သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း ငါး

အာဏာရှိသူများကို မျက်နှာလုပ်တတ်ခြင်း

နောက်ထပ် လူအမျိုးအစားတစ်မျိုး ရှိသေးသည်၊ ၎င်းတို့မှာ အာဏာရှိသူများကို မျက်နှာလုပ်တတ်သူများ ဖြစ်သည်။ အာဏာရှိသူများကို မျက်နှာလုပ်တတ်သော လူများသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) ၎င်းတို့သည် မည်သည့်အချက်များတွင် ဆိုးကြသနည်း။ ဤလူစားမျိုးသည် အလွန်အမင်း အဆင့်အတန်းခွဲခြားတတ်သည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသူတစ်ဦးကို မြင်သောအခါ ထိုသူကို မျက်နှာလုပ်ရန် နည်းလမ်းပေါင်းစုံဖြင့် အဆက်မပြတ် ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့သည် ထိုသူတို့အား မိမိဘက်မှ စတင်ကာ စကားပြောပြီး ရင်ဖွင့်သည်၊ ထိုလူတို့အား အစားအသောက်များ တည်ခင်းကျွေးမွေးသည်၊ အဝတ်အထည်များ လျှော်ဖွပ်ပေးပြီး သန့်ရှင်းရေး လုပ်ပေးသည်။ ၎င်းတို့ မလုပ်လိုသည့်အရာ တစ်ခုမျှ မရှိပေ။ သင်၌ အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် သင့်ကို မမြင်ဟန်ဆောင်ကြပြီး သင်က ၎င်းတို့ထံ မိမိဘက်မှ စတင် ချဉ်းကပ်လျှင်ပင် သင့်ကို မြင်သောအခါ ၎င်းတို့၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားလေသည်။ ထိုသို့သော လူများသည် ကောင်းပါသလော။ ဤပြဿနာမျိုးသည် မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သနည်း။ (ဤလူစားမျိုးသည် တည်ကြည်မှု နိမ့်ကျပြီး လူ့သဘာဝ ညံ့ဖျင်းပါသည်။) ၎င်းတို့၏ လူ့သဘာဝသည် ဆိုးပြီး ၎င်းတို့၏ တည်ကြည်မှုသည် နိမ့်ကျလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် မည်သည့်အတိုင်းအတာအထိ ဆိုးသနည်း။ (၎င်းတို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိပါ။) အာဏာရှိသူများကို တက်ကြွစွာ မျက်နှာလုပ်တတ်သော လူများသည် လူကောင်းများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ အာဏာရှိသူများကို မျက်နှာလုပ်ရသည်ကို နှစ်သက်သော လူများ၏ ကိုယ်ကျင့်စရိုက်သည် မည်သို့ရှိသနည်း။ ၎င်းတို့သည် လူတစ်ဦးတည်းကို ဆက်ဆံရာတွင် မျက်နှာနှစ်မျိုး ရှိကြသည်။ ၎င်းတို့သည် အခြားသူများက အတွင်းသဘောကို သိမြင်သွားမည်ကို မကြောက်ကြသည့်အပြင် မိမိတို့ကိုယ်တိုင်၏ ဤစရိုက်များကို လွတ်လပ်စွာပင် ထုတ်ဖော်ပြသကြသည်။ ဤလူတို့၌ ရှက်စိတ် တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ရှက်စိတ် တစ်စုံတစ်ရာ မရှိသော ဤလူတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစား ခွဲခြားနိုင်သလော။ (ခွဲခြားနိုင်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစား ခွဲခြားနိုင်သနည်း။ ၎င်းတို့သည် အခြားသူများကို ဆက်ဆံပုံ၌ မျက်နှာနှစ်မျိုး ရှိကြသည်။ ဤမျက်နှာနှစ်မျိုး၏ ဇာစ်မြစ်ကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ဤလူတို့သည် အဆင့်အတန်းကို အထူး နှစ်သက်ကြပြီး ရာထူးနှင့် အာဏာရှိသော လူများကိုလည်း နှစ်သက်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသော လူများကို မြင်သောအခါ အပြုံးများဖြင့် ပြည့်နေပြီး လုံးဝဥဿုံ နာခံကြကာ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ထိုသူတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာလုပ်ကြသည့်အပြင် အရှက်မရှိဘဲ မြှောက်ပင့်ပြောဆိုကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ထိုလူများထံ မျက်နှာချိုသွေးရန်ဖြစ်လျှင်ဖြစ်စေ၊ တန်ဖိုးထားခံရပြီး ရာထူးတိုးမြှင့်ခံရလိုသည့် မသမာသော ရည်ရွယ်ချက် တစ်ခုရှိလျှင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ အခြားသူများအပေါ် ၎င်းတို့၏ သဘောထားသည် ပြဿနာရှိပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် ဤသို့သော သဘောထားမျိုး ရှိကြသနည်း။ (မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဖြစ်ပါသည်။) ဤသည်က ၎င်းတို့သည် အဆင့်အတန်းကို အထူးနှစ်သက်ကြောင်း သက်သေပြသည်။ ၎င်းတို့ကိုယ်တိုင်တွင် စွမ်းရည် မရှိပါ၊ သို့မဟုတ် အဆင့်အတန်းရရှိရန် အရည်အချင်းများ၊ အခြေအနေများ၊ သို့မဟုတ် အခွင့်အလမ်းများ မရှိကြပေ။ သို့ရာတွင် အဆင့်အတန်းရှိသူများကို မျက်နှာလုပ်ခြင်းနှင့် ချဉ်းကပ်ခြင်းအားဖြင့် ၎င်းတို့သည် အဆင့်အတန်းအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့် စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် အရှက်တရားမျှမရှိဘဲ အခြားသူများကို မျက်နှာလုပ်ပြီး မြှောက်ပင့်ပြောဆိုနိုင်ကြသည်။ ၎င်းတို့၏ တည်ကြည်မှုသည် အတော်အတန် နိမ့်ကျလှသည်။ ၎င်းတို့က အဆင့်အတန်းရှိသူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို ဂရုမစိုက်သကဲ့သို့ ဤလူ၏ လူ့သဘာဝသည် ကောင်းမကောင်း၊ သို့မဟုတ် ဤလူသည် ဆိုးယုတ်သူ ဟုတ်မဟုတ်ကိုလည်း မပိုင်းခြားကြပေ။ ဤလူ၌ အဆင့်အတန်း သို့မဟုတ် ငွေကြေးရှိနေသမျှကာလပတ်လုံး သူသည် ဆိုးယုတ်သောလူတစ်ဦး ဖြစ်နေလျှင်ပင် ၎င်းတို့သည် သူ့ကို မျက်နှာလုပ်ဖားယားနေဦးမည်သာ ဖြစ်သည်။ ၎င်းတို့သည် လုံးဝ စည်းမျဉ်းမဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့အတွက်မူ အဆင့်အတန်း ရှိသောလူများ ပြောဆိုသည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး ကောင်းမွန်သကဲ့သို့ ထိုသူတို့ ပြောဆိုသည့် မည်သည့်နည်းလမ်းမဆိုသည်လည်း လက်ခံနိုင်ဖွယ် ဖြစ်သည်။ တစ်စုံတစ်ဦး၌ အဆင့်အတန်းရှိနေသမျှ ၎င်းတို့သည် ထိုသူအပေါ် ကောင်းကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ လုံးဝကင်းမဲ့ပြီး