သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း သုံး

လူတို့၏ အစွမ်းအစကို အကဲဖြတ်ရန် လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အသုံးပြုခြင်း

လူတို့၏ အစွမ်းအစကို သမ္မာတရား စည်းမျဉ်းများ အသုံးပြုပြီး ဤနည်းလမ်းအတိုင်း အကဲဖြတ်လျှင် ဆီလျော်သော သရုပ်သကန်များမှာ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အရာများ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ အစွမ်းအစကို အကဲဖြတ်ရန် လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အသုံးပြုလျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ အစွမ်းအစကောင်းသော လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ဧကန်မုချ ရှိသည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဟု ဆိုလိုသည့်အရာမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နိုင်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်တွင် ပေါ်ပေါက်လာသည့် သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည်၊ ထို့အပြင် ဘုရားအိမ်တော်၏ အတွင်းပိုင်း ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ရန် သမ္မာတရားကို အသုံးပြုနိုင်သည် ဟူ၍ဖြစ်သည်။ သို့ဆိုလျှင် ပြင်ပလောက၏ ကိစ္စရပ်အမျိုးမျိုးနှင့် ပတ်သက်၍ကော အဘယ်သို့နည်း။ အစွမ်းအစကောင်းသော သူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ရန် စွမ်းရည် ပိုင်ဆိုင်သောကြောင့် ၎င်းတို့သည် ပြင်ပလောက၏ ကိစ္စရပ်များကို ကိုင်တွယ်ရန် လူ့သဘာဝကို အတော်အတန် အခြေခံသော စည်းမျဉ်းအချို့ သို့မဟုတ် အပြုသဘောဆောင်သော အရာများနှင့် နီးစပ်သည့် စည်းမျဉ်းအချို့ကိုလည်း အသုံးပြုနိုင်သည်။ အပေါ်ယံ ကွဲပြားခြားနားမှုများ ရှိသော်လည်း အရာအမျိုးမျိုး၏ အခြေခံသဘောတရားများမှာ တူညီပြီး အရာအမျိုးမျိုးအတွင်းရှိ စည်းမျဉ်းများသည် အခြေခံအားဖြင့် အစွမ်းအစကောင်းသော လူတို့ သဘောပေါက်နိုင်သည့် အရာများ ဖြစ်သဖြင့် အစွမ်းအစကောင်းသော လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိခြင်းသည် ဝိညာဉ်ရေးရာနယ်ပယ်နှင့် ဆက်သွယ်နိုင်ခြင်းကို မဆိုလိုပေ။ ထိုအစား လူတစ်ဦးသည် အမှုအရာအမျိုးမျိုး၏ အခြေခံ ဥပဒေသများနှင့် စည်းမျဉ်းများကို သဘောပေါက်နိုင်သည်ကို ဆိုလိုသည်။ ဤသည်မှာ ပြတ်သားပြီး ရိုးရှင်းကာ ရှင်းလင်းသော ပြောဆိုနည်းဖြစ်သည်။ ပြင်ပလောကရှိ အရာများ၏ အခြေခံ ဥပဒေသများနှင့် သမ္မာတရား ပါဝင်ပတ်သက်သော စည်းမျဉ်းများကို နားလည်နိုင်ခြင်းသည် အစွမ်းအစကောင်းသော လူတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အခြေခံ၍ ၎င်းတို့၏ သရုပ်သကန်များကို ငါတို့ မည်သို့ တိုင်းတာနိုင်သနည်း။ သာမန်အစွမ်းအစရှိသော လူတို့သည် အမှုအရာများ၏ တစ်ဝက်ကို ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသော်လည်း ကျန်တစ်ဝက်ကို မရှိပေ၊ အချို့သော အစိတ်အပိုင်းများကို နားလည်သဘောပေါက်သော်လည်း အခြားသော အစိတ်အပိုင်းများကို နားလည်သဘောပေါက်ခြင်းမရှိကြပေ။ ၎င်းတို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် အစိတ်အပိုင်းများမှာ ၎င်းတို့၏ အစွမ်းအစက မီနိုင်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား အမျိုးမျိုးအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားနာရခြင်းမှတစ်ဆင့် ၎င်းတို့သည် ယင်းတို့ကို နားလည်လာနိုင်ပြီး မည်သူ့ထံမှ ညွှန်ကြားချက်မပါဘဲနှင့်ပင် ယင်းတို့အတွင်း၌ သဘောပေါက်ထားသင့်သည့် စည်းမျဉ်းများကို ၎င်းတို့ စဉ်းစားသိမြင်နိုင်သည်။ ၎င်းတို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အစိတ်အပိုင်းများမှာ ၎င်းတို့၏ အစွမ်းအစ မမီသည့် အစိတ်အပိုင်းများ ဖြစ်သည်။ အခြားသူများထံမှ လမ်းပြမှုနှင့် ညွှန်ကြားချက် မပါဘဲ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ မရှိပေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင် သို့မဟုတ် ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ပြီးလျှင် အလုပ်လုပ်ပုံနှင့် ပြဿနာများကို ကိုင်တွယ်ပုံကို သိရှိရန် ရေလောင်းပေးခြင်း၊ လမ်းပြမှုနှင့် ညွှန်ကြားချက်တို့ကို လိုအပ်သည်၊ ဤသည်တို့မှာ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ သာမန်အစွမ်းအစရှိသော လူတို့သည် အခြေခံအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု ပြောဆိုနိုင်သော်လည်း ၎င်းတို့၏ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အဆင့်အတန်းသည် အစွမ်းအစကောင်းသော လူတို့၏ အဆင့်အတန်းနှင့် ယှဉ်လျှင် လိုအပ်ချက်ရှိသည်၊ ၎င်းတို့သည် တစ်ဝက်ကိုသာ နားလည်ကြသည်။ မည်သည့်နေရာတွင် လိုအပ်ချက် ရှိသနည်း။ ၎င်းတို့ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်သည့် အတိုင်းအတာတွင် လိုအပ်ချက် ရှိသည်၊ ၎င်းတို့သည် အလုပ်အမျိုးမျိုးကို အမှီအခိုကင်းစွာ မပြီးစီးနိုင်ကြပေ။ သို့ဆိုလျှင် အစွမ်းအစ ညံ့ဖျင်းသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အသုံးပြု၍ ၎င်းတို့ကို အကဲဖြတ်လျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ အကဲဖြတ်ရန် လွယ်ကူသလော။ အစွမ်းအစ ညံ့ဖျင်းသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိပါ။) အစွမ်းအစ ညံ့ဖျင်းသော လူတို့၏ သရုပ်သကန်များကို ကြည့်ရုံမျှဖြင့် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း သင် ခွဲခြားသိမြင်နိုင်သည်၊ အကြောင်းမှာ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြသောကြောင့် ဖြစ်သည်။ အစွမ်းအစမရှိသော လူတို့သည် အမှန်တကယ်တွင် လူ့ဝိညာဉ် မရှိကြပေ။ လူ့ဝိညာဉ် မရှိခြင်းက ၎င်းတို့သည် သားရဲတိရစ္ဆာန်များကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်ကို ဆိုလိုသည်။ ထိုသို့သော လူများအတွက် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အကဲဖြတ်ရန် မလိုအပ်ပေ။ ဝိညာဉ်မရှိသော လူတစ်ဦးသည် မည်သည့်ကိစ္စရပ်များကိုမဆို ရှုမြင်သည့်အခါ သို့မဟုတ် လူအမျိုးမျိုးနှင့် ဆက်ဆံသည့်အခါ ၎င်းတို့သည် ထိုအရာများကို အကဲမဖြတ်နိုင်ကြပေ။ ပြီးလျှင် အပြုသဘောဆောင်သော အရာများ သို့မဟုတ် အပျက်သဘောဆောင်သော အရာများနှင့်ပတ်သက်၍ ၎င်းတို့တွင် မည်သည့်အမြင်ရှုထောင့်မျှ မရှိကြပေ။ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် တွက်ချက်မှုအချို့သာ ရှိကြသည်။ သင်က အမြင်ရှုထောင့်တစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းတို့သည် သင်နှင့် ရင်းနှီးပြီး