ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင်ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည်

လူအယောက်တိုင်း ပူပန်သောအရာမှာ ၎င်းတို့၏ အဆုံးသတ်ရလဒ်ပင် ဖြစ်သည်ကို ထောက်ဆလျက်၊ ဘုရားသခင်သည် ထိုအဆုံးသတ်ရလဒ်ကို မည်ကဲ့သို့ အဆုံးအဖြတ်ပေးကြောင်း သင်တို့သိသလော။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို မည်သည့်ပုံစံဖြင့် သတ်မှတ်သနည်း။ ထို့ပြင် ယင်းကိုသတ်မှတ်ရန် မည်သည့်စံနှုန်းအမျိုးအစားကို သူအသုံးပြုသနည်း။ လူ၏အဆုံးသတ်ရလဒ်ကို မသတ်မှတ်ရသေးသည့်အချိန်တွင် ဘုရားသခင်သည် ယင်းကို ထုတ်ဖော်ရန်အတွက် မည်သည့်အရာကို ပြုလုပ်သနည်း။ တစ်ယောက်ယောက် သိသလော။ ခုတင်က ငါပြောခဲ့သည်နှင့်အညီ လူတို့၏ အဆုံးသတ်ရလဒ်အကြောင်း၊ ဤအဆုံးသတ်များကို ပိုင်းခြားသည့် အတန်းအစားများအကြောင်းနှင့် ခြားနားသော လူအမျိုးမျိုးကို စောင့်ဆိုင်းလျက်ရှိသော အဆုံးသတ်ရလဒ် အမျိုးမျိုးအကြောင်း သဲလွန်စများကို ရှာဖွေရန် အားထုတ်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာ သုတေသနပြုနှင့်ပြီးသောသူ အချို့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ကြောင်း၊ သူက မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်းနှင့် လူတစ်ဦး၏ အဆုံးသတ်ကို သူ မည်သို့ အတိအကျ သတ်မှတ်ကြောင်းတို့ကိုလည်း ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြသည်။ သို့သော်လည်း အဆုံးတွင် ဤလူတို့သည် မည်သည့်အဖြေကိုမျှ လုံးဝမတွေ့ရှိဖြစ်ကြပေ။ အမှန်အားဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်နည်းပါးစွာ ဖော်ပြထားလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ အဆုံးသတ်များကို မထုတ်ဖော်သေးသရွေ့ ဘုရားသခင်သည် အဆုံးတွင် အဘယ်အရာ ဖြစ်ပျက်မည့်အကြောင်းအား မည်သူ့ကိုမျှ မပြောလိုသည့်အပြင်၊ သူသည် မည်သူ့ကိုမျှ ၎င်းတို့၏ ခရီးဆုံးပန်းတိုင်အကြောင်း ကြိုတင်၍ အသိပေးလိုခြင်းမရှိ၊ အကြောင်းမှာ ထိုသို့ပြုခြင်းက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ယခု ဤနေရာတွင် လူ၏ အဆုံးသတ်ရလဒ်ကို ဘုရားသခင် သတ်မှတ်သော ပုံစံ၊ လူတို့၏ အဆုံးသတ်ရလဒ်များကို ဆုံးဖြတ်ပေးသည့် ပုံစံအကြောင်း၊ ဤအဆုံးသတ် ရလဒ်များကို ဆုံးဖြတ်ရန်နှင့် ထင်ရှားစေရန်အတွက် သူ၏အမှုထဲတွင် သူအသုံးချသော နိယာမများအကြောင်းအပြင်၊ တစ်စုံတစ်ဦးက အောင်မြင်ကျော်လွှားနိုင်ခြင်းရှိမရှိ သတ်မှတ်ရန်အတွက် သူသုံးသော စံနှုန်းအကြောင်းကိုသာ ငါ သင်တို့အား ပြောလိုသည်။ ဤသည်တို့မှာ သင်တို့ အပူပန်ဆုံးသော မေးခွန်းများ ဖြစ်သည်မဟုတ်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ရလဒ်များကို မည်ကဲ့သို့ သတ်မှတ်သည်ဟုလူတို့ ယုံကြည်ကြသနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းကို ယခုလေးတင် သင်တို့ ဖော်ပြခဲ့ကြသည်- သင်တို့အချို့က ၎င်းသည် လူတစ်ဦး၏ တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အတွက် အသုံးခံခြင်း နှင့်ဆိုင်သည်ဟု ဆိုကြသည်။ အချို့က ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်ဟု ပြောကြသည်၊ အချို့က အခြေခံအကြောင်းမှာ ဘုရားသခင် စီရင်သမျှကို ခံယူခြင်းဖြစ်သည်ဟု ဆိုကြပြီး အချို့က အဓိကအချက်မှာ ရိုးရိုးကုပ်ကုပ် အသက်တာကို နေထိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။...သင်တို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သည့်အခါနှင့် သင်တို့သည် မှန်ကန်သည်ဟု ယုံကြည်သော နိယာမများနှင့်အညီ လက်တွေ့လုပ်ဆောင်သည့်အခါ ဘုရားသခင်က မည်သို့ သဘောရကြောင်းကို သင်တို့သိသလော။ ဤကဲ့သို့ ရှေ့ဆက်ခြင်းက ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းရှိမရှိ သင်တို့ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းက သူ၏စံနှုန်းကို ပြည့်မီသလော။ ၎င်းက သူ၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးသလော။ လူအများစုသည် ဤမေးခွန်းများကို အမှန်တကယ် အချိန်ယူ မစဉ်းစားကြသည်ကို ငါယုံကြည်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် တရားဟောချက်များ အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် အချို့သော ဝိညာဉ်ရေးရာပုဂ္ဂိုလ်တို့၏ စံနှုန်းများကို စက်ရုပ်ကဲ့သို့သာ ကျင့်သုံးပြီး မိမိကိုယ်ကို ဟိုဟာသည်ဟာလုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အဆုံး၌ မည်သို့ဖြစ်လာစေကာမူ ၎င်းကို ဆက်၍ လိုက်နာစောင့်ထိန်းပြီး လုပ်ဆောင်ကြသည်။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းအတော်ကြာ ယုံကြည်မှုရှိခဲ့ပြီးပြီ၊ ဤနည်းလမ်းကို ကျွန်ုပ်အမြဲ လက်တွေ့လုပ်ဆောင်ခဲ့ပြီးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေပြီဟု ခံစားရပြီး ထိုမှ မြောက်မြားစွာကို ရရှိခဲ့ပြီဟုလည်း ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကျွန်ုပ်သည် မြောက်မြားစွာသော သမ္မာတရားများအပြင် ယခင်က ကျွန်ုပ်နားမလည်ခဲ့သော အမှုအရာများစွာကို နားလည်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်၏ အတွေးအခေါ်များနှင့် အမြင်များစွာ ပြောင်းလဲခဲ့သည်၊ ကျွန်ုပ်၏ အသက်တာ တန်ဖိုးများ အကြီးအကျယ် ပြောင်းလဲခဲ့ပြီဖြစ်ပြီး ဤလောကကြီးအပေါ် အတော်အတန်ကောင်းသော နားလည်ခြင်း ယခု ကျွန်ုပ်၌ရှိသည်” ဟု ထင်တတ်ကြသည်။ ယင်းကဲ့သို့သော လူများက ဤသည်မှာ ရိတ်သိမ်းမှု တစ်ခုဖြစ်ပြီး လူသားတို့အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့၏ ထင်မြင်ချက်ထဲတွင် ဤစံနှုန်းများနှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးကို ခြုံငုံ၍ဆိုပါက သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသလော။ လူအချို့က “ဟုတ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင် နေသည်၊ ကျွန်ုပ်တို့သည် အထက်တွင် ဟောပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည့် အရာနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အမြဲထမ်းရွက်နေကြပြီး ဘုရားသခင်နောက် အမြဲလိုက်နေကြကာ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သည့်အခါမှ စွန့်ခွာခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေကြောင်း