သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း လေး

အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာပြီး အလေးအနက် စိစစ်ခြင်း

ပေါ့ဆခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာပြီး အလေးအနက် စိစစ်ခြင်း၊ အဓိကကျသောအချက်များ၊ အချက်အချာကျသော အချက်များကိုလည်း သဘောပေါက်နိုင်ခြင်း၊ ပြဿနာများ မည်သည့်နေရာတွင် ရှိသည်ကို ခွဲခြားသိမြင်နိုင်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာသော လူများ၏ သဘောထားသည် တော်တော်လေး မှန်ကန်သည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် အတော်လေး စေ့စပ်သေချာပြီး အလေးအနက်ထားသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ပြီး စိတ်မလောတတ်၊ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ ဤကောင်းကွက်ကို ပိုင်ဆိုင်သော လူတစ်ဦးသည် အချိန်ပြည့်အလုပ်ကို တာဝန်ယူနိုင်သော်လည်း ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် အလွန်နှေးကွေးပြီး ၎င်းတို့အလုပ်၏ လုပ်ငန်းစွမ်းဆောင်ရည်က မမြင့်မားပါက အကျိုးရလဒ်များမှာ သိပ်ပြီးကောင်းမည် မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ယင်းသည် ပင်ကိုအခြေအနေများထဲမှ တစ်ခုဖြစ်သည့် အစွမ်းအစနှင့် သက်ဆိုင်သည်။ စေ့စပ်သေချာသော မည်သူမဆို ကောင်းသောအလုပ်ကို မလွဲမသွေ လုပ်နိုင်သည်ဟု သင် ထင်သလော။ ဤအမြင်သည် မမှန်ကန်ပေ။ အချို့လူများသည် အမှုအရာများကို လုပ်ဆောင်ရာတွင် အနည်းငယ် စိတ္တဇဖြစ်သည့်အဆင့်အထိ အလွန်အမင်း စေ့စပ်သေချာကြသည်။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်များ ဆေးကြောသည့်အခါ အရွက်များ၏ အရှေ့ဘက်ခြမ်းကို ဆေးကြောပြီးနောက် အနောက်ဘက်ခြမ်းကို ဆေးကြောသည်၊ အဝါရောင်အရွက်တိုင်းကို ဖယ်ရှားသည်၊ ပိုးပေါက်တိုင်းကို ထွင်းထုတ်သည်၊ ဟင်းသီးဟင်းရွက်များကို လုံးဝ သန့်စင်သွားအောင် ဆေးကြောသည်ကို သေချာစေသည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် အလွန်စေ့စပ်သေချာခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း လူတစ်ဦးသည် စည်းမျဉ်းနှင့်မညီသည့်အဆင့်အထိ အလွန်အကျွံ စေ့စပ်သေချာပြီး အလွန်အမင်း အသေးအဖွဲဖြစ်သောအရာများကို လုပ်ဆောင်ပါက ယင်းမှာ မလိုအပ်တော့ဘဲ လုပ်ငန်းစွမ်းဆောင်ရည် မရှိတော့ပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပြီး အမှုအရာများကို မပြီးမြောက်နိုင်ခြင်းနှင့် အလုပ်ကို တာဝန်မခံနိုင်ခြင်း ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာသော အချို့လူများသည် စည်းမျဉ်းများကို သဘောပေါက်သည်၊ အဓိကကျသော အချက်များ၊ အချက်အချာကျသော အချက်များကို သဘောပေါက်သည်၊ လျင်မြန်ပြီး သွက်လက်ချက်ချာစွာ လှုပ်ရှားသည်၊ လျင်မြန်သော ဆုံးဖြတ်ချက်ချနိုင်ပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်သည်၊ ဤသည်မှာ ကောင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ထိရောက်မှု ရှိခြင်းနှင့် မညီမျှသကဲ့သို့ အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းသော အကျိုးရလဒ်များ ရရှိခြင်းနှင့်လည်း မညီမျှပေ။ ယင်းမှာ စိတ်ရှည်စွာ အာရုံစိုက်နိုင်ခြင်း၊ တိတ်ဆိတ်ခြင်း၊ စိတ်မလောတတ်ခြင်း၊ မကြွားဝါခြင်းနှင့် မဆင်မခြင် မပြုမူခြင်းတို့ကိုသာ ဆိုလိုသည်။ အများဆုံးအားဖြင့် ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခုသာဖြစ်ပြီး ကောင်းသော အစွမ်းအစအဆင့်သို့ မရောက်ရှိပေ။ အချို့လူများသည် အမှုအရာများကို လုပ်ဆောင်ရာတွင် အတော်လေး စေ့စပ်သေချာပြီး အတော်လေး တာဝန်သိပုံရကာ အလျင်လိုခြင်း သို့မဟုတ် ပျာယာခတ်ခြင်း မရှိဘဲ အတော်လေး တိတ်ဆိတ်ငြိမ်သက်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ထိရောက်မှု မရှိဘဲ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအပေါ် အခြေခံ၍ အမှုအရာများကို ဦးစားမပေးနိုင်ကြပေ။ ၎င်းတို့သည် အရေးမပါသော အလုပ်အချို့ကို ဆွဲကိုင်ထားပြီး အဆုံးမရှိ လုပ်ဆောင်ကြရာ အခြားသူများကို စိုးရိမ်ပူပန်ပြီး ဒေါသထွက်စေကာ ၎င်းတို့ကို ကောင်းကောင်း ကန်ကျောက်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် အလွန်နှေးကွေးစွာ အလုပ်လုပ်ကြပြီး ထိရောက်မှု လုံးဝမရှိပေ၊ ၎င်းတို့သည် အသုံးမကျသူများသာ ဖြစ်သည်။ ပုံမှန် ရှင်သန်နိုင်စွမ်းရှိသော လူတစ်ဦးသည် ၎င်းတို့ထက် ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ် ပိုမြန်အောင် အလုပ်လုပ်သည်။ ၎င်းတို့သည် အမှုအရာများကို အလွန်နှေးကွေးစွာ လုပ်ဆောင်ကြပြီး မည်မျှပင် လုပ်ဆောင်ပါစေ နည်းလမ်းတစ်ခုကို မရှာတွေ့နိုင်၊ စည်းမျဉ်းများကို မရှာတွေ့နိုင်၊ ကျွမ်းကျင်မှုမရှိ၊ ထိရောက်မှု ကင်းမဲ့ကြသည်။ တစ်နာရီကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် တစ်နေ့လုံး ကြာနိုင်သည်၊ တစ်နေ့ကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် ငါးရက် ကြာနိုင်ပြီး ငါးရက်ကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် ဆယ်ရက် ကြာနိုင်ရာ ၎င်းတို့ကို ကြည့်နေရင်း