သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း နှစ်

အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ဆိုင်သည့် အကြောင်းအရာနှင့် ပတ်သက်လာလျှင် ယင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ကိစ္စရပ်နှင့် မသက်ဆိုင်လျှင်ပင် လူ့ဘဝသက်သက်အနေဖြင့် ဆိုလျှင်ပင် သင်သည် အရာရာကို ဆန်းစစ်တန်ဖိုးဖြတ်နိုင်သည့် စွမ်းရည် မရှိပါက၊ မြင်သမျှ အရာရာအပေါ် မည်သည့်ရှုထောင့်မှ မရှိသလို အတွေးအခေါ်ပိုင်းဆိုင်ရာ ထင်မြင်ချက်များလည်း တစ်ခုမျှ မရှိပေ။ အရာရာတိုင်းကို သင့်မျက်စိအား ပိတ်စပါးလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ကြည့်ခြင်း၊ ထိုနေရာတွင် ပြဿနာတစ်ခုရှိသည်ကို မမြင်နိုင်ခြင်း ဖြစ်ပြီး ဖြစ်ရပ်တစ်ခုလုံး ပေါ်ပေါက်လာသည့် ဖြစ်စဉ် သို့မဟုတ် ပါဝင်ပတ်သက်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုသာ သိရှိပေသည်။ သို့သော် ပြဿနာ၏ အနှစ်သာရမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့၏ ဆက်စပ်နေသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း သင်မသိပါက ဤသည်မှာ သင်သည် အစွမ်းအစ ညံ့ဖျင်းသောသူတစ်ဦးဖြစ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ဘဝထဲရှိ ပြဿနာအားလုံးနှင့်ပတ်သက်၍ သင့်တွင် မည်သည့်အတွေးအခေါ်မျှ လုံးဝမရှိသောကြောင့် ဖြစ်သည်။ သင်သည် ပြဿနာများကို အတွေးအခေါ်ပိုင်းဆိုင်ရာမှ မည်သို့သုံးသပ်ရကောင်းမှန်းဖြစ်စေ၊ စဉ်းစားရကောင်းမှန်းဖြစ်စေ၊ အဓိပ္ပာယ်ဖွင့်ဆိုရကောင်းမှန်းဖြစ်စေ မသိပေ။ သင်သည် သင်၏အသက်အရွယ်၊ သင်၏လူ့သဘာဝ ရင့်ကျက်မှု သို့မဟုတ် သင်၏အတိတ် အတွေ့အကြုံများကို အခြေခံ၍ တစ်စုံတစ်ခုသည် အမှန်တကယ်တွင် မည်သို့သော ပြဿနာအမျိုးအစားဖြစ်သည်၊ သင်သည် ယင်းထံမှ အဘယ်အရာကို သင်ယူပြီး ရယူသင့်သည်၊ ယင်းက သင့်အပေါ် မည်သို့သော သက်ရောက်မှုရှိသည်၊ ယင်းက သင့်ထံသို့ မည်သို့သော သင်ခန်းစာကို ဆောင်ကြဉ်းပေးသည်၊ ဤပြဿနာအမျိုးအစားကို သင်သည် မည်သည့်ရှုထောင့်မှ ရှုမြင်ပြီး ကိုင်တွယ်သင့်သည် သို့မဟုတ် ဤသို့သော ကိစ္စရပ်မျိုးကို သင် နောက်တစ်ကြိမ် ကြုံတွေ့ရပါက သင်သည် မည်သို့ပြုမူသင့်ပြီး အဘယ်အရာကို ရှောင်ရှားသင့်သည်တို့ကို မည်သို့စဉ်းစားရမည်ကို သင်မသိပေ။ သင့်တွင် ဤဆင်ခြင်သုံးသပ်မှုအားလုံး ကင်းမဲ့နေသည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အတွေးအခေါ် ရိုးအပြီး အမြင်ရှုထောင့်များ မရှိပေ။ သင် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ သို့မဟုတ် သင် မည်မျှ အတွေ့အကြုံရှိသည်ဖြစ်စေ သင်သည် ပြဿနာများအကြောင်း မည်သို့တွေးခေါ်ရမည်ကို သိရှိခြင်းမရှိသေးပေ။ သင်သည် သင်၏အတိတ် အတွေ့အကြုံများ၊ သင်၏အသိပညာနှင့် သင်ယူခဲ့ပြီးသောအရာတို့ကို အသုံးပြု၍ အမျိုးမျိုးသော ကဏ္ဍများရှိ ပြဿနာများကို မည်သို့ဆင်ခြင်သုံးသပ်ရမည်ကို မသိပေ။ ဤကဲ့သို့သော လူများသည် အစွမ်းအစ ညံ့ဖျင်းသောသူများ ဖြစ်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများအတွက် သမ္မာတရား၌ ဝင်ရောက်မှုရှိခြင်းကို မဆိုထားနှင့်၊ နေ့စဉ်ဘဝ၏ အသေးအဖွဲကိစ္စများတွင်ပင် ၎င်းတို့သည် မည်သည့်သဘောတရားကိုမျှ ထုတ်နုတ်သုံးသပ်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်၊ သို့မဟုတ် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်အထိ အသက်ရှင်နေထိုင်လျှင်ပင် မည်သည့်အတွေ့အကြုံကိုမျှ မမျှဝေနိုင်သော နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့သောသူများသည် အတွေးအခေါ်မရှိသော ဉာဏ်ထိုင်းသည့်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့် ထိုသို့သောလူများသည် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ မည်သည့်အရာကိုမျှ အတွေးအခေါ်ပိုင်းဆိုင်ရာမှ ဘယ်သောအခါမျှ မကြည့်ရှုကြပေ။ ၎င်းတို့သည် အမှုအရာများကို မည်သို့ရှုမြင်ရမည်ကို မသိသည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်း၍မမြင်နိုင်ကြပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်သည့်အခါ၊ အထူးသဖြင့် ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိကို အကဲဖြတ်သည့်အခါ ၎င်းတို့၏ အသက်အရွယ် သို့မဟုတ် ၎င်းတို့၏ အတိတ်အတွေ့အကြုံများကို မကြည့်ရှုနှင့်။ ထိုအစား သင်သည် အဘယ်အရာကို ကြည့်ရှုသင့်သနည်း။ (၎င်းတို့တွင် အတွေးအခေါ်များ ရှိမရှိကို ကျွန်ုပ်တို့ ကြည့်ရှုသင့်ပါသည်။) ဆိုလိုသည်မှာ သင်သည် ၎င်းတို့ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နှစ်လေးဆယ် သို့မဟုတ် ငါးဆယ်ကြာ တွေ့ကြုံပြီးနောက်တွင် အတွေးအခေါ်အဆင့်၌ မည်သည့်ကိုယ်ပိုင် နားလည်သဘောပေါက်မှုတစ်ခုခု ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ အတိတ်အတွေ့အကြုံများက လူ့ဘဝ၏ တန်ဖိုး၊ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း သို့မဟုတ် လူ့အတွေးအခေါ်၏ နက်နဲရာများနှင့် ၎င်းတို့၏ ဝိညာဉ်လောကတို့နှင့် သက်ဆိုင်သော အရာများကို ပါဝင်ပတ်သက်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်ရှုသင့်သည်။ ၎င်းတို့၏ အတွေ့အကြုံများသည် အချို့သော ကိစ္စရပ်များနှင့်သာ သက်ဆိုင်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ အရာများကို မပါဝင်ပါက ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို မပိုင်ဆိုင်ကြပေ။ ဥပမာအားဖြင့် အချို့လူများက “ကျွန်ုပ်တို့မျိုးဆက်တွင် ချို့တဲ့စွာ နေခဲ့ရပါသည်။ ကောင်းစွာ စားရရန် မလွယ်ကူခဲ့ပါ၊ နှစ်သစ်ကူးဖြစ်စေ၊ အခြားပွဲတော်များတွင်ဖြစ်စေ အသားအနည်းငယ် စားရပါသည်၊ ကျွန်ုပ်တို့၏မျိုးဆက်မှ လူများသည် အလွန်ပင် ရိုးသားပြီး ဟန်ဆောင်မှု ကင်းမဲ့ကြသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် အလွန်ပင် ရိုးရှင်းစွာ ဝတ်ဆင်ကြပါသည်” ဟု မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့သောအရာများ အကြောင်းကို ပြောပြီးရင်းပြောကြသည်။ ထိုအခါ အခြားသူများက “အဘယ်ကြောင့် သင်တို့၏မျိုးဆက်က ဤမျှ ပြန်လည်တမ်းတဖို့ ထိုက်တန်ရသနည်း။ ကျွန်ုပ်တို့ လူငယ်များ သင်ခန်းစာယူနိုင်ပြီး အတွေးအခေါ်အဆင့်မှာ ဆက်သွယ်ပြောဆိုနိုင်သည့် အရာများ ရှိပါသလား” ဟု ဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့ခေတ်က တိုက်ပွဲဝင်ဖို့ စစ်မြေပြင်ကို သွားသည့်အခါတွင် အဆက်မပြတ် ချီတက်ရသောကြောင့် ရက်နှင့်ချီ၍ အိပ်ရေးပျက်ခဲ့ကြရသည်။ တစ်ခါတစ်ရံတွင် တစ်နေ့လုံး တစ်နပ်မျှပင် မစားရပါ။ စခန်းကို ရောက်သည့်အခါတွင် စစ်သားသစ်များက ချက်ချင်း အိပ်ကြသော်လည်း ကျွန်ုပ်တို့ စစ်ပြန်ကြီးများသည် အလျင်ဦးစွာ အစာစားပြီးနောက်မှ အိပ်ကြသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် အစာစားချိန်ပြီးပြီးချင်း လမ်းပေါ်ပြန်တက်ရပြီး လမ်းခုလတ်တွင်လည်း ဗိုက်ဆာကြရပြန်သည်” ဟု ပြန်ဖြေကြသည်။ အခြားသူများက “ဤသည်မှာ ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်၏။ အတွေးအခေါ်ပိုင်းဆိုင်ရာ အဆင့်သို့ မရောက်ပေ။ ကျွန်ုပ်တို့ လူငယ်များ သင်ယူထိုက်သည့်အရာတစ်ခုခုကိုဖြစ်စေ၊ ကျွန်ုပ်တို့အား လမ်းလွဲများ ရှောင်ရှားစေရန်နှင့် စဉ်းစားဉာဏ်မဲ့မှုကြောင့် အမှားများ သို့မဟုတ် အဆင့်နိမ့်သော မှားယွင်းမှုများကို မကျူးလွန်မိစေရန် ကာကွယ်ပေးနိုင်မည့် သင်ခန်းစာအချို့ကို မျှဝေပေးပါ” ဟု ဆိုကြသည်။ ၎င်းတို့က “ထိုအချိန်က ကျွန်ုပ်တို့သည် ပျင်းရိခြင်း၊ အစားမက်ခြင်း၊ အလုပ်ကို မုန်းတီး၍ သက်သောင့်သက်သာ နေခြင်းကို နှစ်သက်သော ယနေ့ခေတ် လူငယ်များကဲ့သို့ မဟုတ်ခဲ့ကြပေ။ ထိုစဉ်က ကျွန်ုပ်တို့သည် မိမိတို့၏ ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ရရှိကာ ရာထူးတိုးမြှင့်ခြင်း ခံရနိုင်ရန်အလို့ငှာ ပို၍ ဆင်းရဲဒုက္ခခံရန်၊ အလုပ်ပိုလုပ်ရန်နှင့် ကောင်းမွန်စွာ ဆောင်ရွက်ရန်သာ လိုလားခဲ့ကြ၏” ဟု ဆိုကြသည်။ ဤစကားများထဲတွင် အတွေးအခေါ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာ ရှိပါသလော။ (မရှိပါ။) ဤအရာကို ကြားပြီးနောက်တွင် ဤအရာများသည် ဝိညာဉ်ရေးရာ လမ်းညွှန်ပြသသူတစ်ဦး၏ စကားများ၊ ဘာသာတရားမရှိသူများ ပြောဆိုသည့် အနှစ်သာရမရှိဘဲ အပေါ်ယံ အားပေးတိုက်တွန်းသည့် စကားမျိုးဖြစ်သည်ဟု သင့်ကို ခံစားရစေပါသလော။ ယင်းက သင်၏တွေးခေါ်မှုကို ကျယ်ပြန့်စေပါသလော၊ သင်၏အတွေးအခေါ်အဆင့်ကို မြှင့်တင်ပေးပါသလော၊ အမှုအရာများကို သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးပါသလော သို့မဟုတ် သင် ယခင်က တစ်ခါမျှ မတွေးခဲ့ဖူးသော အသစ်သောအရာများ သို့မဟုတ် မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်အချို့ကို ရှာဖွေတွေ့ရှိရန် သင့်ကို ကူညီပေးပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ထိုသို့သောလူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိပါသလော။ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို သင် ၎င်းတို့အား မည်သို့ပင် မေးသည်ဖြစ်စေ သင်သည် ၎င်းတို့ထံမှ မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ယင်းမှာ ၎င်းတို့က ပြောဆိုရန် မလိုလားသောကြောင့် အမှန်တကယ် မဟုတ်ပေ၊ ၎င်းတို့အတွင်း၌ မည်သည့်အရာမျှ မရှိသောကြောင့်သာ ဖြစ်သည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်သို့ ရောက်သည့်အခါတွင်ပင် အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြပေ၊ ၎င်းတို့သည် ဘဝကို ဤသို့ နားဝေတိမ်တောင်ဖြင့် ဖြတ်သန်းကြသည်။ အသက်ရှင်ခြင်းသည် အနာဂတ်အလားအလာများ၊ မိသားစုကောင်း၊ အလုပ်ကောင်း သို့မဟုတ် ဘဝကောင်းကို လိုက်စားခြင်းအတွက်သာမက နှလုံးသား၏ နက်နဲရာများအတွင်း၌ သုံးသပ်ဆင်ခြင်ခြင်း၊ တွေးတောဆင်ခြင်ခြင်းနှင့် အဆက်မပြတ် စိစစ်သန့်စင်ခြင်းတို့ကို လိုအပ်သည့် အတွေးအခေါ်ပိုင်းဆိုင်ရာ ကိစ္စရပ်များလည်း ရှိသည်ကို ၎င်းတို့မသိကြပေ။ လူ့ဘဝ၏ လမ်းကြောင်းတွင် လူတို့သည် မသိသော အရာများစွာကို ကြုံတွေ့ရမည်ကို ၎င်းတို့မသိသကဲ့သို့ ၎င်းတို့ကို မည်သို့ရင်ဆိုင်သင့်သည်ကိုလည်း ၎င်းတို့မသိကြပေ။ ၎င်းတို့အပေါ် မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါတွင် လမ်းလွဲခြင်း သို့မဟုတ် မှားယွင်းသောလမ်းကြောင်းသို့ သွားခြင်းကို ရှောင်ရှားရန် ၎င်းတို့သည် ကြိုတင်၍ မစဉ်းစားကြ သို့မဟုတ် မတွေးတောကြပေ။ ၎င်းတို့ တွေ့ကြုံခဲ့ပြီးသော အချို့အရာများတွင် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သည်ကိုလည်းကောင်း၊ ထိုသို့ပြုမူခြင်းသည် မှန်သည် သို့မဟုတ် မှားသည်ကိုလည်းကောင်း၊ ပျော်ရွှင်စွာနေထိုင်ရန်၊ စိတ်နှလုံး အေးချမ်းစွာဖြင့် နေထိုင်ရန်နှင့် အချည်းနှီး အသက်မရှင်ဘဲ တန်ဖိုးရှိသော ဘဝတစ်ခုဖြင့် အသက်ရှင်ရန် ရှေ့ဆက်ရမည့်လမ်းကို မည်သို့လျှောက်လှမ်းသင့်သည်ကိုလည်းကောင်း ၎င်းတို့မသိကြပေ။ ထိုသို့သောလူများသည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဤကိစ္စရပ်များကို မစဉ်းစားကြပေ။ ဤလူများသည် အသက်ခြောက်ဆယ်သို့ ရောက်သောအခါ ထိုင်၍ အတိတ်ကို တမ်းတလျက် “ငါ ငယ်စဉ်အခါက ရုပ်ရည် ချောမောလှပသည့်အပြင် အရည်အချင်းလည်း ရှိခဲ့သောကြောင့် များစွာသောသူတို့က ငါ့အား ပိုးပန်းခဲ့ကြ၏။ ဪ၊ ငါ၏ နုပျိုသောအရွယ်တွင်...” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဖော်ပြရန်မထိုက်တန်သော ထိုအရာများဖြစ်သည့် တစ်ခါက သူတို့ဂုဏ်ယူဝင့်ကြွားခဲ့သည့်အကြောင်းများကိုသာ အမြဲတစေ ထုတ်ပြောကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ လူ့ဘဝ၊ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း သို့မဟုတ် လူတို့ မည်သို့အသက်ရှင်သင့်သည်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို မစဉ်းစားကြပေ။ အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ လူတို့တွင် မည်သို့သော အမြင်ရှုထောင့်မျိုး ရှိသင့်သည်ကို ၎င်းတို့မစဉ်းစားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ မည်သို့ပင် အသက်ရှင်နေထိုင်သည်ဖြစ်စေ ၎င်းတို့၏ အတွေးအခေါ်အဆင့်သည် တိုးတက်လာမည်မဟုတ်၊ ၎င်းတို့၏ အတွေးအခေါ်များသည် အနှစ်သာရ ကင်းမဲ့လိမ့်မည်၊ ၎င်းတို့၏ ဝိညာဉ်လောကသည် ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် စစ်မှန်သော ဘဝအတွေ့အကြုံ ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် ထိုသို့သောလူများနှင့် ဆက်ဆံသည့်အခါ အသက်နှစ်ဆယ်အရွယ်တွင် ၎င်းတို့သည် အတော်လေး ကလေးဆန်ပြီး ရိုးရှင်းသည်၊ ၎င်းတို့သည် သွေးဆူပြီး တက်ကြွမှုအပြည့်ရှိကာ ဒေါသကြီးကြသည်။ ၎င်းတို့ အသက်သုံးဆယ်အရွယ်သို့ ရောက်သောအခါ ထိုမကောင်းသည့်အကျင့်အတိုင်းပင် ရှိနေဆဲဖြစ်သည်။ အသက်ငါးဆယ်တွင် ၎င်းတို့ စကားပြောဆိုပုံသည် ယင်းအဆင့်တွင်ပင် ရှိနေဆဲဖြစ်သည်၊ ၎င်းတို့သည် ရိုးရှင်းသော စကားစုအနည်းငယ်ကိုသာ ပြောဆိုတတ်ကြ၏။ ၎င်းတို့၏ မျက်နှာများတွင် အရေးအကြောင်းများနှင့် အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များ ပိုများလာပြီး ဆံပင်ဖြူများလည်း ပိုများလာသည်။ ၎င်းတို့သည် အသက်အရွယ် အတော်ရနေပြီဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့တွင် အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြချေ။ အခြားသူများနှင့် စကားစမြည်ပြောဆိုသည့်အခါ ၎င်းတို့တွင် မည်သည့်အခါမျှ ပြောစရာ မရှိပေ။ ၎င်းတို့ဘဝ၏ ဤနှစ်များအားလုံးသည် အလဟဿဖြစ်ခဲ့ပြီး ၎င်းတို့သည် တိုးတက်မှုမရှိခဲ့ကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဘဝတွင် ဤကဲ့သို့ဖြစ်ကြပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက ၎င်းတို့၏ သရုပ်သကန်များသည် အစမှအဆုံး တူညီကြသည်။ ၎င်းတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် ဘုရားသခင်ကို ပထမဆုံး ယုံကြည်သည့်အခါ ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့ အသက်သုံးဆယ် သို့မဟုတ် ငါးဆယ်သို့ ရောက်သောအခါတွင်လည်း မည်သည့်တိုးတက်မှုမျှ လုံးဝ မရှိဘဲ ဤကဲ့သို့ပင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ပြောဆိုသည့်အရာများသည် ယခင်အတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ် အချို့အရာများကို တွေ့ကြုံခဲ့ပြီး အချို့သော စကားလုံးများနှင့် အယူဝါဒများကို နားလည်လာကာ ဝိညာဉ်ရေးရာ ဝေါဟာရများကို ပိုမိုပြည့်စုံစွာ ပြောဆိုနိုင်ခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့၏ အတွေးအခေါ်များသည် နက်နဲမှု ကင်းမဲ့နေဆဲဖြစ်သည်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များသည် မပြောင်းလဲပေ၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အသိပညာသည် မတိုးပွားခဲ့သည့်အပြင် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းသည်လည်း မတိုးတက်ခဲ့ပေ။ ၎င်းတို့သည် မည်သည့်ပြောင်းလဲမှုကိုမျှ မကြုံတွေ့ခဲ့ရပေ၊ မှန်သလော။ (မှန်ပါသည်။) အချို့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် ဝိညာဉ်ရေးရာ ဝေါဟာရများကို မှတ်ဉာဏ်ဖြင့်ဖြစ်စေ၊ အချိန်အခါ၏ နေ့စဉ်အကြိမ်ကြိမ်ကြုံတွေ့လေ့ကျင့်မှုများမှတစ်ဆင့်ဖြစ်စေ စုဆောင်းခြင်းသည် ပြောင်းလဲခြင်းမဟုတ်၊ တိုးတက်ခြင်းမဟုတ်သည့်အပြင် ယင်းသည် အကျိုးကျေးဇူးလည်း သေချာပေါက် မဟုတ်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန် အတိအကျ ဖြစ်သည်။ ၎င်းတို့သည် မည်မျှပင် ကြီးမားသော အနိမ့်အမြင့်များကို ဖြတ်သန်းသည်ဖြစ်စေ သို့မဟုတ် မည်မျှပင် အဆင်မပြေမှုများ၊ ရှုံးနိမ့်မှုများ သို့မဟုတ် စိတ်ပျက်မှုများကို တွေ့ကြုံသည်ဖြစ်စေ မည်သည့်သင်ခန်းစာကိုမျှ မသင်ယူကြ သို့မဟုတ် မည်သည့်အတွေ့အကြုံကိုမျှ မရရှိကြသည့်အပြင် အကျိုးရှိသောအရာ တစ်စုံတစ်ရာကိုမျှ မရရှိနိုင်ကြပေ။ တစ်စုံတစ်ခု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယင်းသည် ၎င်းတို့အတွက် ပြီးဆုံးသွားခြင်းသာဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်ကိုသာ ဖြတ်သန်းပြီး နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိကြ။ ထိုသို့သောလူများကို အလွန် သနားစရာကောင်းသည်ဟု ဖော်ပြနိုင်သည်။ ထိုသို့သောလူများသည် အလွန် အစွမ်းအစ ညံ့ဖျင်းသည်ဟု ငါတို့ပြောဆိုခြင်းမှာ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့တွင် သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း တစ်စုံတစ်ရာ ရှိသည်ဟု ဆိုခြင်းသည် သာ၍ပင် မဖြစ်နိုင်သကဲ့သို့ ၎င်းတို့တွင် မည်သည့်ပြောင်းလဲမှုမျှ ရှိသည်ဟုလည်း မဆိုနိုင်ပေ။

အစွမ်းအစ ညံ့ဖျင်းသောသူများအတွက်မူ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် စံမမီကြပေ။ အစွမ်းအစ လုံးဝမရှိသောသူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း သာ၍ပင် ကင်းမဲ့ကြသည်၊ ၎င်းတို့သည် အရာများကို တန်ဖိုးမထားတတ်သည့်အပြင် သာ၍ပင် ယင်းတို့ကို အကဲမဖြတ်နိုင်ကြပေ။ သင်သည် တစ်စုံတစ်ခုအကြောင်း သင်၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို မျှဝေသောအခါ အစွမ်းအစ ညံ့ဖျင်းသောသူများသည် နားထောင်ရင်း မှင်တက်သွားမည်ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဤအရာ၌ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ပါဝင်နေသလော။ အဘယ်ကြောင့် ငါ မသိမြင်ခဲ့ရပါသနည်း” ဟု တွေးကြသည်။ သင်ပြောသည့်အရာကို ၎င်းတို့ အနည်းငယ် နားလည်နိုင်လျှင်ပင် ၎င်းတို့သည် ယင်းကို စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် ပုံသေနည်းတစ်ခုအဖြစ်သာ နားထောင်နိုင်သည်။ အစွမ်းအစမရှိသော လူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အခြားသူများက တစ်စုံတစ်ခုအတွင်းရှိ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအကြောင်း သို့မဟုတ် ပြဿနာ၏အနှစ်သာရနှင့် ယင်းနှင့်စပ်လျဉ်း၍ လူတို့ထားရှိသင့်သော ရပ်တည်ချက်အကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားသောအခါ ၎င်းတို့သည် နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ယင်းမှာ အနည်းငယ် နက်နဲသည်ဟုသာ ခံစားရသော်လည်း ယင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သင်သည် အတွေးအခေါ်များနှင့် နားလည်မှုအကြောင်း ပို၍ မိတ်သဟာယဖွဲ့လေလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ၎င်းတို့က “ဤသာမန်အရေးအရာသည် အဘယ်သို့ ရှုပ်ထွေးသွားရသနည်း။ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ သို့မဟုတ် ရပ်တည်ချက်များနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါ တစ်ခုမျှ နားမလည်နိုင်ရသနည်း။ အဘယ်ရပ်တည်ချက်နည်း။ ငါတို့သည် ဘုရားသခင်ကို ကောင်းမွန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်သာ လိုသည်၊ ပြီးလျှင် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည်။ အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သည့် အချိန်ကာလ ကြာရှည်လာလေလေ၊ အရာရာသည် ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်ရသနည်း။ သင့်စကားကို နားထောင်ရသည်မှာ မည်သူမျှ နိုင်ငံတော်ထဲသို့ ဝင်နိုင်တော့မည် မဟုတ်သကဲ့သို့ပင်” ဟု ခံစားကြရသည်။ သင်သည် ထိုသို့သောလူများနှင့် ဆက်ဆံဆွေးနွေးနိုင်ပါသလော။ (မဆွေးနွေးနိုင်ပါ။) သင်သည် ၎င်းတို့နှင့် ဆက်ဆံဆွေးနွေး၍ မရနိုင်သည်သာမက ၎င်းတို့သည် အကျိုးအကြောင်းမညီညွတ်သော အရာအချို့ကိုလည်း ပြောဆိုနိုင်ကြသည်။ “သင် ဖော်ပြခဲ့သော ထိုအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် အမှန်တကယ်ပင် ထိုမျှ ကောင်းမွန်ပြီး မှန်ကန်ပါသလော။ ကျွန်ုပ် ထိုသို့ မထင်ပါ။ လူတို့သည် ငွေနှင့် ကင်းကွာ၍ မရနိုင်ပေ။ လူတို့သည် အစဉ် ကောင်းမွန်စွာ စားသောက်၍ ကောင်းမွန်သော အရာများကို ခံစားသင့်သည်။ သုံးစွဲရန် ငွေနှင့် စားသောက်ရန် အစားအစာကောင်းများ မရှိဘဲ မည်သူမဆို မိမိ၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော ယုတ္တိမျိုးဖြစ်သနည်း။ ၎င်းတို့က “သင်သည် လူ့ဘဝ၊ လူတို့၏ စံများ၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် လူတို့ လျှောက်လှမ်းသည့် လမ်းခရီးတို့နှင့်ပတ်သက်၍ အစဉ်အမြဲ ပြောဆိုနေသည်။ အဘယ်ကြောင့် သင်သည် စားသောက်ခြင်းနှင့် ဝတ်စားဆင်ယင်ခြင်းအကြောင်းကို မပြောသနည်း။ မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ မိမိ၏ ခန္ဓာကိုယ်ကို မည်သို့ ဂရုစိုက်ရမည်ကို အဘယ်ကြောင့် မပြောသနည်း” ဟု ဆိုကြသည်။ ၎င်းတို့ စဉ်းစားနေသည့်အရာမှာ ဤအရာများဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ကြသေးသလော။ သင်သည် ထိုသို့သောလူများနှင့် လုံးဝ ဆက်ဆံဆွေးနွေး၍မရနိုင်ပေ။ သင်သည် ၎င်းတို့နှင့် စကားပြောရန် ကြိုးစားသောအခါ ၎င်းတို့သည် ပိုက်ဆံရှာခြင်းအကြောင်းကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် ပိုက်ဆံရှာခြင်း၊ ၎င်းတို့၏ဘဝကို နေထိုင်ခြင်း၊ လောကကို လိုက်စားခြင်းနှင့် ၎င်းတို့၏ဘဝများကို စားသောက်ပျော်ပါးခြင်းဖြင့် ကုန်ဆုံးခြင်းတို့ကို လူ့ဘဝ၏ အဓိကကိစ္စရပ်များနှင့် လူတို့လျှောက်လှမ်းသင့်သော ဘဝလမ်းကြောင်းအဖြစ် သဘောထားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် လူတို့သည် အဘယ်အရာကို လိုက်စားသင့်သည် သို့မဟုတ် ရရှိသင့်သည်နှင့်ပတ်သက်၍မူ ဤအရာများသည် ၎င်းတို့၏ အတွေးအခေါ်များ သို့မဟုတ် အသိစိတ်ထဲတွင် မတည်ရှိပေ။ လူတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ၎င်းတို့သည် စားသောက်နေထိုင်ရန် လိုအပ်နေဆဲဖြစ်ပြီး ကောင်းမွန်စွာနေထိုင်ရန်အတွက် ပိုက်ဆံမရှိဘဲ မဖြစ်နိုင်ကြောင်း၊ ပိုက်ဆံရှိခြင်းသည် ဘဝကောင်းရှိခြင်းကို ဆိုလိုပြီး ပိုက်ဆံမရှိလျှင် ဘဝသည် ရှေ့ဆက်၍မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ယုတ္တိဖြစ်သည်၊ ထိုသို့သောလူများသည် လွဲချော်တတ်သောသူများ ဖြစ်ကြသည်။ လွဲချော်တတ်သောသူများတွင် မှန်ကန်သော အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြပေ၊ ၎င်းတို့သည် ဝိညာဉ်မရှိသော လူများကဲ့သို့ ဖြစ်ကြသည်။ ထိုသို့သောလူများ၏ ဘဝများနှင့် ဝက်များ သို့မဟုတ် ခွေးများ၏ ဘဝများအကြားတွင် အဘယ်ခြားနားမှု ရှိသနည်း။ (ခြားနားမှု မရှိပါ။) သင်သည် ခွေးတစ်ကောင် သို့မဟုတ် ကြောင်တစ်ကောင်ကို နာခံမှုရှိစေရန်နှင့် ကလေးလိမ္မာတစ်ဦးကဲ့သို့ ပြုမူစေရန် သွန်သင်လေ့ကျင့်ပေးဖို့ ကြိုးစားပါက ယင်းက နားလည်နိုင်ပါသလော။ (နားမလည်နိုင်ပါ။) ခွေးတစ်ကောင်သည် အများဆုံး မည်သည့်အရာကို နားလည်နိုင်သနည်း။ သင်သည် ၎င်းကို “ထိုင်” ဟု ပြောပြီးနောက် အသားတစ်ဖဲ့ပေးပါက ၎င်းသည် မှတ်မိသွားလိမ့်မည်။ ထို့နောက်တွင် သင်သည် “ထိုင်” ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် မည်မျှပင် ဝေးနေပါစေ ချက်ချင်းထိုင်ချပြီး သင် အသားကျွေးသည်ကို စောင့်နေလိမ့်မည်။ ခွေးတစ်ကောင်သည် စက်ကဲ့သို့ ဤလုပ်ဆောင်ချက်ကို မှတ်မိနိုင်သည်၊ ထိုင်ခြင်းသည် ဆုလာဘ်တစ်ခုဆီသို့ ဦးတည်ကြောင်း သင် ၎င်းကို သိစေသရွေ့ ၎င်းသည် နာခံလိမ့်မည်။ ၎င်း၏ အတွေးအခေါ်များသည် ထိုမျှ ရိုးရှင်းသည်။ သို့ဆိုလျှင် အစွမ်းအစမရှိသော လူများ၏ အတွေးအခေါ်များနှင့် တိရစ္ဆာန်များ၏ အတွေးအခေါ်များအကြားတွင် မည်မျှကြီးမားသော ခြားနားမှု ရှိသနည်း။ (သိသာသော ခြားနားမှု မရှိပါ။) တိရစ္ဆာန်များသည် နေ့စဉ် အစာစားပြီးနောက် အပြင်ထွက်၍ ကစားကြသည်။ နောက်တစ်ကြိမ် စားချိန်ရောက်၍ သင် ၎င်းတို့ကို ပြန်ခေါ်သောအခါ ၎င်းတို့သည် ချက်ချင်း ပြေးလာကြသည်။ သင်သည် ၎င်းတို့ကို ချည်ထားသည်ဖြစ်စေ ထိုင်ခိုင်းသည်ဖြစ်စေ ၎င်းတို့သည် လိုက်နာကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ စားစရာ အစာရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုအစားအစာအနည်းငယ်အတွက် သင်၏ အမိန့်များကို နာခံရန် အလွန် ပျော်ရွှင်ကြသည်။ တိရစ္ဆာန်များ၏ အတွေးအခေါ်များသည် ဤမျှ ရိုးရှင်းသည်။ ၎င်းတို့အတွက်မူ ၎င်းတို့ကို အကျိုးပြုသော စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုကို စွဲကိုင်ထားရန် လုံလောက်သည်၊ ၎င်းတို့သည် အခြားအရာများစွာကို မစဉ်းစားကြပေ။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များကို ဘုရားသခင် ပေးသနားသည့် ထိုပင်ကိုသဘာဝများမှာ ၎င်းတို့၏ ရှင်သန်မှုအတွက် လုံလောက်သည့် ဤအရာများသာ ဖြစ်သည့်အပြင် ဘုရားသခင်သည် ၎င်းတို့အား မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမျှ မပေးခဲ့သောကြောင့်၊ တိရစ္ဆာန်များသည် ဘဝ၊ အနာဂတ်၊ ၎င်းတို့၏ ခရီးဆုံးပန်းတိုင် သို့မဟုတ် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို စဉ်းစားရန် မလိုအပ်ပေ။ ၎င်းတို့သည် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည် သို့မဟုတ် အဓိပ္ပာယ်ရှိသော ဘဝကို လိုက်စားခြင်း စသည်တို့ကိုလည်း စဉ်းစားရန် မလိုအပ်ပေ။ သို့သော် လူတို့သည် ကွဲပြားသည်။ ဘုရားသခင်သည် လူတို့ကို အမျိုးမျိုးသော ပင်ကိုသဘာဝများ ပေးအပ်ခဲ့ပြီး ၎င်းတို့၏ အသက်ဖြစ်စေရန် သမ္မာတရားကိုလည်း ပေးသနားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အတွက် သတ်မှတ်ထားသော စံနှုန်းများ ရှိသည်။ သို့ဖြစ်၍ လူတို့သည် ဤကိစ္စရပ်များကို စဉ်းစားသင့်သည်၊ ဤသို့ပြုလုပ်ခြင်းကသာ ၎င်းတို့၏ အသက်ဖြစ်စေရန် သမ္မာတရားကို ရရှိခြင်းအတွက် အထောက်အကူပြုသည်။ ဤသည်မှာ လူတို့ ရှိသင့်သော တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ယင်းသည် အမှန်စင်စစ် ၎င်းတို့၏ အခွင့်အရေးလည်း ဖြစ်သည်။ သို့သော် သင်သည် ဤအခွင့်အရေးကို မကျင့်သုံးနိုင်ပါက သို့မဟုတ် ကိစ္စရပ်များကို စဉ်းစားရန် ဤစွမ်းရည် ကင်းမဲ့နေပါက ယင်းက သင်၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း သက်သေပြနေသည်။ လူသားများအဆင့်ရှိ သက်ရှိသတ္တဝါများထဲတွင် သင်သည် အစွမ်းအစ ညံ့ဖျင်းသောသူများ အမျိုးအစားတွင် ပါဝင်သည်။ သင်သည် မိမိဘာသာ မစဉ်းစားနိုင်သည့်အပြင် အခြားသူများက သင့်အား အရာများကို ရှင်းပြသည့်အခါတွင်ပင် သင်သည် နားမလည်နိုင်ပေ။ ပို၍ဆိုးရွားသော အခြေအနေများတွင် သင်သည် အခြားသူများကို အတိုက်အခံလုပ်သည်၊ လှောင်ပြောင်သည်၊ သရော်သည် သို့မဟုတ် ဝေဖန်ကဲ့ရဲ့ခြင်းပင် ပြုသေးသည်။ သင်၏ အစွမ်းအစသည် ဤအတိုင်းအတာအထိ ညံ့ဖျင်းပါက ယင်းမှာ သင့်တွင် အစွမ်းအစ လုံးဝမရှိဟု ဆိုလိုသည်။ ဥပမာအားဖြင့် အစွမ်းအစမရှိသော လူတစ်ဦးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး သင်က ၎င်းကို “ဤဆောင်းပါးက ကောင်းသလား” ဟု မေးသည်။ ၎င်းက “တော်တော်လေး ကောင်းမွန်ပါသည်။ စာပိုဒ်တစ်ခုစီကို တိကျစွာ ပိုင်းခြားထားပြီး ပုဒ်ဖြတ်ပုဒ်ရပ် အသုံးအနှုန်းများသည်လည်း အများအားဖြင့် တိကျပါသည်။ ပထမစာပိုဒ်သည် အချိန်နှင့် နေရာကို ရှင်းလင်းဖော်ပြ၍ ဒုတိယစာပိုဒ်က ဇာတ်ကောင်များ၏ နောက်ခံအကြောင်းကို ရှင်းပြကာ တတိယစာပိုဒ်မှအစပြု၍ ဇာတ်လမ်းဇာတ်အိမ်ကို စတင်ပြောပြပြီးနောက် အထွတ်အထိပ်နှင့် နိဂုံးပိုင်းသို့ ရောက်ရှိသွားပါသည်” ဟု ဆိုသည်။ သင်သည် ၎င်းအား စာရေးသူ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အဘယ်အရာဖြစ်သည်ကို ထပ်မေးပါက ၎င်းက “အတွေးအမြင်များ ရှိသည်လော။ စာရေးသူ ကိုးကားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုင်းသည် ၎င်း၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ဖော်ပြသည်” ဟု ဆိုသည်။ သင်က “သူ ကိုးကားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆီလျော်မှု ရှိပါသလော။ သူ ဖော်ပြလိုသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် တိကျမှန်ကန်ပါသလော” ဟု မေးသည်။ ၎င်းက မသိဟု ဆိုသည်။ ထို့နောက် သင်သည် “စာရေးသူ မျှဝေထားသော နားလည်သဘောပေါက်မှုသည် စစ်မှန်ပြီး လက်တွေ့ကျပါသလော။ သူ နားလည်ထားသောအရာသည် အယူဝါဒလော၊ သို့တည်းမဟုတ် လက်တွေ့ကျမှုနှင့် နီးစပ်ပါသလော။ ယင်းသည် အခြားသူများကို တည်ဆောက်မှုပေးပါသလော သို့မဟုတ် သူတို့အတွက် တန်ဖိုးရှိပါသလော။ ယင်းသည် စာဖတ်သူများအတွက် အကူအညီ သို့မဟုတ် အကျိုးကျေးဇူးကို ပေးပါသလော” ကဲ့သို့သော မေးခွန်းများကို မေးသည်။ ၎င်းသည် ဤအရာများထဲမှ တစ်ခုကိုမျှ သိနားလည်ခြင်း မရှိသည့်အပြင် ယင်းကို မသိမြင်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ အလွန်ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် ၎င်းနှင့် ဆောင်းပါးထဲရှိ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှ အမှားများအကြောင်း၊ မည်သည့်အပိုင်းများက လက်တွေ့ကျပြီး မည်သည့်အပိုင်းများက လက်တွေ့မကျကြောင်းကို မိတ်သဟာယဖွဲ့ပါက ၎င်းသည် သဘောမပေါက်သေးသည့်အပြင် ယင်းကို ဆောင်းပါးနှင့် မဆက်စပ်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်းကို ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများက တည်ရှိနေသော ပြဿနာများအကြောင်း မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ၎င်းသည် သဘောမပေါက်သေးပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်းကို ပြသသည် မဟုတ်လော။ ယင်းမှာ အချို့သော အသင်းတော်ခေါင်းဆောင်များကဲ့သို့ ဖြစ်သည်။ အသင်းတော်တွင် ဆိုးယုတ်သောသူများ သို့မဟုတ် မယုံကြည်သူများ ပေါ်လာသောအခါ ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ သင်သည် ၎င်းတို့နှင့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် နားမလည်ဘဲ သင့်အား ဥပမာတစ်ခုပေးရန် တောင်းဆိုကြသည်။ သင်သည် ဥပမာတစ်ခု ပေးပြီးနောက်တွင်လည်း ထိုလူတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့ သိရှိခြင်းမရှိသေးပေ။ ၎င်းတို့က “ကျွန်ုပ်အား သင်ကြားပေးပါ။ ထိုသူကို ကျွန်ုပ် အတိအကျ မည်သို့ ကိုင်တွယ်သင့်ပါသနည်း။ သူ့အား သာမန်အသင်းတော်၌ ထားသင့်သလော၊ ဘီအုပ်စု၌ ထားသင့်သလော၊ သို့တည်းမဟုတ် ရှင်းလင်းပစ်သင့်သလော။ ထိုသူနှင့် ကျွန်ုပ် မည်သို့ မိတ်သဟာယဖွဲ့သင့်ပါသနည်း။ ကျွန်ုပ်အား စကားလုံးတစ်လုံးချင်းစီ ရှင်းပြပေးပါ။ ကျွန်ုပ် မှတ်တမ်းတင်ထားပြီးနောက် အခြေအနေကို ကိုင်တွယ်ရန်အတွက် တစ်လုံးမကျန် လိုက်နာပါမည်။ ထိုသို့ဆိုလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်ပါလိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့ ဤသို့ဖြစ်နေလျှင် ၎င်းတို့နှင့် စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ သင်သည် ဥပမာများ ပေးသည့်အခါတွင်ပင် ၎င်းတို့သည် နားမလည်ဘဲ ကိစ္စရပ်ကို မကိုင်တွယ်နိုင်ကြပေ။ ထိုသို့သောလူများတွင် သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိပေ။ အဆုံးတွင် ၎င်းတို့က “ဤလက်ရှိအရေးနှင့်ပတ်သက်၍ ကျွန်ုပ် မည်သည့်အရာ လုပ်သင့်သည်ကို ပြောပြပါ၊ ကျွန်ုပ် လုပ်ဆောင်ပါမည်” ဟု မေးနေဆဲဖြစ်သည်။ သင်သည် ၎င်းတို့အား ကိစ္စရပ်ကို ကိုင်တွယ်ရန် မည်သည့်နေရာသို့ သွားရမည်၊ ယင်းကို ပြီးမြောက်အောင်မြင်ရန် မည်သူ့ကို မည်သို့ပြောရမည်နှင့် ကိစ္စရပ်ကို လုံးဝပြီးပြတ်သည်ဟု မှတ်ယူရန် မည်သည့်အတိုင်းအတာအထိ ကိုင်တွယ်ရမည်ကို ပြောပြသည်။ သင် ရှင်းပြပြီးနောက်တွင် ၎င်းတို့သည် နားလည်ပုံရသော်လည်း ယင်းကို ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့်အပြင် ယင်းကို ပြီးမြောက်အောင်မြင်ရန် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ တစ်စုံတစ်ဦးကို သင် ရှာဖွေပေးရသည်။ ထိုသို့သောလူများသည် အလွန် ဉာဏ်ထိုင်းပြီး အစွမ်းအစ ကင်းမဲ့ကြသည်။ ဥပမာအားဖြင့် သင်သည် အကသင်ယူနေသော လူများအား အကတစ်ခု၏ အကွက်များသည် အလွန်ကောင်းမွန်ကြောင်း ပြောပြီး ၎င်းတို့ကို သင်ယူရန် ဗီဒီယိုတစ်ခုကို လိုက်လုပ်ခိုင်းသည်ဟု ဆိုကြပါစို့။ ရက်အနည်းငယ်ကြာပြီးနောက် သင်သည် ၎င်းတို့ မည်သို့တိုးတက်လာသည်ကို မေးသောအခါ အချို့သော ဉာဏ်ထိုင်းသည့်လူများက မည်သည့်ကကွက်များက ကောင်းသည်ကို ၎င်းတို့ ခွဲခြားသိမြင်နိုင်ခြင်း မရှိကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့တွင် သင်ကြားရေး အထောက်အကူပစ္စည်းများ ရှိသော်လည်း ယင်းကို သင်ယူနိုင်ခြင်းမရှိသေးပေ။ မည်သည့်လှုပ်ရှားမှုများက ကောင်းသည် သို့မဟုတ် မည်သည့်အရာများက အသုံးဝင်သည်ကို ၎င်းတို့မသိကြသည့်အပြင် မည်သို့ရွေးချယ်ရမည်ကိုလည်း ၎င်းတို့မသိကြပေ။ နောက်ဆုံးတွင် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့တွင် နည်းဗျူဟာတစ်ခုရှိသည်၊ ၎င်းတို့က “ကျွန်ုပ် သင်ယူရန်အတွက် ကကွက်အနည်းငယ်ကိုသာ ရွေးချယ်ပေးပါ၊ ပြီးလျှင် ကျွန်ုပ် လိုက်ကပါမည်။ ထိုမျှသာဖြစ်၏” ဟု ဆိုကြသည်။ ၎င်းတို့တွင် ဤဉာဉ်တစ်ခုရှိသည်၊ ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်သော်လည်း