ထိုသူအပေါ် ပုံမှန်မဟုတ်လောက်အောင် ကောင်းကြသည်။ ၎င်းတို့၌ ပြောစရာ ရှက်စိတ် အမှန်တကယ်ပင် မရှိပေ။ ၎င်းတို့သည် အခြားသူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည် သို့မဟုတ် အကဲဖြတ်သည်ကို ဂရုမစိုက်ကြပေ။ အခြားသူများက ၎င်းတို့အပေါ် မည်သို့ထင်သည်ကို ၎င်းတို့ အရေးမလုပ်ကြပေ။ ၎င်းတို့သည် “ငါက အဆင့်အတန်းရှိသည့် လူများကိုသာ နှစ်သက်သည်။ ထိုလူများအပေါ်သာ ငါကောင်းချင်သည်။ အဆင့်အတန်း ရှိခြင်းမှာ မည်သည့်အမှားရှိသနည်း။ အဆင့်အတန်း မရှိသည့် သင်တို့သည် ငါ၏ အကြင်နာတရားနှင့် မတန်ပါ” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤကဲ့သို့သော လူများ၌ စည်းမျဉ်းများ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့သည် အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကိုဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ အကဲဖြတ်သည်ကိုဖြစ်စေ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် တည်ကြည်မှု နိမ့်ကျသော လူများ ဖြစ်ကြသည်။ ဤသို့ ပြုမူရာတွင် ၎င်းတို့၏ အသိစိတ်သည် မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ ၎င်းတို့၏ ဆင်ခြင်တုံတရား၌လည်း အဆုံးအဖြတ်ပေးရန် စံနှုန်းမရှိပေ။ ၎င်းတို့၌ အနိမ့်ဆုံး စံနှုန်းများ မရှိသည့်အပြင် ကျင့်ကြံပြုမူပုံ၌လည်း ပျော့ညံ့ကြ၏။ အဆင့်အတန်းရှိသူတစ်ဦးနှင့် ကြုံတွေ့သောအခါ ၎င်းတို့သည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီး မြေပေါ်ဝပ်တွားကာ ကျွန်တစ်ဦးကဲ့သို့ ဖြစ်သွားပြီး ကျိုးနွံနာခံတတ်သော လက်အောက်ငယ်သားများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ အဆင့်အတန်းရှိသော မည်သူမဆိုသည် ၎င်းတို့၏ သခင်ဖြစ်လာသည်။ ထိုသို့သော လူများ၌ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ ရှိပါသလော။ (မရှိပါ။) ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် အလွန် ရွံရှာဖွယ်ကောင်းသော မြှောက်ပင့်ပြောဆိုမှုများကို ပြုလုပ်နိုင်စွမ်းပင် ရှိကြသည့်အပြင် မည်မျှများပြားသော လူများ၏ ရှေ့တွင်မဆို ထိုသို့ပြုလုပ်ရဲကြသည်။ ၎င်းတို့သည် အခြားသူများ၏ အမြင်များကိုဖြစ်စေ၊ အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကိုဖြစ်စေ ဂရုမစိုက်ဘဲ မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်သာ ရည်ရွယ်ကြသည်။ ဤသည်မှာ ၎င်းတို့က အဆင့်အတန်းရှိသော လူများအပေါ် ပြုမူပုံ ဖြစ်သည်။ သို့သော် အဆင့်အတန်းရှိသူတစ်ဦးက ထိုအဆင့်အတန်းကို ဆုံးရှုံးသွားသောအခါ အဘယ်အရာ ဖြစ်ပျက်သနည်း။ ထိုအခါ ၎င်းတို့သည် မျက်နှာပြောင်းသွားကြသည်။ ထိုသူကို ၎င်းတို့ မည်သို့ ဆက်ဆံကြသနည်း။ (၎င်းတို့သည် သူ့ကို ချက်ချင်းပင် လျစ်လျူရှုလိုက်ကြပါသည်။) ၎င်းတို့၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး ၎င်းတို့၏ သဘောထားသည် လုံးဝ ကွဲပြားသွားသည်။ “သင်က အဆင့်အတန်းမဲ့သွားပြီ၊ သို့တိုင်အောင် ကျွန်ုပ်ကို သင့်အား ကောင်းစေချင်သေးသည်။ အိပ်မက်ပင် မမက်နှင့်” ဟူ၍ ဖြစ်လေသည်။ အဆင့်အတန်း မရှိတော့သူတစ်ဦးက ၎င်းတို့အား ရေတစ်ခွက်ငှဲ့ခိုင်းလျှင် ၎င်းတို့သည် လျစ်လျူရှုကြသည်။ အကူအညီတောင်းလျှင်လည်း ၎င်းတို့သည် လျစ်လျူရှုကြသည်။ ရင်ဖွင့်စကားပြောလိုလျှင်မူ ၎င်းတို့က “သင်က ထိုက်တန်သလား။ ငါနှင့် စကားပြောရန် သင့်ထံတွင် အရည်အချင်း ရှိသလား။ သင့်ကိုယ်သင် မည်သူများမှတ်နေသနည်း” ဟု ပြောကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်လိုက်ပါတကား။ အဆင့်အတန်း မရှိခြင်းသည် ရာဇဝတ်မှုတစ်ခုလော။ လူတစ်ဦးသည် သူ၏ ရာထူးမှ ဖယ်ရှားခံရသည်နှင့်တစ်ပြိုင်နက် ပြောင်းလဲသွားပါသလော။ သူသည် ထိုလူပင် မဟုတ်တော့ဘူးလော။ အဘယ်ကြောင့် သူသည် ယခုအခါ ထိုသို့သော လူများနှင့် စကားပြောရန် မထိုက်တန်တော့ရသနည်း။ အဘယ်ကြောင့် ထိုသို့သော လူများသည် သူ့ကို အကူအညီမပေးနိုင်ရသနည်း။ လူ၏အကူအညီ လိုအပ်နေသော ဒုက္ခရောက်နေသည့် တိရစ္ဆာန်တစ်ကောင်ပင်ဖြစ်ပါစေ လူတို့သည် အသိစိတ်အရ ယင်းကို ကူညီသင့်ဆဲဖြစ်သည်၊ ယင်းကို ညင်သာစွာ ကြည့်ရှုစောင့်ရှောက်ပြီး ဂရုစိုက်သင့်သည်။ သို့ဆိုလျှင် လူသားတစ်ဦးအတွက် မည်မျှပင် ထိုသို့ပြုသင့်သနည်း။ သို့တိုင်အောင် ၎င်းတို့၌ ဤလူသားဆန်သော ကြင်နာမှု အစအနမျှပင် ကင်းမဲ့နေသည်။ ဤသရုပ်သကန်များအပြင် အချို့လူများသည် သာ၍ပင် ဆိုးကြသည်။ ၎င်းတို့သည် “ယခင်က သင့်ထံတွင် အဆင့်အတန်း ရှိသဖြင့် သင့်ကို ငါ ကောင်းနေခြင်း ဖြစ်သည်။ ယခု သင်၏ အဆင့်အတန်း ပျောက်ဆုံးသွားပြီဖြစ်လင့်ကစား သင့်ကို လေးစားရန်၊ သိက္ခာဆယ်ရန်၊ စကားပြောနေစဉ် သင့်အား အနေရခက်အောင် မလုပ်ရန်နှင့် သင်၏ အမိန့်များကို ယခင်ကကဲ့သို့ လိုက်နာရန် သင် မျှော်လင့်နေဆဲဖြစ်သည်။ အိပ်မက်ပင် မက်မနေနှင့်။ ငါ သင့်ကို မနင်းချေသည်ကိုပင် သင်က ကျေးဇူးတင်သင့်သည်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ တစ်စုံတစ်ဦး ဒုက္ခရောက်နေသောအခါ ၎င်းတို့သည် ထိုသူကို လျစ်လျူရှုသည်သာမက နောက်ကွယ်တွင် နင်းချေကြသည့်အပြင် အနိုင်ကျင့်ရန်နှင့် ဖိနှိပ်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြပါသည်။) ဆိုးယုတ်သောလူများအဖြစ် ၎င်းတို့၏ သရုပ်မှန်သည် ဤနည်းလမ်းဖြင့် ပေါ်ထွက်လာသည် မဟုတ်လော။ အဆင့်အတန်းရှိသော လူများအပေါ်တွင်မူ ၎င်းတို့သည် ကျိုးနွံနာခံတတ်သော လက်အောက်ငယ်သားများကဲ့သို့ ပြုမူကြပြီး အယဉ်ကျေးလွန်နေကာ အပြုံးများဖြင့် နှုတ်ဆက်ကြသည်။ ၎င်းတို့သည် အခြားသူများကို ဟန်လုပ်ထောက်ခံရာ၌ အလွန်တော်ကြသည်။ အရာရှိတစ်ဦးက