သင်၌ အစွမ်းအစကောင်း ရှိသည်ကိုလည်းကောင်း၊ စင်ကြယ်သော သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ သင်သည် အပြုသဘောဆောင်သော လူတစ်ဦး ဖြစ်သည်ကိုလည်းကောင်း သိရှိပါက ၎င်းတို့သည် သင်၏ အမြင်ရှုထောင့်နောက်သို့ လိုက်ကြသည်။ သို့သော် ၎င်းတို့သည် သင်နှင့် မရင်းနှီးပါက သင့်ကို အထင်သေးကြသည်။ သင်၏ အမြင်ရှုထောင့်သည် မည်မျှပင် မှန်ကန်ပါစေ သို့မဟုတ် မည်မျှပင် သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်ပါစေ ၎င်းတို့ လက်မခံကြပေ။ ယင်းမှာ မှန်ကန်ကြောင်း ၎င်းတို့ မသိကြ၊ ယင်းမှာ လူတို့ လက်ခံသင့်သည့်အရာ ဖြစ်ကြောင်း မသိကြ၊ ဤကောင်းမွန်သော အမြင်ရှုထောင့်က ၎င်းတို့အတွက် မည်မျှ အကျိုးရှိနိုင်ကြောင်း သို့မဟုတ် ၎င်းတို့ကို အကူအညီ မည်မျှ ပေးနိုင်ကြောင်းကို မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို မသိကြပေ။ သို့ရာတွင် အပျက်သဘောဆောင်သော လူတစ်ဦးက အပျက်သဘောဆောင်သော အမြင်ရှုထောင့်တစ်ခုကို တင်ပြသည့်အခါ ဤအပျက်သဘောဆောင်သော လူသည် လွှမ်းမိုးချုပ်ကိုင်ပြီး ၎င်းတို့ အထင်ကြီးကာ ရိုသေလေးစားသော သူတစ်ဦးဖြစ်ပါက ၎င်းတို့သည် ထိုအမြင်ကို လက်ခံလိုက်ပြီးနောက်တွင် ယင်းက ၎င်းတို့ကို ထိခိုက်စေမည်ကို သိလျှင်ပင် ထိုအပျက်သဘောဆောင်သော အမြင်ရှုထောင့်ကို လက်ခံကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အစွမ်းအစမရှိသောသူ ဖြစ်ပါသည်။) ၎င်းတို့သည် အစွမ်းအစမရှိသော လူတစ်ဦးဖြစ်ပြီး ဆိုလိုသည်မှာ ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ၎င်းတို့သည် မည်သည့်အခြေအနေကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ ၎င်းတို့ စွဲကိုင်သင့်သည့် မည်သည့်စည်းမျဉ်းများကိုမျှ မသိကြပေ။ ဤလူစားမျိုးသည် ဆိုးသောလူများ သို့မဟုတ် ဆိုးယုတ်သောလူများနောက် လိုက်သည့်အခါ မကောင်းမှုများကို ကျူးလွန်နိုင်ပြီး ကောင်းသောလူများနောက် လိုက်သည့်အခါ ကောင်းသောအရာအချို့ကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်မရှိသော လူသေ ဖြစ်သည်ဟု ငါ ပြောခြင်းဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူတို့သည် အစွမ်းအစကောင်းသော လူများ သို့မဟုတ် အပြုသဘောဆောင်သော လူပုဂ္ဂိုလ်များနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက်တွင် ၎င်းတို့ ကြားရမြင်ရသည့်အရာ၏ လွှမ်းမိုးမှုကို ခံရနိုင်ပြီး ကောင်းသောအရာအချို့ကို သင်ယူနိုင်သည်၊ ကောင်းသော စည်းမျဉ်းစည်းကမ်းအချို့ကို စောင့်ထိန်းနိုင်ကာ အပြုသဘောဆောင်သော ပြောဆိုချက်များနှင့် ပြုမူပုံများ သို့မဟုတ် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်အချို့ကို စောင့်ထိန်းနိုင်သည်။ သို့ရာတွင် ဝိညာဉ်မရှိသော လူသေများသည် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များ၊ ကောင်းမွန်သော ပြုမူပုံများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ကောင်းမွန်သော အတွေးစဉ်များ သို့မဟုတ် အပြုသဘောဆောင်သော နေထိုင်မှုပုံစံအချို့နှင့် နေ့စဉ်ဘဝ၏ အပြုသဘောဆောင်သော အထွေထွေဗဟုသုတများကိုပင် သင်ယူနိုင်ခြင်း သို့မဟုတ် စောင့်ထိန်းနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ အမှီအခိုကင်းစွာ စတင်နေထိုင်သည့်အခါတွင် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး၏ အခြေအနေဖြစ်သော ၎င်းတို့၏ နေထိုင်မှုအခြေအနေသည် လုံးလုံးလျားလျား ထင်ရှားလာလေတော့၏။ ဤသည်တို့မှာ ဝိညာဉ်မရှိသော လူသေများ၏ သရုပ်သကန်များ ဖြစ်သည်။

ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများသည် အနည်းဆုံးအနေဖြင့် သာမန်အစွမ်းအစ ရှိကြသည်။ သမ္မာတရားသည် ၎င်းတို့ လက်လှမ်းမီနိုင်သော အရာဖြစ်ပြီး ၎င်းတို့ နားလည်နိုင်ပါက ၎င်းတို့သည် အစွမ်းအစကောင်းသော သူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများသည် အစွမ်းအစ ညံ့ဖျင်းသောသူများ သို့မဟုတ် အစွမ်းအစ လုံးဝမရှိသောသူများ ဖြစ်သည်မှာ သေချာသည်၊ ဤလူနှစ်မျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့ကြသည်။ အစွမ်းအစကောင်းသော သူများသာလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အပြည့်အဝ ရှိသည်ဟု ပြောဆိုနိုင်ပြီး သာမန်အစွမ်းအစရှိသော သူများမှာမူ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု သာမန်အဆင့်သာ ရှိသည်။ ဆိုလိုသည်မှာ ကိစ္စရပ်များစွာတွင် ၎င်းတို့၏ အစွမ်းအစ လိုအပ်ချက်ရှိပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို မရရှိနိုင်ကြပေ။ သာမန်ကိစ္စရပ်များတွင်သာ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ရရှိနိုင်ပြီး အမှုအရာများကို အမှီအခိုကင်းစွာ ကိုင်တွယ်နိုင်သည်။ ၎င်းတို့သည် ရှုပ်ထွေးသော ကိစ္စရပ်များ သို့မဟုတ် ဘက်ပေါင်းစုံပါဝင်သော အလုပ်နှင့် ရင်ဆိုင်ရသောအခါ ပါဝင်ပတ်သက်နေသော သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ လက်လှမ်းမီနိုင်မှုနှင့် နားလည်မှုတို့၏ ပြင်ပတွင် ရှိသောကြောင့် ဤအရာများကို အမှီအခိုကင်းစွာ မကိုင်တွယ်နိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အဆင့်သည် အတော်အတန် သာမန်ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော ဤလူစားမျိုး၏ ထူးခြားသော လက္ခဏာမှာ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ လက်လှမ်းမမီနိုင်သော အရာဖြစ်ပြီး ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြခြင်း ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ၏ သဘောတရားမှာ အဘယ်အရာဖြစ်သည်ကိုပင် သဘောမပေါက်ကြဘဲ သမ္မာတရား စည်းမျဉ်းများသည် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ဤလူစားမျိုး၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်မှာ အလွန် ရှင်းလင်းသည်။ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ အဓိက လက္ခဏာတစ်ခုမှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ၎င်းတို့ နားလည်ရာတွင် ထုတ်ဖော်သော အတွေးများနှင့် အမြင်ရှုထောင့်များ အားလုံးသည် လွဲချော်နေခြင်း ဖြစ်သည်။ ဤနေရာတွင် “လွဲချော်သော” ဟူသည်ကို မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု လမ်းကြောင်းမှ လုံးဝ ကင်းကွာနေခြင်းနှင့် ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များ လမ်းကြောင်းမှ လုံးဝ ကင်းကွာနေခြင်းကို ဆိုလိုသည်၊ ဤသည်မှာ လွဲချော်နေခြင်း ဖြစ်သည်။ ဤလူများ ပြောဆိုသည့်အရာ၏ တွေးခေါ်မှု ယုတ္တိကို သင် နားထောင်သောအခါ ယင်းမှာ အလွန်ထူးဆန်းသည်ဟု သင် တွေ့ရှိရပြီး ၎င်းတို့က အမြင်ရှုထောင့်တစ်ခုကို ထုတ်ဖော်ပြောဆိုသည် သို့မဟုတ် တစ်စုံတစ်ရာအကြောင်း ပြောဆိုသည်ကို သင် ကြားရတိုင်း သင် အံ့အားသင့်ရသည်။ “အံ့အားသင့်ရသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့ တစ်စုံတစ်ရာ ပြောဆိုသည်ကို သင် ကြားရသောအခါ ယင်းမှာ ယုံနိုင်စရာမရှိဟု သင် ခံစားရပြီး “၎င်းတို့တွင် ထိုသို့သော စိတ်ကူးမျိုး မည်သို့များ ရှိနိုင်ရသနည်း။ ပုံမှန်လူများ တွေးသည့်အရာနှင့် အဘယ်ကြောင့် ဤမျှကွာခြားနေရသနည်း။ ဤစိတ်ကူးက အလွန် ထူးဆန်းသည်၊ အဘယ်ကြောင့် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရသနည်း” ဟု သင့်စိတ်ထဲတွင် တွေးမိသည်။ သင့်စိတ်နှလုံးထဲတွင် ယင်းကို အထူးသဖြင့် ခွတီးခွကျဖြစ်ပြီး ယုတ္တိမရှိဟု သင် မြင်သည်။ မိမိတို့၏ စကားများဖြင့် အခြားသူများကို အစဉ်သဖြင့် အံ့အားသင့်စေသော သူများသည် လွဲချော်တတ်သောသူများ ဖြစ်သည်၊ ထိုသို့ အလွန်ပင် ဖြစ်တတ်သည်။ ဥပမာအားဖြင့် သင်က “သင် ထမင်းစားပြီးပြီလော” ဟု ၎င်းတို့ကို မေးသည်။ ၎င်းတို့က “ယနေ့ အတော် အေးသည်” ဟု ပြန်ဖြေသည်။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) သင်က “ယနေ့ သင်သည် အဘယ်ကြောင့် အဝတ်အစား အနည်းငယ်သာ ဝတ်ဆင်ထားသနည်း” ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ် ယနေ့ ဂျင်းရည် တစ်ခွက် သောက်ခဲ့သည်” ဟု ပြောသည်။ ၎င်းတို့၏ တုံ့ပြန်မှုသည် သင်၏ မေးခွန်းနှင့် ဆက်စပ်မှုတစ်ခုတလေ အမှန်တကယ် ရှိသလော။ ၎င်းတို့၏ အဖြေတွင် ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိ ရှိသလော။ (မရှိပါ။) ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိရှိသော သူတစ်ဦးသည် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့က “အထဲတွင် အလွန်နွေးသဖြင့် ကျွန်ုပ် အဝတ်အထည် အနည်းငယ်သာ ဝတ်ဆင်ထားခြင်းဖြစ်သည်၊ ထို့အပြင် အပြင်တွင် နေသာနေပြီး အပူချိန်က အတော်ပင် မြင့်နေသည်” ဟု ပြောနိုင်သည်။ သို့မဟုတ် “ကျွန်ုပ် လေ့ကျင့်ခန်းလုပ်ပြီးခါစဖြစ်၍ ကိုယ်ပူလာပြီး အဝတ်အထည် အနည်းငယ်သာ ဝတ်ထားခြင်းဖြစ်သည်” ဟုလည်း ၎င်းတို့ ပြောနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက “သင် အဘယ်ကြောင့် အဝတ်အထည် အနည်းငယ်သာ ဝတ်ထားရသနည်း” ဟု မေးပြီး ၎င်းတို့က “ကျွန်ုပ်သည် ယနေ့တွင် သိုးမွှေးပါသည့် ဖိနပ်စီးထားသောကြောင့် ဖြစ်သည်” ဟု ပြန်ဖြေလျှင် ဤအဖြေသည် မေးခွန်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ၎င်းတို့ တွေးတောသောအခါ ၎င်းတို့ လိုက်နာသည့် အတွေးစဉ်နှင့် ယုတ္တိသည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ယုတ္တိတို့နှင့် မကိုက်ညီပေ။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုရှိသော မည်သူမျှ စဉ်းစားမိမည်မဟုတ်သည့် အလွန် ထူးဆန်းသော စိတ်ကူးတစ်ခုနှင့် အလွန် ထူးဆန်းသော အတွေးစဉ်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ အဖြေကို နားထောင်ပြီးနောက်တွင် ယင်းမှာ ခွတီးခွကျနိုင်သည်ဟု သင် ခံစားရသည်။ သင်သည် ၎င်းတို့နှင့် စကားစမြည် ပြောဆိုလိုသော်လည်း ၎င်းတို့နှင့် အဆက်အစပ် မလုပ်နိုင်ပေ၊ ၎င်းတို့သည် အစဉ်သဖြင့် အမေးတခြား အဖြေတခြား