ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” | ကောက်နုတ်ချက် ၂၃

အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းပိုဒ်များမှ သင်တို့ မည်သည့်အရာကို ရလိုက်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ “အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား” ကို မည်သည့်အတွက်ကြောင့် ကျမ်းစာထဲမှ ကောက်နုတ်ထားသနည်း။ ယခုတွင် သင်တို့ တစ်ယောက်ချင်းစီသည် မိမိတို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ပုံစံကို မြင်သလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်။ သင်တို့သည် ထိုအဖြစ်အပျက်တွင် ပါဝင်နေပါက သင်တို့နှလုံးသားထဲမှ ဘုရားသခင်သည် မည်သည့်အရာနှင့် တူမည်နည်း။ ဤပုံသဏ္ဌာန်က သင်တို့ကို မည်သည့် စိတ်ခံစားမှုများကို ခံစားရစေမည်နည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ပုံတစ်ပုံဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူတို့သာ ပါရှိသော်လည်း၊ သူတို့အကြားမှ ရင်းနှီးကျွမ်းဝင်မှုသည် အလွန်မနာလိုစရာကောင်းသည်။ ဘုရားသခင်၏ များပြားလှသည့် ချစ်ခြင်းမေတ္တာကို လူသားကို အခမဲ့ပေးအပ်ပြီး ထိုလူသားကို ဝန်းရံစေသည်။ လူသားသည် နုံအပြီး အပြစ်ကင်းသည်။ တာဝန်ကင်းကာ ပူပင် ကြောင့်ကြမဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်အောက်တွင် အလွန်ပျော်ရွှင်စွာ နေထိုင်သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးနှင့် အကာအကွယ်အောက်တွင် နေထိုင်နေစဉ် ဘုရားသခင်သည် လူသားအတွက် ပူပန်ပေးသည်။ လူသား ပြုလုပ်ပြောဆိုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ဘုရားသခင်နှင့် ခွဲခြား၍မရပေ။

