ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၈

သင်တို့၏ သမ္မာတရားအပေါ် နားလည်ခြင်းက သင်တို့၏ ကိုယ်ပိုင်အခြေအနေတို့နှင့် ပေါင်းစပ်နေသလော။ လက်တွေ့ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အကြောင်းအရာများ၊ အရာဝတ္ထုများနှင့် ဘယ်သမ္မာတရားတို့က ဆက်စပ်သနည်းဆိုသည်ကို ဦးစွာ စဉ်းစားရမည်။ ဘုရားသခင်၏အလိုတော်ကို သင်ရှာနိုင်ပြီး သူ့အလိုတော်ကို သင်ကြုံတွေ့ရသည်နှင့် ဆက်သွယ်နိုင်ခြင်းက ဤသမ္မာတရားတို့ထဲ၌ ဖြစ်သည်။ သင်က သင်ကြုံတွေ့ရသောအရာတို့နှင့် သမ္မာတရား၏ ဘယ်အချက်တို့က ဆက်စပ်သနည်းဆိုသည်ကို မသိဘဲ ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက် ရှာဖွေလျှင် ဤချဉ်းကပ်မှုက အတော်ပင် မျက်ကန်းဆန်ပြီး ရလဒ် မရရှိနိုင်ပေ။ သင်က သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လိုရင် သင့်ဆီကို မည်ကဲ့သို့အရာများ ရောက်လာသနည်းဆိုသည်နှင့်၊ ၎င်းတို့က သမ္မာတရား၏ ဘယ်အချက်တို့နှင့် ဆက်စပ်သည်ဆိုသည်ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ဖူးသည်နှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်၌ရှိသော သမ္မာတရားကို ရှာဖွေလော့။ ထို့နောက် ၎င်းသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုတော်ကို သွယ်ဝိုက်ပြီး နားလည်ခြင်းကို သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျင့်သုံးခြင်းက အယူဝါဒတစ်ခုကို မစဉ်းမစားဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုနောက်ကိုလိုက်ခြင်း မဟုတ်ပေ။ သမ္မာတရားက ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်းမဟုတ်ပေ။ သမ္မာတရားသည် အသေမဟုတ်ပေ။ အသက်ပင်ဖြစ်သည်။ အသက်ရှင်သော အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်က လိုက်နာရမည့် စည်းကမ်းဖြစ်ပြီး လူသားတစ်ယောက်က သူတို့ဘဝတွင် ရှိရမည့် စည်းကမ်းဖြစ်သည်။ ၎င်းသည် အတွေ့အကြုံမှတဆင့် သင်ပို၍ နားလည်ရမည့်အရာတစ်ခုဖြစ်သည်။ သင့်အတွေ့အကြုံသည် ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားထံမှ သင့်ကို ခွဲခြား၍မရနိုင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားလည်သောအရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်သိသောအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသည်။ ဤအရာတို့သည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်သွယ်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ စစ်မှန်သော ထင်ရှားပြသခြင်းဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဤအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြသည်။ ၎င်းက ဘုရားသခင် ဘာကိုကြိုက်သည်၊ သူဘာကို မကြိုက်၊ သင့်ကို သူက ဘာလုပ်စေလိုသည်၊ သင့်ကို သူက မည်သည်တို့ကိုလုပ်ရန် ခွင့်မပြု၊ မည်သို့သောလူတို့ကို သူစက်ဆုပ်ပြီး မည်သို့သောလူတို့ကို သူကျေနပ်ဝမ်းမြောက်သည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရား၏နောက်တွင် လူတို့သည် သူ၏ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဤအရာသည် သူ၏စိတ်သဘောထားကို ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ့စိတ်သဘောထားကို နားလည်ခြင်းအပြင် အရေးအကြီးဆုံးအရာမှာ လက်တွေ့အတွေ့အကြုံတို့မှ ဤနားလည်မှုကို ရောက်ရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကိုသိရန် လက်တွေ့ဘဝမှ သူတို့ကိုယ်သူတို့အား ဖယ်ထုတ်လိုက်လျှင် သူတို့သည် ၎င်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထံမှ နားလည်မှုတချို့ ရရှိနိုင်သော လူတို့ ရှိလျှင်ပင် ထိုနားလည်မှုသည် သီအိုရီများ၊ စကားလုံးများနှင့် ကန့်သတ်ထားပြီး ဘုရားသခင်က အမှန်တကယ်တွင် မည်ကဲ့သို့နည်းဆိုသောအရာနှင့် ကွာဟချက် ရှိသည်။