အာလူးများကို လပေါ်တွင် စိုက်ပျိုးနိုင်သည်ဟု ပြောလျှင် ၎င်းတို့က “လပေါ်တွင် စိုက်သည့် အာလူးများသည် အလွန် အရသာရှိလှသည်” ဟု ဝင်ပြောကြလိမ့်မည်။ သို့သော် ထိုအရာရှိက သူ၏ အဆင့်အတန်းကို ဆုံးရှုံးသွားသောအခါ ၎င်းတို့၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားသည်။ ယခုအခါ ထိုအရာရှိဟောင်းက မည်သည့်အရာကိုပင် ပြောပါစေ မှန်ကန်နေလျှင်ပင် ၎င်းတို့ နားထောင်မည် မဟုတ်ပေ။ ထိုအရာရှိဟောင်း၌ စစ်မှန်သော နားလည်မှု ရှိလျှင်ပင် ၎င်းတို့သည် လျစ်လျူရှုပြီး လက်ခံရန် ငြင်းပယ်ကာ သူ့ကို မနှစ်မြို့စရာအဖြစ်သာ ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သင့်ထံတွင် အဆင့်အတန်း မရှိတော့သဖြင့် သင်ပြောသမျှသည် အရာမရောက်တော့ပါ။ သင်ပြောသည့်အရာက မှန်ကန်လျှင်ပင် ယင်းမှာ အဘယ်အသုံးတည့်သနည်း။ သင့်ထံတွင် သမ္မာတရား လက်တွေ့ကျမှု ရှိလျှင်ပင် သင့်ကို ငါ မနှစ်သက်ဆဲသာ ဖြစ်သည်။ ငါသည် အဆင့်အတန်း မရှိသည့်လူများအပေါ် နင်းရသည်ကိုသာ နှစ်သက်သည်။ ထိုလူများအပေါ် ငါ မနင်းလျှင် ယင်းမှာ အခွင့်အရေးတစ်ခုကို ဖြုန်းတီးရာရောက်သည်” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ သင်၌ အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် သင့်ကို မနှစ်မြို့စရာအဖြစ် ရှုမြင်ကြသည်။ သင်က ၎င်းတို့အပေါ် မည်မျှပင် ကောင်းနေပါစေ အသုံးမဝင်ပေ။ သင်က ၎င်းတို့ကို သင်နှင့် တန်းတူထားပြီး စည်းမျဉ်းများအတိုင်း ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့၏ သင့်အပေါ်ထားသည့် သဘောထားကို ပြောင်းလဲစေနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူများ၌ လူ့သဘာဝ ရှိပါသလော။ (မရှိပါ။) ၎င်းတို့၏ လူ့သဘာဝကင်းမဲ့ခြင်း၏ သရုပ်သကန်သည် အဘယ်အရာနည်း။ ရက်စက်ကြမ်းကြုတ်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) အာဏာရှိသူများကို မျက်နှာလုပ်ရန် နှစ်သက်သော လူများ၏ စိတ်သဘောထားသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ထိုသို့သော လူများကို ငါသည် အမှန်ပင် ရွံရှာစက်ဆုပ်မိသည်။ ထိုသို့သော လူများ၏ အမြင်တွင် သင်၌ အဆင့်အတန်းရှိသောအခါ သင်၏ အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များအားလုံးသည် ကောင်းကွက်များနှင့် အားသာချက်များအဖြစ် ရှုမြင်ခံရသည်။ သို့သော် သင်၌ အဆင့်အတန်း မရှိသောအခါ သင်၏ အားသာချက်များနှင့် ကောင်းကွက်များ အားလုံးသည် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များအဖြစ် ရှုမြင်ခံရသည်။ သင်ပြောသည့် မည်သည့်စကားမျှ အရာမရောက်သကဲ့သို့ ၎င်းတို့သည် သင်နှင့်ပတ်သက်သည့် အရာအားလုံးကို မနှစ်မြို့စရာအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် သင့်ကို အနိုင်ကျင့်ရန်၊ နင်းချေရန်နှင့် ဖိနှိပ်ရန် အစဉ်သဖြင့် လိုလားကြသည်။ ၎င်းတို့၌ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အဆင့်အတန်းမရှိသူများကို မိမိတို့အလိုရှိသလို အနိုင်ကျင့်ကြသည်။ ၎င်းတို့သည် နူးညံ့သိမ်မွေ့သော လူများကို အနိုင်မကျင့်ခြင်းသည် အပြစ်တစ်ခုဖြစ်သည်ဟု ခံစားကြရသည်။ သင်က ၎င်းတို့ကို ရန်မစလျှင်ပင် ၎င်းတို့ဘက်မှ အရင်စတင်ကာ အပြစ်ရှာပြီး သင့်ကို အနိုင်ကျင့်ကာ နင်းချေမည်ဖြစ်ပြီး အလွန်အမင်း မထီမဲ့မြင်ပြုခြင်းဖြင့် သင့်ကို အထင်သေးမည်ဖြစ်သည်။ အဆင့်အတန်းမရှိခြင်းသည် အပြစ်တစ်ခုဖြစ်သည့်အလား သင့်အား အသက်ရှင်ရန် သို့မဟုတ် ၎င်းတို့၏ ရှေ့မှောက်တွင် ရှိနေရန် မထိုက်တန်စေသည့်အလား၊ သင်၌ အဆင့်အတန်းမရှိလျှင် သင့်ဒုက္ခသင်ရှာသကဲ့သို့ ဖြစ်ပြီး ကံဆိုးမိုးမှောင်ကျထိုက်သည့်အလား ဖြစ်နေသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ထိုသို့သော လူများကို အသင်းတော်ထဲတွင် ဆက်နေခွင့်ပြုသင့်သလော။ (မပြုသင့်ပါ။) အာဏာရှိသူများကို အထူးနှစ်သက်စွာ မျက်နှာလုပ်တတ်သော လူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်နိုင်သလော။ (မရွေးကောက်နိုင်ပါ။) အဘယ်ကြောင့် မရွေးကောက်နိုင်သနည်း။ ဤသည်မှာ ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် ပြုမူပုံမျှသာ ဖြစ်သည်၊ ၎င်းတို့ကိုယ်တိုင် အဆင့်အတန်း ရရှိသွားပါက ၎င်းတို့သည် အာဏာရှင်ဆန်လာပြီး မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် သတ်မှတ်ကြမည် မဟုတ်လော။ ထိုသို့ဆိုလျှင် ဆိုးရွားလှပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို လျစ်လျူရှုကြမည်ဖြစ်ပြီး အဆင့်အတန်းမရှိသူများ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ ၎င်းတို့၏ ဖိနှိပ်ခြင်းကိုပင် ခံကြရလိမ့်မည်။ အသင်းတော်သည် ၎င်းတို့၏ လက်ထဲတွင် ပျက်စီးသွားပေလိမ့်မည်။ ဤကဲ့သို့သော လူများ၌ အာဏာအတွက် အလွန်ပြင်းပြသော လိုအင်ဆန္ဒတစ်ခု ရှိပြီး ၎င်းတို့ လိုချင်သည့်အရာကို ရရှိသွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ပေမည်။ အာဏာရှိသူများကို မျက်နှာလုပ်ဖားယားတတ်သော လူများသည် အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ပြီး တည်ကြည်မှု အလွန်နိမ့်ကျကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အဓိက လက္ခဏာများမှာ အဘယ်အရာများနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ပါသည်။) ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် ကောက်ကျစ်ဆိုးယုတ်သည့်အရာမှာ ၎င်းတို့သည် လူတစ်ဦးတည်းကို ဆက်ဆံရန် လုံးဝကွဲပြားသော မျက်နှာနှစ်မျိုးကို အသုံးပြုပုံဖြစ်ပြီး အလွန် လျင်မြန်စွာ ပြောင်းလဲခြင်းပင်ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဆင့်အတန်းမရှိသော လူများက ၎င်းတို့ကို ရန်မစလျှင်ပင် ၎င်းတို့ဘက်မှ အရင်စတင် တိုက်ခိုက်ကာ အနိုင်ကျင့်ပြီး နင်းကြလိမ့်မည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူ၌ အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်နိုင်သကဲ့သို့ ထိုသူတို့ကို တရားမျှတစွာ မဆက်ဆံနိုင်ပေ။ သင်က ၎င်းတို့ကို “ဘုရားအိမ်တော်၌ သမ္မာတရားက အာဏာကိုင်စွဲပြီး လူများကို တရားမျှတစွာ ဆက်ဆံသည်” ဟု ပြောသောအခါ ၎င်းတို့ လက်ခံပါသလော။ (လက်မခံပါ။) ၎င်းတို့သည် ထိုစကားကို ဤနားမှဝင် ထိုနားမှထွက်ကာ “မည်သည့်တရားမျှတမှုနည်း။ လူများသည် အမြင့် သို့မဟုတ် အနိမ့်၊ မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းသာ ရှိလေသည်။ အဆင့်အတန်း ရှိသူများသည် မြင့်မြတ်သည်၊ အဆင့်အတန်း မရှိသူများသည် တန်ဖိုးမရှိသော အမှိုက်များသာဖြစ်သည်” ဟု တွေးကြသည်။ ဤသည်မှာ လူများကို ရှုမြင်ခြင်းနှင့် ဆက်ဆံခြင်းတို့တွင် ၎င်းတို့၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် စည်းမျဉ်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို လက်မခံသည့်အပြင် မိမိတို့၏ ယုတ္တိမရှိသော တွေးတောဆင်ခြင်မှုကိုပင် ပြောဆိုကြသေးသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လူများကို မည်သို့ဆက်ဆံရမည်နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် စည်းမျဉ်းများအစား လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှုနှင့် စည်းမျဉ်းများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအပေါ် မိမိတို့၏ ကိုယ်ပိုင် ရှုထောင့်အမြင်များကို အသုံးပြု၍ အဆင့်အတန်းနှင့် အာဏာကို ချဉ်းကပ်ကြပြီး ဤကိစ္စရပ်များကို ကိုင်တွယ်ရန် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မိမိတို့၏ ကိုယ်ပိုင် စည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံဘဲ သမ္မာတရားကို ဗြောင်ကျကျ ဆန့်ကျင်နေခြင်း မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သင်၌ အဆင့်အတန်းရှိလျှင် သင်သည် ငါ့စိတ်နှလုံးထဲမှ ဆရာကြီးပင်ဖြစ်သည်” ဟု တွေးကြသည်။ ဘုရားသခင်နှင့် သမ္မာတရားသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤမျှ ဗိုလ်ကျပြီး ဤမျှ မိုက်မဲစွာ ခေါင်းမာခြင်းသည် သမ္မာတရားကို လက်မခံခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အတိအကျပင် ထိုသို့သော စိတ်သဘောထားမျိုး ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတစ်ခုတည်းကို ကြည့်မည်ဆိုလျှင် ထိုသို့သော လူများသည် တည်ကြည်မှု နိမ့်ကျပြီး လုံးဝ ရွံရှာဖွယ်ကောင်းကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ပေ။ သို့သော် ၎င်းတို့၏ စိတ်သဘောထားကို ကြည့်မည်ဆိုလျှင်မူ ၎င်းတို့သည် ပေါင်းသင်းဆက်ဆံရန် ထိုက်တန်ခြင်း ရှိမရှိဟူသော ကိစ္စမျှသာ မဟုတ်တော့ပေ။ ဤလူတို့၌ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့သည် ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် အပြစ်ဒဏ်ပေးခြင်းခံရပြီး သေဆုံးကြလိမ့်မည်၊ ၎င်းတို့၏ လုပ်ရပ်များသည် သေဒဏ်ထိုက်သော ပြစ်မှုတစ်ခုနှင့် ညီမျှသည်။ ဤလူတို့သည် အာဏာရှိသူများကို မျက်စိစုံမှိတ် မျက်နှာလုပ်ကြပြီး သခင်ခိုင်းသမျှလုပ်သော ခွေးငယ်လေးများ၏ ဖားယားတတ်သော အမူအရာကို ပြသကြသဖြင့် ရွံရှာစရာကောင်းလှသည်။ အသင်းတော်ခေါင်းဆောင်များ၏ ရာထူး၌ ထိုသို့သော လူများသည် အန္တရာယ်တစ်ခု ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူများကို အသင်းတော် ခေါင်းဆောင်များအဖြစ် ရွေးကောက်လျှင် သင်တို့သည် ဘေးဒုက္ခနှင့် ကြုံတွေ့ကြလိမ့်မည်။ အချို့သော ခရိုင်ခေါင်းဆောင်များသည် မိုက်မဲပြီး လူများကို ထိုးထွင်းမမြင်နိုင်ကြသဖြင့် ဤလူအမျိုးအစားကို အသင်းတော်ခေါင်းဆောင်လောင်းအဖြစ်ပင် သတ်မှတ်ကြရာ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် လှည့်ဖြားခြင်း ခံကြရလေသည်။ အခြားသူများကို မြှောက်ပင့်ဖားယားရာ၌ တော်ပြီး အာဏာရှိသူများကို မျက်နှာလုပ်တတ်ကာ အပြင်ပန်းအားဖြင့် အလွန်စိတ်အားထက်သန်ပြီး ခေါင်းဆောင်များ၏ စကားတိုင်းကို နာခံပုံရသော ဤလူအမျိုးအစားသည် ခေါင်းဆောင်လောင်းများအဖြစ် အလွယ်တကူ ရွေးချယ်ခံကြရသည်။ အကြောင်းမှာ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာလိုမျက်နှာရ လုပ်တတ်သူများကို နှစ်သက်ကြပြီး ကြောင်သူတော်ဖြစ်သော ဤလူစားမျိုးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်သို့ ဆောင်ကြဉ်းလာမည့် အကျိုးဆက်များကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ရွေးချယ်ခံရပြီး အဆင့်အတန်း ရရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မလိုမုန်းထားသော စရိုက်သည် ချက်ချင်း ပေါ်ထွက်လာပြီး အသင်းတော်ကို စတင် နှောင့်ယှက်လေ့ရှိသည်။ ၎င်းတို့ကို ရွေးကောက်ခဲ့သော ခေါင်းဆောင်များက မိမိတို့ရွေးချယ်ခဲ့သော လူများသည် ဆိုးယုတ်သောလူများဖြစ်ကြောင်း မြင်သောအခါ နောင်တရကြသော်လည်း မိမိတို့၏ လုပ်ရပ်များက အသင်းတော်သို့ ဆောင်ကြဉ်းခဲ့သော အကျိုးဆက်များကိုမူ ၎င်းတို့ ကုစားနိုင်ခြင်း မရှိပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး စည်းမျဉ်းမရှိဘဲ လုပ်ဆောင်ခြင်း၏ အကျိုးဆက် လုံးလုံးပင် ဖြစ်သည်။ အဆင့်အတန်းနှင့် အာဏာကို လေးစားကြည်ညိုသူများသည် သမ္မာတရားကို နှစ်သက်သော လူများ မဟုတ်ကြပေ။ ၎င်းတို့သည် အဆင့်အတန်းရှိသော မည်သူ့ကိုမဆို