သင့်ကို ဒေါသထွက်ပြီး စိတ်တိုလာစေသည်။ အချို့သော အမျိုးသမီးများသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် နှောင့်နှေးကြန့်ကြာကြသည်။ မကြာမီ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အပြင်ထွက်ရမည်ကို ကောင်းစွာသိလျက်နှင့် ၎င်းတို့သည် မရမက ခေါင်းလျှော်နေကြသေးသည်။ ခေါင်းလျှော်ရာတွင် ၎င်းတို့သည် နည်းလမ်းတစ်ခုကို မရှာတွေ့နိုင်ပေ။ ဆံပင်အားလုံးကို တစ်ကြိမ်တည်း လျှော်မည့်အစား တစ်ပင်ချင်းစီ လျှော်ကြပြီး နာရီဝက်ကြာသည့်တိုင် မပြီးသေးပေ။ ၎င်းတို့သည် ရူးနေကြသည် မဟုတ်လော။ ခေါင်းလျှော်ခြင်းကြောင့် ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်များကို နှောင့်နှေးစေတော့သည်။ ကိစ္စရပ်များက ပို၍ အရေးကြီးလေ ၎င်းတို့က အရေးတကြီး လုပ်ဆောင်ရမည်ဟု ခံစားရမှု နည်းလေဖြစ်ပြီး အရေးကြီးသောကိစ္စများကို စိတ်စောခြင်း သို့မဟုတ် စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ နှောင့်နှေးစေကာ ထိုအရေးမပါသော ကိစ္စရပ်များကို ကိုင်တွယ်ရန်ပင် အာရုံစိုက်ကြသည်။ သင်က ၎င်းတို့ကို တိုက်တွန်းပါက ၎င်းတို့တွင် ဆင်ခြေများ တစ်ပုံတစ်ပင်ပင် ရှိသေးသည်။ “ဤလုပ်သင့်လုပ်ထိုက်သော အရာများကို မပြီးမပြတ်ဘဲ ကျွန်ုပ် မည်သို့ဖြစ်၍များ ထားသွားနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင် မြင်သောအခါ သင့်စိတ်ထဲတွင် မည်သို့ထင်သနည်း။ သင်သည် ၎င်းတို့ကို အလွန် ကန်ကျောက်ချင်ပေလိမ့်မည်။ ထိုသို့သောလူများသည် ကန်ကျောက်ခြင်းကို ခံထိုက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများအတွက်မူ လုပ်စရာအလုပ်ရှိလျှင်ပင် ၎င်းတို့ကို လုပ်ခိုင်းရန် မလိုအပ်ပေ။ ၎င်းတို့သည် အလွန်နှေးကွေးစွာ အလုပ်လုပ်ပြီး အရည်အချင်း မဲ့လွန်းလှသည်။ သင်တို့သည် ခရုသွားနှုန်းဖြင့် အမှုအရာများကို လုပ်ဆောင်သော ထိုသို့သောလူများကို မြင်သောအခါ စိုးရိမ်ပူပန်မှု ခံစားရသလော။ (ခံစားရပါသည်။) ၎င်းတို့က “ကျွန်ုပ်သည် မိမိအလုပ်တွင် စေ့စပ်သေချာပါသည်” ဟု ပြောကြသည်။ ငါက “သင်၏ စေ့စပ်သေချာခြင်းက အဘယ်အသုံးဝင်သနည်း။ အခြားသူများသည် သင့်ထက် စေ့စပ်သေချာမှု များစွာမလျော့နည်းသော်လည်း ၎င်းတို့သည် သင့်ထက် အလုပ်ပိုလုပ်ပြီး ပိုကောင်းအောင် လုပ်ဆောင်ကြသည်။ သင်၏ စေ့စပ်သေချာခြင်းသည် အကျိုးရလဒ်များကို ရရှိနိုင်သလော။ ဤသည်မှာ အဓိကအချက် ဖြစ်သည်။ သင်သည် အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာပြီး ထိရောက်မှုနှင့် ကောင်းသော အကျိုးရလဒ်များကိုလည်း ရရှိပါက ထိုစေ့စပ်သေချာခြင်းသည် တန်ဖိုးရှိသည်။ သို့သော် သင်သည် အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာရုံသာဖြစ်ပြီး အဆုံးတွင် အကျိုးရလဒ်များရော ထိရောက်မှုပါ မရရှိပါက ယင်းမှာ အသုံးဝင်သလော။ အသုံးမဝင်ပေ” ဟု ပြောသည်။ အချို့လူများသည် အဝတ်အထည်များ ချုပ်လုပ်ရာတွင် အလွန်အမင်း စေ့စပ်သေချာကြသော်လည်း အရွယ်အစားများကို မည်သည့်အခါမျှ မှန်အောင် မလုပ်နိုင်ကြပေ။ အဝတ်အစားများသည် ရည်ရွယ်ထားသော ဝတ်ဆင်သူနှင့် လိုက်ဖက်မှုရှိမရှိကို ၎င်းတို့ တိကျစွာ မဆုံးဖြတ်နိုင်၊ လက်များက အလွန်ရှည်သည် သို့မဟုတ် တိုသည်ကို ၎င်းတို့ ခွဲခြားနိုင်ခြင်း မရှိ၊ သို့မဟုတ် အဝတ်အထည်များက အလွန်ကျပ်သည် သို့မဟုတ် ချောင်သည်ကို မပြောနိုင်၊ စံသတ်မှတ်ထားသော လက်အနားကွပ် အကျယ်ကို မသိ၊ ကော်လံက သင့်တော်မှုရှိမရှိကို မသိကြပေ။ ထိုသို့သောလူများ ချုပ်လုပ်သော အဝတ်အထည်များသည် စံမမီမည်မှာ သေချာသည်။ လူတစ်ဦးသည် စေ့စပ်သေချာပြီး စည်းမျဉ်းနှင့်ညီပါက ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု အမှန်ပင် ဖြစ်သည်။ သို့သော် လူတစ်ဦးသည် စေ့စပ်သေချာရုံသာဖြစ်ပြီး စည်းမျဉ်းများနှင့် မညီပါက အဓိကအချက်များကို သဘောမပေါက်နိုင်ဘဲ အသေးအဖွဲကိစ္စရပ်များအပေါ် အစဉ်သဖြင့် အကျယ်ချဲ့ကာ အကြောင်းမဲ့ တနုံ့နုံ့တွေးတောနေပါက ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ဖြစ်သည်။ “စေ့စပ်သေချာသော” ဟူသော စကားလုံးကို လူအများစုက ယေဘုယျအားဖြင့် အပြုသဘောဆောင်သော ဝေါဟာရတစ်ခုအဖြစ် မှတ်ယူကြသော်လည်း စေ့စပ်သေချာခြင်း၏ ဖြစ်ရပ်အားလုံးသည် ကောင်းကွက်များ မဟုတ်ကြပေ။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ အချို့လူများသည် မည်သည့်စည်းမျဉ်းမျှမရှိဘဲ ကြောင်းကျိုးမမြင်ဘဲ စေ့စပ်သေချာကြသည်။ ဤသည်မှာ စေ့စပ်သေချာခြင်းမဟုတ်ဘဲ စိတ္တဇဖြစ်ပြီး အဓိကအချက်များကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်၊ ၎င်းသည် ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပြီး အမှုအရာများကို လုပ်ဆောင်ရန် ကျွမ်းကျင်မှု မရှာတွေ့နိုင်ခြင်းနှင့် စည်းမျဉ်းများကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါ၏ အမြင်တွင်၊ စေ့စပ်သေချာခြင်းသည် သရုပ်သကန်တစ်ခု သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခုအနေဖြင့် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း သင်သည် ထိုလူ၏ အစွမ်းအစကိုလည်း ကြည့်ရှုရန် လိုအပ်သည်။ အစွမ်းအစကို ထည့်မစဉ်းစားပါက အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့စပ်သေချာသော သဘောထား ရှိခြင်းသည် မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည်။ လူတစ်ဦးသည် အစွမ်းအစနှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် ထိရောက်မှု နှစ်မျိုးလုံးရှိပြီး စည်းမျဉ်းများကို လိုက်နာနိုင်သည့်အပြင် စေ့စပ်သေချာပါက ဤစေ့စပ်သေချာခြင်းသည် ကောင်းသည်ထက် ပို၍ ကောင်းခြင်း အမှန်ဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခု အမှန်တကယ် ဖြစ်ပေသည်။