ဖြစ်နေသဖြင့် ဆက်လက် စကားပြောဆိုရန် မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် လူတစ်ဦးသည် အဝတ်အစား ချုပ်လုပ်နည်းကို သင်ယူနေခဲ့ပြီး “အဝတ်အစား ချုပ်လုပ်နည်း သင်ယူရာမှာ သင်၏ တိုးတက်မှုက မည်သို့ရှိသနည်း။ ဂွမ်းခံအဝတ်အထည် သင် ချုပ်တတ်သလား” ဟု ငါ သူ့ကို မေးခဲ့သည်။ ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိတို့နှင့် ကိုက်ညီသော တုံ့ပြန်မှုတစ်ခုမှာ အဘယ်အရာ ဖြစ်မည်နည်း။ (“ချုပ်တတ်ပါသည်” သို့မဟုတ် “မချုပ်တတ်ပါ” ဟူ၍ ဖြစ်ပါမည်။) ထိုအရာက ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိကို ထင်ဟပ်ပေမည်။ သို့မဟုတ် သူက “တစ်ခါတလေ ကျွန်ုပ် နည်းနည်း ပိုကောင်းအောင် လုပ်နိုင်ပါသည်၊ နည်းပြက အဆင်ပြေသည်၊ လက်ခံနိုင်ရုံလေးသာ ရှိသည်ဟု ပြောပါသည်။ သို့ရာတွင် ပိုရှုပ်ထွေးသည့် အစိတ်အပိုင်းအချို့နှင့် ပတ်သက်လာလျှင် ကျွန်ုပ်၏ လက်ရာက ချို့ယွင်းချက်ရှိသဖြင့် ပြန်လုပ်ရပါသည်” ဟုလည်း ပြောနိုင်သည်။ ဤသည်တို့မှာ ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိရှိသော သူတစ်ဦးထံမှ တုံ့ပြန်မှုများ ဖြစ်သလော။ (ဟုတ်ပါသည်။) ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိမရှိသော ဤသူသည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ “ဤဂွမ်းခံအဝတ်အစားမျိုးကို သင် ယခု ချုပ်တတ်ပြီလော” ဟု ငါ မေးခဲ့သည်။ သူက “ကျွန်ုပ် ဤနေရာကို ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်” ဟု ပြန်ဖြေခဲ့သည်။ “သို့ဆိုလျှင် သင် ယခု ချုပ်တတ်ပြီလော” ဟု ငါ မေးခဲ့သည်။ သူက “ကျွန်ုပ် ဤနေရာကို ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်” ဟု ပြန်ဖြေခဲ့သေးသည်။ “ငါ နားမလည်ပါ။ သင် ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်ဆိုပါက ယခု သင် ချုပ်တတ်သလား။ ငါသည် အဘယ်ကြောင့်များ ဤအရာကို နားမလည်နိုင်ရသနည်း” ဟု ငါ့စိတ်ထဲတွင် တွေးမိသည်။ သူ့တုံ့ပြန်မှုကို ငါ ကြားသောအခါ ခွတီးခွကျနိုင်သည်ဟု ငါ ခံစားခဲ့ရသည်။ သူ ဤအဝတ်အစားမျိုး ချုပ်တတ်မတတ် ငါ မေးနေခဲ့ခြင်းဖြစ်ပြီး သူ ရောက်ခါစက ယင်းကို ချုပ်နည်း သင်ယူနေခဲ့ကြောင်း သူ ပြောခဲ့သည်။ သူက ထိုအကြောင်းအရာဆီသို့ မည်သို့ ပြောင်းလဲသွားရသည်ကို ငါ နားမလည်ခဲ့ပေ၊ ထိုအရာက သူ ချုပ်တတ်မတတ် ဟူသည်နှင့် မည်သည့် ပတ်သက်မှု ရှိသနည်း။ “ဤအကြောင်းအရာ ပြောင်းသွားရခြင်းကို ငါ လုံးဝ နားမလည်နိုင်ပါ” ဟု ငါ့စိတ်ထဲတွင် တွေးမိသည်။ “သို့ဆိုလျှင် သင် ယခု ချုပ်တတ်ပြီလော” ဟု နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဆက်တိုက် ငါ မေးသည့်အခါတွင်ပင် သူက “ကျွန်ုပ် ရောက်ခါစက ဤအရာ ချုပ်လုပ်နည်းကို သင်ယူနေခဲ့သည်၊ ဤအရာ ချုပ်လုပ်ရာတွင် နည်းပြက ကျွန်ုပ်ကို လမ်းပြပေးနေခဲ့ပါသည်၊ ကျွန်ုပ်က ဤအရာကိုသာ အဓိက ချုပ်လုပ်နေခြင်းဖြစ်သည်” ဟု ဆက်လက် ဖြေကြားခဲ့သည်။ ငါ ရှာနေသော အဖြေကို ငါ မရရှိခဲ့သေးပေ၊ ယနေ့ထိတိုင် သူ ချုပ်တတ်မတတ်ကို ငါ မသိရသေးပေ။ သူ့စကားများ၏ နောက်ကွယ်ရှိ ယုတ္တိနှင့် သူ အဘယ်ကြောင့် ဤသို့ပြောသည်ကို စိတ်ဖြာလေ့လာကြည့်လော့။ (သူ့တုံ့ပြန်မှုသည် အတော်အတန်ပင် မေးခွန်းနှင့် အမေးတခြား အဖြေတခြား ဖြစ်နေပါသည်။ ယင်းကို ကြားသောသူများသည် သူ၏ ဆိုလိုရင်းကို