများ ဖြစ်ပေါ်လာကြပြီး ခြိမ်းခြောက်မှုများ၊ သွေးဆောင်မှုများနှင့် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုအောက်တွင် ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်သော ဤရေစီးကြောင်းကို ငြင်းပယ်ကြသည်၊ အသင်းတော်ကို ငြင်းပယ်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘောသက်ရောက်နေပြီဖြစ်၏။ သို့သော် အချို့သောသူတို့သည် ဘုရားသခင်ကိုပင် စော်ကားနိုင်ကြသည်၊ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ခြင်းဖြစ်သည်၊ ယင်းမှာ ခွင့်မလွှတ်နိုင်စရာဖြစ်ပြီး ခွင့်မလွှတ်နိုင်သော အပြစ်ကို ကျူးလွန်ခြင်း ဖြစ်သည်။ သင်သည် လူတို့ကို စော်ကားသည့်အခါ၊ သို့မဟုတ် ၎င်းတို့ကို တိုက်ခိုက်သည့်အခါ၊ ဝေဖန်သည့်အခါ၊ သို့မဟုတ် အသရေဖျက်သည့်အခါ ဥပဒေအရ ဤသည်မှာ အများဆုံးအားဖြင့် အသရေဖျက်မှုအဖြစ် သို့မဟုတ် အပြင်းထန်ဆုံးအခြေအနေများတွင် လူတစ်ဦးချင်းအပေါ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။ ယင်းမှာ အမှန်တကယ် ပြင်းထန်ခြင်းမရှိသကဲ့သို့ သေစေခြင်းလည်း မရှိပေ။ သို့ရာတွင် တစ်စုံတစ်ဦးက ဘုရားသခင်ကို စော်ကားနိုင်သည့်အခါ ပြဿနာ၏ သဘောသဘာဝသည် ပြောင်းလဲသွားသည်။ ယင်းမှာ ဘုရားသခင်ကို ရိုးရိုးစော်ကားခြင်းမျှသာ မဟုတ်တော့ပေ၊ ယင်းမှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ပြစ်မှားစော်ကားသည် ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ တိုက်ရိုက် တိုက်ခိုက်ခြင်း၊ အသရေဖျက်ခြင်း၊ စော်ကားခြင်း သို့မဟုတ် ရှုတ်ချခြင်းကို ဆိုလိုသည်၊ ဤအရာအားလုံးသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသည်၊ ဘုရားသခင်သည် အထွတ်အထိပ်ဖြစ်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာ ရှိသည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသက်ကို ပေးသနားတော်မူသောအရှင်ဖြစ်ပြီး ဘုရားသခင်သည် လူ့အသက်၏ ရင်းမြစ်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် အထွတ်အထိပ် ဖြစ်သည်။ ဘုရားသခင်သည် စုံလင်သည်၊ ကောင်းမြတ်သည်၊ သန့်ရှင်းသည်၊ သူသည် ခြောက်ပြစ်ကင်းသဲလဲစင်သကဲ့သို့ အပြစ်ပြောစရာမရှိပေ။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့်၊ စုံလင်သောကြောင့်၊ အထွတ်အထိပ်ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသက်ကို ပေးသနားတော်မူသော ရင်းမြစ်ဖြစ်သောကြောင့် ဖန်ဆင်းခံ လူသားမျိုးနွယ်က ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ “ပြစ်မှားစော်ကားခြင်း” ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ ယခု နားလည်လောက်ပြီ မဟုတ်လော။ (ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) “ပြစ်မှားစော်ကားခြင်း” ဟူသော စကားလုံးကို ရှင်းပြရမည်ဆိုလျှင် ယင်းမှာ အပြုသဘောဆောင်သော အရာများကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းကို ဆိုလိုပြီး အထူးသဖြင့် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်။ ဤသည်ကို ပြစ်မှားစော်ကားခြင်းဟု ခေါ်သည်။ ထို့ကြောင့် “ပြစ်မှားစော်ကားခြင်း” ဟူသော စကားလုံးကို လူသားမျိုးနွယ်က ဘုရားသခင်ကို ရှုတ်ချခြင်း၊ စော်ကားခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် ဝေဖန်ခြင်းကို ဖော်ပြရန်သာ အသုံးပြုနိုင်သည်၊ ဤသည်မှာ အတော်အတန် သင့်လျော်သည်။ လူတို့က အခြားလူတို့ကို ဝေဖန်သည့်အခါ၊ စော်ကားသည့်အခါ၊ တိုက်ခိုက်သည့်အခါ သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်အခါ ယင်းမှာ အဖြစ်မှန်များနှင့် မကိုက်ညီလျှင် အများဆုံးအားဖြင့် အသရေဖျက်မှု ဖြစ်သည်။ ယင်းမှာ အဖြစ်မှန်များနှင့် ကိုက်ညီလျှင်မူ အသရေဖျက်မှု မဟုတ်တော့ပေ။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းမှာ အဖြစ်မှန်များကို လိမ်ညာလှည့်ဖြားခြင်းနှင့် အမှန်တရားကို အမှားဖြစ်အောင် ပြောင်းလဲခြင်း ဖြစ်သည်၊ ဤသည်မှာ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ လူတို့ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချဝံ့ခြင်း၏ သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၌ အပြစ်ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် သန့်ရှင်းသည်၊ ဘုရားသခင်သည် အပြစ်မရှိပေ၊ သို့ဖြစ်၍ ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်ဝေဖန်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်းဟု ခေါ်သည်။ ဘုရားကို စော်ကားသူတို့က “ကျွန်ုပ်သည် ဘုရားကို စော်ကားသည့် စကားအနည်းငယ်မျှသာ ပြောခြင်းဖြစ်သရွေ့ ကျွန်ုပ် လွတ်မြောက်ပြီး အန္တရာယ်မှ လွတ်မြောက်နိုင်သည်။ အခြေအနေအရ ဘုရားက ဤအရာကို အမှတ်ရနေမည် မဟုတ်” ဟု တွေးထင်ကြသည်။ လူ့ရှုထောင့်မှကြည့်လျှင် ယင်းမှာ စော်ကားမှုအနည်းငယ်မျှသာဖြစ်ပြီး ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပုံရသည်။ သို့သော် ဘုရားသခင်သည် ဤကိစ္စကို မည်သို့ ရှုမြင်သနည်း။ သင် ဘုရားသခင်ကို စော်ကားနိုင်ခြင်းက သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ငြင်းပယ်ပြီးဖြစ်ကြောင်း ပြသသည်။ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် အမုန်းတရား ထားရှိသောကြောင့်သာ သင် ဘုရားသခင်ကို စော်ကားနိုင်ခြင်း ဖြစ်သည်။ သင် ဘုရားသခင်ကို တက်ကြွစွာ စော်ကားသည်ဖြစ်စေ၊ အခြားသူများက သင့်ကို စော်ကားရန် အတင်းအကျပ်စေခိုင်းသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်ကို မုန်းတီးခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤသို့သော အပြုအမူနှင့် လုပ်ဆောင်ချက်မျိုးသည် လုံးဝမလွဲမသွေ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။
အချို့သောသူတို့သည် ကောလာဟလအမျိုးမျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်နိုင်ဘဲ ၎င်းတို့ မှန်နိုင်သည်ဟု အစဉ်သဖြင့် တွေးထင်ကြသည်။ ၎င်းတို့သည် အုပ်စိုးသူပါတီဖြစ်သော အဆင်းနီသော နဂါးကြီး၊ ဘာသာရေးလောကနှင့် ဘာသာတရား မရှိသူများက ဖြန့်သည့် ကောလာဟလများ၊ အထူးသဖြင့် အွန်လိုင်းတွင် တင်ထားသော ထိုကောလာဟလများနှင့် မှတ်ချက်များက မှန်သည်၊ မမှန်သည်ကို အစဉ်သဖြင့် အတည်ပြုစစ်ဆေးလိုကြသည်။ ဘုရားသခင်က သူ၏ ရပ်တည်ချက်ကို မည်သည့်အခါမျှ မသိစေခဲ့လျှင် သို့မဟုတ် သူ၏အိမ်တော်က မည်သည့်ရှင်းလင်းချက်ကိုမျှ မပေးခဲ့လျှင် ၎င်းတို့သည် ဤကောလာဟလများ မှန်ကန်သည်ဟု အပြည့်အဝ ယုံကြည်ကြမည်ဖြစ်ပြီး ဘုရားသခင်ကို ငြင်းပယ်ကာ ဘုရားသခင်ကို သစ္စာဖောက်ကြလိမ့်မည်၊ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အခြေခံနှင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းသည် ကောလာဟလများ မှန်သည်၊ မမှန်သည်ကို အခြေခံလျှင်မူ ယင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ အမှန်တွင် ကောလာဟလများစွာတို့ကို ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများ၊ ရုပ်ရှင်များတွင် အလွန်ရှင်းလင်းစွာ စိတ်ဖြာလေ့လာဆွေးနွေးကာ ချေပပြီးဖြစ်သည်၊ ငါ ဤနေရာတွင် အသေးစိတ် ပြောရန်မလိုအပ်ပေ။ သို့ဆိုလျှင် မည်သည့်ကောလာဟလအမျိုးအစားများကို သင်တို့ မှန်မမှန် စစ်ဆေးလိုကြသေးသနည်း။ ယနေ့ ဤအကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ပြောကြစို့။ သင်တို့ ကောလာဟလများကို မှန်မမှန်စစ်ဆေးလိုလျှင် ၎င်းတို့အကြောင်း ငါပြောစရာရှိသည်ကို သင်တို့အား ငါပြောမည်၊ သို့မှသာ အချို့သောသူတို့က “ကိုယ်တော်က ကျွန်ုပ်တို့ မသိစေချင်သည့် တစ်စုံတစ်ခုကို ကျွန်ုပ်တို့ထံမှ ဖုံးကွယ်ထားသလော။ ကျွန်ုပ်တို့က ကိုယ်တော့်ကို အပြည့်အဝ နားလည်သဘောပေါက်၍မရဟု အစဉ်သဖြင့် ခံစားရသည်။ ကျွန်ုပ်တို့ ကိုယ်တော့်နောက်လိုက်ခဲ့ပြီး သမ္မာတရားများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကောလာဟလများ မှန်သည်၊ မှားသည်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် မသေချာမရေရာ ဖြစ်နေဆဲဖြစ်သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့ထံတွင် ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုသည့် စိတ်ကူးနှင့် အတွေးအခေါ်များ အစဉ်သဖြင့် ရှိနေလေသည်” ဟု ဆက်၍ မတွေးထင်ကြတော့မည်ဖြစ်သည်။ သင်တို့ ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုလျှင် ရဲရဲဝံ့ဝံ့ ပြောလော့။ ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောကြစို့။ ယင်းတို့အကြောင်း ငါပြောစရာရှိသည်ကို သင်တို့အား ငါပြောမည်၊ ဖုံးကွယ်စရာ တစ်စက်မျှမရှိပေ။ တစ်စုံတစ်ဦး ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုသလော။ (မလိုပါ။) သင်တို့က ယင်းတို့ကို မှန်မမှန် မစစ်ဆေးလိုခြင်း၏ အကြောင်းရင်းမှာ သင်တို့ အဆင်းနီသော နဂါးကြီး၏ ကောလာဟလများကို မယုံကြည်သည့် အခြေခံအုတ်မြစ်အပေါ် တည်ထောင်ထားခြင်းကြောင့်လော၊ သို့မဟုတ် “ငါ ဤကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မခံချင်ပါ၊ ဤအတိုင်းသာ ထားလိုက်တော့မည်” ဟူသော သဘောထား ရှိသောကြောင့်လော။ သို့မဟုတ် ကောလာဟလများကို