စဉ်းလဲမှု အနည်းငယ်ရှိသည်။ ၎င်းတို့သည် စက်ရုပ်များကဲ့သို့ပင် မဟုတ်လော။ ၎င်းတို့တွင် အသိပညာနှင့် ပညာရေး ရှိနိုင်သော်လည်း အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြသည်၊ ဤသည်မှာ အစွမ်းအစ လုံးဝမရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်က ၎င်းတို့အား သင်ယူရန် ပြောသည့်အရာကို အဘယ်ကြောင့် သင်ယူသင့်သည်ကို ၎င်းတို့မသိကြပေ။ သင်က ၎င်းတို့အား မသင်ယူရန် ပြောသည့်အရာများအတွက်မူ ယင်းတို့တွင် အဘယ်အရာက မှားယွင်းနေသည် သို့မဟုတ် အဘယ်ကြောင့် မသင်ယူသင့်သည်ကို ၎င်းတို့မသိကြပေ။ ပြောပြပြီးသည့်နောက်တွင်ပင် ၎င်းတို့သည် ယင်းကို မြင်နိုင်ခြင်းမရှိသေးပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် အစွမ်းအစ ရှိပါသလော။ (မရှိပါ။) မိမိဘာသာ အမှုအရာများကို သိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းနှင့် အမှားနှင့်အမှန်ကို လွတ်လပ်စွာ ပိုင်းခြားသိမြင်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့ခြင်း၊ ဤသည်မှာ အစွမ်းအစ လုံးဝမရှိခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။ နွားများ သို့မဟုတ် မြင်းများကဲ့သို့ ၎င်းတို့သည် တစ်စုံတစ်ဦးက ၎င်းတို့ကို ဦးဆောင်ရန် အစဉ်သဖြင့် လိုအပ်သည်၊ သို့ဆိုလျှင် ၎င်းတို့သည် အသုံးခံများမျှသာ မဟုတ်လော။ သင်သည် အစွမ်းအစရှိပါက သင့်ကို တစ်စုံတစ်ဦးက ဦးဆောင်ရန် လိုအပ်နေဦးမည်လော။ သို့ဆိုလျှင် သင်သည် ဦးနှောက်ကို အဘယ်အတွက် ထားရှိသနည်း။ သင်၏ ဦးနှောက်သည် အသုံးမဝင်ပေ။ တိတိကျကျပြောရလျှင် သင့်တွင် အစွမ်းအစမရှိပေ။ သင်သည် အခြားသူများကို နားထောင်ပြီး ၎င်းတို့၏ ဦးဆောင်မှုကို ခံယူရသည်၊ သင်သည် အသုံးခံသာ ဖြစ်သည်။ ဤကဲ့သို့သောလူများသည် အတတ်ပညာတစ်ခုခုကို မည်မျှကြာအောင် လေ့လာသည်ဖြစ်စေ သို့မဟုတ် ယင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများကို မည်မျှကြားသည်ဖြစ်စေ နားလည်နိုင်ခြင်း သို့မဟုတ် သဘောပေါက်နိုင်ခြင်း မရှိသေးပေ။ အဆုံးတွင် ဤစည်းမျဉ်းများကို မည်သို့အသုံးချရမည် သို့မဟုတ် အကောင်အထည်ဖော်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသူများသည် အညံ့ဖျင်းဆုံး အစွမ်းအစရှိသော လူစားမျိုး၊ အစွမ်းအစ လုံးဝမရှိသောသူများ ဖြစ်ကြသည်။ အချို့လူများက “သူတို့၌ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်တို့၏ ဦးဆောင်မှုကို အစဉ် လိုက်နာခြင်းတို့ကြောင့် သူတို့သည် အစွမ်းအစ နိမ့်ကျသည်ဟု မထင်လိုက်နှင့်။ အမှန်စင်စစ်၊ သူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်းနှင့် ပတ်သက်လာလျှင်သာ အစွမ်းအစ ကင်းမဲ့ကြခြင်း ဖြစ်ပါသည်။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စများနှင့် ပတ်သက်လာလျှင်မူ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရစေရန် မိမိတို့ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းမျိုးစုံကို အစဉ် စဉ်းစားကြပါသည်။ ဤအရာများတွင် သူတို့သည် ထက်မြက်ကြပါသည်။ သူတို့သည် ဉာဏ်ရည်ထိုင်းမှိုင်းသောသူများ လုံးဝ မဟုတ်ကြပေ။ အသင်းတော်၌ သူတို့သည် ဉာဏ်ရည်ထိုင်းမှိုင်းပုံရသော်လည်း လောကသို့ ပြန်သွားမည်ဆိုလျှင်မူ ဉာဏ်ရည်ထိုင်းမှိုင်းကြမည် မဟုတ်ပေ။ သူတို့ နှစ်သက်သော အရာများတွင်မူ သူတို့၌ အတွေးအခေါ်များနှင့် တီထွင်နိုင်သော လက်ရာများ ရှိကြပါသည်၊ သူတို့သည် အောင်မြင်မှုအချို့ ရရှိနိုင်ကောင်း ရရှိနိုင်ပါသည်” ဟု ဆိုကြသည်။ အသင်းတော်တွင် ဒုစရိုက်အမှုများကို မဆင်မခြင် ကျူးလွန်သော လူများလည်း ရှိကြပြီး လူတိုင်းက ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းသည်ဟု ဆိုကြသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ လက်မခံကြပေ။ “သင်က ကျွန်ုပ်၌ အစွမ်းအစ ညံ့ဖျင်းသည်ဟု ဆိုသော်လည်း ကျွန်ုပ်သာ ဘာသာတရားမရှိသော လောက၌ နေလျှင် ငွေရှာ၍ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါသေးသည်။ ကျွန်ုပ်သည် အောင်မြင်ကြီးပွားနိုင်ပါသေးသည်။ အခြားသူများထက် ပို၍ နိမ့်ကျမည်ဟု အသေအချာ ပြော၍မရပါ” ဟူ၍ ဖြစ်သည်။ ဘာသာတရားမရှိသော လောကသည် အရာခပ်သိမ်းကို သမ္မာတရား စည်းမျဉ်းများဖြင့် တိုင်းတာသလော။ ယင်းသည် အခြေခံအုတ်မြစ်အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မှီခိုသလော။ မဟုတ်ပါက ၎င်းတို့၏ တီထွင်ဖန်တီးထားသော လက်ရာများသည် ဘာသာတရားမရှိသော လောကတွင် ရပ်တည်နိုင်လျှင်ပင် ယင်းက ၎င်းတို့တွင် အစွမ်းအစ ရှိကြောင်း သက်သေမပြနိုင်ပေ။ ဥပမာအားဖြင့် အချို့လူများက ပန်းချီဆွဲကြပြီး တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့၏ ပန်းချီကားများ၏ အရောင်များ၊ ဖွဲ့စည်းပုံ၊ အလင်းရောင်၊ ပုံသဏ္ဌာန်များ၏ အချိုးအစားနှင့် အခြားသော ကဏ္ဍများသည် အတော်လေး ကောင်းမွန်ပုံရသည်။ သို့သော် ၎င်းတို့သည် ဘုရားအိမ်တော်ရှိ အချို့သော ရှေးခေတ်သူတော်စင်များကို ပန်းချီဆွဲသောအခါ ပြဿနာများ ပေါ်ပေါက်လာသည်။ ငါက “ဤပန်းချီဆရာ၏ လက်ရာများသည် ဘာသာတရားမရှိသူများအကြားတွင် တော်တော်လေး ရောင်းကောင်းခဲ့ပြီး လူတို့ကလည်း ယင်းတို့ကို တန်ဖိုးထားခဲ့ကြပါသည်။ သို့သော် အာဗြဟံ၊ ယောဘနှင့် နောဧတို့နှင့်ပတ်သက်၍ ၎င်း၏ ရေးဆွဲချက်များကို ငါ အဘယ်ကြောင့် အဆင်မပြေ၊ ကသိကအောက် ဖြစ်နေသည်ဟု မြင်နေရပါသနည်း။ ခေတ်ကာလ မတူညီသော