ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၄

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့် သင့်ကိုယ်သင် သိလာနိုင်ရန် ဖြစ်သည်ကို သိမှတ်လော့။ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း စသည်တို့ အားလုံးသည် သင့်အနေဖြင့် မိမိကိုယ်ကိုယ် သိလာနိုင်ရန်၊ သင်၏ စိတ်သဘောထား ပြောင်းလဲလာနိုင်ရန်၊ ထို့အပြင် သင်၏တန်ဖိုးကို သင်သိလာနိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးသည် ဖြောင့်မတ်၍ သူ၏စိတ်နေသဘောထားနှင့်အညီဖြစ်ပြီး သူ့အမှု၏လိုအပ်ချက်များနှင့်အညီဖြစ်ကြောင်းကို သင့်အနေဖြင့် သိမြင်လာနိုင်ရန်ဖြစ်ကာ၊ လူသားကို ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်အတိုင်း ဘုရားသခင်လုပ်ဆောင်ကြောင်းနှင့် သူသည် လူသားကို ချစ်သည့်၊ လူသားကို ကယ်တင်သည့်၊ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ကြောင်းကို သင်သိလာနိုင်ရန်ဖြစ်သည်။ အကယ်၍ သင်သည် နိမ့်ကျသောအဆင့်၌ရှိကြောင်း၊ ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင်သိပြီး၊ ယနေ့ သင့်အပေါ်တွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားအောင် ပြုလိုသည်ကို သင်မသိပါက သင်၌ ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ တွေ့ကြုံခံစားရဖို့ နည်းလမ်းပင် ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာသည်မဟုတ်၊ တရားစီရင်ရန်၊ ကျိန်ဆဲရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် အတွက် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးမသတ်မီ၊ လူသားတစ်မျိုးစီ၏ အဆုံးသတ်ကို ထင်ရှားစွာမပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုသည် ကယ်တင်ခြင်းအလို့ငှာသာဖြစ်သည်၊ သူ့ကိုချစ်သော သူများကို အပြည့်အဝစုံလင်စေရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ ကျိုးနွံနာခံလာဖို့ ခေါ်ဆောင်လာရန်အလို့ငှာသာဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ပင်ကယ်တင်စေကာမူ သူတို့၏ ဆိုးယုတ်သော သဘာဝဗီဇဟောင်းမှ သူတို့ကို လွတ်မြောက်အောင် ပြုလုပ်ပေးခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် ကယ်တင်ပေးခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် အသက်ကို မရှာဖွေပါက ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရယူရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ချေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အတွက် လူသားအနေဖြင့် ပိုင်ဆိုင်ထားရမည့်အရာဖြစ်သည်။ လူသား၏ အမြင်တွင် ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ မဖြစ်နိုင်ဟု မြင်သည်၊ ကယ်တင်ခြင်းတွင် ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာအပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များ ပါဝင်ပြီး၊ ဘုရားသခင်က နှင်းအပ်ပေးသည့် အကန့်အသတ်မဲ့သော ကောင်းချီးမင်္ဂလာများ ပါဝင်ရမည်ဟု မြင်သည်။ ဘုရားသခင်က လူသားကို ကယ်တင်သည့်အခါ သူတို့ကို တို့ထိခြင်းအားဖြင့်၊ သူ၏ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်မှတစ်ဆင့် သူ့ထံ၌ သူတို့၏နှလုံးသားများကို ပေးအပ်စေခြင်းတို့အားဖြင့် ကယ်တင်သည်ဟု လူတို့က ယုံကြည်ကြသည်။ တစ်နည်းအားဖြင့် ဆိုသော် လူသားအား သူ၏တို့ထိခြင်းမှာ သူတို့အား သူ၏ ကယ်တင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော ကယ်တင်ခြင်းမျိုးသည် အပေးအယူပြုလုပ်ခြင်း ပါဝင်သည့် ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသားသည် ဘုရားသခင်၏ နာမတော်ရှေ့မှောက်သို့ ကျိုးနွံနာခံလာမည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ကို ဘုန်းထင်ရှားစေမည့်သဘောဖြစ်သည်။ သို့သော် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော် မဟုတ်ပါ။ ဘုရားသခင်သည် အကျင့်ပျက်သော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ မြေကြီးပေါ်သို့ အမှုပြုရန်ကြွလာခဲ့သည်၊ ဤအရာတွင် မုသားမပါချေ၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သူ၏အမှုကိုပြုရန် ကိုယ်တော်တိုင် လုံးဝကြွလာမည်မဟုတ်။ ယခင်က ဘုရားသခင်၏ ကယ်တင်ခြင်း နည်းလမ်းမှာ အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားခြင်း ကရုဏာကို ပြသခြင်းဖြစ်ခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ရန်အတွက် ဘုရားသခင်သည် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိပင်ဖြစ်သည်။ ယနေ့ကာလတွင်မူ ယခင်ကဲ့သို့မဟုတ်။ ယနေ့ကာလ၌ သင်တို့၏ ကယ်တင်ခြင်းသည် တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားချိန် အတွင်းဖြစ်သည့် နောက်ဆုံးသောကာလ၏အချိန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်၊ သင်တို့ကို ကယ်တင်သည့်နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်တော့ဘဲ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရစေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း