ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၁

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို လမ်းပြခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ များစွာ သိပ်မရှိခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် လောကနှင့်သက်ဆိုင်၍ သိနားလည်မှု အလွန်နည်းပါးခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလ အမျိုးသားတို့သည် ယေဟောဝါကို လုံးဝ နာခံခဲ့ကြသည်။ ယဇ်ပလ္လင်များကို တည်ဆောက်ဖို့ ၎င်းတို့ကို ပြောခဲ့သည့် အချိန်တွင်၊ ယဇ်ပလ္လင်များကို ၎င်းတို့ အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ ယဇ်ပရောဟိတ်များ၏ ဝတ်ရုံများကို ဝတ်ဆင်ဖို့ ၎င်းတို့ကို ပြောသည့်အချိန်တွင်၊ ၎င်းတို့ နာခံခဲ့ကြသည်။ ထိုနေ့ရက်ကာလများတွင်၊ ယေဟောဝါသည် သိုးထိန်း၏ လမ်းပြမှုနောက်လိုက်ရင်းနှင့် စားကျက်တွင် မြက်ကိုစားနေသည့် သိုးများနှင့်အတူရှိလျက် သိုးစုတစ်စုကို ထိန်းကျောင်းနေသည့် သိုးထိန်းတစ်ဦးအလား ဖြစ်ခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ စားပုံ၊ ဝတ်ပုံ၊ နေထိုင်ပုံနှင့် ခရီးသွားပုံတို့တွင် ၎င်းတို့ကို ဦးဆောင်ရင်း ၎င်းတို့၏ အသက်တာများကို လမ်းပြခဲ့သည်။ ထိုအချိန်က လူသားမျိုးနွယ်သည် မွေးကင်းစဖြစ်ခဲ့သည့်အတွက် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပေါ်လွင်စေသည့်အချိန် မဟုတ်ခဲ့ပေ။ ပုန်ကန်တတ်ပြီး ရန်မူလိုသူ အနည်းငယ်ရှိခဲ့သည်၊ လူသားမျိုးနွယ်ကြားတွင် ညစ်ညူးမှုများစွာ မရှိခဲ့၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအဖို့ အဖြည့်ခံအဖြစ် မပြုမူနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။ ဘုရားသခင်သည် သင်တို့အလယ်၌ ရပ်ဖို့ရန်၊ ကောင်းကင်မှ ဆင်းကြွလာပြီးဖြစ်သည်၊ သင်တို့၏ ညစ်ညူးမှုနှင့် ပုန်ကန်မှုတို့အားဖြင့် ထင်ရှားလာပြီး ဖြစ်သည်ကို ယနေ့တွင်သာ သင်တို့ နားလည်ကြခြင်းဖြစ်ပြီး၊ ယခုတွင်သာ ဘုရားသခင်ကို သင်တို့ သိကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ချီးမြှောက်မှု မဟုတ်လော။ အမှန်တွင်၊ သင်တို့သည် အရွေးချယ်ခံရသည့် တရုတ်ပြည်ထဲက လူစုတစ်စု ဖြစ်သည်။ သင်တို့ အရွေးချယ်ခံရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ကြပြီးဖြစ်သောကြောင့်၊ ပြီးလျှင် ဤကဲ့သို့ ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ဖို့ သင်တို့ မထိုက်တန်သောကြောင့်၊ ဤအရာအားလုံးသည် သင်တို့ကို အထွတ်အထိပ် ချီးမြှောက်ခြင်းဖြစ်သည်ကို ဤအရာက သက်သေပြ လေသည်။ ဘုရားသခင်သည် သင်တို့ထံ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ သန့်ရှင်းသော စိတ်သဘောထားကို အလုံးစုံ သင်တို့အား ပြသလေပြီ၊ ပြီးလျှင် ထိုအရာအားလုံးကို သင်တို့အား သူပေးပြီးဖြစ်ကာ သင်တို့ မွေ့လျော်ဖို့ ဖြစ်နိုင်သည့် ကောင်းချီးမင်္ဂလာအားလုံးကို သင်တို့အား မွေ့လျော်စေလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြည်းစမ်းပြီး ဖြစ်သည်သာမက၊ ၎င်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့၊ အဆုံးမရှိ ချစ်ခြင်းမေတ္တာကို သင်တို့ မြည်းစမ်းပြီးလေပြီ။ အားလုံးထဲတွင် အညစ်ညူးဆုံးဖြစ်သည့် သင်တို့သည် ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ကြလေပြီ- သင်တို့သည် ကောင်းချီးခံစားရသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သင်တို့ကို ချီမနေခြင်း မဟုတ်လော။ အသင် လူတို့သည် အားလုံးထဲတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းများ ရှိကြ၏၊ သင်တို့သည် ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မွေ့လျော်ရန် ပင်ကိုအားဖြင့် မထိုက်တန်ကြချေ၊ သို့တိုင် ဘုရားသခင်သည် သင့်ကို ချီမခြင်းဖြင့် ခြွင်းချက်တစ်ခု ပြုလုပ်ပြီးဖြစ်သည်။ သင် မရှက်ဘူးလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပါက၊ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အရှက်ရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် အပြစ်ပေးလိမ့်မည်။ ယနေ့တွင်၊ သင်သည် ဆုံးမပဲ့ပြင်ခြင်း မခံရသကဲ့သို့ အပြစ်ပေးမခံရပေ။ သင်၏ ဇာတိပကတိသည် လုံခြုံပြီး အကောင်းပကတိဖြစ်၏- သို့သော် နောက်ဆုံးတွင် ဤနှုတ်ကပတ်တော်များက သင့်ကို အရှက်ရ စေလိမ့်မည်။ ယနေ့ထိ၊ မည်သူကိုမျှ ငါသည် ပွင့်ပွင့်လင်းလင်း ပြစ်တင်ဆုံးမခြင်း မပြုသေး။ ငါ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်ကောင်း ပြင်းထန်နိုင်သည်၊ သို့သော် လူတို့အပေါ် ငါ အဘယ်သို့ ပြုမူသနည်း။ ၎င်းတို့ကို ငါ နှစ်သိမ့်ပြီး တိုက်တွန်းကာ သတိပေး၏။ ငါသည် သင်တို့ကို ကယ်တင်ဖို့ထက် မည်သည့် အကြောင်းရင်းအတွက်မျှ ငါ မလုပ်ဆောင်ပေ။ ငါ၏ အလိုကို အမှန်တကယ် သင်တို့ နားမလည်သလော။ ငါပြောသည့်အရာကို သင်တို့နားလည်သင့်ပြီး ယင်းအားဖြင့် လှုံ့ဆော်ခံရသင့်၏။ ယခုအချိန်တွင်သာ နားလည်သောသူ များစွာ ရှိပေသည်။ ဤသည်မှာ အဖြည့်ခံဖြစ်ခြင်း၏ ကောင်းချီးမင်္ဂလာ မဟုတ်လော။ အဖြည့်ခံဖြစ်ခြင်းသည် ကောင်းချီး အခံစားရဆုံးသောအရာ မဟုတ်လော။ နောက်ဆုံးတွင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သင်တို့သွားသည့်အခါ၊ “ကျွန်ုပ်တို့သည် သာမန် အဖြည့်ခံများ ဖြစ်ကြသည်” ဟု သင်တို့ ပြောလိမ့်မည်။ ၎င်းတို့က “သင်တို့က သာမန် အဖြည့်ခံများဖြစ်သည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု သင်တို့ကို မေးကြလိမ့်မည်။ ပြီးလျှင် သင်က “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုအဖို့နှင့် သူ၏ ကြီးမားသော တန်ခိုးအာဏာအဖို့ အဖြည့်ခံဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံသည် ကျွန်ုပ်တို့၏ ပုန်ကန်မှုအားဖြင့် ဖော်ပြခံရသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ဘုရားအမှုတော်၏ အသုံးတော်ခံအရာများ ဖြစ်ကြသည်၊ သူ့ အမှုတော်နှင့် တွဲဆက်ထားသော အရာများ ဖြစ်ကြပြီး ယင်း၏ တန်ဆာပလာများလည်း ဖြစ်ကြသည်” ဟု ပြောကြလိမ့်မည်။ ယင်းကို ၎င်းတို့ ကြားသည့်အခါ၊ စိတ်ဝင်စားကြလိမ့်မည်။ ထို့နောက်၊ သင်က၊ “ကျွန်ုပ်တို့သည် စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော ဘုရားသခင်၏ အမှု ပြီးပြည့်စုံခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို သူ၏ သိမ်းပိုက်ခြင်း အတွက် နမူနာများနှင့် စံပုံစံများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ညူးသည်ဖြစ်စေ၊ အချုပ်အားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မြင်တွေ့ပြီးဖြစ်သည့်အတွက် သင်တို့ထက် သာ၍ ကောင်းချီး ခံစားရဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို သူ၏ သိမ်းပိုက်ခြင်း အခွင့်အလမ်းမှတစ်ဆင့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ပြသပေသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားက အစပျိုးလိုက်သည်မှာ ကျွန်ုပ်တို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ဤသို့ သက်သေခံနိုင်စွမ်း ရှိကြသလော။ သင်တို့သည် အရည်အချင်း မပြည့်မီကြပေ။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းမှလွဲ၍ ဘာမျှမဟုတ်ပေ။ ကျွန်ုပ်တို့သည် စိတ်ကြီးမဝင်သော်လည်း၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကတိတော်တစ်ခုကို မမွေ့လျော်နိုင်သကဲ့သို့၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မမွေ့လျော်နိုင်သည့် အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ဝင့်ကြွားစွာ ချီးမွမ်းနိုင်၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း အလွန်ညစ်ညူးသူများဖြစ်သည့် ကျွန်ုပ်တို့သည် အဖြည့်ခံများအဖြစ် အလုပ်လုပ်နိုင်ကြသည့်အတွက် ကျွန်ုပ်တို့ အလွန် ကျေးဇူးတင်ရှိကြသည်” ဟု ပြောလိမ့်မည်။ ၎င်းတို့က၊ “နမူနာများနှင့် စံပုံစံများဆိုသည်မှာ အဘယ်နည်း” ဟု မေးကြသည့်အခါ၊ သင်က “ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ထဲမှ အပုန်ကန်ဆုံးနှင့် အညစ်ညူးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အကြီးကျယ်ဆုံး ဖျက်ဆီးခြင်း ခံရကြပြီးဖြစ်ကာ၊ ဇာတိပကတိနှင့်သက်ဆိုင်၍ ခေတ်အနောက်ကျဆုံးနှင့် အနိမ့်ကျဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အသုံးပြုခြင်း ခံရသူများ၏ ဂန္တဝင် ပုံသက်သေများ ဖြစ်သည်။ ယနေ့တွင်၊ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် ပထမဆုံး သိမ်းပိုက်ခံမည့်သူများအဖြစ် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရပြီးဖြစ်ကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ ရှုမြင်ရပြီး ဖြစ်သကဲ့သို့ သူ၏ ကတိကို အမွေခံရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် လူတို့ကို ထပ်ပြီး သိမ်းပိုက်ဖို့ အသုံးပြုခံနေရခြင်းဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် သိမ်းပိုက်ခံရသူများ၏ နမူနာများနှင့် စံပုံစံများ ဖြစ်ကြပေသည်” ဟု ပြောလိမ့်မည်။ ဤစကားများထက် ပိုမိုကောင်းမွန်သည့် သက်သေခံချက် မရှိသကဲ့သို့၊ ဤသည်မှာ သင်၏ အကောင်းဆုံးသော အတွေ့အကြုံ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၅

ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၅

နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အလုပ်မှာ စိတ်ဒဏ်ရာ ကြီးမားစွာ ခံစားခဲ့ရသော ၎င်းတို့၏ နှလုံးသားသည် ပြန်လည် ပုံသွင်းခြင်း ခံရပြီး နတ်ဆိုး၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသော ထိုလူများ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ချက် မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတစ်ချို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၀

ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။