သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း ခြောက်

လူတို့၏ အစွမ်းအစကို အကဲဖြတ်ရန် အသုံးပြုသည့် စွမ်းရည်အမျိုးမျိုး၏ ဤတိကျသော သရုပ်သကန်များအကြောင်း ကြားပြီးနောက် သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ကြပြီး အများဆုံးအနေဖြင့် သင်တို့၌ သာမန် အစွမ်းအစသာရှိကြောင်း၊ အစွမ်းအစကောင်းရှိသည့် အဆင့်သို့ မမီကြောင်း တွေ့ရှိကြသည်။ သို့ဆိုလျှင် အစွမ်းအစကောင်းရှိသည့် အဆင့်သို့ မီသောသူများမှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောလူများ ဖြစ်ကြသည်။ ဘုရားသခင်က သင့်ကို အစွမ်းအစကောင်း ပေးပါက သင်သည် အစွမ်းအစကောင်းနှင့် ကိုက်ညီသော အလုပ်ကို တာဝန်ယူရမည်။ သင်သည် ထိုသို့သော အလုပ်ကို တာဝန်ယူရန် မလိုအပ်ပါက ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ ပေးထားခြင်းသည်ပင် အတော်အတန် ကောင်းမွန်နေပြီဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ ပေးပါက သင်သည် အလွန်ကြီးမားသော အလုပ်ကို မလုပ်နိုင်ပေ၊ သို့ဖြစ်၍ သင်သည် မာနထောင်လွှား၍ မရနိုင်ပေ။ ဤသည်မှာ သင့်အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ သင့်ကို ပေးထားသော သာမန် အစွမ်းအစဖြင့် သင်၌ ကြွားဝါရန် အရင်းအနှီး မရှိသကဲ့သို့ ကမ္ဘာကိုတုန်လှုပ်စေသော မည်သည့် အကျိုးပြုမှုများကိုမျှ သင် မပြုလုပ်နိုင်ပေ။ “ကျွန်ုပ်၏ အစွမ်းအစမှာ သာမန်ဖြစ်သည်၊ ကျွန်ုပ်သည် ဤကဏ္ဍတွင် မတော်ပါ၊ ထိုကဏ္ဍတွင်လည်း မတော်ပါ၊ ကျွန်ုပ်သည် သတိထားရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်” ဟု သင် အစဉ်သဖြင့် တွေးတောရန် လိုအပ်သည်။ သင်သည် ကဏ္ဍပေါင်းစုံ၌ လိုအပ်ချက်ရှိသည်ဟု ခံစားရသောအခါ သင်သည် ပို၍ လိမ္မာလာပြီး ပို၍ စည်းကမ်းရှိလာကာ ပို၍ နှိမ့်ချလာသည်။ ဥပမာအားဖြင့် သင်တို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ သင်တို့သည် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်စေ၊ သာမန် အဖွဲ့ဝင်တစ်ဦး ဖြစ်စေ ကာလတစ်ခုအတွင်း သင့်အလုပ်က အတော်အတန် ချောမွေ့ပြီး ရလဒ်အချို့ ထွက်ပေါ်ကာ အောင်မြင်မှုများက အတော်အတန် ထူးခြားထင်ရှားပြီး အထက်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိပါက သင်၏ စိတ်နေစိတ်ထားသည် မည်သို့ ဖြစ်မည်နည်း။ (ကျွန်ုပ်တို့သည် ဘဝင်မြင့်လာမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အတော်အတန် ကောင်းသည်ဟု ခံစားရကာ သမ္မာတရားကို အလွယ်တကူ ရှာဖွေတော့မည် မဟုတ်ပါ။) ထို့နောက် သင်သည် စည်းကမ်းလိုက်နာရန်နှင့် လက်တွေ့ကျကျ ကျင့်ကြံပြုမူရန် ခက်ခဲလာလိမ့်မည်။ ဤသည်မှာ သင့်အတွက် အလွန် အန္တရာယ်ရှိသော စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်၊ ဤသည်မှာ လက္ခဏာကောင်းတစ်ခု မဟုတ်ပေ။ သို့ရာတွင် သင်သည် စွမ်းရည်အမျိုးမျိုး၌ လိုအပ်ချက်ရှိသည် သို့မဟုတ် ချို့ယွင်းချက်များ ရှိသောကြောင့်လည်းကောင်း၊ အလုပ်လုပ်သောအခါ သင်သည် ကဏ္ဍတစ်ခုကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သည် သို့မဟုတ် အခြားတစ်ခုကို ကြိုတင်မတွေးမိ သို့မဟုတ် လျစ်လျူရှုမိပြီး မေ့လျော့သောကြောင့်လည်းကောင်း၊ ကဏ္ဍတစ်ခုနှင့်ပတ်သက်၍ ပြုပြင်ခြင်းခံရသည် သို့မဟုတ် အခြားတစ်ခု၌ အဆင်မပြေမှုများနှင့် ထိုးနှက်မှုများကို ရင်ဆိုင်ရသောကြောင့်လည်းကောင်း သင်၏ စိတ်နှလုံး နက်ရှိုင်းရာ၌ “ကျွန်ုပ် မတော်ပါ၊ ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းပြီး သမ္မာတရားကို ကျွန်ုပ် နားမလည်ပါ၊ စည်းမျဉ်းများကို ကျွန်ုပ် နားမလည်ပါ” ဟု သင့်ကိုယ်သင် အဆက်မပြတ် သတိပေးလေသည်။ ဤနည်းအားဖြင့် သင်သည် အမှုအရာများကို ပြုလုပ်ရာတွင် အလွန် သတိထားလာသည်၊ အမှားများ ပြုလုပ်မိမည်ကိုလည်းကောင်း၊ ပြုပြင်ခြင်းခံရမည်ကိုလည်းကောင်း အလွန် ကြောက်ရွံ့လာသည်၊ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိမည်ကို အလွန် ကြောက်ရွံ့လာကာ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ဟာကွက်များ ဖန်တီးမိမည်ကို အလွန် ကြောက်ရွံ့လာသည်။ ကဏ္ဍအသီးသီးရှိ သင်၏ စွမ်းရည်များသည် လိုအပ်ချက်ရှိသောကြောင့်ဖြစ်စေ၊ အားလုံးက အလွန် သာမန်ဖြစ်သောကြောင့်ဖြစ်စေ အလုပ်အတွက် အရည်အချင်းပြည့်မီရန် သင်၏ စွမ်းဆောင်နိုင်ရည်မှာလည်း အလွန် သာမန်ဖြစ်ပြီး သင်လုပ်သော အလုပ်မှာ အလွန် သာမန်ဖြစ်သည်။ သို့ဖြစ်၍ ကြွားဝါစရာ မည်သည့်အရာမျှ မရှိဟု သင် ခံစားရသည်။ သင်သည် ခက်ခဲစွာရရှိသော ရလဒ်အချို့ကို ရယူနိုင်လျှင်ပင် နောက်ကွယ်၌ များစွာသော ပင်ပန်းမှုကို သည်းခံပြီးနောက်မှလည်းကောင်း၊ ကြီးမားသော ကြိုးပမ်းအားထုတ်မှုကို ပြုပြီးနောက်မှလည်းကောင်း ယင်းတို့ကို သင် ရရှိခြင်းဖြစ်သည်။ သင်သည် အခြားသူများရှေ့တွင် လုပ်ရည်ကိုင်ရည် ရှိသယောင်နှင့် အတော်အတန် တော်သယောင် ဟန်ဆောင်လိုသော်လည်း သင်၏ စိတ်နှလုံးထဲတွင် သင်၌ ယုံကြည်မှု