ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၄

ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပိုပြီးနားလည်လိုလျှင် ဓမ္မဟောင်းကျမ်း၊ သို့မဟုတ် ပညတ်တော်ခေတ်၌ ရပ်နေ၍မရဘဲ ဘုရားသခင်၏ လုပ်ဆောင်မှုတွင် သူလှမ်းခဲ့သော ခြေလှမ်းတို့နှင့်အတူ ငါတို့ ရှေ့ဆက်ရန် လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်က ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သကဲ့သို့ပင် ငါတို့၏ ကိုယ်ပိုင်ခြေလှမ်းများသည်လည်း ကျေးဇူးတော်ခေတ်ကို လှမ်းလာခဲ့ကြသည်။ ကျေးဇူးတော်နှင့် ရွေးနုတ်ခြင်းတို့ဖြင့် ပြည့်နေသောခေတ်ပင်ဖြစ်သည်။ ဤခေတ်တွင် နောက်တစ်ခါ ဘုရားသခင်က ပထမဆုံးအကြိမ် အလွန်အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် ဤခေတ်သစ်တွင်ရှိသော အလုပ်က အသစ်စတင်သော အမှတ်တစ်ခုဖြစ်သည်။ ဤအသစ်စတင်သော အမှတ်က နောက်ထပ် ပထမဆုံးအကြိမ် ဘုရားသခင်ပြုလုပ်ခဲ့သော အရာလည်းဖြစ်သည်။ ဤအလုပ်အသစ်က လူသားတို့နှင့် ဖန်ဆင်းခံအားလုံးတို့ စဉ်းစားကြည့်၍မရနိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော မသိသေးသော အရာတစ်ခုဖြစ်သည်။ ယခုအချိန်တွင် လူတို့အားလုံး သိကြသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်က လူသားတစ်ယောက်ဖြစ်လာခြင်းသည် ယခုပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လူသားတစ်ယောက်အသွင်နှင့် လူသားတစ်ယောက်၏ ဝိသေသလက္ခဏာနှင့် အလုပ်အသစ်ကို သူစတင်ခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်။ ဤအလုပ်အသစ်သည် ဘုရားသခင်က သူ့အလုပ်ကို ပညတ်တော်ခေတ်တွင် ပြည့်စုံစေခဲ့သည်ဆိုသည်နှင့်၊ ပညတ်တော်အောက်တွင် သူသည် ဘာမျှလုပ်ခြင်း၊ သို့မဟုတ် ပြောခြင်းမရှိတော့ဟု ဆိုသည်ကို ဖော်ပြသည်။ ပညတ်တော်၏ ပုံသဏ္ဌာန်၌၊ သို့မဟုတ် ပညတ်တော်၏ စည်းမျဉ်း စည်းကမ်းတို့နှင့်အညီ သူပြောခြင်း၊ သို့မဟုတ် လုပ်ဆောင်ခြင်း ဘာတစ်ခုမျှ ရှိမည်မဟုတ်ချေ။ တစ်နည်းပြောရလျှင် ပညတ်တော်၌ အခြေခံသော သူ၏အလုပ်အားလုံးသည် ထာဝရ ရပ်တန့်သွားပြီး ရှေ့ဆက်မည်မဟုတ်တော့ချေ။ အကြောင်းမှာ ဘုရားသခင်က အလုပ်အသစ်ကို စတင်လိုခဲ့ပြီး အကြောင်းအရာ အသစ်တို့ကို လုပ်လိုသောအတွက်ကြောင့်ဖြစ်သည်။ သူ့အစီအစဉ်တွင် နောက်တဖန် အသစ်စတင်မှတ်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို နောက်ထပ် ခေတ်တစ်ခုဆီသို့ ဦးဆောင်ခဲ့ရသည်။