ယုံကြည်မှုအပြည့်အဝဖြင့် ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်မျှပင် နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှပင် နားလည်ပါစေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးစားရှာဖွေနေခြင်း လမ်းကြောင်းပေါ်၌ အမြဲရှိနေခဲ့သည်။ ကျွန်ုပ်တို့သည် မှန်ကန်စွာပြုမူပြီး မှန်ကန်စွာ လက်တွေ့ လုပ်ဆောင်နေသရွေ့ မှန်ကန်သောရလဒ် ရရှိရန် သေချာပါသည်” ဟု အကြွင်းမဲ့ သေချာမှုဖြင့် ဆိုကြမည်ဖြစ်သည်။ ဤရှုထောင့်နှင့်ပတ်သက်၍ သင်တို့ မည်ကဲ့သို့ထင်သနည်း။ ၎င်းမှာ မှန်ကန်သလော။ “ဤအရာများကို ယခင်က ကျွန်ုပ် တစ်ခါမျှမတွေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဆက်လက်ဖြည့်ဆည်းပြီး ဘုရားသခင့် မိန့်မြွက်ချက်များ၏ တောင်းဆိုချက်များနှင့်အညီ ဆက်၍ လုပ်ဆောင်နေသရွေ့ ကျွန်ုပ်သည် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဟုသာ ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ခြင်းရှိမရှိ ဟူသော မေးခွန်းကို ကျွန်ုပ် တစ်ခါမှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိသကဲ့သို့ ကျွန်ုပ်သည် သူသတ်မှတ်ထားသော စံနှုန်းနှင့် ပြည့်မီခြင်း ရှိမရှိကို ကျွန်ုပ်တစ်ခါမျှ ဆင်ခြင်သုံးသပ်ခဲ့ခြင်းလည်း မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်အား ရှင်းလင်းသောလမ်းညွှန်ချက် တစ်ခုကိုမျှ ပြောပြခဲ့ခြင်း သို့မဟုတ် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် ကျွန်ုပ်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ပြီး မရပ်တန့်သရွေ့ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး ကျွန်ုပ်ကို နောက်ထပ် တောင်းဆိုချက်များ ပြုမည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်” ဟု ဆိုသော သူအချို့လည်း ရှိကောင်းရှိမည်။ ဤယုံကြည်ချက်များမှာ မှန်သလော။ ငါ၏ခံယူချက်မှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤကဲ့သို့ တွေးခေါ်ခြင်းနှင့် ဤ ရှုထောင့်အမြင်များအားလုံးတွင် စိတ်ကူးယဉ်မှုများအပြင် ကျိုးကြောင်း မမြင်မှုလည်း အနည်းငယ်ပါဝင်သည်။ ဤအရာကို ငါပြောသည့်အခါ၊ “ကျိုးကြောင်းမမြင်မှု ဟုတ်စ၊ အကယ်၍ ဤအရာက ကျိုးကြောင်းမမြင်မှု ဖြစ်လျှင် ကယ်တင်ခြင်းနှင့် အောင်မြင်ကျော်လွှားခြင်းအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ အလွန်ပင်နည်းပြီး မသေမချာဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ သုံးနှုန်းခြင်းဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည် မဟုတ်လော” ဟု စဉ်းစား၍ အချို့သောသင်တို့ကို အနည်းငယ် စိတ်ပျက်အားလျော့ကောင်း အားလျော့စေမည်။ သင်တို့ မည်သည့်အရာကို ယုံကြည်ပါစေ၊ ငါပြောသောအရာများနှင့် ပြုသောအရာများသည် သင်တို့ကို စိတ်ပျက်စေသကဲ့သို့ ခံစားရစေရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့၏ သိနားလည်မှု တိုးတက်စေပြီး ဘုရားသခင် စဉ်းစားသောအရာ၊ သူဖြစ်မြောက်စေလိုသောအရာ၊ သူသဘောကျသော လူအမျိုးအစားများ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူရွံမုန်းသောအရာ၊ သူရယူလိုသော လူအမျိုးအစားနှင့် သူပစ်ပယ်သော လူအမျိုးအစား နှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှု တိုးပွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ သင်တို့၏ စိတ်အာရုံတို့ကို ရှင်းလင်းမှုပေးရန်၊ သင်တို့ တစ်ဦး တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများနှင့် အတွေးများသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမှ အဘယ်မျှ လမ်းလွဲနေခဲ့ပြီ ဖြစ်ကြောင်းကိုသာ သင်တို့အား ရှင်းလင်းသောနားလည်မှု ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သလော။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး များလှစွာသော တရားဟောချက်တို့ကို နားထောင်ခဲ့ပြီးဖြစ်ကြောင်း ငါသိသည်၊ သို့သော်လည်း ဤသည်တို့မှာ သင်တို့ အချို့တဲ့ဆုံးသော အရာများပင် အတိအကျဖြစ်သည်။ သမ္မာတရားတိုင်းကို မှတ်စုစာအုပ်များထဲတွင် သင်တို့ ရေးမှတ်ခဲ့ကြပြီး သင်တို့ဖာသာ အရေးကြီးသည်ဟု ယုံကြည်သည့် အချို့သောအရာများကို သင်တို့စိတ်နှလုံးထဲ၌ ကျက်မှတ်ကာ ကမ္ပည်းထိုးထားကြစေကာမူ၊ ထို့ပြင် သင်တို့လက်တွေ့လုပ်ဆောင်စဉ်အတွင်း ဘုရားသခင်ကို ကျေနပ်စေဖို့ ဤအရာများကို အသုံးပြုရန်၊ သင်တို့ မိမိကိုယ်ကိုယ် အကူအညီလိုအပ်သည်ဟု တွေ့မြင်သောအခါ ၎င်းတို့ကို အသုံးပြုရန်၊ ရှေ့လျှောက်ရှိနေသည့် ခက်ခဲသောအချိန်များကို ကျော်ဖြတ်ရာတွင် ၎င်းတို့ကို အသုံးပြုရန်၊ သို့မဟုတ် သင်တို့၏ အသက်တာများကို နေထိုင်စဉ် ဤအရာများကို သင်တို့နှင့်အတူ ပါရှိစေရန်သက်သက်သာ အသုံးပြုရန် သင်တို့ ကြံစည်ထားကြစေကာမူ၊ ငါ၏ခံယူချက်မှာ သင်တို့သည် ယင်းကိုသာ ပြုလုပ်နေပါက သင်တို့ မည်သို့မည်ပုံ လုပ်ဆောင်ပါစေ၊ ယင်းက သိပ်အရေးမကြီးပေ။ ထိုသို့ဆိုသော် အလွန်အရေးကြီးသည့် အရာမှာ အဘယ်နည်း။ အရေးကြီးဆုံးမှာ သင် လက်တွေ့လုပ်ဆောင်နေစဉ်တွင် သင် လုပ်ဆောင်နေသမျှ၊ လုပ်ဆောင်မှု တစ်ခုစီတိုင်းသည် ဘုရားသခင် အလိုရှိသောအရာနှင့် သင့်မြတ်မှုရှိမရှိ၊ ထို့ပြင် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ စိတ်ကူးများအားလုံးနှင့် သင်ရရှိလိုသော ရလဒ်များနှင့် ရည်မှန်းချက် ပန်းတိုင်တို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်းရှိမရှိ၊ ထို့ပြင် ၎င်းတို့အား ဘုရားသခင် လက်ခံမခံ ဆိုသည်တို့ကို သင်၏ စိတ်နှလုံးက လုံးဝကျိန်းသေသိရမည်ဖြစ်သည်။ ဤသည်တို့မှာ အလွန်အရေးကြီးသော အရာများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၀

သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၉

ဘုရားသခင်၌ အခြားလုပ်စရာ အလုပ်များစွာ ထပ်ရှိနေသောကြောင့် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် အစဉ်အမြဲ လူနှင့်အတူ မနေနိုင်ပါ။ သူသည် ဇာတိခန္ဓာ၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၃

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်၊ လူသား၌ သူ၏အမှု စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၆

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။