ကင်းမဲ့နေသည်။ သင်သည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကောင်းစွာ မလုပ်နိုင်ကြောင်းနှင့် အထက်က ယင်းကို စိစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိသည်။ အချို့သော အရာများတွင် ပြုပြင်ခြင်းခံရမှုကို ရင်ဆိုင်ရသောအခါမှသာ သင်သည် မည်သည့်နေရာ၌ မှားယွင်းကြောင်း သဘောပေါက်ပြီး သင်၏ အစွမ်းအစမှာ မည်မျှ အလွန်အမင်း ညံ့ဖျင်းသည်ကို မြင်တွေ့ရသည်။ ဤနည်းအားဖြင့် သင်သည် မာနထောင်လွှား၍ ရနိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သင့်ပတ်ဝန်းကျင်၌ သင့်ထက်သာလွန်သော အစွမ်းအစကောင်းရှိသူ တစ်ဦး အစဉ်သဖြင့် ရှိနေလိမ့်မည်ဖြစ်ပြီး သင့်ကို ချုပ်ထိန်းသည့် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများ အစဉ်သဖြင့် ရှိနေလိမ့်မည်။ “ကျွန်ုပ် ပြီးမြောက်အောင် လုပ်နိုင်သည့် အလုပ်အနည်းငယ်မှာ အထက်က စိစစ်ပြီး ဆုံးဖြတ်ခဲ့သောကြောင့်သာ ဖြစ်သည်၊ အထက်က အကြိမ်ကြိမ် စစ်ဆေးခြင်း၊ ကြည့်ရှုခြင်းနှင့် ပြုပြင်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့်သာ ယင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၌ ကြွားဝါစရာ တစ်ခုမျှ မရှိပါ” ဟု သင် ခံစားရသည်။ နောက်တစ်ကြိမ် သင် တစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါတွင် သင်၏ လက်စွမ်းပြရန် စဉ်းစားနေဆဲဖြစ်သော်လည်း သင်သည် ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်ဆဲဖြစ်ကာ မည်သည့်အခါမျှ ထင်ပေါ်နိုင်ခြင်း မရှိပေ။ သင်၏ အစွမ်းအစနှင့် အရည်အချင်းများ နည်းပါးသောကြောင့် အတိအကျပင်လျှင် သင်၏တာဝန်များ လုပ်ဆောင်ခြင်း၏ အကျိုးတရားများက သင် စံပြုသည့် အဆင့် သို့မဟုတ် စံနှုန်းကို အလှမ်းမီရန် အစဉ်သဖြင့် ပျက်ကွက်လျက် အစဉ်သဖြင့် သာမန်ဖြစ်လေသည်။ ထို့ကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် သင်သည် မည်သည့် ထင်ပေါ်သူမျိုးမျှ မဟုတ်၊ မည်သည့် သာလွန်သူ သို့မဟုတ် ထူးခြားသည့်လူမျှ မဟုတ်ဟု အမြဲမပြတ် သဘောပေါက်လေသည်။ သင်၏ အစွမ်းအစသည် သင် စိတ်ကူးသလောက် မကောင်းဘဲ သာမန်မျှသာ ဖြစ်လွန်းသည်ဟု သင် တဖြည်းဖြည်း နားလည်လာသည်။ ဤအဆင့်ဆင့် တိုးတက်မှုဖြစ်စဉ်သည် သင့်ကိုယ်သင် သိရှိရန် သင့်အတွက် အလွန် အထောက်အကူဖြစ်သည်။ သင်သည် အချို့သော ကျရှုံးမှုများနှင့် အဆင်မပြေမှုများကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် တွေ့ကြုံရပြီး စိတ်ထဲ၌ ဆင်ခြင်သုံးသပ်ပြီးနောက်တွင် သင်၏ အဆင့်၊ အရည်အချင်းများနှင့် အစွမ်းအစကို အကဲဖြတ်ရာတွင် သာ၍ သင် မှန်ကန်တိကျလာသည်။ သင်သည် ကောင်းမွန်သော အစွမ်းအစရှိသည့် လူတစ်ဦးမဟုတ်ကြောင်း၊ သင့်ထံတွင် အားသာချက်နှင့် ဆုကျေးဇူးအချို့၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ သို့မဟုတ် စိတ်ကူး သို့မဟုတ် အစီအစဉ်အချို့ ရံဖန်ရံခါ ရှိနိုင်သော်လည်း သင်သည် သမ္မာတရား စည်းမျဉ်းများကို အလွန် စံမမီဖြစ်နေဆဲဖြစ်ကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား၏ စံနှုန်းများမှ ဝေးကွာနေဆဲဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း စံနှုန်းမှ သာ၍ပင် အလှမ်းဝေးနေဆဲဖြစ်ကြောင်းတို့ကို သင် တိုး၍ သဘောပေါက်လာသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် သင့်ထံတွင် သင့်ကိုယ်သင်နှင့်ပတ်သက်သည့် ဤဝေဖန်မှုများနှင့် အကဲဖြတ်မှုများ ရှိလေသည်။ သင့်ကိုယ်သင် ဝေဖန်ခြင်းနှင့် အကဲဖြတ်ခြင်း ဖြစ်စဉ်တွင် သင့်ကိုယ်သင် သိသော သင်၏ အသိသည် တိုး၍ တိကျမှန်ကန်လာလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများသည် သာ၍ ချုပ်တည်းကာ ထိန်းချုပ်ခြင်းခံလာရလျက် ပို၍ ပို၍ နည်းပါးသွားလိမ့်မည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ထားခြင်းသည် ပန်းတိုင်မဟုတ်သည်မှာ အမှန်ပေ။ ပန်းတိုင်ကား အဘယ်နည်း။ ပန်းတိုင်မှာ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ထားသည်နှင့်အမျှ သင်တို့သည် ကြီးကျယ်ခမ်းနားသော အတွေးအခေါ်များကို တတွတ်တွတ် ပြောဆိုရန် သို့မဟုတ် သင်တို့၏ ကျွမ်းကျင်မှုများကို ကြွားဝါရန် အမြဲတစေ မကြိုးစားဘဲ၊ အကောင်းဆုံး သို့မဟုတ် အကြံ့ခိုင်ဆုံးဖြစ်ရန် အမြဲတစေ ပြိုင်ဆိုင်ကြိုးပမ်းခြင်း မပြုဘဲ၊ မိမိကိုယ်ကို သက်သေပြရန်လည်း အမြဲတစေ မကြိုးစားဘဲ တဖြည်းဖြည်း သမ္မာတရားကို ရှာဖွေတတ်ဖို့နှင့် အမူအကျင့်ကောင်းမွန်စွာ ကျင့်ကြံပြုမူတတ်ဖို့ သင်ယူလာကြခြင်း ဖြစ်၏။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် ယင်းဘာသာ နက်နက်ရှိုင်းရှိုင်း အစဉ်သဖြင့် စွဲထင်စဉ်တွင် သင်က “ဤအရာကို လုပ်ဆောင်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုအရာနှင့်ပတ်သက်၍ ဘုရားသခင် ပြောသည့်အရာကိုလည်းကောင်း ငါ ရှာဖွေရမည်”ဟု တွေးဆလိမ့်မည်။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် တဖြည်းဖြည်း အခြေကျလာလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သင်၏ ရှာဖွေခြင်း၊ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းတို့၏ အတိုင်းအတာသည် တိုး၍ မြင့်မားလာလိမ့်မည်။ ယင်းမှာ သင့်အတွက် ကယ်တင်ခံရမည့် မျှော်လင့်ချက်ကို ညွှန်ပြသည်။ သမ္မာတရားကို သင် လက်ခံနိုင်လေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယင်းတို့ဘာသာ ထုတ်ဖော်ပြမှု လျော့နည်းလေ ဖြစ်လိမ့်မည်။ သာ၍ပင် ကောင်းမွန်သည့်ရလဒ်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်မှုအတွက် စံနှုန်းတစ်ခုအဖြစ် အသုံးပြုရန် အခွင့်အရေးများ သာ၍ ရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းပေါ် တဖြည်းဖြည်း အစပြုခြင်း မဟုတ်လော။ ဤသည်မှာ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင် လူတို့အလယ် သင်၏ အရည်အချင်းများအားလုံး သာလွန်လျှင် ပြီးပြည့်စုံကာ ထူးခြားလျှင် ကိစ္စရပ်များကို ကိုင်တွယ်ပြီး သင်၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို သင် ရှာဖွေနိုင်သေးသလော။ ယင်းမှာ ပြောရခက်၏။ အဘက်ဘက်၌ ထူးကဲသော စွမ်းရည်များရှိသူတစ်ဦးအဖို့ ငြိမ်သက်သော စိတ်နှလုံးဖြင့် သို့မဟုတ် နှိမ့်ချသော သဘောထားဖြင့် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်၍ မိမိကိုယ်ကို သိရှိရန်၊ မိမိတို့၏ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန်၊ ထို့နောက် သမ္မာတရားကို ရှာဖွေခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတည်းဟူသော အဆင့်သို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲ၏။ ဤသည်မှာ လုပ်ဆောင်ရန် အတော်ပင် ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်။)

လူတို့၌ သာမန် အစွမ်းအစ ရှိခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်၊ လူတို့၌ အလွန် ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်းတွင်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသောကြောင့် သင့်အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ မိသားစု နောက်ခံ၊ ရုပ်ရည်သွင်ပြင်၊ ပင်ကိုသဘာဝ၊ ပင်ကိုစရိုက်နှင့် အမျိုးမျိုးသော အသက်ရှင်မှု စွမ်းရည်များကဲ့သို့သော ပင်ကို အခြေအနေအမျိုးမျိုးကို ပေးထားသည်။ ဘုရားသခင်သည် လူတို့အား အချို့သော အားသာချက်များ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများကိုပင် ပေးထားပြီး အချို့လူများကို အထူး ဆုကျေးဇူးများလည်း ပေးသနားသည်။ ဤသည်မှာ လုံလောက်သည်။ ဤအရာများသည် သင်၏ တစ်ကိုယ်ရေ အသက်ရှင်ရပ်တည်မှုကို ထောက်ပံ့ရန် လုံလောက်သည်။ ဤအရာများဖြင့် သင်သည် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်ရန် စွမ်းရည်နှင့် အခြေအနေများကို ပိုင်ဆိုင်ပြီး အစွမ်းအစ အဆင့်တစ်ခု၏ အခြေခံပေါ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတိုင်းအတာ အမျိုးမျိုးအထိ ဖယ်ရှားပစ်နိုင်ကာ ကယ်တင်ခြင်းခံရသည့်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့အား လွန်ကဲစွာ မြင့်မားသော အစွမ်းအစကို မပေးသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် လူတို့အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးပေ။ တစ်ချက်အနေဖြင့် ဤသည်မှာ လူတို့သည် ဤအခြေခံ အခြေအနေဖြင့် အနည်းငယ် လက်တွေ့ကျနိုင်ရန် ဖြစ်ပြီး ၎င်းတို့သည် သာမန်ဖြစ်သော၊ ပျမ်းမျှဖြစ်သော လူများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများ ဖြစ်သည်ဟု ခံစားရခြင်း အခြေခံပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုလိုလားလား လက်ခံနိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် အခြေခံ အခြေအနေ ရှိကြသည်။ အခြားတစ်ချက်အနေဖြင့် လူတို့၌ အလွန် ကောင်းမွန်သော အစွမ်းအစ သို့မဟုတ် ထူးခြားစွာ လျင်မြန်သော ဉာဏ်များ ရှိပြီး ကဏ္ဍပေါင်းစုံတွင် အလွန် အားကောင်းသော စွမ်းရည်များ ရှိကာ အားလုံးက ထူးချွန်နေပြီး လောကတွင် ၎င်းတို့အတွက် အရာရာ အဆင်ပြေချောမွေ့နေပါက စီးပွားရေးလုပ်ရာတွင် ငွေအများအပြား ရှာဖွေနိုင်ခြင်း၊ အထူး ချောမွေ့သော နိုင်ငံရေး အလုပ်အကိုင်များ ရှိခြင်း၊ အခြေအနေ အားလုံးတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး သက်သောင့်သက်သာ ဖြစ်နေပါက ထိုသို့သော လူများသည် ဘုရားသခင် ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မလွယ်ကူပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် ကယ်တင်သောသူတို့အနက် အများစုသည် လောက၌ သို့မဟုတ် လူ့အဖွဲ့အစည်းရှိ လူများကြားတွင် ရာထူးကြီးမြင့်သူများ မဟုတ်ကြပေ။ သူတို့၏ အစွမ်းအစနှင့် စွမ်းရည်များသည် သာမန်မျှသာဖြစ်၏ သို့မဟုတ် ညံ့ပင်ညံ့ဖျင်း၏၊ ပြီးလျှင် လောက၌ လူကြိုက်များမှု သို့မဟုတ် အောင်မြင်မှုကို ရှာဖွေရန် ရုန်းကန်ရကာ လောကကြီးသည် အုံ့မှိုင်းပြီး တရားမမျှတဟု အစဉ်သဖြင့် ခံစားရသောကြောင့် သူတို့သည် ယုံကြည်ခြင်းကို လိုအပ်လာကြပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ရောက်လာကာ ဘုရားသခင်၏ အိမ်တော်သို့ ဝင်ရောက်ကြ၏။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ၎င်းတို့အား ရွေးချယ်ရာတွင်ပေးသည့် အခြေခံ အခြေအနေတစ်ခု ဖြစ်သည်။ ဤလိုအပ်ချက်ဖြင့်သာ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိနိုင်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အနေအထားများသည် အလွန် ကောင်းမွန်ပြီး လောကတွင် ကြိုးပမ်းခြင်းအတွက် သင့်တော်ကာ သင်သည် အစဉ်သဖြင့် အောင်မြင်ကျော်ကြားလိုလျက်ရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိမည့် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။ သင့်ထံတွင် သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် အခွင့်အရေး ရှိရာတွင် ဘာသာတရားမရှိသူများထက် သင်သည် သာ၍ များစွာ ကောင်းချီးခံစားရဆဲ ဖြစ်သည်။ ထို့ကြောင့် ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းသည် သင်၏ ဟာကွက် မဟုတ်သကဲ့သို့ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်ပေ။ နောက်ဆုံး စိစစ်မှုတွင် ဤအစွမ်းအစကို သင့်အား ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် သင့်ကို ပေးသလောက် သင်၌ ရှိပေသည်။ ဘုရားသခင်က သင့်ကို ကောင်းသည့် အစွမ်းအစပေးလျှင် သင်သည် ကောင်းသည့် အစွမ်းအစ ရှိလိမ့်မည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစက သာမန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ညံ့ဖျင်းသည့် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစ ညံ့ဖျင်းသည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ထံမှ ထိုအရာကို သင် ခံယူရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရမည်။ မည်သည့်သမ္မာတရားက ကျိုးနွံနာခံခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ ထိုသို့သော အစီအစဉ်များတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ ပါရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် အပင်ပန်းခံစွာ စဉ်းစဉ်းစားစား လုပ်ဆောင်တတ်ပြီး လူတို့က မညည်းညူရ သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို အထင်မလွဲရပေ။ ဘုရားသခင်သည် သင်၏ ကောင်းမွန်သော အစွမ်းအစကြောင့် သင့်ကို အထင်ကြီးလေးစားလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ညံ့ဖျင်းသော အစွမ်းအစအတွက် သင့်ကို အထင်သေးလိမ့်မည် သို့မဟုတ် စက်ဆုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် စက်ဆုပ်သောအရာမှာ အဘယ်နည်း။ ဘုရားသခင် စက်ဆုပ်သောအရာမှာ လူတို့က သမ္မာတရားကို မချစ်ခြင်း သို့မဟုတ် လက်မခံခြင်း၊ သမ္မာတရားကို လူတို့ နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်း၊ လူတို့က ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်ခြင်း၊ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် အစွမ်းကုန် မပေးဆပ်နိုင်သည့်တိုင် လွန်ကဲသော လိုအင်ဆန္ဒများ အစဉ်သဖြင့် ရှိကြခြင်း၊ အဆင့်အတန်းကို အစဉ်သဖြင့် လိုချင်ကြခြင်း၊ ရာထူးအတွက် ယှဉ်ပြိုင်ခြင်းနှင့် အစဉ်သဖြင့် သူ့ထံမှ တောင်းဆိုချက်များ ပြုလုပ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ဖွယ်ရာနှင့် မုန်းစရာကောင်းသောအရာအဖြစ် မြင်သည့်အရာ ဖြစ်သည်။ သင်သည် အစကတည်းက အစွမ်းအစ ညံ့ဖျင်းသည် သို့မဟုတ် အစွမ်းအစ လုံးဝ မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်သည့်တိုင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုနေဆဲဖြစ်သည်၊ သင်သည် ရာထူးနှင့် အာဏာအတွက် အစဉ်သဖြင့် လုယူပြီး နောင်အနာဂတ်တွင် သင်သည် နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်း၊ ကောင်းချီးများ ရရှိပြီး ကောင်းမွန်သော ပန်းတိုင်တစ်ခု ရှိကြောင်း သင့်ကို ပြောပြသည့် တိကျပြတ်သားသော အဖြေတစ်ခုကို ဘုရားသခင်က သင့်အား ပေးရန် အစဉ်သဖြင့် အလိုရှိသည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ခြင်းသည်ပင် ကြီးမားသော ချီးမြှောက်ခြင်းတစ်ခု ဖြစ်သော်လည်း သင်သည် ရလေလိုလေ အိုတစ္ဆေ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သင် ရသင့်ရထိုက်သည့်အရာကို ပေးထားပြီးဖြစ်ကာ သင်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သည့်တိုင် သင်သည် မလျော်ကန်သော တောင်းဆိုမှုများကို ပြုလုပ်နေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွံရှာသော အရာဖြစ်သည်။ သင်၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းသည်၊ သို့မဟုတ် သင်သည် လူ့ဉာဏ်ရည်ကိုပင် မမီသော်လည်း ဘုရားသခင်သည် သင့်ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မဆက်ဆံဘဲ လူသားတစ်ဦးအဖြစ် ဆက်ဆံနေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်သည် လူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်သင့်သည်၊ လူတစ်ဦး ပြောသင့်သည့်အရာကို ပြောသင့်ပြီး ဘုရားသခင် သင့်ကို ပေးသမျှ အရာအားလုံးကို သူ့ထံမှ လာသည်ဟု ခံယူသင့်သည်။ သင် လုပ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို လုပ်ဆောင်လော့။ ဘုရားသခင်ကို စိတ်ပျက်စေခြင်း မရှိနှင့်။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံသောကြောင့် “ဘုရားသခင်သည် ကျွန်ုပ်ကို လူတစ်ဦးကဲ့သို့ ဆက်ဆံသည့်အတွက် သူသည် ကျွန်ုပ်ကို ပိုကောင်းသော အစွမ်းအစ ပေးသင့်သည်၊ ကျွန်ုပ်ကို အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပေးသင့်သည်။ ကျွန်ုပ်သည် မည်သည့် ပင်ပန်းသော အလုပ်ကိုမျှ လုပ်စရာ မလိုအောင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို အလကား ထောက်ပံ့ပေးအောင်၊ ကျွန်ုပ်သည် အားထုတ်ရန် သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရန် မလိုဘဲ ကျွန်ုပ် လုပ်ချင်သည့်အရာကို လုပ်ခွင့်ပေးအောင် သူ ဖန်တီးပေးလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်” ဟု ပြောဆိုလျက် ရလေလိုလေ အိုတစ္ဆေ မဖြစ်နှင့်။ ဤအရာအားလုံးသည် မလျော်ကန်သော တောင်းဆိုမှုများ ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သရုပ်သကန်များ သို့မဟုတ် တင်ပြသင့်သော တောင်းဆိုမှုများ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို သင်၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အညီ မဆက်ဆံဘဲ သင့်ကို ရွေးချယ်ခဲ့ပြီး သင့်တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေး ပေးခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ သင်သည် ရလေလိုလေ အိုတစ္ဆေ မဖြစ်သင့်သကဲ့သို့ ဘုရားသခင်ထံ မလျော်ကန်သော တောင်းဆိုမှုများ မပြုလုပ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်သည်။ သင်၏ အစွမ်းအစမှာ ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် အစွမ်းအစကောင်း ရှိသူများအတွက် စံနှုန်းများနှင့်အညီ သင့်အပေါ် တောင်းဆိုချက်များ မပြုလုပ်ထားပေ။ သင်၌ အစွမ်းအစနှင့် ဉာဏ်ရည် ကင်းမဲ့သော်လည်း အစွမ်းအစကောင်းရှိသူများ မီနိုင်သော စံနှုန်းများကို သင် ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင် မသတ်မှတ်ထားပေ။ သင် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာကိုမဆို ထိုအရာကိုသာ လုပ်ဆောင်လော့။ ဘုရားသခင်သည် ငါးကို ကုန်းပေါ်တွင် နေထိုင်ရန် အတင်းအကျပ် မစေခိုင်းပေ။ သင်ကိုယ်တိုင်ကသာ လွန်ကဲသော အလိုဆန္ဒများ အစဉ်သဖြင့် ရှိနေပြီး သာမန်လူတစ်ဦး၊ အစွမ်းအစ ညံ့ဖျင်းသော ပျမ်းမျှလူတစ်ဦး ဖြစ်ရန် အစဉ်သဖြင့် မလိုလားခြင်းသာ ဖြစ်သည်၊ သင့်ကို မထင်ပေါ်စေသော ဤပင်ပန်းသည့် အလုပ်များကို သင် မလုပ်ချင်ဘဲ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် ပင်ပန်းဆင်းရဲမှုကို အစဉ်သဖြင့် မနှစ်သက်ဘဲ ခြေကုန်လက်ပန်းကျခြင်းကို ရှောင်ဖယ်ကာ မည်သည့်အရာကို လုပ်ရမည်ကို ဇီဇာကြောင်ပြီး ရွေးချယ်နေခြင်းသာ ဖြစ်သည်၊ သင်သည် အမြဲတစေ တစ်ဇွတ်ထိုးဆန်ပြီး သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် အကြိုက်များ အစဉ်သဖြင့် ရှိနေခြင်းသာ ဖြစ်သည်၊ ဘုရားသခင်က သင့်ကို မတရားသဖြင့် ပြုမူခဲ့ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အစွမ်းအစကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်သနည်း။ တစ်ချက်အနေဖြင့် ဘုရားသခင်က သင့်ကို မည်သည့် အစွမ်းအစမျိုး ပေးသည်ဖြစ်စေ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုကို နာခံသင့်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်ပြီး မည်သည့် အခြေအနေတွင်မဆို ခိုင်မာလေသည်။ ယင်းသည် အမှုအရာများ မည်သို့ပင် ပြောင်းလဲပါစေ မပြောင်းလဲဘဲ တည်ရှိနေသော သမ္မာတရား စည်းမျဉ်းဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် သင်၏ အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ သင်သည် သင်၏ အစွမ်းအစက စွမ်းဆောင်ရရှိနိုင်သော အလုပ်ကို လုပ်သင့်သည်။ သင်သည် မည်သည့်အရာကိုမျှ ချန်လှပ်မထားသင့်သကဲ့သို့ ပေါ်လွင်ရန်လည်း မကြိုးစားသင့်ပေ။ သင်၏ အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်စေ သင်သည် သင်၏ အစွမ်းအစနှင့် စွမ်းရည် အတိုင်းအတာအတွင်းရှိ အရာများကိုသာ လုပ်ဆောင်နိုင်သည်၊ ကြွားဝါစရာ တစ်စက်မျှ မရှိပါ၊ ထိုအရာသည် ဘုရားသခင် ပေးထားသော အရာဖြစ်သည်၊ သင်သည် ယင်းကို ပူဇော်ဆက်ကပ်သင့်သည်။ သင်၏ ဖြစ်တည်မှုတစ်ခုလုံး၊ သင်၏ ထွက်သက်ဝင်သက်၊ သင်၏ ပင်ကို အခြေအနေများနှင့် သင်၏ အစွမ်းအစ၏ ကဏ္ဍပေါင်းစုံရှိ သင်၏ စွမ်းရည်များသည် ဘုရားသခင် ပေးထားခြင်း ဖြစ်သည်။ ယခု သင် နားလည်သော အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများကိုလည်း ဘုရားသခင်က ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ် မရှိဘဲနှင့် ဘုရားသခင်က လူတို့အား ပေးသနားသော အမျိုးမျိုးသော ပင်ကို အခြေအနေများ မရှိဘဲနှင့် လူသားများသည် မြေမှုန့်တစ်ဆုပ်မှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ ထို့ကြောင့် လူတို့အတွက် ကြွားဝါစရာ တစ်စက်မျှ မရှိပေ။ ဤသည်မှာ ဒုတိယ ကဏ္ဍဖြစ်သည်။ အခြား ကဏ္ဍတစ်ခု ရှိသေးသည်၊ သင်၏ အစွမ်းအစသည် သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရမည်။ ပထမဦးစွာ သင်၏ အစွမ်းအစသည် မည်သည့် အဆင့်တွင် ပါဝင်သည်ကို အသိအမှတ်ပြုလော့၊ ထို့နောက် သင်၏ ပင်ကိုအစွမ်းအစအပေါ် အခြေခံ၍ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်လော့။ သင်၏ စွမ်းရည်များကို ကျော်လွန်ရန်နှင့် သင် မပြီးမြောက်နိုင်သော အရာများကို လုပ်ဆောင်ရန် အစဉ်သဖြင့် မကြိုးစားနှင့်၊ လူတို့အား သို့မဟုတ် ဘုရားသခင်အား သင့်ကိုယ်သင် သက်သေပြရန် အစဉ်သဖြင့် မကြိုးစားနှင့်။ သင်သည် မည်သည့်အရာကိုမျှ သက်သေမပြနိုင်ပေ။ ဤနည်းဖြင့် သင့်ကိုယ်သင် သက်သေပြရန် သင် ပို၍ ကြိုးစားလေလေ၊ သင်၏ အစွမ်းအစ ညံ့ဖျင်းကြောင်း၊ သင့်ကိုယ်သင် အကဲမဖြတ်တတ်ကြောင်း ပို၍ သက်သေပြလေလေဖြစ်ပြီး သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့ကာ ဆိုးရွားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိကြောင်း ပို၍ သက်သေပြလေလေ ဖြစ်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အစွမ်းအစကို ပြောင်းလဲရန် သို့မဟုတ် သင်၏ အရည်အချင်းများကို တိုးတက်စေရန် နည်းလမ်းမျိုးစုံဖြင့် မကြိုးစားနှင့်၊ ထိုအစား သင်၏ ပင်ကိုအစွမ်းအစနှင့် အရည်အချင်းများကို တိကျမှန်ကန်စွာ အသိအမှတ်ပြုကာ မှန်ကန်စွာ ချဉ်းကပ်လော့။ မည်သည့်နေရာတွင် သင် ချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိလျှင် ဤနယ်ပယ်များအတွက် ထေမိစေရန်အလို့ငှာ အချိန်တိုအတွင်း သင် တိုးတက်မှု စွမ်းဆောင်ရရှိနိုင်သည့် ထိုကဏ္ဍများကို အမြန် လေ့လာလော့။ သင် အလှမ်းမမီနိုင်သည့် ကဏ္ဍများအတွက် အတင်းအကျပ်မလုပ်ဆောင်နှင့်။ သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့်အညီ ပြုမူဆောင်ရွက်လော့။ သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ စွမ်းရည်တို့ကို အခြေခံ၍ အမှုအရာများကို လုပ်ဆောင်လော့။ နောက်ဆုံး စည်းမျဉ်းမှာ ဘုရားနှုတ်ကပတ်တော်၊ လူသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်ကို လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ အစွမ်းအစ အဆင့်မည်မျှဖြစ်သည်ဖြစ်စေ သင်သည် ပြုမူဆောင်ရွက်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်များကို လုပ်ဆောင်ခြင်းတို့အား အမျိုးမျိုးသော အတိုင်းအတာဖြင့် စွမ်းဆောင်ရရှိနိုင်သည်။ ဘုရားသခင်၏ စံနှုန်းများကို သင် ပြည့်မီနိုင်သည် သို့မဟုတ် ဘုရားသခင်၏ စံနှုန်းများနှင့် လျော်ညီအောင် နေနိုင်သည်။ ဤသမ္မာတရား စည်းမျဉ်းများသည် အနှစ်မဲ့သော စကား လုံးဝ မဟုတ်ပေ။ ယင်းတို့သည် လူ့သဘာဝကို လုံးဝ မကျော်လွန်ပေ။ ယင်းတို့သည် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ပင်ကိုသဘာဝများအပြင် အမျိုးမျိုးသော စွမ်းရည်များ၊ အစွမ်းအစများနှင့် အံဝင်ခွင်ကျ စီမံထားသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် သင်၏ အစွမ်းအစက မည်သည့်အရာဖြစ်စေ၊ သင်၏ အရည်အချင်းများ မည်သည့်နေရာတွင် မလုံလောက်သည်ဖြစ်စေ၊ သို့မဟုတ် အားနည်းချက်ရှိသည်ဖြစ်စေ ပြဿနာ မဟုတ်ပေ။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေလျှင် ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ အစွမ်းအစနှင့် အရည်အချင်းများ၏ အချို့သော ကဏ္ဍများတွင်ရှိသည့် လူတစ်ဦး၏ ချို့ယွင်းချက်များသည် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို လုံးဝ မဟန့်တားပေ။ သင်၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း သို့မဟုတ် အခြားသော စွမ်းရည်တစ်ခုခု ချို့တဲ့နေပါက သမ္မာတရားကို နားလည်သူများထံမှ လမ်းညွှန်မှုနှင့် အကြံဉာဏ်များကို ပို၍ ရှာဖွေတောင်းခံကာ ပို၍ မိတ်သဟာယဖွဲ့နိုင်ပေသည်။ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို သင် နားလည်ပြီး သဘောပေါက်သည့်အခါ ယင်းတို့ကို သင်၏ ဝိညာဉ်ရင့်သန်မှုပေါ် အခြေခံ၍ အစွမ်းကုန် အားထုတ်ခြင်းဖြင့် လက်တွေ့လုပ်ဆောင်သင့်သည်။ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ငါ ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်းက သင့်ကို နားလည်ရန် အထောက်အကူပြုသလော။ (ကျွန်ုပ်တို့ အနည်းငယ် ပို၍ နားလည်ပါသည်။)

ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အမျိုးမျိုးသော အစွမ်းအစများ ရှိရန် ကြိုတင်ပြဋ္ဌာန်းထားသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို စုံလင်သော အစွမ်းအစ မပေးသနည်း။ ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းနှင့် လူတို့သည် ယင်းကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်ကြောင်းတို့နှင့်ပတ်သက်၍ ကဏ္ဍမည်မျှကို ငါတို့ မိတ်သဟာယဖွဲ့ပြီးပြီနည်း။ ယင်းတို့ကို အကျဉ်းချုပ်ကြစို့။ ပထမ ကဏ္ဍမှာ ယင်းကို ဘုရားသခင်ထံမှ ခံယူရန် ဖြစ်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ ဒုတိယ ကဏ္ဍမှာ သင်၏ အစွမ်းအစသည် မည်သည့်အရာဖြစ်ကြောင်း အသိအမှတ်ပြုပြီး အကဲဖြတ်ရန်ဖြစ်ကာ သင်၏ အစွမ်းအစနှင့် စွမ်းရည်အပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် စွမ်းရည်ကို ကျော်လွန်သော အရာများကို လုပ်ဆောင်ရန် မကြိုးစားနှင့်။ သင် လုပ်နိုင်သည့်အရာကို တာဝန်သိသိ လက်တွေ့ကျကျ လုပ်ဆောင်ပြီး ကောင်းစွာ လုပ်ဆောင်လော့။ သင် မလုပ်နိုင်သည့်အရာကို အတင်းအကျပ် မလုပ်နှင့်။ တတိယ ကဏ္ဍမှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့၏ အစွမ်းအစကို ပြောင်းလဲရန် အစဉ်သဖြင့် ဆန္ဒမရှိရပါ။ ကျွန်ုပ်တို့၏ အစွမ်းအစသည် သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ ကျွန်ုပ်တို့သည် ယင်းကို မှန်ကန်စွာ သဘောထားရပါမည်။ ကျွန်ုပ်တို့၏ အစွမ်းအစ ကောင်းမွန်ကြောင်း ဘုရားသခင်ကို သက်သေပြရန် ကျွန်ုပ်တို့ အစဉ်သဖြင့် ဆန္ဒမရှိရပါ။ ဤသည်မှာ မလျော်ကန်ပါ။) မှန်ပေသည်။ သင်၏ အစွမ်းအစကို မှန်ကန်စွာ သဘောထားလော့။ ညည်းညူခြင်း မရှိနှင့်။ ဘုရားသခင်က သင့်ကို မည်မျှပင် ပေးသည်ဖြစ်စေ ထိုအရာသည် သူက သင့်ထံမှ တောင်းဆိုမည့်အရာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မပေးထားသည့်အရာကို ဘုရားသခင်က သင့်ထံမှ မတောင်းဆိုပေ။ ဥပမာအားဖြင့် ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ပေးထားပါက ခေါင်းဆောင်တစ်ဦး၊ အဖွဲ့ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ရန် သူက သင့်ကို မတောင်းဆိုပေ။ သို့ရာတွင် ဘုရားသခင်က သင့်ကို စကားပြောကောင်းခြင်း၊ သင့်စိတ်ထဲရှိသော အရာများကို ထုတ်ဖော်ပြောဆိုနိုင်စွမ်း သို့မဟုတ် အချို့သော ဆုကျေးဇူးတစ်ခု ပေးထားပြီး ဤဆုကျေးဇူးနှင့် ဆက်စပ်သော အလုပ်ကို လုပ်ဆောင်ရန် သင့်ကို တောင်းဆိုပါက သင်သည် ယင်းကို ကောင်းစွာ လုပ်ဆောင်သင့်သည်။ ဘုရားသခင်က သင့်ကို ပေးထားသော အခြေအနေများနှင့်အညီ လျော်ညီအောင် နေထိုင်ရန် မပျက်ကွက်နှင့်။ သင်သည် ဘုရားသခင်၏ ပေးသနားခြင်းနှင့်အညီ လျော်ညီအောင် နေထိုင်ကာ ယင်းကို အစွမ်းကုန် ထုတ်သုံး၍ ကောင်းမွန်စွာ အသုံးချပြီး အပြုသဘောဆောင်သော အရာများ၌ အသုံးချလျက် လူသားမျိုးနွယ်ကို အကျိုးပြုသည့် တန်ဖိုးရှိသော အလုပ်၏ အကျိုးရလဒ်များကို ဖြစ်ထွန်းစေရမည်။ ထိုအရာသည် အလွန် ကောင်းမွန်ပေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် ဘုရားသခင်သည် လူတို့ကို အမျိုးမျိုးသော အစွမ်းအစများ ပေးခြင်းတွင် ရည်ရွယ်ချက်ကောင်းများ ရှိကြောင်း သင် သိရမည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသောကြောင့်ပင် သင့်အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးခြင်း ဖြစ်သည်။ ဤအရာတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များ ပါရှိသည်။ ဘုရားသခင်က သင့်ကို သာမန် သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ပေးခြင်းသည် သင့်အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ လူတို့၌ လွန်ကဲစွာ ကောင်းမွန်သော သို့မဟုတ် ထူးခြားသော အစွမ်းအစ ရှိပါက ၎င်းတို့သည် လောကနှင့် စာတန်နောက်သို့ လိုက်ရန် လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လာရန် မလွယ်ကူပေ။ လောကရှိ စက်မှုလုပ်ငန်းများနှင့် နယ်ပယ်အသီးသီးမှ ထူးချွန်ပြောင်မြောက်သူများကို ကြည့်လော့၊ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့အားလုံးသည် စဉ်းလဲသော ကြိုးကိုင်သူများ၊ လူဝင်စားသော နတ်ဆိုးများ ဖြစ်ကြ၏။ သင်က ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ရန် ပြောပါက “ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်နေရာသို့မျှ မရောက်စေပါ၊ စွမ်းရည်မရှိသောသူများသာ ဘုရားသခင်ကို ယုံကြည်ကြသည်” ဟု ၎င်းတို့ တွေးကြသည်။ လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစ၊ ကြီးမားသော စွမ်းရည်များနှင့် အဆင့်မြင့်သော ဥပါယ်တံမျဉ်များ ရှိသည့်လူများသည် စာတန်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် လုံးလုံးလျားလျား အသက်ရှင်ကြပြီး လောကအတွက် လုံးလုံးလျားလျား အသက်ရှင်ကြသည်။ ထိုသို့သော လူများသည် လူဝင်စားသော နတ်ဆိုးများ ဖြစ်ကြ၏။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ထိုသို့သော လူများကို ကယ်တင်သလော။ (မကယ်တင်ပါ။) သို့ဆိုလျှင် သင်တို့သည် လူဝင်စားသော နတ်ဆိုးတစ်ဦး ဖြစ်လိုသလော၊ သို့မဟုတ် သင်တို့သည် သာမန်လူတစ်ဦး၊ အစွမ်းအစ ညံ့ဖျင်းသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သော လူတစ်ဦး ဖြစ်လိုသလော။ (ကျွန်ုပ်တို့သည် သာမန်လူများ ဖြစ်လိုကြပါသည်။) ဤလူနှစ်မျိုးနှစ်စားထဲတွင် မည်သူက ကောင်းချီးမင်္ဂလာ ခံစားရသနည်း။ လောကတွင် ကြီးပွားချမ်းသာပြီး ထင်ရှားကျော်ကြားလာကာ ဂုဏ်သတင်းရှိသူများ၊ အရာရှိကြီးများ သို့မဟုတ် ချမ်းသာကြွယ်ဝသူများ ဖြစ်လာပြီး ၎င်းတို့ လိုချင်သမျှ အရာအားလုံး ရှိကာ သုံးမကုန်သော ငွေများ ရှိသူများ၊ သင်တို့သည် ထိုသို့သော လူများ ဖြစ်လိုသလော၊ သို့မဟုတ် သင်တို့သည် ဘုရားသခင် ရှေ့မှောက်သို့ လာပြီး သာမန် အစွမ်းအစရှိသည့် ရိုးရှင်းသော သာမန်လူများ ဖြစ်လိုသလော။ သင်၏ ရွေးချယ်မှုမှာ အဘယ်နည်း။ (ရိုးရှင်းသော သာမန်လူများ ဖြစ်ရန် ဖြစ်ပါသည်။) သင်သည် သာမန်အစွမ်းအစရှိသော ရိုးစင်းသော သာမန်လူတစ်ဦး ဖြစ်ရန် ရွေးချယ်ပြီး ဤဘဝ၌ ကောင်းမွန်သော လောကီစည်းစိမ်ကို ပျော်မွေ့ခံစားလိုခြင်း မရှိဘဲ၊ ထင်ပေါ်ကျော်ကြားလာရန် မလိုလားဘဲ၊ ဤလောက၌ အရာမဝင်သူ၊ လူတိုင်း၏ အထင်သေးခြင်းကို ခံရသူ ဖြစ်ရန် နှစ်သက်ကာ ဘုရားသခင်က လူတို့အား ပေးသနားသော ကယ်တင်ခြင်းအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားရန် သို့မဟုတ် ရရှိရန် နှစ်သက်လျှင်၊ ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်လျှင် သင်သည် ကယ်တင်ခြင်းခံရရန် ရွေးချယ်ကာ ဤလောကနောက်သို့ မလိုက်ရန် ရွေးချယ်ပြီး သင်၏ စိတ်နှလုံးထဲ၌ ဤလောကနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်နှင့်သာ သက်ဆိုင်ရန် ဆန္ဒရှိလျှင် သင်သည် ဘုရားသခင်က သင့်အား ပေးသနားထားသော အစွမ်းအစကို မထီမဲ့မြင် မပြုသင့်ပေ။ သင်၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းလျှင်ပင် သို့မဟုတ် ဘုရားသခင်က သင့်ကို မည်သည့် အစွမ်းအစမျှ မပေးလျှင်ပင် သင်သည် ဤအချက်ကို ဝမ်းမြောက်စွာ လက်ခံသင့်ပြီး ဘုရားသခင် သင့်ကို ပေးထားသော စွမ်းရည်အမျိုးမျိုး၏ ပင်ကို အခြေအနေများနှင့်အတူ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ နောက်တစ်ချက်မှာမူကား ဘုရားသခင်က လူတို့အား ပေးသနားသော အစွမ်းအစသည် ထိုမျှ မကောင်းလျှင်ပင်၊ သာမန်လူတို့၏ အစွမ်းအစမျှသာဖြစ်ပြီး သူက ၎င်းတို့အား ကဏ္ဍပေါင်းစုံ၌ ပေးသနားသော စွမ်းရည်များသည် သာမန် သို့မဟုတ် ညံ့ဖျင်းနေလျှင်ပင် ဘုရားသခင်က လူတို့အား လက်တွေ့လုပ်ဆောင်ရန် သွန်သင်ပေးသည့် အခြေခံအကျဆုံးသော သမ္မာတရားများကိုမူ ၎င်းတို့သည် ယင်းတို့ကို စိတ်နှလုံးသွင်း၍ လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိပါက ဖြစ်မြောက်အောင်မြင်ပြီး ရရှိနိုင်ပေသည်။ သင်၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းပြီး သင်၏ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို လက်ခံနိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့သည် အလွန် ညံ့ဖျင်းသည် သို့မဟုတ် လုံးဝ မရှိလျှင်ပင် သင်၌ အခြေခံအကျဆုံး လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိသရွေ့ ဘုရားသခင်က သင့်ကို အပ်နှံထားသော လုပ်ငန်းဆောင်တာများနှင့် အလုပ်များကို ပြီးမြောက်နိုင်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် အခြေခံအကျဆုံး လမ်းခရီးသည် သင် လိုက်လျှောက်နိုင်သော အရာတစ်ခုဖြစ်သည်၊ ယင်းသည် သင် ရရှိနိုင်ပြီး ဖြစ်မြောက်အောင်မြင်နိုင်သော အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို အလွန် ကောင်းမွန်သော အစွမ်းအစ ပေးရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ ဘုရားသခင်က သင့်ကို အစွမ်းအစကောင်းနှင့် အထူး စွမ်းရည်အချို့ ပေးပြီး လောကတွင် လူဝင်စားသော နတ်ဆိုးတစ်ကောင် ဖြစ်ခွင့်ပေးပါက ဘုရားသခင်သည် သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ စိတ်နှလုံးကို သင်တို့ ယခု နားလည်နိုင်သလော။ (နားလည်ပါသည်။) သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်နိုင်ပါက ယင်းမှာ ကောင်းမွန်သည်၊ သင်သည် ဤသမ္မာတရားကို နားလည်ပြီး သင်၏ ကိုယ်ပိုင် အစွမ်းအစကို မှန်ကန်စွာ သဘောထားလိမ့်မည်၊ ဤကဏ္ဍတွင် အခက်အခဲများ ရှိတော့မည် မဟုတ်ပေ။ ဤနေရာမှစ၍ လူတို့သည် မိမိတို့ လုပ်သင့်သည့်အရာကို ရိုးရှင်းစွာ လုပ်ဆောင်သင့်သည်။ အလုပ်တစ်ခုတည်း ဖြစ်လျှင်ပင် ယင်းကို ကောင်းစွာ လုပ်ဆောင်ရန် သင်၏ စိတ်နှလုံးနှင့် အားထုတ်မှုကို ထည့်သွင်းလော့၊ သင့်အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များနှင့်အညီ လျော်ညီအောင် နေထိုင်ရန် မပျက်ကွက်နှင့်။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤအကြောင်းအရာနှင့်ပတ်သက်သော ယနေ့ မိတ်သဟာယမှာ ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။