ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇

လူတို့၏ ကံကြမ္မာကို ဘုရားသခင်အပေါ်၌ရှိသော သူတို့၏ သဘောထားအားဖြင့် ဆုံးဖြတ်သည်

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့် ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ်အတွက် ထိုက်တန်သော လေ့လာလိုက်စားမှုတစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော သြဝါဒများ၊ ကျမ်းဟောင်းတရားများနှင့် အယူအဆ သဘောတရားများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏အမှုကို လူသားများက မြင်နိုင်ခြင်းနှင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ့အပေါ် လူတစ်ဦး တစ်ယောက်ချင်းစီ၏ သဘောထားနှင့်အတူ လုပ်ဆောင်ချက်များမှာ ဘုရားသခင် အတွက် သိသာထင်ရှားသည်သာမက မြင်လည်းမြင်နိုင်ပေသည်။ ဤအရာမှာ လူတိုင်းလက်ခံထားပြီး ရှင်းရှင်းလင်းလင်း သိသင့်သောအရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသောအရာကို ဘုရားသခင်သိသလော။ ယခုလက်ငင်း ကျွန်ုပ်တွေးနေသောအရာကို သူသိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့ရှုထောင့်မျိုးကို ခံယူကာ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်နေလျက်နှင့် သူ၏အမှုနှင့် သူ၏တည်ရှိခြင်းကို သံသယထားပါက သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါးတစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေပြီ ဖြစ်သောကြောင့် သင် သူ၏ဒေါသကို နှိုးဆွပေးမည့် နေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသော်လည်း ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မဆိုနှင့်၊ သမ္မာတရား၏ စစ်မှန်မှုကို မရသေးသော လူတို့ကို ကျွန်ုပ်တွေ့မြင်ခဲ့ပြီ။ ဤလူတို့သည် ၎င်းတို့၏ဘဝနှင့် ဝိညာဉ်အသက်တာ၌ တိုးတက်မှုမရှိဘဲ အတိမ်ပါးဆုံးသော သြဝါဒများကိုသာ လိုက်နာစောင့်ထိန်းလျက် ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်၌ကို အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်း မရှိဖူးခဲ့ကြသည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်းနှင့် လက်ခံခြင်း မရှိဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူများကိုမြင်သောအခါ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်သလော။ ၎င်းတို့သည် သူ့ကို စိတ်ချမ်းသာစေကြသလော။ ထို့ကြောင့် ယင်းမှာ ၎င်းတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘုရားသခင်အပေါ် လူတို့ ယုံကြည်သည့်ပုံစံပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင်၏ ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းဆုံးမှ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတစ်ချို့ကို ငါအကြံတစ်ချို့ ပေးလိုသည်- ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝသတ်မှတ်ထားပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်။ လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင် ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေအယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်၏ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သောဘက်မှာ မှန်ကန်သည့်အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင် ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင်ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမအား မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ခိုင်ခံ့သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို မိတ်သဟာယပြုပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အသည်းအသန် ရှာဖွေရမည်။ သင်ယုံကြည်သည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ ဘုရားသခင်နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းအားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။ ဤအရာကို အောက်မေ့ကြလော့။ ဤနေရာတွင် သင်တို့ကြားရန် လိုအပ်ခဲ့သော အမှန်တရားအချို့ကို ငါ ဆွေးနွေးပြီးသော်လည်း သင်တို့၏ လက်ရှိ အခြေအနေနှင့် လက်ရှိ ဝိညာဉ်အသက်တာအရ သင်တို့၏ စိတ်အားထက်သန်မှု မကုန်ခန်းစေရန်အတွက် ငါသည် ပို၍ကြီးမားသော မည်သည့် တောင်းဆိုချက်များကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းသည် သင်တို့၏ စိတ်နှလုံးများကို စိတ်ဓာတ်ကျစရာ မြောက်များစွာနှင့် ပြည့်နှက်စေ၍ သင့်အား ဘုရားသခင်အပေါ် စိတ်ပျက်မှု မြောက်များစွာကို ခံစားရစေနိုင်ပါသည်။ ယင်းအစား သင်တို့သည် သင်တို့၏ စိတ်နှလုံးထဲ၌ရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုနိုင်ပြီး ရှေ့တွင်ရှိသည့်လမ်းကြောင်း၌ လျှောက်လှမ်းသည့်အခါ ဘုရားသခင်အပေါ် ရိုသေလေးစားသော သဘောထားတစ်ခုကို အသုံးပြုနိုင်မည်ဟု ငါမျှော်လင့်ပါသည်။ ဘုရားသခင် အပေါ် မည်သို့ယုံကြည်ရမည့် အကြောင်းအရာကို အိုးနင်းခွက်နင်း မပြုနှင့်။ ယင်းကို အကြီးမားဆုံးသော ရှိရင်းစွဲပြဿနာများထဲမှ တစ်ခုအဖြစ် သဘောထားလော့။ ၎င်းကို သင်၏ စိတ်နှလုံးထဲ၌ ထားလော့၊ ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး၊ ၎င်းကို လက်တွေ့ဘဝနှင့် ဆက်စပ်လော့။ နှုတ်ပြောမျှဖြင့်သာ မပြုကြနှင့်၊ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သေရေးရှင်ရေး ကိစ္စတစ်ခုဖြစ်ပြီး သင်၏ ကံတရားကို ဆုံးဖြတ်မည့် ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းကို ဟာသတစ်ခုအဖြစ် သို့မဟုတ် အလွန်လွယ်ကူသောအရာ တစ်ခုကဲ့သို့ သဘောမထားကြလေနှင့်။ ဤနှုတ်ကပတ်တော်များကို သင်တို့အား ယနေ့ ငါဝေငှပြီးနောက်တွင် သင်တို့၏ စိတ်နှလုံးက သိနားလည်ခြင်း အဘယ်မျှ ဆွတ်ခူးထားသည်ကို ငါသိလိုသည်။ ယနေ့ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာများနှင့်ပတ်သက်၍ သင်တို့မေးလိုသော မေးခွန်းတစ်စုံတစ်ရာ ရှိသလော။