ကြွားဝါခြင်းကို နှစ်သက်ခြင်း

ကြွားဝါခြင်းကို နှစ်သက်ခြင်းဟူသည့် နောက်ထပ် သရုပ်သကန်တစ်ခုအကြောင်းကို ငါတို့ ပြောကြစို့။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစားနှင့်သက်ဆိုင်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဥပမာအားဖြင့် အချို့လူများသည် စာရိုက်ရာတွင် အလွန်မြန်သည်။ ၎င်းတို့တွင် ဤအားသာချက်ရှိကြောင်း အခြားသူများကို သိစေရန်အလို့ငှာ “ငါ စာရိုက်သည့် စည်းချက်ကို နားထောင်လိုက်ပါ၊ ပြီးလျှင် ငါ စာရိုက်သည်မှာ မည်မျှ မြန်သည်ကို သင်သိရလိမ့်မည်” ဟု ပြောဘိသကဲ့သို့ ကီးဘုတ်ကို အလွန်ကျယ်လောင်စွာ တမင်တကာ ရိုက်ကြသည်။ အချို့လူများသည် တက္ကသိုလ်ဘွဲ့ရများ ဖြစ်ကြသဖြင့် ၎င်းတို့သည် “ကျွန်ုပ်တို့ တက္ကသိုလ်တက်စဉ်က”၊ “ကျွန်ုပ်တို့၏ တက္ကသိုလ်ပါမောက္ခများ”၊ “ကျွန်ုပ်တို့၏ တက္ကသိုလ်နယ်မြေ” စသည်ဖြင့် ပြောလေ့ရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) ဤသည်ကို ကြွားဝါခြင်းဟု ခေါ်သည်။ အချို့လူများသည် ကားအသစ်တစ်စီး ဝယ်ကြပြီး ယင်းမှာ အဆင့်မြင့် နာမည်ကြီးအမှတ်တံဆိပ်ဖြစ်ကြောင်း အခြားသူများ မသိမည်ကို စိုးရိမ်ကြသည်။ ကားထဲမှ ထွက်ပြီးနောက် ၎င်းတို့သည် ထွက်သွားရမည့်အစား တစ်ခဏတွင် ပြတင်းပေါက်များ၌ လက်ဗွေရာများ ရှိမရှိ ကြည့်လိုက်၊ နောက်တစ်ခဏတွင် ဆေးသားပေါ်၌ ခြစ်ရာများ ရှိမရှိ စစ်ဆေးလိုက်နှင့် ရှိနေကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကားနားတွင် ဆက်၍ နေနေကြသနည်း။ ကားသည် ၎င်းတို့၏ကားဖြစ်ကြောင်း အခြားသူများကို သိစေရန်အတွက်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) အချို့လူများတွင် အဆင့်မြင့်ဖုန်းတစ်လုံး ရှိသည်။ အခြားသူများကို မြင်စေရန် ဖုန်းမှာ ဘက်ထရီကုန်နေသည့်တိုင် ဖုန်းပြောနေသယောင် ဟန်ဆောင်ကြသေးသည်။ ဤသည်ကို အဘယ်အရာဟု ခေါ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ ကြွားဝါကြသနည်း။ ဤနေရာတွင် အချည်းနှီးသောဝင့်ဝါမှုက ပါဝင်နေသည် မဟုတ်လော။ အချို့လူများသည် မြွေပါသားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ကြပြီး အလွန်နွေးထွေးသော အခန်းထဲသို့ ဝင်ပြီးသည့်တိုင် ယင်းကို မချွတ်ကြပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ကို “သင် မပူဘူးလား” ဟု မေးသောအခါ ၎င်းတို့က “မပူပါဘူး။ ကျွန်ုပ်က မြွေပါသားမွေး ဝတ်ထားခြင်းဖြစ်သည်၊ ယင်းက အလွန်ပင် နွေးသည်” ဟု ပြန်ဖြေကြသည်။ အခြားသူများသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဟု ၎င်းတို့က ယူဆကြသည်။ ယင်းကို ချွတ်သည့်အခါ လူအများရှေ့တွင် ပွဲထုတ်ပြလျက် အမှတ်တံဆိပ်ကို ပြောင်ပြောင်တင်းတင်း ပြသရန် သေချာအောင် လုပ်ကြသည်။ “ဤကုတ်အင်္ကျီသည် မြွေပါအမွေးဖြစ်သည်သာမက နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ်ဖြစ်သည့် ထိုတံဆိပ်လည်း ဖြစ်ပေသည်။ သင်သည် ဤအရာကိုပင် မသိပါတကား” ဟူ၍ ဖြစ်သည်။ အခြားသူများက မသိလျှင် သင်သည် အဘယ်အရာကိုပင် ကြွားဝါနေသေးသနည်း။ ယင်းမှာ အလကားသက်သက် ကြွားဝါနေခြင်း မဟုတ်လော။ အချို့လူများသည် ငါ့ထံတွင်ပင် မိမိတို့ကိုယ်ကို ပွဲထုတ်ပြကြကာ “သင်က ဘဲမွေးဂျာကင် ဝတ်ထားသလား။ မြွေပါမွေးကုတ်အင်္ကျီ သင် ဝတ်သင့်သည်၊ ယင်းက အလွန်ပင် နွေးသည်” ဟု ပြောကြသည်။ ငါက “နွေးပါသည်၊ သို့သော် ထိုကုတ်အင်္ကျီက အလွန်လေးသည်” ဟု ပြောသည်။ ၎င်းတို့သည် မြွေပါသားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ပြီး ငါ့ရှေ့တွင်ပင် မိမိတို့ကိုယ်ကို ပွဲထုတ်ပြကြသည်။ ငါ့ကို ပြောလော့၊ ကြွားဝါခြင်းကို နှစ်သက်သော ထိုသို့သောလူများသည် အပေါ်ယံဆန်ကြသည် မဟုတ်လော။ ၎င်းတို့၏ လူ့သဘာဝအရ ၎င်းတို့တွင် ပြဿနာနှစ်ခု ရှိသည်။ တစ်ခုမှာ ၎င်းတို့သည် အထူးသဖြင့် အပေါ်ယံဆန်ကြခြင်း ဖြစ်သည်။ ၎င်းတို့ စားသောအစားအစာ၊ ဝတ်သော အဝတ်အထည်နှင့် သုံးသော ပစ္စည်းများကဲ့သို့သော အပြင်ပန်း ဥစ္စာပိုင်ဆိုင်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ထိုအရာအားလုံးကို ပွဲထုတ်ပြလိုကြသည်။ ၎င်းတို့သည် ကြွားဝါလိုသော ဆန္ဒကို မချုပ်တည်းနိုင်ဘဲ ဤအရာများကို အခြားသူများအား အစဉ်သဖြင့် ပြသလိုကြကာ ၎င်းတို့ ဝတ်ဆင်သောအဝတ်အစားများနှင့် သုံးစွဲသော အရာများအားလုံးသည် အဆင့်မြင့်ပြီး ထူးခြားကြောင်း အခြားသူများကို သိစေသည်။ အခြားသူများ သိလျှင်ကော မည်သည့်အရာ ဖြစ်သနည်း။ အခြားသူများက မြင်ပြီး ၎င်းတို့ကို အထင်မကြီးလျှင်ပင် ၎င်းတို့သည် ယင်းကို ပွဲထုတ်ပြနေဆဲ ဖြစ်သည်။ ဤသည်မှာ အပေါ်ယံဆန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အပေါ်ယံဆန်ပြီး ကလေးဆန်ကြသည်၊ ဤသည်မှာ ကြွားဝါခြင်းကို နှစ်သက်သောလူများနှင့်ဆိုင်သော နောက်ထပ် ပြဿနာတစ်ရပ် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့ ကြွားဝါခြင်းမှ ၎င်းတို့ အဘယ်အရာ ရနိုင်သနည်း။ ၎င်းတို့၏ တည်ရှိမှုကို ခံစားရစေရန်အတွက်မျှသာလော။ ဤသည်မှာ လိုအပ်သလော။ ယင်းမှာ မလိုလားအပ်သော အရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၁၉၈၀ ဝန်းကျင်နှင့် ၁၉၉၀ ဝန်းကျင်တွင် တစ်စုံတစ်ယောက်၏ သားရေဖိနပ်အောက်ခံများသည် မညီမညာ ပွန်းသွားပါက ၎င်းတို့သည် သံပြားများကို ရိုက်ကပ်ကြရာ လမ်းလျှောက်သည့်အခါ ကျယ်လောင်သောအသံ ထွက်ပေါ်စေသည်။ အချို့လူများသည် သားရေဖိနပ်တစ်ရန် ပိုင်ဆိုင်ကြောင်း အခြားသူများကို သိစေရန်အလို့ငှာ အသစ်စက်စက် သားရေဖိနပ်များပေါ်တွင်ပင် မစီးမီ သံပြားများကို ရိုက်ကပ်ခဲ့ကြရသည်။ ဤသည်က ၎င်းတို့ကို ယုံကြည်မှုပေးပြီး ပျော်ရွှင်မှု ခံစားချက်ကို ဖြစ်စေခဲ့သည်။ ၎င်းတို့က “အခြားသူများ၏ အလေးထားခြင်းကို ခံရခြင်းသည် ကောင်းသောအရာ ဖြစ်၏။ ယင်းက ကျွန်ုပ်၌ စန်းရှိကြောင်းနှင့် ကျွန်ုပ်၏ တည်ရှိမှုသည် အသိအမှတ်ပြုခံရကြောင်းကို သက်သေပြ၏။ ထို့ကြောင့် ကျွန်ုပ်သည် မိမိ၏ ကျွမ်းကျင်မှုများ၊ အားသာချက်များနှင့် မိမိပိုင်ဆိုင်သော ကောင်းသောအရာများကို လူအများအား ဝေမျှရပေမည်” ဟု ယုံကြည်ခဲ့ကြသည်။ ဤသည်မှာ အမှန်တကယ် အသိပေးခြင်းလော။ ဤသည်ကို ကြွားဝါခြင်းဟု ခေါ်သည်။ ဤလောကတွင် ကြွားဝါခြင်းကို နှစ်သက်သော လူအတော်များများ ရှိသည်မဟုတ်လော။ (ရှိပါသည်။) လူအားလုံးက ဤသည်မှာ အတော်လေး ပုံမှန်ဖြစ်သည်ဟု ထင်ကြသည် မဟုတ်လော။ မည်သူမျှ ထိုသို့သောလူများကို မထီမဲ့မြင်မပြုသကဲ့သို့ မည်သူမျှ ၎င်းတို့ကို ထူးဆန်းသောအကြည့်ဖြင့် မကြည့်ကြပေ။ အဘယ်ကြောင့်ဆိုသော် လောကသည် ရုပ်ဝတ္ထုနှင့် ငွေကြေးဆိုင်ရာ သာယာမှုအမျိုးမျိုးနှင့် အဆင့်အတန်း၏ သာယာမှုများတွင် စွဲလမ်းနေသော ထိုသို့သောလူများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလောကသည် ဤအရာများကို ဂုဏ်တင်ချီးမြှောက်သည်။ ဘုရားသခင်၏ အိမ်တော်တွင်မူ ထိုသို့သောလူများသည် အခြားသူများကို စက်ဆုပ်ရွံရှာပြီး မထီမဲ့မြင်ပြုခြင်းကို ခံစားရစေသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အခြေခံအုတ်မြစ်ချသည့် အချိန်မှစ၍ သမ္မာတရားနှင့် လူဖြစ်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာသည်အထိ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများနှင့် လောက၏ အပေါ်ယံအရာအချို့ကို အလေးထားမှု နည်းလာကြသည်။ အပြင်ပန်း ဥစ္စာပိုင်ဆိုင်မှုများကို လိုက်စားရန် ၎င်းတို့၏ အတွင်းစိတ်တွန်းအားသည် လျော့နည်းလာသည်၊ ၎င်းတို့၏ လိုက်စားမှု၏ ပန်းတိုင်များနှင့် ဦးတည်ရာသည် ပြောင်းလဲသွားပြီး ၎င်းတို့၏ အတွင်းစိတ်လောက၏ လိုအပ်ချက်များသည် ကွဲပြားသွားသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များအပေါ် ကွဲပြားသော ရှုထောင့်တစ်ခု ဖြစ်ပေါ်လာပြီး ထိုသို့သောအရာများ အားလုံးသည် အချည်းနှီးဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံး၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ကြောင်း ခံစားရသည်။ ထို့ကြောင့် အရာအမျိုးမျိုးကို ကြွားဝါပြီး ဂုဏ်ဖော်လိုသော ၎င်းတို့၏ သဘောထားသည် လျော့ပါးသွားသည်။ ဘုရားသခင်ကို ယုံကြည်သူများ အများဆုံး ကြွားဝါ သို့မဟုတ် ဂုဏ်ဖော်နိုင်သည့် အရာအချို့မှာ အဘယ်အရာများနည်း။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုများ သို့မဟုတ် အားသာချက်များကဲ့သို့သော အရာများကို ဂုဏ်ဖော်ကောင်း ဖော်နိုင်ပေမည်။ ဥပမာအားဖြင့် သီချင်းဆိုခြင်းကို နှစ်သက်သော အချို့လူများသည် အခြားသူများ မိမိတို့၏ အသံကို ကြားစေလိုကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ အသံ မည်မျှကောင်းသည်ကို နားထောင်ကြည့်ပါ” ဟု ပြောကြသည်။ အခြားသူများက ၎င်းတို့ သီချင်း ကောင်းကောင်းဆိုတတ်ကြောင်း မသိမည်ကို ၎င်းတို့ စိုးရိမ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို အဆက်မပြတ် ကြွားဝါလိုကြသည်။ အနှစ်ချုပ်အားဖြင့် ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းသည် လူ့သဘာဝတွင် မရင့်ကျက်ခြင်း၊ ကလေးဆန်ခြင်းနှင့် အပေါ်ယံဆန်ခြင်းတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကိုသာ နားလည်ပြီး သမ္မာတရားကို အမှန်တကယ် မရရှိသေးသည့်အခါ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်သေးသည့်အခါ ၎င်းတို့သည် ကြွားဝါခြင်းကို နှစ်သက်သည့် အပြစ်အနာအဆာကို ပြသရန် အလွန်အလားအလာရှိပြီး လူ့သဘာဝ၏ ဤချို့ယွင်းချက်ကို ကျော်လွှားရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရရှိမီတွင် ၎င်းတို့ ကြွားဝါပြီး ဂုဏ်ဖော်နိုင်သည့် အရာများသည် အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့၏ အရင်းအနှီးနှင့် အားအင် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး သင်၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့ဆော်မှုရှိခြင်းမှာ အသက်ရှင်နေထိုင်ရန် ရုပ်ရည်၊ အမူအရာ၊ အားသာချက်များ၊ ပညာအရည်အချင်းအဆင့်၊ အရည်အချင်းများ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကဲ့သို့သော အရာများအပေါ် မှီခိုနေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် အတိုင်းအတာအမျိုးမျိုးဖြင့် ကြွားဝါခြင်းကို နှစ်သက်သည့် အပြစ်အနာအဆာကို ပြသကြပြီး ယင်းကို ကျော်လွှားရန် မလွယ်ကူ၊ ပုန်ကန်ရန် မလွယ်ကူပေ။ လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည့်အခါ အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို အလေးထားမှု နည်းလာသည့်အခါ ၎င်းတို့သည် ကြွားဝါရန် သို့မဟုတ် ဂုဏ်ဖော်ရန် မလိုအပ်ကြောင်းနှင့် ဤအရာများသည် လူတစ်ဦးတွင် လူ့သဘာဝရှိကြောင်း ကိုယ်စားမပြုသကဲ့သို့ လူတစ်ဦးတွင် ဝိညာဉ်ရင့်ကျက်မှု ရှိကြောင်းလည်း ကိုယ်စားမပြုကြောင်းကို သိမြင်လာကြသည်၊ ပြီးလျှင် ထို့ထက်မက ၎င်းတို့သည် လူတစ်ဦး ကယ်တင်ခြင်းခံရပြီးဖြစ်ကြောင်း သို့မဟုတ် သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြောင်းကို ကိုယ်စားမပြုသည်မှာ သေချာသည်။ ထို့ကြောင့် ယခင်က ကြွားဝါခြင်းကို နှစ်သက်ခဲ့သော အချို့လူများအတွက်မူ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ဤဆန္ဒသည် တဖြည်းဖြည်း လျော့ပါးသွားပြီး လူ့သဘာဝ၏ ဤချို့ယွင်းချက်သည် မသိလိုက်ဘဲ အောင်မြင်ကျော်လွှားခံရကာ ပျောက်ကွယ်သွားသည်။ ဥပမာအားဖြင့် အနည်းငယ် ဈေးကြီးသော တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသူတစ်ဦးကို ကြည့်ပါ။ မတော်တဆ အနည်းငယ် ညစ်ပတ်သွားသောအခါ ၎င်းတို့သည် အလွန် စိုးရိမ်ပူပန်သွားကြသည်။ အခြားတစ်စုံတစ်ယောက်က ၎င်းတို့ကို “အဘယ်ကြောင့် ထိုမျှ စိုးရိမ်ကြောင့်ကြနေရသနည်း။ လျှော်လိုက်လျှင် အဆင်ပြေသွားမည် မဟုတ်လား” ဟု ပြောသည်။ ၎င်းတို့က “ဤအင်္ကျီ ယွမ် ၂၀၀ တန်သည်ကို သင်သိသလား” ဟု ပြန်ဖြေသည်။ ၎င်းတို့သည် အခြားသူများကို သိစေရန် ဈေးနှုန်းကို မရမက ထုတ်ပြောကြသည်၊ ထိုအခါမှသာ ၎င်းတို့ ကျေနပ်မှု ခံစားရသည်။ ထိုလူသည် သမ္မာတရားကို နားလည်ပါက ထပ်မံကြုံတွေ့ရသည့်အခါ ထိုသို့သောကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်။ ၎င်းတို့သည် ဈေးနှုန်းကို ဖော်ပြမည်မဟုတ်ဘဲ ဤအချိန်တွင် ၎င်းတို့၏ အချည်းနှီးသောဝင့်ဝါမှုသည် အတိုင်းအတာတစ်ခုအထိ ချုပ်တည်းခြင်းခံရလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝသည် နှိုင်းယှဉ်လျှင် ရင့်ကျက်လာပြီး ယခင်ကဲ့သို့ အပေါ်ယံဆန်ခြင်း သို့မဟုတ် ကလေးဆန်ခြင်း မရှိတော့ကြောင်းကို ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကြွားဝါခြင်းကို နှစ်သက်မှု၊ ၎င်းတို့ လူ့သဘာဝ၏ ဤချို့ယွင်းချက်သည် ဤသို့ဖြင့် အောင်မြင်ကျော်လွှားခြင်းခံရလိမ့်မည်။

ဆင်းရဲသူကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးခြင်း

နောက်ထပ် သရုပ်သကန်တစ်ခုမှာ ဆင်းရဲသူကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးခြင်း ဖြစ်သည်။ အချို့လူများသည် ချမ်းသာသောသူတစ်ဦးကို မြင်သောအခါ ချက်ချင်း မျက်နှာချိုသွေးကြပြီး “သင်၏ အသားအရေက ကောင်းလှပေသည်။ သင်သည် ကြည့်ကောင်းသည်။ သင်သည် အလွန် မြင့်မြတ်သည်။ သင်၏ တံတွေးသည်ပင် ကျွန်ုပ်တို့ ဆင်းရဲသားများထက် ပို၍ တန်ဖိုးရှိလေသည်” ကဲ့သို့သော အရာများကို ပြောကြသည်။ ချမ်းသာသောလူများနှင့် ရာထူးအဆင့်အတန်းရှိသူများကို စကားပြောသည့်အခါ ၎င်းတို့သည် အထူးသဖြင့် နူးညံ့ကြသည်။ သို့သော် လယ်သမားတစ်ဦးကို မြင်သောအခါ ၎င်းတို့သည် အစဉ်သဖြင့် နောက်ပြောင်ချင်ကြပြီး ၎င်းတို့၏ စကားများသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိုသူတို့ကို နှိမ့်ချသည်။ ၎င်းတို့သည် ဆင်းရဲသားများနှင့် ချမ်းသာသူများအပေါ် လုံးဝ ကွဲပြားသော သဘောထားများ ရှိကြသည်။ ၎င်းတို့သည် ချမ်းသာသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုကြပြီး ၎င်းတို့၏ ကျွန်များ ဖြစ်လိုသည့်အဆင့်အထိပင် ဆန္ဒရှိကြသည်။ သို့သော် ဆင်းရဲသားများနှင့်မူ တစ်မျိုးတစ်ဖုံ ဖြစ်သည်၊ ဆင်းရဲသားများ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး အကူအညီတောင်းသောအခါ ၎င်းတို့သည် လျစ်လျူရှုကြသည်။ ရာထူးနိမ့်ကျပြီး လူမှုအဆင့်အတန်း နိမ့်ကျသော လူများကို ၎င်းတို့၏ ဆက်ဆံပုံသည် လူမှုအဆင့်အတန်းမြင့်မားသူများကို ဆက်ဆံပုံနှင့် လုံးဝ ကွဲပြားသည်။ ဤသည်မှာ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ၎င်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလော။ ဤသည်မှာ လူ့သဘာဝအတွင်းရှိ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (အကျင့်စာရိတ္တ နိမ့်ကျခြင်း ဖြစ်ပါသည်။) ၎င်းသည် လူ့သဘာဝအတွင်းရှိ အကျင့်စာရိတ္တဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့် စရိုက်နိမ့်ကျခြင်း ဖြစ်သည်။ ၎င်းတို့သည် ချမ်းသာသောလူများကို မြင်သောအခါ အလွန်အကျွံ ကျွန်ဆန်သောပုံစံဖြင့် ပြုမူလျက် လက်အောက်ငယ်သားများ ဖြစ်သွားကြသည်။ ဆင်းရဲသောလူများကို မြင်သောအခါ ၎င်းတို့သည် သခင်ကဲ့သို့ ပြုမူချင်ကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ လူများကို ဤနည်းဖြင့် ဆက်ဆံခြင်းသည် ၎င်းတို့တွင် စည်းမျဉ်းများမရှိကြောင်း ပြသသည်။ ဆင်းရဲသောလူများသည် ငွေအနည်းငယ် နည်းပါးပြီး အနည်းငယ် ပိုဆိုးသော နေထိုင်မှုအခြေအနေများ ရှိရုံသာဖြစ်သည်။ ၎င်းတို့သည် သင့်ကို မည်သို့ ပြစ်မှားခဲ့သနည်း။ ဆင်းရဲသောလူများသည် မလွဲမသွေ ဆိုးရွားသော လူ့သဘာဝ ရှိကြသလော။ ချမ်းသာသောလူများသည် မလွဲမသွေ ကောင်းသော လူ့သဘာဝ ရှိကြသလော။ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသော လူများသည် အခြားသူများကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ တိုင်းတာပြီး ရှုမြင်ကြသလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ငွေရှိသော မည်သူမဆိုသည် မြင့်မြတ်ပြီး ကြီးမြတ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဆင်းရဲသော မည်သူမဆိုသည် နိမ့်ကျပြီး ယုတ်ညံ့သည်ဟု ယုံကြည်ကြသည်။ လူများကို တိုင်းတာရန် ၎င်းတို့၏ စံနှုန်းမှာ ငွေ ဖြစ်သည်။ ထိုသို့သောလူများသည် လူကောင်းများလော။ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ လူ့သဘာဝသည် မကောင်းပါ။) ချမ်းသာသောသူတစ်ဦးကို မြင်သောအခါ ၎င်းတို့သည် ဖားယားသော အပြုံးကို ပြုံးကြသည်၊ ဆင်းရဲသောသူတစ်ဦးကို မြင်သောအခါ ၎င်းတို့၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်၊ ၎င်းတို့၏ မျက်နှာသည် အပြောင်းအလဲမြန်လိုက်သည်ဖြစ်ခြင်း။ ၎င်းတို့သည် ချမ်းသာသောသူတစ်ဦးအတွက် ဆီးခွက်ကိုပင် သယ်ပေးလိုကြသော်လည်း ဆင်းရဲသောသူတစ်ဦးအတွက် ရေတစ်ခွက်ပင် ငှဲ့ပေးလိုခြင်း မရှိကြပေ။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ခေါင်းဆောင်ဖြစ်ရန် ကောင်းပါသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ ၎င်းတို့သည် ခေါင်းဆောင်များ၏ အခန်းကဏ္ဍအတွက် မည်သည့်ပုံစံဖြင့် မသင့်တော်ကြသနည်း။ (၎င်းတို့သည် လူများကို ဆက်ဆံပုံ၌ စည်းမျဉ်းများမရှိဘဲ ၎င်းတို့၏ လူရွေးချယ်ခြင်းနှင့် အသုံးပြုခြင်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေမခံဘဲ တစ်စုံတစ်ဦးတွင် လူမှုအဆင့်အတန်းနှင့် ငွေကြေးရှိမရှိအပေါ်၌သာ အခြေခံပါသည်။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပါက ရာထူးအဆင့်အတန်းနှင့် ငွေကြေးရှိသူများကို ရာထူးတိုးပေးမည် ဖြစ်သည်။ ရာထူးတိုးမြှင့်ခံရသော ဤလူများသည် ဆိုးယုတ်သောလူများ ဖြစ်ပါက အသင်းတော်တွင် ဆိုးယုတ်သောလူများက အာဏာရရှိမည်ဖြစ်ပြီး ယင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်လိမ့်မည်။) ထိုသို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ တစ်ချက်အနေနှင့် ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာတွင် အသိစိတ်၏ စံနှုန်း မရှိကြပေ။ နောက်တစ်ချက်အနေနှင့် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ခန့်အပ်ပါက ၎င်းတို့သည် အသင်းတော်ကို လူ့အဖွဲ့အစည်းကဲ့သို့ အရာတစ်ခုအဖြစ် ပြောင်းလဲပစ်မည်။ ၎င်းတို့ ဦးဆောင်သော အသင်းတော်သည် လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာပေမည်။ ၎င်းတို့သည် ချမ်းသာပြီး သြဇာလွှမ်းမိုးမှုရှိသော၊ ရာထူးအဆင့်အတန်းနှင့် အဆက်အသွယ်များရှိသော၊ လူ့အဖွဲ့အစည်းတွင် ကြီးပွားတိုးတက်သောသူများကို အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတိုးပေးမည်ဖြစ်ပြီး လူ့သဘာဝကောင်းရှိသော၊ အစွမ်းအစရှိသော၊ သမ္မာတရားကို လိုက်စားသော်လည်း လူမှုအဆင့်အတန်းနိမ့်ကျသော လယ်သမားများ၊ ဆင်းရဲသားများနှင့် ပညာအရည်အချင်းနိမ့်ကျပြီး နားဝင်ချိုဖွယ်စကားများ ပြောဆိုရာတွင် မတော်သောသူများကိုမူ ခြေထောက်အောက်တွင် နင်းခြေကြလိမ့်မည်။ ဤသည်မှာ အသင်းတော်ကို လူ့အဖွဲ့အစည်းနှင့် ထပ်တူကျသွားစေမည် မဟုတ်လော။ အဘယ် ကွာခြားချက် ရှိမည်နည်း။ လူ့အဖွဲ့အစည်းတွင် ချမ်းသာပြီး ရာထူးအဆင့်အတန်းရှိသူများက အာဏာရကြသည် မဟုတ်လော။ ရာထူး၊ အဆက်အသွယ်၊ အာဏာနှင့် သြဇာလွှမ်းမိုးမှုရှိသူများက လူ့အဖွဲ့အစည်းရှိ အလွှာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံတွင် ရာထူးရယူပြီး ထင်ပေါ်ကျော်ကြားကြသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်၏ အိမ်တော်သည် လူ့အဖွဲ့အစည်းကဲ့သို့ ဖြစ်ခဲ့ပါက ယင်းသည် ဘုရားသခင်၏ အိမ်တော် ဖြစ်နေဦးမည်လော။ ယင်းသည် ဘုရားသခင်၏ အိမ်တော် ဖြစ်တော့မည်မဟုတ်ဘဲ အသင်းတော်ဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။ ယင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပေမည်။ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသောလူများ ခေါင်းဆောင်များ ဖြစ်လာခြင်း၏ အကျိုးဆက်မှာ ဤသည်ပင် ဖြစ်သည်။ ထိုသို့သောလူများသည် ရာထူးအဆင့်အတန်းရှိသော မည်သူမဆို၏ ခိုင်းဖတ်များ ဖြစ်လာကြသည်။ ငါ့ကို ပြောလော့၊ ခိုင်းဖတ်များအဖြစ် ပြုမူသောလူများတွင် စည်းမျဉ်းတစ်ခုခု ရှိသလော။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း၌ အခြေခံစည်းမျဉ်းများ ရှိသလော။ (မရှိပါ။) ထိုသို့သောလူများသည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း၌ စည်းမျဉ်းများ သို့မဟုတ် စည်းများ မရှိကြပေ။ အန္တရာယ်ရှိသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် ယုဒဖြစ်သွားနိုင်သည်။ ၎င်းတို့၏ တိုင်းပြည် ကျဆုံးမည်ဆိုပါက ၎င်းတို့သည် သစ္စာဖောက်များ ဖြစ်လာမည်။ ၎င်းတို့ အစိုးရခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် တိုင်းပြည်ကို သစ္စာဖောက်သည့်သူများ ဖြစ်လာမည်။ ၎င်းတို့သည် ဤကဲ့သို့သော သတ္တဝါများပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်မည်မဟုတ်ဘဲ ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုမည်ဖြစ်ကာ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော၊ လူ့သဘာဝရှိသော သူအားလုံးကို ခြေအောက်တွင် နင်းခြေမည်ဖြစ်ပြီး ဆိုးယုတ်သော လူ့သဘာဝရှိသော၊ ရာထူးအဆင့်အတန်းရှိပြီး လူ့အဖွဲ့အစည်းတွင် ထင်ပေါ်ကျော်ကြားကာ သြဇာလွှမ်းမိုးမှုရှိသူများကိုမူ ရာထူးတိုးပေးမည်ဖြစ်သည်၊ ဤသည်မှာ လူများကို ရာထူးတိုးမြှင့်ခြင်းအတွက် ဘုရားသခင်၏ အိမ်တော်၏ စည်းမျဉ်းများနှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အိမ်တော်တွင် စိုးစံပြီး အာဏာရရှိမည်ဆိုပါက အသင်းတော်၏ အလုပ်သည် ချောမွေ့စွာနှင့် အတားအဆီးမရှိဘဲ ဆက်နိုင်မည်လော။ (ဆက်နိုင်မည် မဟုတ်ပါ။) အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူများ၏ လက်ထဲတွင် ပျက်စီးသွားပေလိမ့်မည်။ ဤလူများသည် အချင်းချင်း ပူးပေါင်းကြံစည်ကြမည်၊ အချင်းချင်း အသုံးချကြမည်၊ အချင်းချင်း ထောက်ခံကြမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများသည် ဘေးဖယ်ထားခြင်းနှင့် ဖယ်ကြဥ်ခြင်း ခံရမည်။ ၎င်းတို့အားလုံးသည် ဘီအုပ်စုများသို့ သတ်မှတ်ခံရခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပင် ခံရနိုင်ပြီး ၎င်းတို့အတွက် ထွက်ပေါက်မရှိဘဲ ကျန်ရစ်စေမည် ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများကြားရှိ ဆက်ဆံရေးများသည် မည်သို့ရှိသနည်း။ ၎င်းတို့ အတူတကွ စုဝေးကြသောအခါ အချင်းချင်း သူငယ်ချင်းများဟု ခေါ်ဝေါ်ကြသည်၊ အချင်းချင်း ပခုံးဖက်ကြပြီး လူ့အဖွဲ့အစည်းရှိ ၎င်းတို့၏ ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်းများအကြောင်း ကြွားဝါကြကာ အချင်းချင်းအတွက် မည်သည့်အရာ လုပ်ပေးနိုင်သည်ကို ပြောဆိုပြီးနောက် အခြားသူက ၎င်းတို့အတွက် မည်သည့်အရာ လုပ်ပေးနိုင်သည်ကို မေးမြန်းကြလျက် အပြန်အလှန် အသုံးချကြသည်။ ဤလူများသည် လူ့အဖွဲ့အစည်းရှိ လူများနှင့် မည်သို့ ကွာခြားသနည်း။ ၎င်းတို့ အတူတကွ ရှိနေသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ကြ၊ သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့ကြ၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုအကြောင်း မိတ်သဟာယမဖွဲ့ကြ၊ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း မပြောဆိုကြ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မစိစစ်ကြပေ။ ထိုအစား ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ၎င်းတို့အတွက် အမှုအရာများ မည်မျှ အောင်မြင်ခဲ့သည်ကိုသာ ပြောဆိုကြသည်၊ ၎င်းတို့ကို ထင်ပေါ်ကျော်ကြားစေခဲ့သော ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာများ၊ ၎င်းတို့၏ ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်းများ၊ မည်သည့်အရာရှိများနှင့် အတူစားသောက်ခဲ့ကြသည်၊ မည်သည့်အရာရှိများကို မျက်နှာချိုသွေးခဲ့ကြသည်။ ၎င်းတို့ ပြောဆိုသမျှသည် ဤအရာများသာ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်သူများလော။ ၎င်းတို့သည် ရာထူး၊ နောက်ခံ၊ စွမ်းရည်များနှင့် နည်းလမ်းများအပေါ် အချင်းချင်း ယှဉ်ပြိုင်ကြပြီး တစ်ချိန်တည်းတွင် အချင်းချင်း ပူးပေါင်းကြံစည်ကာ အသုံးချကြသည်။ ဤသည်မှာ ၎င်းတို့၏ ဆက်ဆံရေးများ ဖြစ်သည်။ သင်သည် ၎င်းတို့အတွက် မည်သည့်အရာမျှ မလုပ်ပေးနိုင်သော သာမန်လူတစ်ဦး သို့မဟုတ် လယ်သမားတစ်ဦး ဖြစ်ပါက ၎င်းတို့သည် သင့်ကို တန်ဖိုးမရှိသူအဖြစ် ရှုမြင်ပြီး လုံးဝအဖက်မလုပ်ဘဲ သင်သည် ဘေးဖယ်ထားခြင်း ခံရသည်။ ၎င်းတို့ အတူတကွ ရှိနေသောအခါ မည်သည့်အရာများကို ပြောဆိုကြသနည်း။ မည်သည့်အဝတ်အထည် အမှတ်တံဆိပ်က ပစ္စည်းအသစ် ထုတ်ဝေခဲ့သည်၊ မည်သည့်ကားအသစ် ထွက်ရှိခဲ့သည်၊ မည်သူက ကာရက်များစွာရှိသော စိန်တစ်လုံး ဝယ်ခဲ့သည်၊ မည်သူ၏ ပိုင်ဆိုင်မှုကို လေလံတင်ခဲ့သည်၊ မည်သူ၏ စတော့များ ကျဆင်း သို့မဟုတ် မြင့်တက်ခဲ့သည်၊ မည်သူ၏ ကုမ္ပဏီက အများပိုင် ဖြစ်လာခဲ့သည်၊ မည်သူက အစိုးရအရာရှိများကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့သည်၊ မည်သူက မည်သည့်ဂိုဏ်းနှင့် ပူးပေါင်းကြံစည်ခဲ့သည်၊ တစ်စုံတစ်ခု ပြီးမြောက်ရန် မည်သူက လက်ဆောင်မည်မျှ ပေးခဲ့ပြီး ငွေမည်မျှ သုံးစွဲခဲ့သည်ကို ၎င်းတို့ ဆွေးနွေးကြသည်။ ဤအရာအားလုံးသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်တွင် ဤအရာများအကြောင်း အစဉ်သဖြင့် ပြောဆိုနေပါက အသင်းတော်အသက်တာနှင့် အသင်းတော်၏ အလုပ်သည် ၎င်းတို့ကြောင့် နှောင့်ယှက်ခြင်းနှင့် ပျက်စီးခြင်း ခံရမည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးချယ်၍ရနိုင်သလော။ (ရွေးချယ်၍မရနိုင်ပါ။) ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်ကြသည်။ သင်တို့သည် အသင်းတော်တွင် ထိုသို့သောလူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းဖယ်ရှားသင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ထိုသို့သောလူများကို မထားရှိပေ။ ဘုရားသခင်၏ အိမ်တော်ရှိ အခွင့်အရေးသမားများသည် အချိန်ဖြုန်းပြီး ကောင်းချီးများကို လှည့်ဖြားရယူရန်အတွက်သာ ရှိနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ မည်သည့် အပြုသဘောဆောင်သောအရာများကိုမျှ လက်မခံကြပေ။ ထို့အပြင် ဤလူများသည် ၎င်းတို့၏ တာဝန်ကို မည်သည့် ရိုးသားမှုမျှမရှိဘဲ ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ အသုံးမခံချင်ဘဲ အကျိုးအမြတ်များ ရရှိရန်သာ လိုလားကြသည်။ အကျိုးအမြတ်များ မရှိပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် လုံ့လဝီရိယဖြင့် အလုပ်လုပ်ရန် အာရုံစိုက်နေချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ဘေးဖယ်ထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေကြကာ သောက်စားခြင်းနှင့် ပျော်ပါးခြင်းတို့တွင်ပင် မွေ့လျော်ကြသည်။ ၎င်းတို့သည် အွန်လိုင်းသို့ မကြာခဏ ဝင်ရောက်ပြီး ဖက်ရှင်၊ အလှအပနှင့် ဆံပင်ပုံစံ၊ အဆင့်မြင့် ကျန်းမာရေး ထုတ်ကုန်များကဲ့သို့သော ၎င်းတို့ အကြိုက်ဆုံး သို့မဟုတ် အလိုအပ်ဆုံးအရာများကို ရှာဖွေရင်း အချိန်များစွာ ကုန်ဆုံးကြသည်။ ၎င်းတို့ သွားလေရာရာ၌ မော်ကြွားဝင့်ဝါစွာ လှည့်လည်ပြီး အခြားသူများကို လှည့်ဖြားကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ အမျိုးအစားတူလူများကို ရှာဖွေကြပြီး အလားတူ တစ်စုံတစ်ဦးကို တွေ့သောအခါ ၎င်းတို့နှင့် ချက်ချင်း သင့်မြတ်ကြသည်။ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများနှင့် မသင့်မြတ်နိုင်ကြဘဲ အသင်းတော်တွင် ၎င်းတို့သည် အံမဝင်ခွင်မကျသူများနှင့် လူမဟုတ်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများကို သင်တို့ မြင်သောအခါ ၎င်းတို့ထံမှ ဝေးဝေးနေရမည်။ ထို့အပြင် လူအများစု သို့မဟုတ် သင်တို့၏ ခေါင်းဆောင်များသည် ပိုင်းခြားသိမြင်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကို သို့မဟုတ် မောင်နှမများအဖြစ် မှတ်ယူနေဆဲဖြစ်ပါက သင်တို့သည် ရှေ့ထွက်၍ ၎င်းတို့ကို ဖော်ထုတ်ပြီး ဖယ်ရှားရမည်။ ယခု သင်တို့ နားလည်ပြီလော။ အဘယ်ကြောင့် ထိုသို့သောလူများကို ဖယ်ရှားရမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် အသင်းတော်တွင် နှောင့်ယှက်မှုများကို အလွယ်တကူ ဖြစ်စေပြီး အပျက်သဘောဆောင်သော အငွေ့အသက်ကို ယူဆောင်လာကာ အခြားသူများကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတို့တွင် လွှမ်းမိုးနိုင်သောကြောင့် ဖြစ်ပါသည်။) တိကျပါပေသည်၊ ၎င်းတို့သည် အသင်းတော်၏ အငွေ့အသက်ကို ဖျက်ဆီးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် သမ္မာတရားကို မလိုက်စားဘဲ အခြားသူများကိုလည်း လွှမ်းမိုးကာ နောက်သို့ဆွဲကြသည်။ တစ်ဒေါ်လာတန်သော အလုပ်ကို လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် လုပ်အားခ ဆယ်ဒေါ်လာ တောင်းဆိုကြသည်။ ထိုသို့သောလူများကို အသုံးပြုခြင်းသည် ခွေးတစ်ကောင် မွေးမြူခြင်းလောက်ပင် တန်ဖိုးမရှိပါတကား။ အနည်းဆုံးအနေဖြင့် ခွေးတစ်ကောင်သည် အိမ်ကို စောင့်ရှောက်နိုင်ပြီး ၎င်း၏ သခင်အပေါ် သစ္စာစောင့်သိသည်။ ၎င်းသည် နောက်ကွယ်တွင် အကောက်မကြံတတ်ဘဲ သင်သည် ၎င်း နောက်ပိုင်းတွင် ပြဿနာရှာမည်ကို စိုးရိမ်စရာမလိုပေ။ အသင်းတော်သည် ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသော လူများကို ခွင့်ပြုပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကူညီနိုင်မည်လော။ ၎င်းတို့သည် အခြားသူများအတွက် အကျိုးရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး အခြားသူများက ထိုးထွင်းသိမြင်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဖယ်ရှားသင့်သည်။ ၎င်းတို့ကို ဆက်လက်၍ နေခွင့်ပြုပါက ၎င်းတို့သည် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရုံသာ၊ ပြဿနာရှာရုံသာ၊ အသင်းတော်သို့ ဘေးဒုက္ခ ယူဆောင်လာရုံသာ ရှိလိမ့်မည်။ သင်သည် ၎င်းတို့ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်စေသည်အထိ စောင့်ဆိုင်းပြီးနောက်မှသာ ရှုပ်ထွေးမှုများကို ရှင်းလင်းမည်ဆိုပါက ယင်းမှာ အလွန် ဒုက္ခများပေလိမ့်မည်။ ငါတို့သည် ဒုက္ခကို မလိုလား၊ အပူမရှာချင်ပေ။ လူတို့ လုပ်ဆောင်သင့်သော တာဝန်များနှင့် ဝတ္တရားများ များစွာရှိသည်။ ဤပြဿနာများကို မဖိတ်ခေါ်နှင့်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။