ဤသည်မှာ အာဒံကိုဖန်ဆင်းပြီးကတည်းက သူ့ကို ဘုရားသခင်ပထမဆုံးချမှတ်ခဲ့သည့် ပညတ်တရားဟု သင်တို့ ဆိုနိုင်သည်။ ဤပညတ်တရားတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ထိုအထဲတွင် ဘုရားသခင်၏ အလိုတော် ပါဝင်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးပညတ်တရားဖြစ်ပြီး လူသားအတွက် ဘုရားသခင်၏ ပထမဆုံး စိုးရိမ်ပူပန်ခြင်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အချိန်မှစပြီး သူ့ထံတွင် လူသားနှင့် ပတ်သက်သည့် တာဝန်တစ်ခုရှိလာခဲ့သည်။ သူ၏ထိုတာဝန်က အဘယ်အရာနည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားအပေါ်တွင် ဘုရား၏ ပထမဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဤမျှော်လင့်ချက်နှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် ဆိုခဲ့ခြင်းဖြစ်သည်။ “ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏နှလုံးသားသည် လူသားအတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီဖြစ်သည်ကိုလည်း ဖော်ပြသည်။ အားလုံးသောအရာများထဲတွင် အာဒံတစ်ဦးတည်း ကိုသာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ကိုရထားသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်။ စကားစမြည်ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုသို့သော ပညတ်တော်ကို အာဒံအတွက် ဘုရားသခင်က ချမှတ်တော်မူခဲ့ခြင်းဖြစ်သည်။ ဤပညတ်တွင် လူသားလုပ်ဆောင်နိုင်သည့်အရာအပါအဝင် မလုပ်ဆောင်နိုင်သည့် အရာကိုလည်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သို့သောနှလုံးသားမျိုးကို ငါတို့မြင်တွေ့ရသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ ထိုအထဲတွင် စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းပိုဒ်များထဲတွင် ရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို လူသားများက နားလည်နိုင်ရုံတင်မကဘဲ အမှန်တကယ် ကောင်းစွာ ခံစားရနိုင်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဤအရာများကို ငါပြောပြီးနောက် ၎င်းတို့မှာ ရိုးရှင်းသည့် နှုတ်ကပတ်တော်အချို့သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ ထိုမျှလောက် မရိုးရှင်းပေ၊ မှန်သလော။ ယခင်က ထိုအချက်ကို သင်တို့မြင်နိုင်ခဲ့သလော။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို ဤနှုတ်ကပတ်တော်များကို ပြောဆို လာခဲ့လျှင် သင့်စိတ်ထဲတွင် မည်သို့ခံစားရမည်နည်း။ သင်သည် အကြင်နာတရားရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောနေပါက သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည်မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နှလုံးသားကို နားလည်ဖို့ ကြိုးစားမည်မဟုတ်ပေ။ သို့ရာတွင် သင်သည် အသိစိတ်ရှိသည့် စာနာတတ်သည့် လူတစ်ယောက်ဆိုလျှင် သင့်အနေဖြင့် ကွဲပြားစွာ ခံစားရလိမ့်မည်။ သင်သည် နွေးထွေးမှုကိုခံစားရမည်။ သင်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံစားရမည်။ ထို့ပြင် သင်သည် ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါ ဘုရားသခင်ကို သင်မည်သို့ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ်တွယ်သွား မည်လော။ သင့်ရင်ထဲမှ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအတွက် မည်မျှအရေးကြီးကြောင်းကို ဤအချက်မှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် ပိုပြီးအရေးကြီးသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ်တွင် လူသား၏ အသိအမှတ်ပြုမှုနှင့် သိရှိနားလည်မှုပင်ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် သူ့အမှုတော်၏ ဤအဆင့်တွင် အလားတူသော အရာများကို များစွာပြောခဲ့သည် မဟုတ်လော။ သို့ရာတွင် ယနေ့ခေတ်လူသားများသည် ဘုရားသခင်၏ နှလုံးသားကို နားလည်ကြသလော။ ယခုပင် ငါပြောသွားသည့် ဘုရားသခင်၏အလိုတော်ကို သင်တို့နားလည်နိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ လက်တွေ့ကျသည့် ဘုရားသခင်၏အလိုတော်ကိုပင် သင်တို့သည် သတိမပြုမိနိုင် ကြပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သည့်အသိနှင့် နားလည်ခြင်းမရှိဟု ငါပြောရခြင်း ဖြစ်သည်။ ဤသည်မှာ မမှန်သလော။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ

သမ္မာကျမ်းစာထဲက ဖော်ပြချက် “အာဒံသို့ ဘုရား၏ပညတ်” စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်းဖြစ်ပေ ဖော်ပြရေးသားချက်တွင် ပါဝင်တဲ့ လူနဲ့ဘုရားတို့ရဲ့ အလွန်ပြေပြစ်နက်ရှိုင်းလွန်းတဲ့ ဤနှစ်ကိုယ်ကြား ဆက်ဆံရေးတို့လည်း လေးစားအံ့ဖွယ် ကျွန်ုပ်တို့စတင်ခံစားစေတယ်…

ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင် ပူပင်ကြောင့်ကြမှုမရှိ စိုးရိမ်စိတ်မရှိ ချမ်းမြေ့စွာအသက်ရှင်သည် ဘုရားရှေ့တွင် လူကိုစောင့်ရှောက်ထားပြီး သူ့အတောင်တော်အောက်တွင် နေစေ အို…လူတွေရဲ့ ပြောဆိုသမျှ ပြုလေသမျှ ဘုရားနှင့်ပေါင်းစပ်နွယ် ခွဲခြားမရ…