ယခု ငါတို့ ဆွေးနွေးပြောဆိုနေသမျှအားလုံးက သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်တို့၏ နယ်ပယ်အတွင်း၌ ရှိသည်။ ဤအဖြစ်အပျက်တို့မှတစ်ဆင့်၊ ဖြစ်ပျက်ခဲ့သော ဤအရာတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတို့နားလည်နိုင်ပြီး ဘုရားသခင်၏ အချက်အလက်တိုင်းကို ပိုပြီး ကျယ်ပြန့်စွာ၊ ပိုပြီး နက်ရှိုင်းစွာ၊ ပို၍ပင် နားလည်သဘောပေါက်စွာ၊ ပို၍ပင် နှံ့စပ်စွာသိစေသည်။ ဤသို့ဆိုလျှင် ဤအဖြစ်အပျက်တို့မှတစ်ဆင့် ဘုရားသခင်၏အချက်အလက်တိုင်းကို နားလည်ရန်မှာ တစ်ခုတည်းသောနည်းလမ်းပေလော။ မဟုတ်ပေ။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်ပြောသောအရာတို့နှင့် သူလုပ်ဆောင်သောအလုပ်သည် လူတို့အား သူ၏စိတ်သဘောထားကို သိစေရန်၊ ပိုပြီး အပြည့်အဝသိစေရန် ကူညီနိုင်သည်။ သို့သော်လည်း လူတို့ရင်းနှီးသော သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော တချို့ ဥပမာများ၊ သို့မဟုတ် အဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ပိုပြီးလွယ်ကူမည်ဟု ငါထင်သည်။ သူ့ကို သင်တိတိကျကျသိစေရန် ယနေ့ ဘုရားသခင်ဖော်ပြသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ နှုတ်ကပတ်တော်တို့ကို လုံးစေ့ပတ်စေ့ ငါယူလိုက်လျှင် ထိုအရာသည် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး အလွန်ပျင်းစရာကောင်းသည်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ပုံသေကားကျဆန်ဆန်ဖြစ်နေသည်ဟူ၍ပင် တချို့လူတို့က ခံစားရလိမ့်မည်။ သို့သော်လည်း လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကို သိအောင် ကူညီရန် ဥပမာများအနေဖြင့် ဤသမ္မာကျမ်းစာအဖြစ်အပျက်တို့ကို ငါယူလျှင် သူတို့က ထိုအရာကို ပျင်းစရာကောင်းသည်ဟု ထင်မည်မဟုတ်ပေ။ ဤဥပမာတို့ကို ရှင်းပြခြင်းအကြောင်းအရာမှာ ဘုရားသခင်၏ စိတ်ခံစားမှု၊ သို့မဟုတ် ခံယူချက်၊ သို့မဟုတ် သူ၏အတွေးများနှင့် စိတ်ကူးများဖြစ်သော၊ ထိုအချိန်က ဘုရားသခင်၏နှလုံးသားထဲ၌ ရှိခဲ့သော အသေးစိတ်အချက်အလက်တို့သည် လူသား၏ဘာသာစကားနှင့်ပင် လူတို့ကို ပြောပြပြီးဖြစ်သည်။ ယင်းတို့အားလုံး၏ ရည်မှန်းချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ပုံသေနည်းတစ်ခု မဟုတ်ကြောင်းကို အသိအမှတ်ပြုရန်၊ ခံစားရရန်ဖြစ်သည်။ ၎င်းသည် ဒဏ္ဍာရီတစ်ခုမဟုတ်ပေ။ သို့မဟုတ် လူတို့ မမြင်နိုင်သော၊ သို့မဟုတ် ထိတွေ့၍မရသော အရာမဟုတ်ပေ။ လူတို့ခံစားနိုင်သော၊ အသိအမှတ်ပြုနိုင်သော အမှန်တကယ် တည်ရှိသောအရာဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ပန်းတိုင်ပင်ဖြစ်သည်။ ဤခေတ်၌နေထိုင်နေသော လူတို့သည် ကောင်းချီးခံစားရသည်ဟု သင်ဆိုနိုင်သည်။ ဘုရားသခင်၏ ယခင်ကလုပ်ဆောင်မှုကို ပိုပြီးကျယ်ပြန့်စွာ နားလည်ရန်အတွက် သမ္မာကျမ်းစာ၏အဖြစ်အပျက်တို့ကို သူတို့ ယူပြီး အသုံးပြုနိုင်သည်။ သူလုပ်ဆောင်ခဲ့သောအလုပ်မှတစ်ဆင့် သူ၏ စိတ်သဘောထားကို မြင်နိုင်သည်။ သူဖော်ပြခဲ့သော ဤစိတ်သဘောထားတို့မှတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော်ကို သူတို့နားလည်နိုင်သည်။ ဘုရားသခင်၏ စိတ်သဘောထားအပေါ် ပိုပြီးအသေးစိတ်ကျပြီး ပိုမိုနက်နဲသော သိမြင်မှုကို ရောက်ရှိရန် လူသားတို့အတွက် သူ၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် သူ၏ဂရုစိုက်မှု၏ တိကျစစ်မှန်သော ထင်ရှားပြသခြင်းကို နားလည်နိုင်သည်။ သင်တို့အားလုံးက ဤအရာကို ခံစားနိုင်သည်ဟု ငါယုံကြည်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၇

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၃

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၀

အစဦး၌ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်းတွင် ဣသရေလလူများသည် ယေဟောဝါ ပြုသောအမှု၏ အခြေခံအကြောင်းရင်းအဖြစ် အစေခံခဲ့ကြပြီး ဣသရေလမျိုးနွယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၅

ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။