ဤပုဂ္ဂိုလ်သုံးဦးသည် အဘယ်သို့လျှင် မိသားစုတစ်စုတည်းမှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေရပါသနည်း။ ထိုသူတို့သည် ရှေးခေတ် ဣသရေလလူမျိုးများ ဖြစ်ကြပြီး သူတို့၏ မျက်နှာသွင်ပြင် အရိုးဖွဲ့စည်းပုံသည် ထိုလူမျိုးစု၏ ထူးခြားသော လက္ခဏာများကို ထင်ဟပ်နေသင့်ပါသည်။ ပုဂ္ဂိုလ်တစ်ဦးစီ၏ ပင်ကိုစရိုက်ကို မသိလျှင်ပင် အနည်းဆုံးအနေဖြင့် ထိုလူမျိုး၏ အရိုးဖွဲ့စည်းပုံနှင့် သွင်ပြင်လက္ခဏာများ မည်သို့ရှိသည်ကို သူ နားလည်သင့်ပါသည်။ သူ ရေးဆွဲနေသော ပုဂ္ဂိုလ်သည် မည်သည့်ခေတ်ကာလနှင့် သက်ဆိုင်သည်ဖြစ်စေ သူတို့၏ လူမျိုးစုဆိုင်ရာ ထူးခြားသော လက္ခဏာများကို သူတို့၏ ဆံပင်၊ မျက်နှာသွင်ပြင်၊ မျက်လုံးအရောင်နှင့် မျက်နှာပုံသဏ္ဌာန်တို့မှတစ်ဆင့် အလေးပေး၍ ထင်ရှားပေါ်လွင်စေသင့်ပါသည်” ဟု ဆိုသည်။ သို့သော် မတူညီသော ခေတ်ကာလများမှ ၎င်းတို့ ရေးဆွဲခဲ့သည့် ရုပ်ပုံများသည် အသက်အရွယ် ကွဲပြားကြသော်လည်း ၎င်းတို့၏ လူမျိုးစု အရိုးတည်ဆောက်ပုံနှင့် မတူညီဘဲ ဖြစ်နေရခြင်းမှာ အဘယ်ကြောင့်နည်း။ ၎င်းတို့အားလုံးသည် လေးထောင့်ကျသော မျက်နှာများ ရှိကြသည်၊ ငယ်ရွယ်သူများမှာ အရေးအကြောင်းနည်းပြီး ဆံပင်ပိုနက်ကာ အသက်ကြီးသူများမှာ အရေးအကြောင်း ပိုများပြီး အသားအရေပိုညိုကာ ဆံပင်ဖြူ ပိုများခြင်းသာ ဖြစ်သည်။ ဤရုပ်ပုံများ၏ အသွင်အပြင်များသည် အခြေခံအားဖြင့် အားလုံးတူညီကြသည်။ ကျယ်ပြန့်သော၊ ထောင့်မှန်စတုဂံပုံ မျက်နှာများ၊ ဒေါင်ကောင်းပြီး အထူးသဖြင့် တောင့်တင်းသန်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံများ ရှိကြသည်။ ငါက “အဘယ်ကြောင့် ဤပုဂ္ဂိုလ်များအားလုံးသည် တစ်ပုံစံတည်း ဖြစ်နေရပါသနည်း။ သူတို့သည် အလွန်အမင်း တူညီနေပြီး ကွဲပြားထင်ရှားသော လက္ခဏာများ ကင်းမဲ့နေပါသည်” ဟု ဆိုသည်။ ပန်းချီဆရာကိုယ်တိုင်က ပြဿနာကို သတိမထားမိပေ။ ဖြစ်နိုင်သည်မှာ ၎င်းသည် ဤသို့သော လက်ရာမျိုးကို များစွာပင် ဆွဲခဲ့ပြီး ၎င်း၏ နည်းစနစ်သည် ကျွမ်းကျင်လွန်းလာကာ ၎င်း၏ ပုံစံသည် ပုံသေဖြစ်သွားခြင်း ဖြစ်သည်။ ၎င်းသည် ပုံများကို ပန်းချီဆွဲသည့်အခါတိုင်း အမျိုးသားများသည် အစဉ်သဖြင့်နီးပါး တူညီသော မျက်နှာပုံသဏ္ဌာန်ရှိပြီး မတူညီသော ဇာတ်ကောင်များ၏ ထူးခြားသော မျက်နှာသွင်ပြင်များကို ၎င်း မဖမ်းယူနိုင်ပေ။ ၎င်း၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အနည်းငယ် ညံ့ဖျင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပန်းချီဆွဲပြီးနောက်တွင် ၎င်း ပုံဖော်ခဲ့သော မျက်နှာသွင်ပြင်များသည် ထိုလူမျိုးစု၏ အရိုးစုလက္ခဏာများနှင့် ကိုက်ညီမှုရှိမရှိကို ၎င်းမသိပေ၊ ထိုလက္ခဏာများနှင့်ပတ်သက်၍ ၎င်းတို့ မသေချာပေ။ သင်တို့အနေဖြင့် ဤကဏ္ဍတွင် ၎င်း၏ အစွမ်းအစသည် သာမန်ဖြစ်သည်ဟုဖြစ်စေ၊ ညံ့ဖျင်းသည်ဟုဖြစ်စေ ပြောမည်လော။ (ညံ့ဖျင်းပါသည်။) အခြားသူများက ၎င်းအား အကြံပြုချက်များ ပေးပြီးနောက်တွင် ၎င်းသည် ယင်းကို ပြင်ဆင်နိုင်ပါသလော။ တစ်ခါက ငါသည် ၎င်းအား အကြံပြုချက်များ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ လက်ရာကို ငါမြင်သောအခါ ယင်းသည် အတူတူပင် ဖြစ်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ထပ်၍ ပြောစရာ တစ်ခုမျှ မရှိတော့ပေ၊ ထပ်မံရှင်းပြခြင်းသည် ၎င်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေဦးမည်သာ ဖြစ်သည်။

လူတို့၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ဤသည်တို့မှာ အစွမ်းအစ အဆင့်ဆင့်ရှိ လူတို့၏ သရုပ်သကန်များ ဖြစ်ကြသည်။ အစွမ်းအစ ကောင်းသောသူများသည် အရာများကို တန်ဖိုးထားတတ်သည်သာမက ယင်းတို့ကို အကဲဖြတ်နိုင်စွမ်းလည်း ရှိကြသည်။ အစွမ်းအစ သာ၍ကောင်းသော သူများမှာမူ မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ကြုံတွေ့သည့်အခါ ၎င်းတို့အတွက် ထောက်ခံပြောဆိုပြီး အခြားသူများကို မျှဝေခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ပြုမည်ဖြစ်ကာ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ကြုံတွေ့သည့်အခါတွင်မူ ယင်းတို့ကို ပိုင်းခြားသိမြင်ပြီး ပြုပြင်နိုင်သည်။ သာမန် အစွမ်းအစရှိသောသူများတွင် အရာများကို တန်ဖိုးထားတတ်သည့် စွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း အမှုအရာများကို အကဲဖြတ်နိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့သည် အတွေးအခေါ်ပိုင်းဆိုင်ရာမှ အရာများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် အတွေးအခေါ်ပိုင်းဆိုင်ရာမှ အရာများကို နားမလည်သောကြောင့် ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရှိသည်ဟု မဆိုနိုင်ပေ။ အစွမ်းအစ လုံးဝမရှိသောသူများသည် ဤကိစ္စရပ်များကို လုံးဝ နားမလည်နိုင်ကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့အား ဤအရာများကို ရှင်းပြလျှင်ပင် ဆွေးနွေးနေသည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အမှန်တကယ်တွင် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားလည်နိုင်ကြခြင်း မရှိပေ။ ၎င်းတို့အတွက်မူ ယင်းသည် အခြားဂြိုဟ်တစ်ခုအကြောင်း ပုံပြင်တစ်ပုဒ်ကို ကြားရသကဲ့သို့ ဖြစ်သည်၊ ယင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။ ဤသည်တို့မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ ကွဲပြားသော အစွမ်းအစရှိသည့် လူတို့ ပြသသည့် မတူညီသော လက္ခဏာများ ဖြစ်ကြသည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။