ခန့်မှန်းရန် ကြိုးစားကြလိမ့်မည်ဖြစ်သော်လည်း သူ အမှန်တကယ် ချုပ်တတ်မတတ်ကိုမူ သိကြလိမ့်မည် မဟုတ်ပါ။) သူသည် ငါ့ကို သိစေလိုသလော၊ မသိစေလိုသလော။ သူသည် ငါ့ကို တိကျသော အဖြေတစ်ခု ပေးလိုသလော။ ဤနေရာတွင် သူသည် အရိပ်အမြွက်တစ်ခု ပေးနေခဲ့သည်။ “ကျွန်ုပ် ရောက်ခါစက ဤအရာကိုသာ အဓိက သင်ယူနေခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တော့်ကို ပြောပြီးဖြစ်သည်၊ ယခုအခါတွင် ရက်သတ္တတစ်ပတ် ရှိပြီဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ် ချုပ်နိုင်သည်မှာ ပြောစရာမလိုပါ။ ကိုယ်တော်သည် ကျွန်ုပ်၏ ဆိုလိုရင်းကို သဘောမပေါက်သင့်သလော။ ကိုယ်တော် မည်သို့ဖြစ်၍များ နားမလည်နိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ သူ့တုံ့ပြန်မှုမှ ဤဆိုလိုရင်းကို သင်တို့ နားလည်သလော။ (နားမလည်ပါ။) သူ့တုံ့ပြန်မှုက သင့်အား တိကျသော အဖြေတစ်ခု ရရှိစေပြီး သူ ချုပ်တတ်မတတ်ကို သိရှိစေပါက သူ့တုံ့ပြန်မှုသည် ယုတ္တိရှိလိမ့်မည်။ သို့သော် သူ့တုံ့ပြန်မှုသည် သင့်အား မရေရာသော ဆိုလိုရင်းတစ်ခုကိုသာ ပေးပြီး သူ ချုပ်တတ်မတတ်ကို သင့်အား အမှန်တကယ် အသိမပေးပေ။ ဤသို့ အစဉ်သဖြင့် စကားပြောဆိုသော သူများသည် အလွန် နားဝေတိမ်တောင်ဖြစ်သည် မဟုတ်လော။ ၎င်းသည် ဤနည်းလမ်းအတိုင်း တမင်သက်သက် တုံ့ပြန်နေခြင်းဖြစ်ပါက ယင်းမှာ ကိုယ်ကျင့်စရိုက်ပိုင်းဆိုင်ရာ ကိစ္စ ဖြစ်သည်။ ၎င်းသည် တမင်သက်သက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ၎င်း၏ တုံ့ပြန်မှုသည် သင် ရယူရန် ကြိုးစားနေသော အဖြေနှင့် မည်သည့် မရှိမဖြစ် လိုအပ်သော ဆက်စပ်မှုမျှ မရှိပါက ၎င်း၏ တွေးခေါ်မှုနှင့် ယုတ္တိတို့တွင် ပြဿနာတစ်ခု ရှိနေသည်။ ၎င်းတို့၏ တွေးခေါ်မှုနှင့် ယုတ္တိတို့တွင် ပြဿနာရှိပါက ဤသည်မှာ ၎င်းတို့၌ အစွမ်းအစ ညံ့ဖျင်းသည်ဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် လွဲချော်တတ်သောသူများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လွဲချော်တတ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ “ငါ ရောက်ခါစက ဤအရာကို သင်ယူနေခဲ့သည်ဟု ကိုယ်တော့်ကို ပြောနေသဖြင့် မလွှဲရှောင်သာသော ရလဒ်မှာ ငါ ချုပ်လုပ်နိုင်သည်ဟုပင် ဖြစ်သည်” ဟု ထိုသူ တွေးခဲ့သည်။ သူ အသိပေးလိုခဲ့သည့်အရာမှာ “ကျွန်ုပ် ချုပ်တတ်ပါသည်” ဟူသော အဖြေဖြစ်သည်။ သို့ရာတွင် ပုံမှန် တွေးခေါ်မှုရှိသော သူများသည် ဤအရာကို ကြားပြီးနောက် တိကျသော အဖြေတစ်ခု မရရှိကြပေ။ ထို့ကြောင့် “ကျွန်ုပ် ရောက်ခါစက ဤအရာကို သင်ယူနေခဲ့ခြင်းဖြစ်သည်” ဟူသော သူ့တုံ့ပြန်မှုသည် သူ ချုပ်တတ်ကြောင်း အသိပေးလိုခြင်းနှင့် မည်သည့် ယုတ္တိကျသော ဆက်စပ်မှုမျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သူ့တုံ့ပြန်မှုသည် နားဝေတိမ်တောင် စကားများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိမိတို့သည် ကောင်းစွာ ဆက်သွယ်ပြောဆိုနိုင်သည်ဟုလည်းကောင်း၊ မေးခွန်းကို ဖြေဆိုပြီးဖြစ်သည်ဟုလည်းကောင်း တွေးထင်လျက် နားဝေတိမ်တောင် စကားများကို ပြောဆိုခြင်းသည် အစွမ်းအစ ညံ့ဖျင်းခြင်းကို ထင်ဟပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသူ၌ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ယုတ္တိ မရှိပေ။ သင် မည်သို့ပင် မေးပါစေ၊ ပြဿနာ၏ အခရာမှာ အဘယ်အရာဖြစ်သည်ကို သို့မဟုတ် သင် အဘယ်ကြောင့် ထိုအရာကိုသာ ထပ်ခါတလဲလဲ မေးနေရသည်ကို သူ သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ သင် သုံးကြိမ်မြောက် မေးသောအခါ သူသည် ထိုတုံ့ပြန်မှုကိုသာ ပေးမြဲပေးလိမ့်မည်ဖြစ်ပြီး “သင်သည် အဘယ့်ကြောင့် ထပ်တလဲလဲ မေးနေရသနည်း။ သင့်ကို ပြောပြပြီးဖြစ်သည်၊ သင်သည် နားမလည်ဘဲ ထပ်၍ မေးနေဆဲသာဖြစ်သည်” ဟု တွေးလျက် စိတ်မရှည်ပင် ဖြစ်လိမ့်မည်။ သုံးကြိမ်တိုင်တိုင် မေးမြန်းခံရပြီးနောက်တွင်ပင် သူ့အဖြေသည် ရှင်းလင်းမှုမရှိကြောင်းနှင့် တစ်ဖက်လူ ရှာနေသော အဖြေမဟုတ်ကြောင်း၊ သူသည် စကားအသုံးအနှုန်းကို ပြောင်းလဲပြီး သူ ချုပ်တတ်မတတ်ကို ရှင်းလင်းစွာ ပြောဆိုသင့်ကြောင်း၊ တစ်ဖက်လူကို ခန့်မှန်းခိုင်းခြင်း မပြုသင့်ကြောင်းတို့ကို သူ သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့စကားများက အခြားသူများကို မည်သို့ ခံစားရစေသည်ကို သို့မဟုတ် ယင်းတို့ကို ကြားပြီးနောက် တစ်ဖက်လူက မည်သို့ တုံ့ပြန်သည်ကို သူ သဘောမပေါက်နိုင်ပေ၊ ဤအရာအားလုံးကို သူ သဘောမပေါက်နိုင်ပေ။ ဤသည်က သူ့၌ အစွမ်းအစမရှိကြောင်း ပြသသည်။ သင် မည်မျှပင် အကြိမ်ကြိမ် မေးပါစေ၊ သူသည် ထိုတုံ့ပြန်မှုကိုသာ ပေးလိမ့်မည်ဖြစ်ပြီး “သင်သည် ဤကိစ္စကို အခေါက်ရေမည်မျှ မေးပါစေ၊ ကျွန်ုပ်က ဤအဖြေကိုသာ ပေးပါသည်၊ ကျွန်ုပ်သည် ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ကျွန်ုပ် စိတ်ထဲရှိသည့်အရာကို ပြောနေခြင်းဖြစ်သည်” ဟု တွေးလျက် သူ ပြောနေသည့်အရာသည် ရိုးသားပြီး အယောင်ဆောင်ခြင်းမရှိဟုပင် ခံစားရလိမ့်မည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ ထင်ဟပ်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်က မောင်ဖြူအကြောင်း မေးသောအခါ ဤလူစားမျိုးသည် မောင်မဲနှင့် မောင်လှအကြောင်း အစဉ်သဖြင့် ပြောဆိုသည်။ သင်က မောင်မဲနှင့် မောင်လှအကြောင်း မေးသောအခါ ၎င်းတို့သည် မောင်ဖြူအကြောင်း အစဉ်သဖြင့် ပြောဆိုသည်။ ပုံမှန် တွေးခေါ်မှုမရှိသော သူများ၌ နားဝေတိမ်တောင်ဖြစ်သော အတွေးများရှိပြီး ၎င်းတို့၏ တွေးခေါ်မှုမှာ ရှုပ်ထွေးပွေလီနေသည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ အဓိက သရုပ်သကန်တစ်ခု ဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် ဤသည်တို့မှာ မတူညီသော အစွမ်းအစရှိသည့် လူတို့၏ သရုပ်သကန်များ ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစကို သမ္မာတရား စည်းမျဉ်းများ နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်း ရှိမရှိဟူသည်ဖြင့် သင် အကဲဖြတ်သည်ဖြစ်စေ၊ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ဖြင့် အကဲဖြတ်သည်ဖြစ်စေ ဤသည်တို့မှာ သရုပ်သကန်များ ဖြစ်သည်။ ငါတို့သည် အတော်အတန် ယေဘုယျကျသော အသုံးအနှုန်းဖြင့် ပြောဆိုခဲ့သော်လည်း ငါ၏စကားများကို လက်တွေ့ဘဝနှင့် အခြေခံအားဖြင့် သင် နှိုင်းယှဉ်ချိန်ဆ၍ မရနိုင်သလော။ (ရနိုင်ပါသည်။) သို့ဆိုလျှင် ငါတို့သည် အစွမ်းအစနှင့်ပတ်သက်သော အကြောင်းအရာကို အနည်းနှင့်အများ အကျဉ်းချုပ်ပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤနေရာတွင် အဆုံးသတ်လိုက်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။