၎င်းက လူသားတို့အတွက် ဝမ်းမြောက်ဖွယ်သတင်းလော၊ မကောင်းသောသတင်းလောဆိုသည်က သူတို့၏အနှစ်သာရအပေါ်မှာ မူတည်ခဲ့သည်။ ၎င်းသည် ဝမ်းမြောက်ဖွယ်သတင်းမဟုတ်ဟု ဆိုနိုင်ပြီး လူတချို့အတွက်မူ မကောင်းသောသတင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူ၏အလုပ်သစ်ကို စတင်ခဲ့သောအခါတွင် ပညတ်များနှင့် စည်းမျဉ်းများကိုသာ လိုက်နာသောလူများ၊ အယူဝါဒများကိုသာ လိုက်နာပြီး ဘုရားသခင်ကို မကြောက်ရွံ့သောသူတို့သည် သူ၏အလုပ်အသစ်ကို ရှုတ်ချရန် ဘုရားသခင်၏ အလုပ်အဟောင်းကို အသုံးပြုကြသည်။ ဤလူတို့အတွက် ၎င်းသည် မကောင်းသောသတင်းပင်ဖြစ်သည်။ သို့သော်လည်း အပြစ်ကင်းစင်ပြီး ပွင့်လင်းသော လူတိုင်းအတွက်၊ ဘုရားသခင်အပေါ်တွင် ရိုးသားဖြူစင်ပြီး သူ၏ ရွေးနုတ်ခြင်းကို လက်ခံရရှိရန် ဆန္ဒရှိသောသူတို့အတွက် ဘုရားသခင်၏ ပထမဆုံး လူ့ဇာတိခံယူခြင်းက အလွန်ဝမ်းမြောက်ဖွယ် သတင်းဖြစ်သည်။ လူသားတို့ ရှိကတည်းက ဘုရားသခင်ပေါ်ထွန်းလာပြီး ဝိညာဉ်တော်မဟုတ်သော အသွင်နှင့် လူသားမျိုးနွယ်တို့ထဲတွင် အသက်ရှင်နေထိုင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။ လူသားတစ်ယောက်မှ မွေးဖွားပြီး လူသားအနေဖြင့် လူသားတို့ကြားထဲတွင် နေထိုင်ပြီး သူတို့၏အလယ်တွင် အလုပ်လုပ်ခဲ့သည်။ ဤ “ပထမဆုံးအကြိမ်” ဆိုသည်မှာ လူတို့၏ အယူအဆတို့ကို ချိုးဖျက်ခဲ့ပြီး စိတ်ကူးထင်မြင်ချက်များ အားလုံးထက် ကျော်လွန်သည်။ ဖြည့်စွက်ပြောရလျှင် ဘုရားသခင်၏ နောက်လိုက်အားလုံးက လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်တို့ကို ရရှိခဲ့သည်။ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့ရုံမကဘဲ သူ၏ အလုပ်လုပ်နည်းတို့နှင့် လုပ်သောပုံစံ အဟောင်းတို့ကိုလည်း အဆုံးသတ်ခဲ့သည်။ သူ၏ သတင်းစကား ပို့ဆောင်သူတို့အား သူ၏အလိုတော်ကို သယ်ဆောင်ရန် ခွင့်မပြုတော့ပါ။ တိမ်များထဲတွင်ပင် ပုန်းမနေတော့ပါ။ မိုးခြိမ်းသံတို့မှတစ်ဆင့် အထက်စီးမှ လူသားတို့ကို စကားပြောခြင်း၊ သို့မဟုတ် ပေါ်ထွန်းလာခြင်း မရှိတော့ပါ။ ယခင်ကနှင့် မတူဘဲ လူသားတို့အတွက် နားလည်ရန်၊ သို့မဟုတ် လက်ခံရန် ခက်ခဲသော၊ လူသားတို့ စဉ်းစား၍မရနိုင်လောက်သော နည်းလမ်းမှတစ်ဆင့် လူ့ဇာတိခံယူလာရင်း ထိုခေတ်၏ လုပ်ဆောင်မှုကို တည်ဆောက်ရန်အတွက် သူသည် လူသားဖြစ်လာခဲ့သည်။ ဘုရားသခင်၏ ဤလုပ်ရပ်က လူသားမျိုးနွယ်ကို အံ့အားသင့်သွားစေခဲ့သည်။ ကသိကအောက်လည်း ဖြစ်သွားစေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူယခင်က တစ်ခါမျှ မလုပ်ဖူးသော အလုပ်အသစ်တစ်ခုကို နောက်တစ်ကြိမ် စတင်ခဲ့သောအတွက်ကြောင့်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၃

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၄

လက်ရှိအဆင့်တွင် သမ္မာတရားကိုဦးစွာသိရန်နှင့် ၎င်းကို လက်တွေ့လုပ်ဆောင်မှုပြုကာ မိမိကိုယ်ကိုယ် သမ္မာတရား၏ စစ်မှန်သော အဓိပ္ပါယ် ဤထက်ရှိစေရန်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၁

ငါ၏အမြင်တွင် လူသားသည် အရာအားလုံး၏ အုပ်စိုးသူဖြစ်သည်။ ငါသည် သူ့ကို တောင်များပေါ်၌ရှိသော မြက်ခင်း၊ သစ်တောများအကြား၌ရှိသော တိရစ္ဆာန်များနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၉

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။