ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၉

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်မှု၏ နယ်ပယ်ထဲတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြားသောလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်သည်။ ၎င်းကို သူ၏ဇာတိမှတစ်ဆင့် ဖော်ပြထားသည်။ သူ၏ လူ့သဘာဝမှတစ်ဆင့် လူသားတို့ သိမြင်ပြီး အသိအမှတ်ပြုရန်အတွက် ပြုလုပ်ထားသည်။ လူသား၏ သားတော်သည် လူ့ဇာတိ၌ရှိသော ဘုရားသခင်က သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်ခုသည် လူတို့အား အမှန်တကယ်ပင် စစ်မှန်သော ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ကမ္ဘာကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြားတွင်ရှိသော အချိန်ကာလတွင်၊ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလတွင်၊ လူတို့ မြင်သော၊ ကြားသော၊ တွေ့ကြုံခဲ့သော အရာတို့သည် ဘုရားသခင်၏ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တို့သာ ဖြစ်သည်။ ၎င်းသည် မသိမြင်နိုင်သောနယ်ပယ်၌ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့ခြင်းဖြစ်ပြီး မြင်၍မရသော၊ သို့မဟုတ် ထိတွေ့၍မရသော သူ၏ တကယ့် လူပုဂ္ဂိုလ်မှ သူဖော်ပြသော အရာတို့ဖြစ်သည်။ ဤအရာတို့သည် မကြာခဏပင် လူတို့ကို ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ သူ့အနားကို သူတို့ ကပ်၍မရနိုင်ဟု ခံစားရစေသည်။ ဘုရားသခင်က လူတို့ကို ပေးလေ့ရှိသော ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းက အလွန်ပင်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှသည့်အတွက် ၎င်းတို့ကို လက်လှမ်းမီရန် နည်းလမ်းမရှိဘူးဟူ၍ပင် လူတို့က ခံစားကြရပြီး ၎င်းတို့ကို နားလည်ပြီး အသိအမှတ်ပြုရန်ဆိုသည်မှာ ပို၍ပင် ဆိုးသေးသည်။ လူတို့အတွက်မှာမူ ဘုရားသခင်နှင့်ပတ်သက်သောအရာတိုင်းက အလွန်ပင် အလှမ်းကွာလွန်းခဲ့သည်။ အလွန်အလှမ်းကွာသည့်အတွက် လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် ကောင်းကင်ပေါ်၌ရှိနေသောပုံပေါ်ပြီး သူသည် အမှန်တကယ်ပင် မတည်ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်စဉ်းစားပုံကိုမျှ မရရှိနိုင်ပေ။ လက်လှမ်း၍ပင် မမီနိုင်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က ခိုင်လုံသော လုပ်ဆောင်ချက်တချို့လုပ်ခဲ့ပြီး သူနှင့်ပတ်သက်သော စစ်မှန်သောအသိပညာတချို့ကို လူတို့ သိမြင်ရန်နှင့် အသိအမှတ်ပြုစေရန်၊ တချို့သောသီးသန့် စိတ်သဘောထားတို့ကို ဖော်ပြခဲ့ပြီး တချို့သောသီးသန့်နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ခဲ့သော်လည်း အဆုံးတွင်မူ ထိုအရာသည် မသိမြင်နိုင်သော နယ်ပယ်မှ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြချက်ဖြစ်ပြီး လူတို့နားလည်သည်မှာ၊ သူတို့သိသည်မှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဘုရားသဘောသဘာဝဆိုင်ရာ လက္ခဏာသွင်ပြင်တို့ပင် ဖြစ်နေပါသေးသည်။ လူသားမျိုးနွယ်က သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဖော်ပြချက်မှ ခိုင်မာသော အယူအဆကို မရရှိနိုင်ခဲ့ချေ။ တဖန် ဘုရားသခင်အပေါ် သူတို့၏ ထင်မြင်မှုက “ပေါ်လိုက်ပျောက်လိုက်ဖြစ်သည့် နီးကပ်ရန် ခက်ခဲသော ဝိညာဉ်ခန္ဓာ” ဆိုသော နယ်ပယ်အတွင်းမှာ ပိတ်မိနေပါသေးသည်။ ဘုရားသခင်သည် လူတို့ဆီသို့ ပေါ်ထွန်းပြရန်အတွက် ရုပ်ဝတ္ထုနယ်ပယ်၌ သီးသန့် အရာဝတ္ထု၊ သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့သည့်အတွက်ကြောင့် သူတို့သည် လူသား၏ဘာသာစကားကိုအသုံးပြုလျက် ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပေ။ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားသခင်အတွက် စံသတ်မှတ်ချက်တစ်ခု တည်ဆောက်ရန်၊ သူ့ကို သိသာထင်ရှားလာအောင်ပြုလုပ်ရန်နှင့် လူသားဆန်အောင်ပြုလုပ်ရန် သူတို့၏ ကိုယ်ပိုင်ဘာသာစကားကို အမြဲလိုလို အသုံးပြုလိုခဲ့ကြသည်။ ဘုရားသခင်က အရပ်မည်မျှရှည်သည်၊ မည်မျှကြီးသည်၊ မည်ကဲ့သို့ပုံစံရှိသည်၊ သူ မည်သည်ကို အထူးသဖြင့် ကြိုက်နှစ်သက်သည်၊ သူ၏သီးသန့်အကျင့်စရိုက်က မည်ကဲ့သို့ဆိုသည်မျိုးတို့ဖြစ်သည်။ အမှန်တကယ်တွင်မူ ဘုရားသခင်သည် လူတို့က ဤကဲ့သို့တွေးကြသည်ဆိုခြင်းကို သူ့နှလုံးသားထဲ၌ သိ၏။ သူသည် လူတို့၏ လိုအပ်ချက်တို့အပေါ်တွင် အလွန် ရှင်းရှင်းလင်းလင်းသိလျက် သူဘာလုပ်သင့်သည် ဆိုသည်ကိုလည်း သိ၏။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သူ၏အလုပ်ကို မတူညီသော နည်းလမ်းနှင့် လုပ်ဆောင်ခဲ့သည်။ ၎င်းနည်းလမ်းမှာ ဘုရားသဘောသဘာဝနှင့် လူ့သဘောသဘာဝနှစ်ခုလုံးပင်ဖြစ်သည်။ သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသား၏ ဖော်ထုတ်ပြသချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ စကားပြောနိုင်သည်၊ ထို့ပြင် သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးကလည်း ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းအမှန်ပင်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်း ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ၊ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူသားတော်၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ရန်၊ သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍၊ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။ သခင်ယေရှုပြီးမြောက်ခဲ့သော အလုပ်၊ သူ၏လုပ်ဆောင်သောနည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်နှင့် ကွာခြားသော်လည်း သူနှင့်ပတ်သက်သောအရာရာတိုင်းက လူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်။ ၎င်းကို ငြင်း၍မရပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်နှင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်နှင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ့ကိုယ်သူမှလွဲပြီး မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ သူသည် ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ၎င်းကို ငြင်းပယ်၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၈

ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၇

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၅

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၀

လက်ရှိတွင် စမ်းသပ်မှုများကြားတွင် ရောက်နေသောသူ အမြောက်အမြား ရှိသည်။ ထိုသူတို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်ကြပေ။ သို့သော် ငါပြောမည်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။