ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသော ထိုလူများ

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ချက် မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတစ်ချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိပေ။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်နေသဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော။” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။ ဤလူတို့က “ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုအရာကို ပြုသနည်း။ ဤအရာကို ကျွန်ုပ်နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ်နားမလည်ပါ၊ ဤအရာသည် လူ၏အယူအဆများနှင့် မကိုက်ညီပါ၊ ၎င်းကို ကိုယ်တော် ကျွန်ုပ်အား ရှင်းပြရမည်။...” ဟု ပြောတတ်ကြသည်။ ဤအရာကို ဖြေဖို့အတွက် ငါပြန်မေးသည်မှာ- ဤအကြောင်းအရာများကို သင့်အား ရှင်းပြရန် အမှန်ပင် လိုအပ်သလော။ ဤအကြောင်းအရာများသည် အမှန်တကယ် သင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ သင့်ကိုယ်သင် မည်သူဟု သင်ထင်သနည်း။ သင် မည်သည့်နေရာမှ လာခဲ့သနည်း။ သင်သည် ဘုရားသခင်ကို အကြံဉာဏ်များ ပေးရန် အမှန်တကယ် အရည်အချင်း ပြည့်မီသလော။ သူ့ကို သင်ယုံကြည်သလော။ သူသည် သင်၏ယုံကြည်မှုကို အသိအမှတ် ပြုသလော။ သင်၏ယုံကြည်မှုသည် ဘုရားသခင်နှင့် မသက်ဆိုင်ခြင်းကြောင့် သူ၏ လုပ်ဆောင်မှုများတွင် သင်မည်သည့်အကြောင်းကိစ္စ ရှိသနည်း။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်သည့်နေရာ၌ ရှိနေကြောင်းကို မသိသောကြောင့် သင်သည် ဘုရားသခင်နှင့် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်လော။

သတိပေးချက်ဆိုင်ရာ နှုတ်ကပတ်တော်များ

ဤမှတ်ချက်များကို ကြားပြီးနောက်တွင် သင်တို့သည် နေမထိထိုင်မသာ မဖြစ်ကြသလော။ သင်တို့သည် ၎င်းတို့ကို နားထောင်ရန် အလိုမရှိခြင်း သို့မဟုတ် ၎င်းတို့ကို လက်ခံရန် အလိုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့အားလုံးမှာ အမှန်တရားများပင် ဖြစ်သည်။ အမှု၏ ဤအဆင့်ကို ဘုရားသခင်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သင်တို့သည် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်ပါက၊ သူ၏ သဘောထားကို အလေးထားမှု မရှိပါက၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် စိတ်နေသဘောထားကို နားမလည်ပါက နောက်ဆုံးတွင် အခွင့်အရေးဆုံးရှုံးရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များမှာ နားထောင်ရန် ခက်ခဲသည့်အတွက် အပြစ်မတင်နှင့်၊ ထို့ပြင် သင်တို့၏ စိတ်အားထက်သန်မှု လျော့ကျခြင်းအတွက် ၎င်းတို့ကို အပြစ်မတင်ကြနှင့်။ ငါသည် အမှန်တရားကို ပြော၏။ သင်တို့ စိတ်ဓာတ်ကျစေရန်မှာ ငါ၏ ရည်ရွယ်ချက်မဟုတ်ပါ။ သင်တို့အား ငါ မည်သည့်အရာကို စေခိုင်းသည်ဖြစ်စေ၊ ထို့ပြင် ၎င်းကိုလုပ်ဆောင်ရန် သင်တို့အား မည်ကဲ့သို့ သတ်မှတ်ထားသည်ဖြစ်စေ သင်တို့သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ကာ ဘုရားသခင်၏လမ်းသို့ လိုက်လျှောက်မည့်အကြောင်းနှင့် မှန်ကန်သောလမ်းကြောင်းမှ မည်သည့်အခါမျှ လမ်းလွဲမသွားမည့်အကြောင်း၊ ငါ မျှော်လင့်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ရှေ့ဆက်ခြင်းမရှိပါက သို့မဟုတ် သူ၏ လမ်းခရီးနောက်သို့ မလိုက်လျှောက်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်နေပြီး မှန်ကန်သောလမ်းကြောင်းမှ သွေဖည်သွားပြီ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိနိုင်ပေ။ ထို့ကြောင့် သင်တို့ကို ငါ ရှင်းပြပေးရမည့် အကြောင်းအရာ အချို့ရှိပြီး တိတိကျကျ၊ ရှင်းရှင်းလင်းလင်းနှင့် မသေချာမှု တစ်စက်မျှမရှိဘဲ သင်တို့ကို ယုံကြည်စေရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များ၊ သူကလူကို စုံလင်အောင် ပြုလုပ်ပေးပုံနှင့် လူတို့၏ အဆုံးသတ်များကို မည်သည့်ပုံစံဖြင့် သူသတ်မှတ်ကြောင်း ရှင်းလင်းသော နားလည်မှုတစ်ခု သင်တို့ရရှိရန် ကူညီပေးရမည်ဖြစ်သည်ဟု ငါယူဆသည်။ သင်သည် ဤလမ်းကြောင်းကို မစတင်နိုင်သော နေ့ရက်တစ်ရက် ရောက်ခဲ့ပါလျှင် ငါ၌တာဝန်မရှိပေ၊ အကြောင်းမှာ ဤနှုတ်ကပတ်တော်များကို သင့်အား အလွန်ရှင်းလင်းစွာ ပြောခဲ့ပြီးပြီဖြစ်သည်။ သင်ကိုယ်တိုင်၏ အဆုံးသတ်ရလဒ်ကို သင် မည်သို့ကိုင်တွယ်ဖြေရှင်းသည် နှင့်စပ်လျဉ်း၍၊ ဤသည်မှာ သင့်အပေါ်၌ လုံးလုံးလျားလျား မူတည်သည့်ကိစ္စ ဖြစ်သည်။ ဘုရားသခင်၌ မတူညီသော လူအမျိုးအစားများ၏ အဆုံးသတ်ရလဒ်များနှင့် စပ်လျဉ်း၍ခြားနားသော သဘောထားများရှိသည်။ သူ၌ ၎င်းတို့ကို ချိန်ဆသည့် ကိုယ်ပိုင် နည်းလမ်းများရှိပြီး ၎င်းတို့အတွက် သတ်မှတ်ချက်များနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်စံနှုန်းလည်း ရှိသည်။ လူတို့၏ အဆုံးသတ်များကို ချိန်ဆသည့် သူ၏စံနှုန်းမှာ အယောက်တိုင်းအတွက် မျှတသောစံနှုန်းတစ်ခု ဖြစ်ကာ၊ ထိုအရာအတွက် သံသယမရှိပါပေ။ ထို့ကြောင့် အချို့တို့၏ စိုးရိမ်ကြောက်ရွံ့မှုများမှာ မလိုအပ်ပေ။ သင်တို့ ယခု စိတ်သက်သာရာ ရကြပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၀

ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၀

လျှပ်တပြက် လျှပ်စီးလက်ခြင်းအတွင်း တိရစ္ဆာန်တိုင်းသည် ၎င်း၏စစ်မှန်သောအသွင်ဖြင့် ဖော်ထုတ်ခြင်းခံရ၏။ ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၀

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၄

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။