ဤအကြောင်းအရာများမှာ အနည်းငယ် အသစ်ဖြစ်ပြီး သင်တို့၏ အမြင်များ၊ သင်တို့၏ ပုံမှန် လေ့လာလိုက်စားမှုများနှင့် အာရုံစိုက်သောအရာများနှင့် အနည်းငယ် ခြားနားသော်လည်း ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ သင်တို့ မိတ်သဟာယပြုပြီးသည့်အခါ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာတိုင်းအပေါ် သင်တို့၌ သာမန်သိနားလည်ခြင်း တိုးပွားလာမည်ဟု ငါထင်ပါသည်။ ဤအရာများမှာ လုံးဝအသစ်ချည်းဖြစ်ပြီး ယခင်က သင်တို့ ဆင်ခြင်သုံးသပ်ခြင်း လုံးဝမရှိခဲ့ဖူးသော အကြောင်းအရာအသစ်များ ဖြစ်သောကြောင့် ၎င်းတို့က မည်သည့်နည်းနှင့်မျှ သင်တို့၏ဝန်ကို ထပ်တိုးစေလိမ့်မည် မဟုတ်ဟု ငါမျှော်လင့်ပါသည်။ ငါသည် ယနေ့ ဤ နှုတ်ကပတ်တော်များကို သင်တို့အား ခြောက်လှန့်ရန် ပြောနေခြင်း မဟုတ်သည့်အပြင် သင်တို့ကို အရေးယူမည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ ထို့ထက် ငါ၏ရည်မှန်းချက်မှာ အမှန်တရား၏ တကယ့် အချက်အလက်များကို သင်တို့နားလည်ဖို့ အကူအညီပေးရန်ပင် ဖြစ်သည်။ လူသားမျိုးနွယ်နှင့် ဘုရားသခင်အကြားတွင် ကွာဟချက်တစ်ခုရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ နားလည်ခြင်း သို့မဟုတ် သူ၏သဘောထားကို သိခြင်း မရှိခဲ့ပေ။ လူတို့သည် ဘုရားသခင်၏ သဘောထားအတွက် သူ၏ အလေးထားမှုတွင် မည်သည့်အခါမျှ စိတ်အားထက်သန်ခဲ့ဖူးခြင်းလည်း မရှိပေ။ ထို့ထက် သူတို့သည် မမြင်မကန်းနှင့် ယုံကြည်လျက် ရှေ့ဆက်ခဲ့ပြီး ဘုရားသခင်အပေါ် သူတို့၏ သိခြင်းနှင့် နားလည်မှုတွင် အရေးထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ငါသည် သင်တို့အတွက် ဤအကြောင်းအရာများကို ရှင်းလင်းရန်နှင့် သင်တို့ ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့သော ဘုရားသခင်မျိုးဖြစ်ကြောင်းသာမက သူသည် မည်သည့်အရာကို စဉ်းစားနေကြောင်း၊ မတူညီသော လူအမျိုးမျိုးအပေါ် သူ၏ဆက်ဆံမှု၌ သူ၏သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ သူ၏ သတ်မှတ်ချက်များ ဖြည့်ဆည်းခြင်းမှ သင်တို့ မည်မျှဝေးကွာနေကြောင်းနှင့် သင်တို့၏ လုပ်ဆောင်ချက်များနှင့် သူတောင်းဆိုသော စံနှုန်းအကြား ကွာဟချက်မှာ မည်မျှကြီးမားကြောင်း သင်တို့ နားလည်စေဖို့ မဖြစ်မနေကူညီရမည်ဟု ငါခံစားရသည်။ ဤအရာများကို သင်တို့အား အသိပေးခြင်း၏ ရည်မှန်းချက်မှာ မိမိကိုယ်ကိုယ် တိုင်းတာရမည့် စံတစ်ခုကိုပေးရန် ဖြစ်ပြီး သို့မှသာ သင်တို့ရှိနေသောလမ်းသည် မည်ကဲ့သို့သော အကျိုးဆက်မျိုးရှိရာဆီ ဦးတည်နေပြီဖြစ်ကြောင်း၊ ဤလမ်းပေါ်တွင် သင်တို့မရရှိသေးသော အရာများနှင့် မည်သည့်နယ်ပယ်များတွင် သင်တို့ တကယ်မပါဝင်ရသေးကြောင်း သင်တို့ သိလိမ့်မည်ဖြစ်သည်။ သင်တို့အကြားတွင် မိတ်သဟာယပြုသောအခါ သင်တို့သည် အတိုင်းအတာ အလွန်ကျဉ်းမြောင်းပြီး အချက်အလက်၌ အလွန်တိမ်ပါးသည့် ဆွေးနွေးနေကျ အကြောင်းအရာများ အနည်းငယ်အပေါ်တွင် အများအားဖြင့် ပြောဆိုလေ့ရှိကြသည်။ သင်တို့ ဆွေးနွေးသောအရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြား၌ လည်းကောင်း၊ သင်တို့၏ ဆွေးနွေးချက်များနှင့် ဘုရားသခင့် တောင်းဆိုချက်များ၏ အတိုင်းအတာနှင့် စံနှုန်းအကြားတွင် လည်းကောင်း အကွာအဝေးတစ်ခု၊ ကွာဟချက်တစ်ခု ရှိသည်။ ဤကဲ့သို့ ရှေ့ဆက်ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ လမ်းလွဲခြင်းကို ဘုရားသခင်၏ လမ်းမှ ပို၍ပို၍ ဝေးကွာသွားစေလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကို ယူ၍ ၎င်းတို့ကို ကိုးကွယ်ရာပစ္စည်းများအဖြစ် ပြောင်းလဲကာ၊ ၎င်းတို့ကို ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများအဖြစ် ရှုမြင်နေကြသည်။ ၎င်းမှာ သင်တို့လုပ်နေသမျှပင် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးထဲ၌ နေရာလုံးလုံး မရှိသည့်အပြင် သူသည် သင်တို့၏ စိတ်နှလုံးကို မည်သည့်အခါမျှ အမှန်တကယ် မရရှိခဲ့ပေ။ လူအချို့က ဘုရားသခင်ကို သိရန်မှာ အလွန်ခက်ခဲသည်ဟု ထင်ကြပြီး ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ခက်ခဲပေစွ။ လူတို့ကို အပြင်ပန်းအားဖြင့် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန်နှင့် အမှုအရာများကို လုပ်ဆောင်ပြီးစီးစေရန်အပြင် ကြိုးစားလုပ်ဆောင်ရန် ခိုင်းစေပါက၊ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်လွယ်ကူသည်ဟု ထင်ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာ အားလုံးမှာ လူ့တတ်နိုင်စွမ်း၏ အတိုင်းအတာအတွင်း၌ ရှိခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားတို့အပေါ် ဘုရားသခင်၏ သဘောထားဘက်သို့ အကြောင်းအရာ ပြောင်းသွားသည့်အခါ လူတိုင်း၏ ရှုထောင့်မှနေ၍ အမှုအရာများက အမှန်တကယ် အနည်းငယ်ပို၍ ခက်ခဲလာသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤအရာတွင် သမ္မာတရားအပေါ် လူတို့၏ နားလည်မှုနှင့် စစ်မှန်မှုထဲ သူတို့၏ ဝင်ရောက်ခြင်း ပါဝင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ခက်ခဲမှု အတိုင်းအတာတစ်ခု အမှန်ပင် ရှိမည်ဖြစ်လေသည်။ သို့သော်လည်း သင်သည် ပထမတံခါးကို ဖြတ်ကျော်ပြီး ဝင်ရောက်မှုကို စတင်ရရှိပြီးနောက်တွင် ၎င်းတို့သည် တဖြည်းဖြည်း ပို၍ လွယ်ကူလာမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၂

ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏လိုအပ်ချက်များနှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနုတ်ရန်၊ ၎င်းတို့၏အပြစ်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၄

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၄

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။