ဤကဲ့သို့ အကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါသည်ကို သိမှတ်လော့၊ ငါ၏ နှုတ်ကပတ်တော်တို့သည် မည်မျှကြမ်းတမ်းသည်ဖြစ်စေ သင်တို့အပေါ်သို့ ကျရောက်သည့်အရာမှာ သင်တို့အတွက် လုံးဝ အကြင်နာမဲ့ဟန်တူသည့် နှုတ်ကပတ်တော် အနည်းငယ်သာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ ထို့အပြင် ငါ၏ဒေါသသည် မည်မျှပင် ကြီးပါစေ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အဆုံးအမ နှုတ်ကပတ်တော်များသာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ သင့်တို့ကို ထိခိုက်နစ်နာအောင်ပြုရန်၊ သို့မဟုတ် ကွပ်မျက်ရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းပင် မဟုတ်လော။ ယခုခေတ်၌ ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင်ဖြစ်စေ အားလုံးသည် ကယ်တင်ခြင်းအဖို့အလို့ငှာဖြစ်ကြောင်း သိမှတ်လော့။ ယနေ့ တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမှုရှိသည်ဖြစ်စေ၊ သို့မဟုတ် လူသား၏ အမျိုးအစားများကို ဖော်ထုတ်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန်အတွက်ပင် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှာ လူသားကို သန့်စင်စေရန် ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ ကြမ်းတမ်းသောစကားလုံးများ၊ သို့မဟုတ် ဆုံးမခြင်းတို့မှာ သန့်စင်စေရန်သာဖြစ်ပြီး ကယ်တင်ခြင်း အတွက်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်မှာ ရှေးယခင်ကနှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းက သင်တို့ကို ကယ်တင်သည့်အပြင် အမျိုးအစား အလိုက် သင်တို့တစ်ဦးစီကို အုပ်စုခွဲခြားရန်အတွက် တန်ဆာပလာကောင်းပင်ဖြစ်သည်၊ ရက်စက်သည့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့အတွက် အမြင့်ဆုံးသော ကယ်တင်ခြင်းကို ယူဆောင်လာပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ရင်ဆိုင်တွေ့သောအခါ သင်တို့၌ အဘယ်ပြောစရာရှိသနည်း။ ကယ်တင်ခြင်းကို အစမှ အဆုံးတိုင်အောင် သင်တို့မွေ့လျော်ခဲ့သည် မဟုတ်လော။ လူ့ဇာတိ ခံယူသော ဘုရားသခင်၊ သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာနှစ်ခုလုံးကို သင်တို့မြင်ခဲ့ကြပြီးဖြစ်သည်၊ ထို့အပြင် အကြိမ်ကြိမ် ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း သင်တို့ တွေ့ကြုံပြီးဖြစ်သည်။ သို့သော် အဆုံးစွန် ကျေးဇူးတော်ကိုလည်း သင်တို့ရရှိထားကြသည် မဟုတ်လော။ သင်တို့၏ကောင်းချီးမင်္ဂလာများသည် အခြားသူများ၏ ကောင်းချီးမင်္ဂလာတို့ထက် ပို၍ကြီးမားသည် မဟုတ်သလော။ သင်တို့ရရှိသော ကျေးဇူးတော်များမှာ ရှောလမုန်မင်းကြီး ခံစားခဲ့ရသည့် ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများထက် ပို၍ရက်ရောကုံလုံသည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို စီရင်ချက်ချရန်နှင့် အပြစ်ဒဏ်ပေးရန်ဖြစ်ပြီး သင်တို့ကို ကယ်တင်ရန်မဟုတ်ပါက၊ သင်တို့၏နေ့ရက်များသည် ဤမျှကြာရှည်ခံနိုင်ခဲ့လိမ့်မည်လော။ အပြစ်နှင့်ပြည့်သော အသွေးအသားနှင့်ဖြစ်တည်သည့် သင်တို့သည် ယနေ့တိုင်အောင် ရှင်သန်နိုင်ခဲ့လိမ့်မည်လော။ အကယ်၍ ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို အပြစ်ဒဏ် ပေးရန်သာဖြစ်ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ယင်းသို့သော ကြီးလေးသည့်အမှုကို စတင်လုပ်ဆောင်ခဲ့ရမည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့ကို ပြစ်ဒဏ်ပေးရန်မှာ စကားတစ်ခွန်းကို မိန့်မြွက်ချိန်သာ ကြာမည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် စီရင်ချက်ချပြီးနောက် သင်တို့ကို ဖျက်ဆီးပစ်ရန် လိုနေဦးမည်လော။ ငါပြောသော ဤနှုတ်ကပတ်တော်များကို သင်တို့မယုံကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာအားဖြင့်သာ လူသားကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူသားကို ကယ်တင်ရန် ကားတိုင်ပေါ်တွင် အသေခံခြင်းကိုသာ ငါအသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားက လူသားတို့ကို လုံးလုံး နာခံလာရန် ပို၍ထောက်ကူနေသည် မဟုတ်လော။ ဤအရာက လူသားတို့ကို စေ့စေ့စပ်စပ် ပို၍ကယ်တင်နိုင်သည် မဟုတ်လော။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” | ကောက်နုတ်ချက် ၅၅၁

ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုရှိရန် ချင့်ချိန်တတ်ခြင်း၊ နာခံတတ်ခြင်းနှင့် သိမြင်နိုင်သောအစွမ်းတို့ ရှိရန်ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” | ကောက်နုတ်ချက် ၅၂၅

ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” | ကောက်နုတ်ချက် ၆၀၉

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” | ကောက်နုတ်ချက် ၂၀၁

နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ...