ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၅

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း ဖြစ်သည်

ယောဘသည် စာတန်၏ ဖျက်ဆီးမှုဒဏ်များကို ခံစားခဲ့ရသော်လည်း သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့ပေ။ ဦးစွာ ရှေ့သို့ ထွက်၍ ယောဘအား တိုက်ခိုက်သည့် စာတန်၏ အခန်းကဏ္ဍကို လုပ်ခဲ့သူမှာ သူ၏ဇနီး ဖြစ်ခဲ့ကြောင်းကို မြင်နိုင်သည်။ မူရင်းစာသားတွင် ဤသို့ ဖော်ပြထားသည်၊ “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤသည်မှာ စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှု သာမက သွေးဆောင်ဖြားယောင်းမှု၊ စုံစမ်းနှောင့်ယှက်မှုနှင့် မဟုတ်မမှန်ပြောဆိုမှုပင် ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် စာတန်သည် ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ဤအရာကို အသုံးပြုကာ ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်ရန်နှင့် အသက်ရှင်ခြင်းကို ရပ်တန့်ရန် ဆန္ဒရှိခဲ့သည်။ ထိုနည်းတူပင် စာတန်သည် ယင်းကဲ့သို့ စကားများကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်လိုသည်၊ အကယ်၍ ယောဘသည် ယေဟောဝါ၏ နာမကို စွန့်ပစ်ခဲ့ပါက သူသည် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုကို တောင့်ခံရန် မလိုအပ်ဘဲ၊ ခန္ဓာကိုယ် နှိပ်စက်ညှဉ်းပန်းမှုမှ သူ့ကိုယ်သူ လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရသည့် ယောဘသည် ဤသို့ဆိုကာ သူမအား အပြစ်ဖော်ပြဆုံးမခဲ့လေသည်၊ “ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၁၀) ယောဘသည် ဤစကားများကို သိခဲ့သည်မှာ ကြာပြီဖြစ် သော်လည်း ဤအချိန်တွင် ထိုစကားများအပေါ် ယောဘ၏ စစ်မှန်သော သိခြင်းကို သက်သေပြခဲ့သည်။

ဘုရားသခင်အား ကျိန်ဆဲ၍ သေရန် သူ၏ဇနီးက သူ့အား အကြံပေးသည့်အခါ၊ သူဆိုလိုသည့် အဓိပ္ပာယ်မှာ၊ သင်၏ ဘုရားသခင်သည် သင့်အား ဤကဲ့သို့ ဆက်ဆံသဖြင့် အဘယ်ကြောင့် သူ့အား မကျိန်ဆဲသနည်းဟူ၍ ဖြစ်သည်။ သင်ဆက်၍ အသက်ရှင်ကာ ဘာလုပ်မည်နည်း။ သင်၏ ဘုရားသခင်သည် သင့်အား အလွန်မတရားသော်လည်း ယေဟောဝါ၏နာမ မင်္ဂလာရှိစေသတည်းဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးလျက်နှင့် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်အတွက်ကြောင့် ဆောင်လာခဲ့နိုင်သနည်း။ ဘုရားသခင်၏နာမကို အလျင်အမြန်စွန့်ပြီး သူ့နောက် ဆက်၍မလိုက်နှင့်။ ဤနည်းဖြင့် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးလိမ့်မည်။ ဤအခိုက်အတန့်တွင် ယောဘထဲ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ခဲ့သည်။ သာမန်လူမည်သူမျှ ယင်းကဲ့သို့ သက်သေခံချက်မျိုးကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ၎င်းကို သမ္မာကျမ်းစာထဲမှ ဖြစ်ရပ်တစ်စုံတစ်ခုထဲ၌ ငါတို့ ဖတ်ကြရမည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် ဤစကားများကို မပြောမီ ဘုရားသခင်သည် ယခင်ကတည်းက မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိခဲ့ရုံမျှသာဖြစ်၍ ဘုရားသခင် မှန်ကြောင်း အားလုံးကို သက်သေပြရန်အတွက် ယောဘကို အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်ကို ရင်ဆိုင်ခဲ့ရသည့် ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်ခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် အလေးချိန်စီးသလော။ ဤနေရာတွင် ဤစကားများ၏ အလေးချိန်ကို သက်သေပြနိုင်စွမ်းရှိသည့်အချက် တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ အလေးချိန်မှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံခဲ့ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် တောင့်တသော အရာ ဖြစ်ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် ကြားလိုသော အရာဖြစ်ခြင်းနှင့် ၎င်းတို့မှာ ဘုရားသခင်မြင်ရန် တောင့်တခဲ့သော ရလဒ် ဖြစ်ခြင်းပင် ဖြစ်သည်၊ ဤစကားများမှာ ယောဘ၏ သက်သေခံချက်၏ အနှစ်သာရလည်း ဖြစ်သည်။ ဤထဲတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့ကို သက်သေပြခဲ့သည်။ ယောဘ၏ အဖိုးတန်မှုသည် သူမည်သည့်အချိန်တွင်၊ မည်ကဲ့သို့ စုံစမ်းနှောင့်ယှက်ခံရခြင်းအပေါ် မူတည်ခဲ့ပြီး သူ၏ တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်၊ အဆုံးစွန် နှိပ်စက်ညှဉ်းပန်းမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က တိုက်တွန်းခဲ့သည့် အချိန်များ၌ပင်လျှင် သူသည် ယင်းကဲ့သို့ စကားများကို မြွက်ဆိုဆဲဖြစ်သည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှု မည်သို့ပင် ဆိုးရွားပြင်းထန်ပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်လည်း သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို ပစ်ပယ်မည် မဟုတ်ကြောင်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲမှ အရေးကြီးဆုံးသော နေရာ၌ ဘုရားသခင် ရှိကြောင်းနှင့် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာလျှင် ရှိကြောင်း သင်မြင်ရပေမည်။ ဤအရာကြောင့် သမ္မာကျမ်းထဲတွင် ယင်းကဲ့သို့ သူ့အကြောင်း ဖော်ပြချက်များကို ဤကဲ့သို့ ဖတ်ရှုရခြင်းဖြစ်သည်၊ ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။ သူသည် သူ၏နှုတ်ဖြင့် မှားယွင်းခြင်း မရှိခဲ့သည်သာမက သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်အား ညည်းတွားခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သည့်အပြင် ဘုရားသခင်ကို ပြစ်မှားခဲ့ခြင်း မရှိပေ။ သူ၏ပါးစပ်ဖြင့် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်သာမက သူ၏စိတ်နှလုံးဖြင့်လည်း ဘုရားသခင်၏ နာမကို ကောင်းချီးပေး ခဲ့သည်၊ သူ၏ပါးစပ်နှင့် စိတ်နှလုံးတို့မှာ တစ်ထပ်တည်း ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်၍ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားသော အကြောင်းရင်းပင် ဖြစ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၉

စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိုးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၀

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့ ယေဟောဝါဘုရား၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၂

လူတို့သည် မိမိတို့အသိစိတ်၏ ခံစားချက်များကိုသာ နားထောင်ပါက၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ၎င်းတို့ ခံစားနိုင်မည် မဟုတ်။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၉

သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။