မျက်နှာလုပ်ကြပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို မြင်သည့်အခါတိုင်း မျက်နှာချိုသွေးသော အပြုံးကို ပြုံးပြကြသည်။ အချို့သော ခေါင်းဆောင်များသည် ဤစုံစမ်းသွေးဆောင်ခြင်းကို တောင့်မခံနိုင်ကြချေ။ မျက်နှာချိုသွေးသော အပြုံးဖြင့် လူများကို ၎င်းတို့ မြင်သည့်အခါတွင် အလွန့်အလွန် ဝမ်းမြောက်ကြပြီး မိမိတို့၏ လုပ်နိုင်စွမ်းကို ကိုယ်ရည်သွေးဖို့ ထိုလူများကို ရာထူးတိုးပေးလိုကြသည်။ အမှန်မှာ ထိုလူများက ၎င်းတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာချိုသွေးသော အပြုံးကို ပြုံးပြသောအခါ ထိုလူများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိကြသော်လည်း ဤခေါင်းဆောင်များကမူ ထိုလူများသည် အမှန်တကယ် ကောင်းသည်ဟု ထင်ကြသည်။ ထိုလူများသည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိတော့ဘဲ ၎င်းတို့ကို ရာထူးတိုးမြှင့်ပေးခဲ့သော ခေါင်းဆောင်များကိုပင် လျစ်လျူရှုကြသည်။ ထိုအခါမှသာ ထိုခေါင်းဆောင်များက ဤလူများသည် လူကောင်းများ မဟုတ်ကြောင်းနှင့် မိမိတို့သည် လူမှား၍ ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း နားလည်သဘောပေါက်ကြသည်။ ထိုသို့သော အခြေအနေတွင် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ဤအခြေအနေကို ကုစားသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့ ကုစားသင့်သနည်း။ (ဤလူများကို ချက်ချင်း ဖော်ထုတ်ပြီးနောက် ဖြုတ်ချသင့်ပါသည်။) ဤလူများသည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် အာဏာရှိသူများကို မျက်နှာလုပ်ပြီး မြှောက်ပင့်တတ်ရုံသာ သိသော နားဝေတိမ်တောင် ဖြစ်သောလူများသာ ဖြစ်ကြသည်။ ခေါင်းဆောင်များသည် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်ပြီး ထိုအချိန်က မိမိတို့သည် စိတ်နှလုံးရော မျက်စိပါ ကန်းနေခဲ့ပြီး လူများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ လူမှား၍ ရွေးချယ်ခဲ့မိသည့်အတွက် နောင်တရသင့်သည်။ ယခုအခါတွင် ချက်ချင်း ကုစားလျှင် အချိန်မီသေးသည်။ အာဏာရှိသူများကို မျက်နှာလုပ်တတ်သော ထိုသို့သော လူများကို သင်တို့ ယခု ထိုးထွင်းမြင်နိုင်ပြီလော။ (မြင်နိုင်ပါပြီ။) ထိုသို့သော လူများသည် လူကောင်းများ မဟုတ်ကြပေ။

ထူးကဲသော မှတ်ဉာဏ်ရှိခြင်း

ဆက်လက်၍ ပင်ကိုအခြေအနေများနှင့် သက်ဆိုင်သော သရုပ်သကန်များအကြောင်း ပြောကြစို့။ ထူးကဲသော မှတ်ဉာဏ်ရှိခြင်း၊ ဤသရုပ်သကန်သည် မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သနည်း။ (ပင်ကိုအခြေအနေများ ဖြစ်ပါသည်။) အထူးကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်း၊ အကြောင်းအရာများကို တိကျစွာ မှတ်မိခြင်း၊ ဆောင်းပါးများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များ၊ ဓမ္မသီချင်းများ သို့မဟုတ် အလုပ်အစီအစဉ်တစ်ခုကို အထူးရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သင့်သနည်း။ (ကောင်းသော အစွမ်းအစ၊ ပင်ကိုအခြေအနေတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် ပင်ကိုအခြေအနေများ၏ မည်သည့် သီးခြားကဏ္ဍနှင့် သက်ဆိုင်သည်ဟူသည်မှာမူ ယင်းသည် အစွမ်းအစအောက်တွင် မကျရောက်သင့်ဟု ငါထင်သည်။ ယင်းသည် ကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်း၊ အကြောင်းအရာများကို မှတ်မိနိုင်ခြင်း၊ များစွာမှတ်မိခြင်း၊ တိကျမှန်ကန်စွာ မှတ်မိခြင်းနှင့် အကြောင်းအရာများကို ခိုင်မြဲစွာ မှတ်မိခြင်းမျှသာ ဖြစ်ပါက ဤသည်မှာ အများဆုံးအားဖြင့် ပင်ကိုအားသာချက်များ၊ ပင်ကိုစွမ်းရည်နှင့် အရည်အချင်းများဟူသော အမျိုးအစားအောက်တွင် ကျရောက်သည်။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် ကောင်းမကောင်းဆိုသည်မှာမူ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်း မည်သို့ရှိသည်အပေါ်တွင် မူတည်သည်။ တစ်စုံတစ်ဦးသည် ထူးကဲသော မှတ်ဉာဏ်ရှိပြီး သီချင်းစာသားတစ်ပိုဒ်၊ အသိပညာနှင့် အယူဝါဒတစ်ပိုင်း သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျကျနနဖြင့် အထူးကောင်းမွန်စွာ၊ အထူးလျင်မြန်စွာနှင့် အထူးခိုင်မြဲစွာ အလွတ်ကျက်မှတ်နိုင်သော်လည်း ၎င်းတို့ ကျက်မှတ်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်ဘဲ လက်တွေ့ဘဝ သို့မဟုတ် အလုပ်တွင် အသုံးချခြင်းဖြစ်စေ၊ အကောင်အထည်ဖော်ခြင်းဖြစ်စေ မပြုနိုင်သော သတ်မှတ်ထားသည့်၊ မပြောင်းလွယ်သော အရာအချို့မျှသာ ဖြစ်ပါက၊ ၎င်းတို့သည် ကောင်းမွန်သော မှတ်ဉာဏ်ရှိရုံမျှသာ ဖြစ်ပါက ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများအတွင်းရှိ အားသာချက်နှင့် အရည်အချင်းတစ်ခုသာ ဖြစ်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် သက်ဆိုင်သည့် အဆင့်သို့ မရောက်ရှိပေ။ ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သည့်အတိုင်း အစွမ်းအစဟူသည် အဘယ်နည်း။ (အမှုအရာများကို လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်နှင့် ထိရောက်မှုရှိခြင်း ဖြစ်ပါသည်။) သင်သည် ကောင်းမွန်သော မှတ်ဉာဏ်ရှိပြီး ကောင်းမွန်သော အစွမ်းအစလည်း ရှိပါက သင်၌ မည်သို့သော သရုပ်သကန်များနှင့် လက္ခဏာများ ရှိသင့်သနည်း။ သင်ကြားရသော အကြောင်းအရာများနှင့်ပတ်သက်၍ တိကျမှန်ကန်စွာ မှတ်မိနိုင်ခြင်းကို အခြေခံလျက် အဓိကအချက်များကို သဘောပေါက်နိုင်ခြင်း၊ စည်းမျဉ်းများကို ရှာတွေ့နိုင်ခြင်း၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းနှင့် အကောင်အထည်ဖော်ရန် အစီအစဉ်ကို ရှာတွေ့နိုင်ခြင်း၊ ထို့နောက် လက်တွေ့ဘဝနှင့် အလုပ်တွင် ယင်းတို့ကို အမှန်တကယ် အသုံးချနိုင်ပြီး အမှုအရာများကို စွမ်းဆောင်ရည်ရှိရှိနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ သင် အလွတ်ကျက်မှတ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများသည် သီအိုရီအဆင့်တွင် ရပ်တန့်မနေဘဲ သင်၏ တာဝန်ထမ်းဆောင်မှုတွင် အကောင်အထည်ဖော်ခံရပြီး သင်၏ သမ္မာတရား လက်တွေ့ကျမှု ဖြစ်လာကာ လူများမြင်နိုင်သော အလုပ်ရလဒ်များကို ဖြစ်ပေါ်စေပြီး အလုပ်၏ စွမ်းဆောင်ရည်ကို တိုးတက်စေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော မှတ်ဉာဏ်ရှိရုံသာမက ကောင်းမွန်သော အစွမ်းအစလည်း ရှိခြင်း ဖြစ်သည်။ ကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်းသည် ကောင်းမွန်သော အစွမ်းအစရှိခြင်းနှင့် မညီမျှပေ။ ထိုသို့မဟုတ်ဘဲ သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်း၊ သင့်အပေါ် အမှုအရာများ ကျရောက်လာသောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို ရှာတွေ့နိုင်ခြင်း၊ အလုပ်ကို သွေဖည်ခြင်းမရှိဘဲ အကောင်အထည်ဖော်ပြီး တိကျမှန်ကန်စွာ၊ လျင်မြန်စွာနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း၊ ဤသည်သာလျှင် ကောင်းမွန်သော အစွမ်းအစရှိခြင်း ဖြစ်သည်။ ကောင်းမွန်သော အစွမ်းအစဟူသည်မှာ အယူဝါဒအချို့ကို နားလည်ပြီးနောက် ယင်းတို့ထဲမှ များစွာကို ထုတ်ပြောနိုင်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်သဘောပေါက်ပြီးနောက် သင်၏ အလုပ်နှင့် တာဝန်တွင် ယင်းတို့ကို အလိုက်သင့် အသုံးချနိုင်ခြင်း၊ ယင်းတို့ကို သင်၏ လက်တွေ့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်စေခြင်း၊ ယင်းတို့ကို သဘောတရားမှ လက်တွေ့သို့ ပြောင်းလဲခြင်းဖြစ်ပြီး ယင်းက သမ္မာတရား စည်းမျဉ်းများကို လူများအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး ရလဒ်များ ရရှိစေကာ လူများကို အကျိုးကျေးဇူးများနှင့် အားသာချက်များ ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။ ဤသည်သာလျှင် အစွမ်းအစရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် စကားလုံးများနှင့် အယူဝါဒများကို နားလည်သည့်အဆင့်တွင် ပိတ်မိနေပြီး အလုပ်ကို အကောင်အထည်မဖော်နိုင်ဘဲ စည်းမျဉ်းများ သို့မဟုတ် နည်းလမ်းများကို မရှာတွေ့နိုင်ပါက၊ ဆိုလိုသည်မှာ ဤသမ္မာတရား စည်းမျဉ်း၏ ကဏ္ဍသည် သင့်အတွက် အစဉ်သဖြင့် သဘောတရားတစ်ခုအဖြစ်သာ ကျန်ရှိနေပြီး ယင်းကို လက်တွေ့ဖြစ်လာစေရန် သင့်၌ နည်းလမ်းမရှိ၊ နည်းစနစ်မရှိ၊ လမ်းကြောင်းမရှိပါက ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ မှတ်ဉာဏ်သည် မည်မျှပင် ကောင်းနေပါစေ၊ သာမန်လူများထက် သာလွန်ပြီး ထူးကဲသော စွမ်းရည်တစ်ခုနီးပါး ဖြစ်နေလျှင်ပင် ၎င်းသည် သင်၌ ကောင်းမွန်သော အစွမ်းအစရှိသည်ဟု မဆိုလိုပေ။ ကောင်းမွန်သော အစွမ်းအစသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အစွမ်းအစကို မည်သို့ အကဲဖြတ်သနည်း။ (လူတစ်ဦးသည် အလုပ်၏ စည်းမျဉ်းများကို နားလည်နိုင်ခြင်း ရှိမရှိနှင့် ထိုစည်းမျဉ်းများကို ရလဒ်များရရှိရန် ကောင်းစွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဖြင့် အဆုံးအဖြတ်ပေးပါသည်။) ယင်းကို စွမ်းဆောင်ရည်နှင့် ထိရောက်မှုဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများသည် အလုပ်အစီအစဉ်များကို လျင်မြန်စွာနှင့် တိကျမှန်ကန်စွာ မှတ်မိနိုင်ပြီး ယင်းတို့ကို သဘောတရားအရလည်း နားလည်နိုင်သည်။ သို့ရာတွင် အကောင်အထည်ဖော်ရန် အချိန်ရောက်သောအခါ ၎င်းတို့ကို “ဤအလုပ်ကို မည်သို့ လုပ်သင့်သနည်း။ သင့်ထံတွင် စိတ်ကူးများ၊ အစီအစဉ်များ သို့မဟုတ် အဆင့်များ ရှိသလား” ဟု တစ်စုံတစ်ဦးက မေးလျှင် ၎င်းတို့က “မရှိပါ၊ မည်သို့လုပ်ဆောင်ရမည်ကို မသိပါ” ဟု ပြန်ဖြေကြသည်။ ဤသည်မှာ အစွမ်းအစရှိခြင်း မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် ဤသည်မှာ ကဏ္ဍတစ်ခုတွင် အားသာချက်တစ်ခုမျှသာ ဖြစ်သည်။ ငါတို့ ဤခေါင်းစဉ်အကြောင်း ပထမဆုံး မိတ်သဟာယဖွဲ့စဉ်က ဤပြဿနာကို ဆွေးနွေးခဲ့သည်ဟု ငါမှတ်မိသည်။ သင်တို့ မေ့သွားကြပေမည်၊ ပြီးလျှင် ဤတစ်ကြိမ်တွင် သင်တို့သည် ထူးကဲသော မှတ်ဉာဏ်ကို အစွမ်းအစဟူသော ကဏ္ဍတွင် ထပ်မံ အမျိုးအစား ခွဲခြားလိုက်ပြန်သည်။ လူတစ်ဦး၏ အားသာချက်များနှင့် ပင်ကိုစွမ်းရည်များကို အစဉ်သဖြင့် နားလည်မှုလွဲပြီး အချို့သော အားသာချက် သို့မဟုတ် ပင်ကိုစွမ်းရည်ကို ကောင်းမွန်သော အစွမ်းအစဟူသော ကဏ္ဍတွင် အစဉ်သဖြင့် အမျိုးအစားခွဲခြားခြင်းသည် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းပြီး သင်တို့သည် အားသာချက်ဟူသည် အဘယ်နည်း၊ ပင်ကိုစွမ်းရည် သို့မဟုတ် အရည်အချင်းဟူသည် အဘယ်နည်း၊ စစ်မှန်သော အစွမ်းအစဟူသည် အဘယ်နည်းတို့ကို နားလည်သွားပါက ၎င်းသည် လူများကို ပိုင်းခြားသိမြင်ရန်နှင့် သင်တို့၏ ကိုယ်ပိုင်အသက်တာ ကြီးထွားမှုအတွက် အကျိုးရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် ယင်းသည် သင်တို့ ကောင်းမွန်စွာ သီချင်းဆိုတတ်ခြင်း သို့မဟုတ် ကခုန်တတ်ခြင်းကြောင့်သာ သင်တို့၌ ထူးကဲသော အစွမ်းအစရှိသည်ဟု မှားယွင်းစွာ မယုံကြည်တော့ရန် သင်တို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အနည်းငယ် ထိန်းချုပ်ဖို့ ကူညီနိုင်သည်။ သို့ဆိုလျှင် သင်တို့သည် ဤကိစ္စကို ဤနည်းလမ်းဖြင့် ယခု အကဲဖြတ်နိုင်သေးသလော။ (မဖြတ်နိုင်တော့ပါ။) သို့ဆိုလျှင် သီချင်းဆိုတတ်သော လူများ၌ ကောင်းမွန်သော အစွမ်းအစရှိရန် အမှန်တကယ် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ (၎င်းတို့၌ သဘောပေါက်နားလည်နိုင်စွမ်းရှိရန်၊ မည်သည့်သီချင်းဆိုနည်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို သိရန်နှင့် သိနားလည်နိုင်ရန်လည်း လိုအပ်ပါသည်။) ထိုးထွင်းသိမြင်မှု ရှိခြင်းသည် အလွန်အရေးကြီးသည်။ သင် မြင်သလော၊ ဤလူအားလုံးသည် တေးဂီတသီအိုရီအချို့ကို သိကြသော်လည်း ၎င်းတို့၏ သီချင်းဆိုခြင်း၏ အကျိုးသက်ရောက်မှုမှာ ကွဲပြားသည်။ အချို့လူများသည် သီချင်းဆိုရန်အတွက် လမ်းကြောင်းတစ်ခုကို စမ်းတဝါးဝါးရှာဖွေပြီး လေ့လာနိုင်သည်။ ၎င်းတို့သည် အမျိုးမျိုးသော သီချင်းများ၊ မတူညီသော သံစဉ်များနှင့် လူအမျိုးမျိုးထံမှ မတူညီသော သီချင်းဆိုဟန်များကို နားထောင်ပြီး မည်သည့်သီချင်းဆိုနည်းစနစ်များသည် စိတ်ထိမိစေပြီး နှစ်သက်ဖွယ်ဖြစ်သည်ကို နားစွင့်ကြသည်။ ၎င်းတို့သည် ဤဖြစ်စဉ်မှ အချို့သော ခံစားချက်တစ်ခုကို ရှာတွေ့ပြီးနောက် ထိုခံစားချက်ကို အခြေခံ၍ ဆက်လက်စူးစမ်းလေ့လာပြီး လေ့ကျင့်ကြသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းတို့၏ သီချင်းဆိုခြင်းသည် တိုးတက်လာသည်ဟု ၎င်းတို့ ခံစားရပြီး အခြားသူများကလည်း နားထောင်လိုစိတ် ရှိလာကြသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့သည် ဤအရာကို သဘောတရားများနှင့် နှိုင်းယှဉ်ပြီး ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် မှန်ကန်ကြောင်း အတည်ပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ သီချင်းဆိုနည်းကို ပြောင်းလဲရန်နှင့် ယခင်မှားယွင်းသော သီချင်းဆိုနည်းများကို ပြင်ဆင်ရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်သည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ ရှာဖွေတွေ့ရှိခဲ့သော ကောင်းမွန်သော၊ မှန်ကန်သော၊ အပြုသဘောဆောင်သော အချက်များကို မိမိတို့၏ ကိုယ်ပိုင်သီချင်းဆိုခြင်းထဲတွင် ထပ်မံ အကောင်အထည် ဖော်ပြီး အသုံးချနိုင်သည်။ မည်သည့်သီချင်းဆိုနည်းသည် မှန်ကန်ပြီး မည်သည့်နည်းသည် မှားယွင်းသည်ကိုလည်းကောင်း၊ မည်သည့်သီချင်းဆိုနည်းသည် ကောင်းမွန်သော ခံစားချက်ကို ဖြစ်ပေါ်စေပြီး မည်သည့်နည်းသည် မကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်ကိုလည်းကောင်း ၎င်းတို့ သိမြင်နိုင်သည်။ ဤသည်မှာ ကောင်းမွန်သော အစွမ်းအစရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် သဘောတရားဆိုင်ရာ အသိပညာသာရှိပြီး ထိုသဘောတရားကို မိမိတို့၏ လက်တွေ့သီချင်းဆိုခြင်းနှင့် မပေါင်းစပ်နိုင်ဘဲ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လွဲချော်နေပါက ၎င်းတို့၏ အစွမ်းအစသည် မကောင်းပေ။ သီချင်းဆိုသော အချို့လူများကို ကြည့်လော့၊ အခြားသူများက ၎င်းတို့သည် အသံတုကို အသုံးပြုနေကြောင်း ထောက်ပြသောအခါ ၎င်းတို့သည် လက်ခံနိုင်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် လေ့ကျင့်ပြီးနောက် ပြုပြင်နိုင်သည်။ ၎င်းတို့သည် သီချင်းဆိုရာတွင် သိပ်မကျွမ်းကျင်သေးသည့်တိုင် ပင်ကိုအသံစစ်ဖြင့် ဆိုနေကြပြီဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အချို့လူများသည် အသံတုဖြင့် သီချင်းဆိုကြပြီး ၎င်းတို့ကို ကြားရသော မည်သူမဆိုအတွက် ရှင်းလင်းနေသော်လည်း ၎င်းတို့သည် မိမိတို့၏ အသံစစ်၊ ပင်ကိုအသံစစ်ဖြင့် ဆိုနေသည်ဟု ထင်နေကြဆဲဖြစ်ပြီး ခြားနားချက်ကို မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ အစွမ်းအစမရှိခြင်းနှင့် သိနားလည်မှုမရှိခြင်း၊ အမှုအရာများကို မသိမြင်နိုင်ခြင်းကို ပြသသည်။ ဤသည်မှာ အစွမ်းအစနှင့် အားသာချက်တို့ကြား ခြားနားချက် ဖြစ်သည်။ သင်သည် သီချင်းဆိုရာတွင် ပင်ကိုစွမ်းရည်ရှိပါက ယင်းသည် သင်၏ အားသာချက်ဖြစ်သည်၊ ၎င်းသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ သို့ရာတွင် သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်း ရှိမရှိနှင့် ဤနယ်ပယ်၊ ဤလုပ်ငန်းတွင် အနှစ်သာရ၊ စည်းမျဉ်းများနှင့် အဓိကအချက်များကို သိမြင်နိုင်ခြင်း ရှိမရှိသည် အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် အနှစ်သာရ၊ အဓိကအချက်များနှင့် စည်းမျဉ်းများကို သိမြင်နိုင်ပါက သင်သည် အဆိုတော်တစ်ဦး၊ ကျွမ်းကျင်သော အဆိုရှင်တစ်ဦး ဖြစ်လာနိုင်သည်။ သင်သည် သီချင်းဆိုခြင်းကို နှစ်သက်ပြီး လျင်မြန်စွာ သင်ယူနိုင်ကာ သံစဉ်၊ စည်းချက်နှင့် အသံအနိမ့်အမြင့်ကို တိကျမှန်ကန်စွာ ကျွမ်းကျင်ပိုင်နိုင်ပါက ဤသည်ကို ပင်ကိုအားသာချက်တစ်ခုနှင့် ဤသီးခြားအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင် တော်ခြင်းဟုသာ ခေါ်ဆိုနိုင်သည်။ သို့ရာတွင် သင်၏ အလွန်သာမန်ဖြစ်ပြီး ကန့်သတ်ချက်ရှိသော အစွမ်းအစကြောင့် သင်သည် တော်ခြင်းဟူသော ဘောင်အတွင်း၌သာ အစဉ်သဖြင့် ရှိနေလိမ့်မည်။ သင်သည် အဓိကအချက်များကို ကျွမ်းကျင်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်သကဲ့သို့ စစ်မှန်သော အဆိုတော်နှင့် ကျွမ်းကျင်သော အဆိုရှင်တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤသည်မှာ သင်၏ အစွမ်းအစက ချမှတ်သော ကန့်သတ်ချက် ဖြစ်သည်။ ကောင်းမွန်သော အစွမ်းအစရှိသူများ၌ အလားအလာနှင့် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ရှိကြပြီး သာမန် သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိသူများ၌မူ အလားအလာ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း မရှိပေ။ သို့ဖြစ်၍ သင်၏ အားသာချက်သည် မည်သည့်နယ်ပယ်တွင် ရှိနေပါစေ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက သင်သည် သင်၏ အစွမ်းအစ၏ ကန့်သတ်ခြင်းကို မလွဲမသွေ ခံရလိမ့်မည်။ သင်သည် အချို့သော နယ်ပယ်တစ်ခုတွင် မည်မျှပင် တော်နေပါစေ၊ မည်မျှပင် ကြိုက်နှစ်သက်ပါစေ၊ သင်၏ စိတ်ဝင်စားမှု မည်မျှပင် ကြီးမားနေပါစေ သင်၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် သင်၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် သင်၏ အစွမ်းအစကို မကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။) ငါ ဤသို့ပြောပြီးဖြစ်သောကြောင့် သင်တို့သည် သီချင်းဆိုခြင်း၌ ယုံကြည်မှု ပျောက်ဆုံးသွားကြမည်လော။ ငါသည် အစွမ်းအစနှင့် အားသာချက်များကြား ခြားနားချက်အကြောင်း မိတ်သဟာယဖွဲ့ရန် သင်တို့၏ အားသာချက်များထဲမှ တစ်ခုကို ဥပမာအဖြစ် အသုံးပြုလျက် လက်ရှိကိစ္စရပ်ကိုသာ ပြောနေခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်သည် သင်တို့ကို စစ်မှန်သော ကျွမ်းကျင်သည့် အဆိုတော်များ ဖြစ်လာရန်၊ အချို့သော အလွန်မြင့်မားသော တိကျမှုဖြင့် သီချင်းဆိုရန်၊ သီးခြားသီချင်းဆိုဟန်တစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရန် သို့မဟုတ် သီချင်းဆိုခြင်း၌ ကြီးမားသော အောင်မြင်မှု ရရှိရန် မတောင်းဆိုပေ။ ဤအရာများကို မတောင်းဆိုပေ။ သင်တို့၏ ရှိရင်းစွဲ အစွမ်းအစနှင့် အားသာချက်များကို ကောင်းစွာ အသုံးချလိုက်ရုံဖြင့် အဆင်ပြေပါသည်။ စစ်မှန်သော ခံစားချက်များနှင့် ရိုးသားမှု၏ ဖော်ပြချက် ရှိနေသမျှကာလပတ်လုံး ၎င်းမှာ လုံလောက်သည်။ သို့ဖြစ်၍ သင်တို့ထဲမှ အချို့သည် ညံ့ဖျင်းသော အစွမ်းအစ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း အနည်းငယ်သာရှိသော အလွန်သာမန် အစွမ်းအစရှိသည်ဟု ငါပြောခဲ့သောကြောင့်သာ စိတ်ဓာတ်မကျနှင့် သို့မဟုတ် အရှုံးမပေးနှင့်။ ယင်းမှာ မလိုအပ်ပေ။ သင်တို့ စိတ်ဓာတ်ကျကြမည်လော။ (မကျပါ။) သင်တို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ သဘောထားရမည်။ ငါသည် သင်တို့၏ အခြေအနေများကို ဥပမာအဖြစ် အသုံးမပြုခဲ့ပါက သင်တို့သည် သဘောပေါက်မည်မဟုတ်ဘဲ စေ့စေ့စပ်စပ် နားလည်မှု ရှိမည်မဟုတ်သည့်အပြင် ငါပြောခဲ့သည့် မည်သည့်အရာကိုမဆို သင်တို့ နှလုံးသွင်းမည် မဟုတ်ပေ။ သင်တို့ကို စေ့စေ့စပ်စပ် နားလည်စေရန် ကူညီဖို့ ငါသည် လူတိုင်း ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် ဥပမာအနည်းငယ် ပေးခဲ့ရသည်။ ဤနည်းအားဖြင့် အစွမ်းအစနှင့် အားသာချက်များကြား ခြားနားချက်ကို သင်တို့၏ နားလည်မှုသည်လည်း ပိုမိုတိကျလာလိမ့်မည်။ ဤသို့ မိတ်သဟာယဖွဲ့ခြင်းနည်းလမ်းကို သင်တို့ စိတ်အနှောင့်အယှက်ဖြစ်ကြသလော။ (မဖြစ်ပါ။) သင်တို့ စိတ်အနှောင့်အယှက်မဖြစ်လျှင် ကောင်းပေသည်။ ဤအရာကို မှန်ကန်စွာ သဘောထားလော့။ သင်တို့ လေ့ကျင့်သင့်သည့်အတိုင်း လေ့ကျင့်လော့။ ယင်းကို သင် စိတ်နှစ်ထားပြီး ကောင်းမွန်သော ပန်းတိုင်နှင့် ဦးတည်ချက်ဆီသို့ လေ့ကျင့်ခြင်းသည် တိုးတက်မှုမရှိခြင်း သို့မဟုတ် သင်၏ နည်းလမ်းဟောင်းများတွင် ပိတ်မိနေခြင်းထက် အစဉ်သဖြင့် ပိုကောင်းလိမ့်မည်။ သင်၏ အစွမ်းအစသည် ကန့်သတ်ချက်ရှိနေသော်လည်း သို့မဟုတ် ညံ့ဖျင်းနေသော်လည်း သင်သည် လေ့ကျင့်ရန် ကြိုးစားအားထုတ်ပြီး သင်၏ ကန့်သတ်ချက်ရှိသော အစွမ်းအစဘောင်အတွင်း သင်တတ်နိုင်သမျှ အများဆုံးကို ရရှိရန် ကြိုးပမ်းရန် လိုအပ်နေဆဲ ဖြစ်သည်။ ငါတို့သည် တာဝန်ယူမှုနှင့် သစ္စာစောင့်သိမှု သဘောထားဖြင့် ဤတာဝန်ကို ထမ်းဆောင်ပြီး ဤအလုပ်ကို လုပ်ဆောင်ရာ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ရမည်။ ဤသည်မှာ သင်တို့ လိုက်နာသင့်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်း ဖြစ်သည်။ သင်၏ အားသာချက်၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာမရှိတော့ဘဲ အနာဂတ်တွင် သင် မျက်နှာရနိုင်တော့မည် မဟုတ်ရုံဖြင့် သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အရှုံးပေးခြင်း မပြုရ။ ယင်းမှာ လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ဤကိစ္စရပ်ကို သဘောထားပြုမူရာတွင် သင်လိုက်နာသင့်သော သမ္မာတရား စည်းမျဉ်း မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။)

ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတည်းဟူသော ဤနယ်ပယ်သုံးခုစီတိုင်းတွင် နားလည်ရန်လိုအပ်သော တိကျသည့်အသေးစိတ်များစွာ ရှိသည်။ ဤကိစ္စရပ်များအပေါ် ငါတို့ မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ကဏ္ဍများစွာအတွက် လူတို့သည် အပေါ်ယံနားလည်မှုသာရှိပြီး ယင်းတို့ကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ၎င်းတို့၌ အားသာချက်အချို့ ရှိလျှင် ၎င်းတို့သည် မြင့်မြတ်သော တည်ကြည်မှုရှိကြောင်း၊ ၎င်းတို့သည် ဂုဏ်သရေရှိကြောင်း တွေးထင်ကြကာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြောင်း ထင်မြင်ပြီး ၎င်းတို့၌ ကောင်းမွန်သော လူ့သဘာဝနှင့် မြင့်မားသော အစွမ်းအစတို့ ရှိသည်ကို တွေးထင်ကြ၏။ ဤအရာအားလုံးသည် ဤအမျိုးမျိုးသော ပြဿနာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိခြင်းမှ အရင်းခံသည်။ ဤကိစ္စရပ်မျိုးများသည် အသေးစိတ်များ ပိုမိုပါဝင်လေလေ၊ မိတ်သဟာယဖွဲ့စရာ ပိုများလေလေ ဖြစ်သည်၊ ယင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တည်းဖြင့် ဆွေးနွေးပြောဆို၍မရနိုင်ဘဲ အကြိမ်များစွာသော မိတ်သဟာယဖွဲ့ခြင်းများကို လိုအပ်သည်။ ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ရပ်ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။