မှန်မမှန်စစ်ဆေးပြီးနောက် သင်တို့ စိတ်ပျက်ပြီး ရလဒ်ကို ရင်မဆိုင်နိုင်မည်ကို ကြောက်သောကြောင့်လော၊ သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မနိုင်မည်ကို မသိသောကြောင့်လော၊ ထိုသို့သော အကျိုးဆက်များကို သင်တို့ ရင်မဆိုင်လိုသောကြောင့်လော။ ဤကောလာဟလများ၏ အကြောင်းအရာမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင်တို့ ယင်းတို့ကို အတည်ပြုစစ်ဆေးလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ၊ ဤကောလာဟလများအကြောင်း ငါပြောစရာရှိသည်ကို သို့မဟုတ် ၎င်းတို့အပေါ် ငါ၏ မှတ်ချက်ကို သင်တို့ ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ၊ သင်တို့၏ သဘောထားမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ ငါ၌ သဘောထားတစ်မျိုးတည်းသာ ရှိသည်။ သင်တို့ သမ္မာတရားကို နားလည်လျှင် ဤကောလာဟလများကို သင်တို့ သဘာဝအတိုင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်၊ သင်တို့ သမ္မာတရားကို နားမလည်လျှင်လည်းကောင်း၊ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း ငါ၌ မှတ်ချက်ပေးစရာမရှိပေ။ အကြောင်းမှာ ငါသည် သမ္မာတရားကို ဖော်ပြသည့် နှုတ်ကပတ်တော်များစွာကို ပြောခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ဤကောလာဟလများကို သင်တို့အား ရှင်းပြရန် ငါ့အတွက် မလိုအပ်ပေ၊ ဤသည်မှာ ငါလုပ်ဆောင်သင့်သော အလုပ်မဟုတ်ပေ။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးသည့်တိုင် ကောလာဟလများကို မပိုင်းခြားနိုင်ကြသေးသလော။ သင်တို့ မပိုင်းခြားနိုင်လျှင် သင်တို့ သမ္မာတရားကို နားမလည်ဟု ဆိုလိုသည်။ သမ္မာတရားကို နားမလည်သူတစ်ဦးအား မည်မျှပင် ပြောစေကာမူ အချည်းနှီးသာ ဖြစ်သည်၊ ယင်းမှာ ဘာသာတရား မရှိသူများကို စကားပြောခြင်းနှင့်တူသည်၊ သင် မည်မျှပင် ပြောစေကာမူ ၎င်းတို့ နားလည်မည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့်ကောလာဟလများနှင့်ပတ်သက်၍မဆို ငါ၌ မှတ်ချက်ပေးစရာမရှိ။ ငါသည် မည်သည့်အရာကိုမျှ ရှင်းပြလိုခြင်းမရှိ၊ မည်သည့်အရာကိုမျှ ပြောလိုခြင်း မရှိသကဲ့သို့ မည်သည့်အရာကိုမျှ အကြောင်းပြချက်ပေးခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းလည်း ပြုလိုခြင်းမရှိပေ။ ပြင်ပလောကတွင် မည်သည့်အရာကို ပြောဆိုနေသည်ဖြစ်စေ ငါ၌ မှတ်ချက်ပေးစရာမရှိ။ သင်တို့ ရှင်းရှင်းလင်းလင်း ကြားကြပြီလော။ (ကြားပါပြီ။) “မှတ်ချက်ပေးစရာမရှိ” ဟူသည်မှာ သဘောထားတစ်မျိုး ဖြစ်သည်။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်၍ သင်တို့အား ငါပြောလိုသည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ မည်သည့်အချိန်အခါ၌မဆို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်၊ ဘုရားသခင်၏ အဆင့်အတန်းသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ စိတ်သဘောထားသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကာ ၎င်းတို့အတွက် အသက်ကို ပေးသနားသည့် အချက်သည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဟူသော အချက်သည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သင်တို့၏ သံသယများကို ဖြေရှင်းရန် လုံလောက်ပါသလော။ (လုံလောက်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ သင်တို့အား ငါပြောစရာမှာ ဤမျှသာ ဖြစ်သည်။ သင်တို့ နားလည်လျှင် လက်ခံလော့။ သင်တို့ နားမလည်လျှင် အချိန်ယူ၍ ဆင်ခြင်သုံးသပ်လော့။ သင်၏ စိတ်နှလုံးထဲ၌ သံသယများ ရှိနေသေးလျှင်လည်းကောင်း၊ ဤနှုတ်ကပတ်တော်များက သင်၏ သံသယများကို မဖြေရှင်းနိုင်လျှင်လည်းကောင်း ငါလုပ်နိုင်သည့်အရာ ဘာမျှမရှိတော့ပေ။ သဘာဝအတိုင်းသာ ဖြစ်စေလော့။ ဤသည်မှာ သင့်အတွက် ငါပြောနိုင်ပြီး လုပ်ဆောင်နိုင်သမျှ အားလုံးဖြစ်သည်။ ဤချဉ်းကပ်ပုံမှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤနှုတ်ကပတ်တော်များသည် လူတို့အပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ ရှိနိုင်သလော။ ရှုပ်ထွေးသော ကိစ္စရပ်အမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သင်နှင့် ဘုရားသခင်ကြား ဆက်ဆံရေးတွင် အက်ကြောင်းတစ်ခု ပေါ်လာလျှင်ဖြစ်စေ၊ သင် ဘုရားသခင်အပေါ် ကြီးမားသော သံသယများ ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ ဤနှုတ်ကပတ်တော်များက သင် လက်ရှိရင်ဆိုင်နေရသော ပြဿနာကို မဖြေရှင်းနိုင်လျှင်ဖြစ်စေ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သင် လက်ခံသောအရာမှာ သမ္မာတရားမဟုတ်ဘဲ စာတန်၏ လိမ်လည်မှုများနှင့် စာတန်ပြောသည့် မည်သည့် နတ်ဆိုးဆန်သော စကားများကိုမဆို ဖြစ်သည်။ ယင်းမှာ အစအဦးက အာဒံနှင့် ဧဝတို့ကဲ့သို့ပင်ဖြစ်သည်၊ ဘုရားသခင်က “သင်တို့သည် ဥယျာဉ်၌ရှိသော အပင်ရှိသမျှတို့၏ အသီးကို စားနိုင်ကြသည်၊ သို့သော် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏အသီးကိုမူ သင်တို့ မစားရ၊ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် အမှန်ပင် သေရမည်” ဟု မိန့်တော်မူခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မှတ်သားထားခဲ့ကြသည်။ သို့သော် စာတန်က ၎င်းတို့အား “ဘုရားသခင်က ကောင်းမကောင်းကို သိကျွမ်းရာအပင်၏အသီးကို သင်တို့ မစားရဟု မိန့်တော်မူသည်၊ ဤသည်မှာ မလွဲဧကန် မှန်သည်မဟုတ်။ သင်တို့ ယင်းကို စားလျှင် အမှန်ပင် သေမည်မဟုတ်” ဟု ပြောသည့်အခါ အာဒံနှင့် ဧဝတို့သည် ချက်ချင်းပင် သံသယဝင်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွန့်ပယ်ပြီး မြွေ၏စကားများကို ယုံကြည်ခဲ့ကြသည်။ မြွေက ၎င်းတို့အား ပြောသောစကားကြောင့် ဘုရားသခင် ပြောသွားသည့်အရာသည် ၎င်းတို့ မသင်္ကာဖြစ်ကြကာ မုသားတစ်ခု ဖြစ်သည်ဟု ဘုရားသခင်ကို ၎င်းတို့ မယုံကြည်တော့ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မနာခံတော့ပေ၊ ထိုအစား မြွေ၏ မုသားများကိုသာ အပြည့်အဝ နားယောင်ခဲ့ကြလေသည်။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်အရာဖြစ်ခဲ့သည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ မြွေက ၎င်းတို့အား ပြောခဲ့သောအရာကို ယုံကြည်ပြီး လက်ခံနေစဉ်တွင် ၎င်းတို့သည် ဘုရားသခင် ပြောခဲ့သောအရာကိုလည်း ငြင်းပယ်နေခဲ့ကြပြီး ဘုရားသခင် ပြောခဲ့သောအရာမှာ လိမ်လည်မှုဖြစ်သည်ဟု တွေးထင်နေခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို မယုံကြည်တော့သကဲ့သို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်း မယုံကြည်တော့ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်အပေါ် သံသယဝင်ခဲ့ကြပြီး သူသည် ၎င်းတို့နှင့်ပတ်သက်၍ မသမာသော ရည်ရွယ်ချက်များ ရှိသည်ဟု သံသယဝင်ကာ လိမ်လည်မှုများဖြင့် ၎င်းတို့ကို လှည့်ဖြားနေသည်ဟု သံသယဝင်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က မြွေပြောခဲ့သောအရာမှာ မှန်ကန်သည်ဟု ယုံကြည်ခဲ့ကြပြီး မြွေသည် ၎င်းတို့၏ အကျိုးအတွက် ပြောဆိုနေသည်ဟု ယုံကြည်ခဲ့ကြသည်။ နောက်ဆုံးအကျိုးဆက်မှာ ၎င်းတို့သည် မြွေ၏ သွေးဆောင်ခြင်းကို ခံခဲ့ရပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရကာ ဘုရားသခင်၏ စောင့်ရှောက်မှုမှ လမ်းလွဲသွားခဲ့၍ ဘုရားသခင်၏ မြင်ကွင်းနှင့် ဘုရားသခင်၏ ဂရုစိုက်မှုတို့မှ လမ်းလွဲသွားသည့်အပြင် ဘုရားသခင်၏ ကာကွယ်မှုကို ဆုံးရှုံးခဲ့ကြပြီး ပြန်လမ်းမရှိသော လမ်းခရီးတစ်ခုပေါ်သို့ စတင်လျှောက်လှမ်းခဲ့ကြသည်။
ကောလာဟလ ပြဿနာသည် သင်တို့အတွက် ဖြေရှင်းပြီးပြီလော။ ဖြေရှင်းပြီးခြင်း မရှိသေးပါက သင်တို့ကိုယ်တိုင် ဖြည်းဖြည်းချင်း သုံးသပ်ဖြေရှင်းလော့။ ကောလာဟလများကို မည်သို့ သဘောထားပြုမူရမည်နှင့် ပတ်သက်၍မူ ငါသည် များစွာ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ အမျိုးမျိုးသော ကောလာဟလများကို ထွင်းဖောက်မမြင်နိုင်ဘဲ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးသည့် လူများ ရှိနေသေးပါက ဤအကြောင်းကို သင်တို့ကိုယ်တိုင် မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းလော့။ ဤကိစ္စသည် အဓိကကျသောကိစ္စတစ်ခု မဟုတ်သော်လည်း လူတို့၏ နေ့စဉ်အသက်တာများတွင်မူ ယင်းမှာ ၎င်းတို့၏ စိတ်ကို မကြာခဏ နှောင့်ယှက်နိုင်ပြီး ၎င်းတို့၏ အသက်တာများကို နှောင့်ယှက်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ အချို့သော ကောလာဟလများသည် သင့်အသက်ကို ချက်ချင်းပင် သေစေသည်အထိ မဖြစ်စေသော်လည်း ယင်းတို့သည် သင့်အတွက် အနှောင့်အယှက်ပေးခြင်း တစ်မျိုးလည်း ဖြစ်သည်၊ ယင်းမှာ လူကိုမကိုက်သော်လည်း စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေသော နားပူနားဆာ ယင်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်သည်၊ ယင်းတို့သည် သင့်ကို နှောင့်ယှက်ရန် အခါအားလျော်စွာ ပေါ်ထွက်လာတတ်သည်။ အထူးသဖြင့် သင် အားနည်းနေသည့်အခါတွင်ဖြစ်စေ၊ သင်သည် ကျရှုံးမှု သို့မဟုတ် အဆင်မပြေမှုများနှင့် ရင်ဆိုင်ရသည့်အခါတွင်ဖြစ်စေ၊ အပျက်သဘောဆောင်နေသည့်အခါတွင်ဖြစ်စေ ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသည် သင့်ကို နှောင့်ယှက်ရန်၊ သင့်စိတ်နှလုံးထဲ၌ သင့်ကို ညှဉ်းပန်းရန်၊ သင့်ကို ဆွဲထားရန်၊ သင့်ကို တဖြည်းဖြည်း နစ်မြုပ်သွားစေရန် ပေါ်ထွက်လာလိမ့်မည်။ ဤနည်းအတိုင်းပင် အချို့သောလူတို့သည် နောက်ဆုတ်သွားကြပြီး မယုံကြည်တော့ခြင်း ဖြစ်သည်။ သင် မြင်သလော၊ ဘီ အုပ်စုများ သို့မဟုတ် သာမန်အသင်းတော်များသို့ စေလွှတ်ခံရသော လူများသည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိကြသည်၊ သို့သော် အချိန်ပြည့် တာဝန်ထမ်းဆောင်သော လူများသည် အန္တရာယ်ထဲတွင် မရှိကြသလော။ ၎င်းတို့ထဲမှ အချို့သည်လည်း ကြီးမားသော အန္တရာယ်ထဲတွင် ရှိကြသည်။ ၎င်းတို့ထဲမှ မည်သည့်အုပ်စုနည်း။ သမ္မာတရားကို အစဉ်အမြဲ နားလည်ရန် ပျက်ကွက်သော လူအုပ်စု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှများများကို ကြားခဲ့သည်ဖြစ်စေ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အစဉ်သဖြင့် သံသယဝင်နေကြသည်၊ “အဘယ်ကြောင့် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာက သမ္မာတရားဖြစ်သည်ကို မခွဲခြားနိုင်ရသနည်း။ လူတိုင်းက သမ္မာတရားသည် လမ်းခရီး၊ အသက်ဖြစ်သည်ဟု ဆိုကြသည်၊ ကျွန်ုပ်သည် အဘယ်ကြောင့် ယင်းကို အသက်ဖြစ်သည်ဟု မခံစားရသနည်း။ ကျွန်ုပ်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်အတွင်းရှိ အသက်သည် မပြောင်းလဲသေးပေ၊ ကျွန်ုပ်သည် ကျွန်ုပ်ပင်ဖြစ်သည်၊ ကျွန်ုပ် မပြောင်းလဲသေးပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်ကြ၊ ဘုရားသခင်၏ အလုပ်ကို မည်သည့်အခါမျှ နားမလည်ကြဘဲ ရူပါရုံများနှင့်ပတ်သက်၍ အစဉ်သဖြင့် မရှင်းမလင်း ဖြစ်နေကြသည်။ ထိုသို့သော လူများသည် အန္တရာယ် ရှိနေကြသည်။ ဤလူစားမျိုးသည် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြပေ၊ ၎င်းတို့သည် ကောလာဟလများကို ရှောင်တိမ်းရန်နှင့် ငြင်းပယ်ရန်သာ သိကြသည်။ ၎င်းတို့ ရှောင်တိမ်းနိုင်လျှင် ကံကောင်းစွာဖြင့် ဘေးအန္တရာယ်ကို ရှောင်လွှဲကြသည်၊ ၎င်းတို့ ရှောင်တိမ်း၍မရပါက စာတန်၏ ဖမ်းသွားခြင်းကို ခံကြရသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများသည် စာတန်၏ ဖမ်းသွားခြင်းကို ခံရနိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခုလော။ (မဟုတ်ပါ။) သမ္မာတရားကို မည်သည့်အခါမျှ နားမလည်သူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်သူများ၊ ဤလူများသည် ဘုရားသခင်၏ သိုးများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ကြသလော။ (၎င်းတို့ မတတ်နိုင်ကြပါ။) ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ နားမလည်ကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ၊ ပြီးလျှင် ၎င်းတို့သည် “ဘုရားသခင်၏နေ့ရက်သည် မည်သည့်အချိန်တွင် ရောက်လာမည်နည်း။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အချိန်တွင် ဝင်ရောက်ကြမည်နည်း” ဟူ၍ အစဉ်သဖြင့် စိုးရိမ်ပူပန်နေကြသည်။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူတို့ နားလည်သင့်သည့် အမှုအရာများနှင့်ပတ်သက်၍ ၎င်းတို့သည် တစ်ခုကိုမျှ နားလည်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့သည် အလွန်ပင် နားဝေတိမ်တောင် ဖြစ်နိုင်ကြပါတကား။ ငါ့ကို ပြောလော့၊ ဤသို့သော နားဝေတိမ်တောင်ဖြစ်သည့် လူစားမျိုးကို ငါ စကားပြောသည့်အခါ ငါ့စိတ်နှလုံးထဲတွင် မည်သို့သော ခံစားချက် ရှိသနည်း။ ယင်းသည် ဂုဏ်ယူခြင်းလော သို့မဟုတ် ဝမ်းနည်းခြင်းလော။ သို့တည်းမဟုတ် ဒေါသထွက်ခြင်း ခံစားချက်တစ်ခုလော။ ဤလူများကို မြင်ရခြင်းက ငါ့ကို စိတ်တိုစေသည်။ ဤနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် အဘယ်အရာကို ရရှိနိုင်မည်နည်း။ အဆင်းနီသော နဂါးကြီးက ၎င်းတို့ကို ဖမ်းဆီးပြီး ဦးနှောက်ဆေးကြောပြီးနောက် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ဤလူများသည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်ကြဘဲ ဘုရားအိမ်တော်သည် ထိုသို့သော လူများကို အလိုမရှိပေ။ အဆင်းနီသော နဂါးကြီးမှတစ်ဆင့် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မေတ္တာမဲ့ခြင်းလော။ (မဟုတ်ပါ။) ထိုသို့သော လူများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို မခံခဲ့ရပါက၊ ဤကောလာဟလများက ၎င်းတို့ကို အထင်အမြင်မှားစေခြင်း မရှိပါက ၎င်းတို့သည် အသင်းတော်ကို အစဉ်သဖြင့် တွယ်ကပ်နေမည် မဟုတ်လော။ မည်သည့်အခြေအနေများက ၎င်းတို့ကို နောက်ဆုတ်သွားစေနိုင်သနည်း။ (ယင်းမှာ အဆင်းနီသော နဂါးကြီး၏ ကောလာဟလများမှတစ်ဆင့် အတိအကျပင် ဖြစ်ပါသည်။ ၎င်းတို့သည် ကောလာဟလများကို ကြားပြီး ယုံကြည်ပြီးနောက်တွင် နောက်ဆုတ်သွားကြပါသည်။) ဤအဖြည့်ခံဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ နတ်ဆိုးလက်သည်းများမှတစ်ဆင့် အတိအကျပင် ၎င်းတို့သည် ဖမ်းသွားခြင်းခံရပြီး အဆုံးတွင် မယုံကြည်တော့ခြင်း ဖြစ်သည်။ အမှန်တွင် ဤလူများသည် သမ္မာတရားကို နားမလည်နိုင်ကြ၊ မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ကြ၊ မည်သည့်အစေခံမှုကိုမျှ မပေးနိုင်ကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့သည် လူအရေအတွက် ဖြည့်ပေးရုံမျှသာဖြစ်ပြီး ကပ်ပါးရပ်ပါးလုပ်ကာ သေဖို့စောင့်နေကြသည်။ ၎င်းတို့ တစ်ဦးချင်းစီသည် သနားစရာကောင်းသော အခြေအနေတွင် ရှိနေကြသည့်တိုင် ဘုရားသခင်၏ နောက်လိုက်များ ဖြစ်ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်၊ ၎င်းတို့သည် အရှက်ရဖွယ် မဟုတ်လော။ ဘုရားသခင်နောက် လိုက်သောသူများသည် အနည်းဆုံးအားဖြင့် လူသားများ ဖြစ်ရမည်၊ ဝိညာဉ်မရှိသော လူသေများ မဟုတ်၊ တိရစ္ဆာန်များ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သော လူများ ဖြစ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး သမ္မာတရားကို နားလည်သောသူများသာလျှင် ဘုရားသခင်၏ သိုးများ ဖြစ်ကြသည်။ ဘုရားသခင်၏ သိုးများသာလျှင် မိမိတို့၏ တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်နိုင်ပြီး ဘုရားသခင်နောက် လိုက်နိုင်ကြသည်။ ဘုရားသခင်၏ သိုးများ မဟုတ်သောသူများသည် စိတ်ရင်းမှန်သော နောက်လိုက်များ မဟုတ်ကြပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်တည်းဟူသော ရည်ရွယ်ချက်တစ်ခုဖြင့် အသင်းတော်ထဲသို့ စိမ့်ဝင်လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့ မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို မည်သည့်အခါမျှ ရနိုင်မည်မဟုတ်ပေ။ နတ်ဆိုးများ၊ စာတန်များနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများ၊ ဝိညာဉ်ဆိုးများ ပူးကပ်ခြင်းခံရသူတို့သည်လည်း ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း သိကြပြီး ၎င်းတို့သည်လည်း ကောင်းချီးမင်္ဂလာများကို တောင့်တကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့သော လူများကို အလိုရှိသလော။ (ကိုယ်တော် အလိုမရှိပါ။) အမျိုးမျိုးသော ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများသည် တိရစ္ဆာန်များကို ပူးကပ်ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်မှုပြုပြီးနောက် သဘာဝလွန် သတ္တဝါများ ဖြစ်လာသောအခါ လူသားများအဖြစ်သို့ ပြောင်းလဲရန် အစဉ်သဖြင့် အလိုရှိကြသည်။ ၎င်းတို့သည် ညစ်ညူးသော မကောင်းဆိုးဝါးများ၊ ဝိညာဉ်ဆိုးများ သို့မဟုတ် အမျိုးမျိုးသော တိရစ္ဆာန်ဝိညာဉ်များအဖြစ် ဆက်ရှိနေရန် မလိုလားကြပေ၊ ၎င်းတို့သည် ပိုမိုမြင့်မားသောအဆင့်ဖြစ်သည့် လူသားဖြစ်ရန်သို့ တက်လှမ်းလိုကြသည်။ အလားတူပင် ဤနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်လိုလျက် ၎င်းတို့၏ အဆင့်အတန်းကို မြှင့်တင်လိုကြသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ထိုသို့သော လူများကို အလိုရှိသလော။ သူ အလိုမရှိပေ။ ၎င်းတို့သည် အသင်းတော်ထဲသို့ စိမ့်ဝင်လာလျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဖယ်ရှားခြင်း ခံရမည်သာ ဖြစ်သည်။ ၎င်းတို့ ဖယ်ရှားခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်ရော၊ အသင်းတော်ပါ စင်ကြယ်သွားလိမ့်မည်။ ကျန်ရစ်သောသူများသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုသောသူများ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အသိအမှတ်ပြုသောသူများနှင့် ဘုရားသခင်အတွက် ဆန္ဒအလျောက် အစေခံမှုပေးနိုင်သောသူများ ဖြစ်ရမည်။ ထိုနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည် ဤအရာကို ပြီးမြောက်အောင်မြင်နိုင်သလော။ ၎င်းတို့သည် ဤအရာကို ပြီးမြောက်အောင်မြင်ခြင်းနှင့် များစွာ ကွာဝေးလှသည်။ ၎င်းတို့အားလုံးသည် ဝိညာဉ်မရှိသော လူသေများဖြစ်ကြသည့်တိုင် အစဉ်သဖြင့် ကောင်းချီးမင်္ဂလာများကို အလိုရှိကြသည်၊ အစဉ်သဖြင့် နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုကြသည်၊ အစဉ်သဖြင့် ကောင်းကင်ဘုံသို့ သွားလိုကြသည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒသည် မသေးငယ်သော်လည်း ၎င်းတို့သည် မည်သို့သောအရာ ဖြစ်သည်ကိုပင် မကြည့်ကြပေ၊ မိမိတို့၏ အစွမ်းအစကို မသိကြပေ။ ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်မှာ မှန်ကန်ပေသည်။ သင်တို့သည် ယင်းကို နှမြောစရာဟု ခံစားရသလော။ (မခံစားရပါ။) အစကတည်းက ဘုရားသခင်က “ငါလိုချင်သည့်အရာသည် လူအရေအတွက် များပြားခြင်းထက် လူတို့အထဲ၌ အရည်အသွေး ထူးချွန်ခြင်းဖြစ်၏။” ဟု မိန့်တော်မူခဲ့သည်။ ဤသည်မှာ သူ၏ ရွေးချယ်ထားသောလူများအတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းဖြစ်သကဲ့သို့ အသင်းတော်ရှိ လူအရေအတွက်နှင့်ပတ်သက်သည့် သတ်မှတ်ချက်နှင့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ “ငါယခင်က ပြောဆိုခဲ့ပြီးသည့်အတိုင်း ငါလိုချင်သည့်အရာသည် လူအရေအတွက်များပြားခြင်းထက် လူတို့အထဲ၌ အရည်အသွေးထူးချွန်ခြင်းဖြစ်၏။”၊ ဤနေရာတွင် “အရည်အသွေးထူးချွန်ခြင်း” သည် နိုင်ငံတော်၏ စစ်သည်တော်ကောင်းများကို ရည်ညွှန်းသလော သို့မဟုတ် အောင်နိုင်သူများကို ရည်ညွှန်းသလော။ နှစ်ခုစလုံး တိကျမှန်ကန်ခြင်းမရှိ။ တိကျမှန်ကန်စွာ ပြောရလျှင် “အရည်အသွေးထူးချွန်ခြင်း” သည် ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သောသူများ၊ အမှန်တကယ် လူသားဖြစ်သောသူများကို ရည်ညွှန်းသည်။ ဘုရားအိမ်တော်၌ သင်သည် လူတစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သော တာဝန်များကို ထမ်းဆောင်နိုင်လျှင်၊ သင်သည် လူသားတစ်ဦးအဖြစ် အသုံးပြုခြင်းခံနိုင်လျှင်၊ သင်သည် အခြားသူများက သင့်ကို ဆွဲခြင်း၊ တရွတ်တိုက်ဆွဲခြင်း သို့မဟုတ် တွန်းခြင်းတို့မရှိဘဲ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများ၊ အလုပ်များနှင့် ပြုဖွယ်ကိစ္စများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်လျှင်၊ သင်သည် အသုံးမကျသော အမှိုက်မဟုတ်၊ ကပ်ပါးရပ်ပါးမဟုတ်၊ အလေလိုက်သူ မဟုတ်ဘဲ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ပြုဖွယ်ကိစ္စများကို ထမ်းရွက်နိုင်ပြီး လူသားတစ်ဦး၏ အထူးတာဝန်ကို ထမ်းရွက်နိုင်လျှင် ဤသည်သာလျှင် လူသားတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီခြင်း ဖြစ်၏။ ထိုအလေလိုက်သူများနှင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ဂရုမစိုက်သောသူများသည် လူသားတစ်ဦး၏ အထူးတာဝန်ကို ထမ်းရွက်နိုင်သလော။ (မထမ်းရွက်နိုင်ပါ။) အချို့လူများသည် တာဝန်ကို ထမ်းရွက်ရန် မလိုလားကြ၊ အချို့မှာမူ မထမ်းရွက်နိုင်ကြပေ၊ ၎င်းတို့သည် အသုံးမကျသော အမှိုက်များ ဖြစ်ကြသည်။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများကို မထမ်းရွက်နိုင်သောသူများကို လူသားဟု ခေါ်ဆို၍မရပေ။ ဉာဏ်ရည်မမီသူများ၊ အရူးအနှမ်းများ၊ ဦးနှောက်သွက်ချာပါဒဖြစ်သူများ သို့မဟုတ် ကိုယ်ခန္ဓာသွက်ချာပါဒဖြစ်သူများကို ကြည့်လော့၊ ၎င်းတို့ကို စံမီသော လူသားများဟု ခေါ်ဆိုနိုင်သလော။ (မခေါ်ဆိုနိုင်ပါ။) အဘယ်ကြောင့် မခေါ်ဆိုနိုင်သနည်း။ ထိုသို့သော လူများတွင် အသက်ရှင်နေထိုင်နိုင်စွမ်း မရှိ၊ ရှင်သန်နိုင်စွမ်း မရှိ၊ မိမိတို့ကိုယ်ကို ဂရုစိုက်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် အကူအညီနှင့် စောင့်ရှောက်မှုအတွက် အခြားသူများကို လုံးလုံး မှီခိုကြရပြီး မိမိတို့ကိုယ်ကို မထောက်ပံ့နိုင်ဘဲ အသက်ရှင်ကြကာ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ပြုဖွယ်ကိစ္စများကို ထမ်းရွက်နိုင်ခြင်း မရှိကြပေ။ ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို မထမ်းရွက်နိုင်သောသူများသည် ပုံမှန်လူသားများ မဟုတ်ကြဘဲ ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိပေ။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်စေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်သော သီးခြားအလုပ်တစ်ခုကို လုပ်ဆောင်နေသည်ဖြစ်စေ သင် တာဝန်ယူထားသော အလုပ်ကို သင် ထမ်းရွက်နိုင်ရမည်။ သင်၏ ကိုယ်ပိုင်အသက်တာနှင့် ရှင်သန်မှုကို စီမံခန့်ခွဲနိုင်ခြင်းအပြင် သင်၏ တည်ရှိခြင်းသည် အသက်ရှူနေရုံမျှသာ မဟုတ်၊ စားသောက်ပျော်ပါးရန် မဟုတ်ဘဲ ဘုရားသခင်က သင့်အား ပေးအပ်ထားသော အထူးတာဝန်ကို ထမ်းရွက်နိုင်ခြင်း ဖြစ်ရမည်။ ထိုသို့သော လူများသာလျှင် ဖန်ဆင်းခံများဟု ခေါ်ဆိုခြင်းကို ခံထိုက်ပြီး လူသားဟု ခေါ်ဆိုခြင်းကို ခံထိုက်သည်။ ဘုရားအိမ်တော်၌ အစဉ်သဖြင့် ကပ်ပါးရပ်ပါးလုပ်လိုပြီး အဆုံးတိုင်အောင် လှည့်ဖြား၍ အောင်မြင်အောင် ကြိုးစားကာ ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ပြီး အစဉ်သဖြင့် ဖြတ်လမ်းလိုက်ရန် ကြိုးစားသောသူများသည် မည်သည့်အထူးတာဝန်ကိုမျှ မဆိုထားနှင့်၊ မည်သည့်အလုပ် သို့မဟုတ် မည်သည့်တာဝန်ကိုမျှ မထမ်းရွက်နိုင်ကြပေ။ ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ပြီး ယင်းမှာ ဝမ်းနည်းစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖယ်ရှားရှင်းလင်းခြင်း ခံနေရသည့်အရာသည် လူသားမဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုခံရရန် အရည်အချင်း မပြည့်မီပေ။ သင်သည် ၎င်းတို့ကို အသုံးမကျသောလူများ၊ အလေလိုက်သူများ သို့မဟုတ် အပျင်းထူသူများဟု ခေါ်ဆိုနိုင်သည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် လူသားဟု ခေါ်ဆိုခြင်းကို ခံထိုက်သူများ မဟုတ်ကြပေ။ သင်သည် ၎င်းတို့အား အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ ထိုအလုပ်ကို ၎င်းတို့ သီးခြားလွတ်လပ်စွာ မပြီးမြောက်နိုင်ပေ၊ သင်သည် ၎င်းတို့အား တာဝန်တစ်ခုကို ပေးအပ်သည့်အခါ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းရွက်နိုင် သို့မဟုတ် ထမ်းဆောင်သင့်သော ပြုဖွယ်ကိစ္စကို မဖြည့်ဆည်းနိုင်ပေ၊ ထိုသို့သော လူများသည် ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ရန် မထိုက်တန်ပေ၊ ၎င်းတို့သည် သေထိုက်သည်။ ဘုရားသခင်က ၎င်းတို့၏ အသက်ကို ချမ်းသာပေးခြင်းသည် သူ၏ ကျေးဇူးတော် ဖြစ်နေပြီးဖြစ်ကာ ယင်းမှာ ထူးကဲသော မျက်နှာသာပေးမှုတစ်ခု ဖြစ်ပြီးသားဖြစ်သည်။
ကောလာဟလများ၏ အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ ဤနေရာတွင် အဆုံးသတ်ကြမည်။ သင်တို့၌ ပြဿနာတစ်ခုခု ရှိနေပါက ယင်းတို့ကို တင်ပြ၍ မိတ်သဟာယဖွဲ့နိုင်သည် သို့မဟုတ် သင်တို့ကိုယ်တိုင် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်။ ငါတို့သည် ထိုအကြောင်းကို နောက်ထပ် မပြောကြတော့ပေ၊ ကောင်းပြီလော။ တစ်ဦးတလေ၌ ကန့်ကွက်ချက်များ ရှိသလော။ (မရှိပါ။) ငါ မဆွေးနွေးခဲ့သော ပြဿနာတစ်ခုခု ရှိနေပါက သင်တို့သည် ယင်းတို့ကို သင်တို့ကိုယ်တိုင် ဖြေရှင်းရန် နည်းလမ်းတစ်ခု စဉ်းစားနိုင်သည်။ ဤကိစ္စတွင် ငါသည် ငါ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်။ “ကျွန်ုပ်တို့ လိုချင်သော အဖြေကို မရရှိသေးပါ၊ ထိုကောလာဟလများသည် မှန်သလော သို့မဟုတ် မှားသလော။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ရှင်းလင်းသော အဖြေတစ်ခု ပေးပါ” ဟု တစ်စုံတစ်ဦးက ပြောသည် ဆိုပါစို့။ ငါသည် သင်တို့ကို ရှင်းလင်းသော အဖြေတစ်ခု ပေးလျှင်ပင် ယင်းက ဘယ်ပြဿနာကိုများ ဖြေရှင်းပေးနိုင်မည်နည်း။ ထို့ကြောင့် ဤအဖြေကို သင်တို့ကိုယ်တိုင် ရှာသင့်သည်ဟု ငါ ပြောခြင်းဖြစ်သည်။ ဤအပေါ်၌ ငါ့အနေဖြင့် မှတ်ချက်ပေးစရာမရှိ။ ယင်းတို့အားလုံးသည် သင်တို့၌ ပိုင်းခြားသိမြင်မှု ရှိမရှိအပေါ်တွင် မူတည်သည်။ သမ္မာတရားကို ရရှိပြီးသောသူများသည် မည်သည့်အခါမျှ အထင်အမြင်မှားစေခြင်းကို ခံရမည်မဟုတ်ပေ။ အမှန်တွင် ဤကောလာဟလများသည် လူများစွာကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို မရရှိခဲ့သောသူများသည် အားလုံး ထုတ်ဖော်ခြင်း ခံခဲ့ရသည်၊ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်။ ဤသည်မှာ ငါ၏ အဖြေပင်တည်း။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သို့ဆိုလျှင် သင်တို့ကို ငါ ပြောလိုသည့်အရာမှာ အဘယ်အရာနည်း။ ငါ ပြောလိုသည့်အရာသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” နှုတ်ကပတ်တော်အတွဲများနှင့် တရားဒေသနာအားလုံးထဲတွင် ရှိသည်။ ထိုနှုတ်ကပတ်တော်များမှာ သင်တို့ကို ငါ ပြောလိုသည့်အရာ ဖြစ်သည်။ ယင်းတို့သည် မလုံလောက်သလော။ (လုံလောက်ပါသည်။) အချို့လူများက “သို့ဆိုလျှင် ကောလာဟလများနှင့်ပတ်သက်၍ သင့်ထံတွင် အဖြေတစ်ခုခု ရှိပါသလော” ဟု ပြောလျက် ဆက်၍ မလျှော့တမ်း ပြောဆိုနေပါက ငါက မရှိပါ၊ ငါ့အနေဖြင့် မှတ်ချက်ပေးစရာမရှိဆဲသာ ဖြစ်သည်ဟု ဆိုမည်။ ငါ ပြောလိုသည့်အရာများစွာကို တရားဒေသနာအားလုံးတွင် ငါ ပြောခဲ့ပြီးဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ရှာဖွေလိုလျှင်၊ ဤနှုတ်ကပတ်တော်များကို သင်တို့ လက်ခံပြီး စောင့်ထိန်းလိုက်နာနိုင်လျှင် သင်တို့၏ ပြဿနာများသည် ဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို လက်မခံပါက သင်တို့၏ ပြဿနာများသည် ထာဝရ ပြဿနာများအဖြစ် ကျန်ရှိနေလိမ့်မည်။ ငါသည် ငါ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်၊ ယင်းမှာ ငါနှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။ သင်တို့ ရှင်းရှင်းလင်းလင်း ကြားပြီးပြီလော။ (ရှင်းရှင်းလင်းလင်း ကြားပါသည်။)