လူသားအား ဘုရား ဖန်ဆင်းချိန် အစဦး၌ လူသားအား ဘုရားရှင် ကွယ်ကာစောင့်ရှောက် အတောင်တော်ရိပ်ရဲ့အောက်၌ ဘယ်လိုတာဝန်ယူစောင့်ရှောက်ခဲ့သလဲ ကွယ်ကာလို့ စောင့်ကြည့်ပေးတယ် လူအပေါ်ဘုရား၏လုပ်ရပ် လူတွေ ကိုးစားယုံကြည်ပြီး သူ့စကားအား နာခံဖို့ ဘုရားမျှော်လင့် ဒီအရာတွေဟာ ဘုရားက လူအား တောင်းတဲ့ ပထမဦးဆုံးအရာ…

ထိုသို့မျှော်လင့်ချက်နဲ့ ဤသို့မိန့်မြွက်ခဲ့သည့်စကား ဥယျာဉ်ထဲ၌ ရှိသမျှအပင်သီးကို သင်တို့စိတ်ကြိုက်စားနိုင်သည် သို့သော် ကောင်းမကောင်းသိကျွမ်းရာအသီးကို အဆိုးနဲ့အကောင်းကို သိကျွမ်းမယ့်အသီးကို သင်သည် လုံးဝမစားရ ထိုသို့ စားသောနေ့မှာပင် သင်သည် အမှန်ပင်သေလိမ့်မည် ဤစကားတို့က ဘုရား၏အလိုဆောင်စကား လူအတွက် သူ့ရဲ့နှလုံးသားမှာ အပူအပင်ရှိကြောင်း သိမြင်စေ

ဤစကားတို့၌ ဘုရားရှင်၏စိတ်ကို ကျွန်ုပ်တို့တွေ့မြင် သူ့စိတ်အတွင်း ချစ်၍ ဂရုစိုက်မှုနှင့် စိုးရိမ်မှုများ ရှိပါ့မလား ဘုရား၏ချစ်ခြင်းနှင့် ဂရုစိုက်မှုသည် သိမြင်ခံစားနိုင်သောအရာ သင် စာနာစိတ်နဲ့အသိတရား ရှိသူဖြစ်နေလျှင် သင်သည် နွေးထွေးတဲ့အချစ်နှင့် ဂရုစိုက်မှုခံစား မင်္ဂလာကောင်းချီးများခံစား

ဤအရာတွေကို သင်သိသည့်အချိန်၌ ဘုရားမြတ်ပေါ် ဘယ်လိုပြုမူမည်နည်း သူ့အား ဖက်တွယ်မှာလား သင်၏ လေးစားသမှုအချစ်နဲ့ သင့်နှလုံးသားထဲက ပေါက်ဖွားလာသော လေးစားသမှုတွေနဲ့ သင်သည် သူနှင့်နီးစပ်မည်လား ဤအချက်ကြောင့် ကျွန်ုပ်မြင် ဘယ်မျှကြီးမြတ် ဘုရားအချစ်က လူသားအပေါ် ထိုအရေးကြီးဆုံးအရာထက် ပိုအရေးကြီးတာ လူတွေ ဘုရား၏အချစ်ကို ခံစားသိရှိရနိုင်ခြင်းပင်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” | ကောက်နုတ်ချက် ၁၆၀

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု အာမခံချက်ပေးခြင်း တို့အပြင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” | ကောက်နုတ်ချက် ၁၃၄

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အရေးအား မလွဲချော်နှင့် လူသားဘဝကို ဖန်တီးသည့် ဆယ်စုနှစ်အချို့သည် ကြာလည်း မကြာသကဲ့သို့ တိုလည်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” | ကောက်နုတ်ချက် ၁၂၄

တတိယ ဆုံမှတ်- အမှီအခိုကင်းခြင်း လူတစ်ယောက်သည် ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တို့ကို ဖြတ်သန်းပြီး ရင့်ကျက်ခြင်းကို တဖြည်းဖြည်းနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” | ကောက်နုတ်ချက် ၁၈၁

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ် စည်းများကြောင့် မြေအနေအထားအမျိုးမျိုးသည် အသက်ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို...