ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၆

သင်က လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးတို့နှင့် သဘောထားကို အမှန်တကယ် အသိအမှတ်ပြု တန်ဖိုးထားနိုင်သောအခါ၊ သင်က ဘုရားသခင်၏ စိတ်ခံစားမှုတို့ကို အမှန်တကယ်နားလည်နိုင်ပြီး ဖန်ဆင်းခံတိုင်းကို အရေးစိုက်သောအခါ၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သော လူတို့တစ်ယောက်ချင်းစီတိုင်းအပေါ် သက်ရောက်စေခဲ့သော ချစ်ခြင်းနှင့် အလေးထားခြင်းကို သင်နားလည်နိုင်ပါလိမ့်မည်။ ဤကဲ့သို့ ဖြစ်သောအခါ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မည်။ ထို စကားလုံးနှစ်လုံးက မည်သည်နည်း။ တချို့လူတို့က “တစ်ကိုယ်ကောင်းမဆန်ခြင်း” ဟုပြောကြပြီး တချို့လူတို့က “ပရဟိတ” ဟုပြောကြသည်။ ဤနှစ်ခုထဲ၌ “ပရဟိတ” က ဘုရားသခင်၏ ချစ်ခြင်းကိုဖော်ပြရန် မသင့်တော်ဆုံး အရာဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ ကျယ်ပြန့်သော အတွေးတို့နှင့် ခံစားချက်တို့ကို ဖော်ပြရန် လူတို့ အသုံးပြုသော စကားလုံးတစ်လုံးဖြစ်သည်။ ဤစကားလုံးကို ငါ အတော်ပင် စက်ဆုပ်ရွံရှာသည်။ အဘယ့်ကြောင့်ဆိုသော် အစီအစဉ်တကျမဟုတ်၊ လက်လွတ်စပယ်၊ မည်သည့်စည်းမျဉ်းတစ်ခုမျှမပါဝင်ဘဲ အချို့သောသူတို့ကို ကူညီမှု ပြုလုပ်ခြင်းကို ဆိုလိုသောအတွက်ဖြစ်သည်။ ၎င်းက မိုက်မဲပြီး ခေါင်းရှုပ်နေသော လူတို့၏ အလွန်အမင်း စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ ဤစကားလုံးကို ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန် အသုံးပြုသောအခါ ဘုရားသခင်ကို စော်ကားသော ဂယက်အနက် သေချာပေါက်ရှိနေသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုပြီး ကိုက်ညီစွာ ဖော်ပြသော စကားလုံးနှစ်လုံး ငါ့မှာရှိသည်။ ထိုစကားလုံးနှစ်လုံးက မည်သည်တို့နည်း။ ပထမတစ်ခုက “အလွန်ကြီးမားသည်။” ဤစကားလုံးက စိတ်အာရုံကို အလွန်မနှိုးဆွပေးသလော။ ဒုတိယက “အလွန်ကျယ်ပြန့်သည်။” ဘုရားသခင်၏ ချစ်ခြင်းကို ငါဖော်ပြလေ့ရှိသော ဤစကားလုံးနှစ်လုံးနောက်မှာ တကယ့် အဓိပ္ပာယ်တို့ရှိသည်။ တိုက်ရိုက်ယူလျှင် “အလွန်ကြီးမားသည်” ဆိုခြင်းက အရာဝတ္ထုတစ်ခု၏ ထုထည်၊ သို့မဟုတ် စွမ်းအားကိုဖော်ပြသည်။ သို့သော်လည်း ထိုအရာဝတ္ထုက မည်မျှကြီးသည်ဆိုသည်မှာ အရေးမကြီးပေ။ ၎င်းသည် လူတို့ ထိနိုင်၊ မြင်နိုင်သော အရာဖြစ်သည်။ ဤအရာက တည်ရှိသောအတွက်ကြောင့် ဖြစ်သည်။ စိတ်ကူးသက်သက် အရာဝတ္ထုတစ်ခု မဟုတ်ပေ။ ယှဉ်ကြည့်သောအခါ ဤအရာက တိကျပြီး လက်တွေ့ကျသည်ဟု လူတို့ကို မြင်စေသည်။ သင်က ဤသည်ကို မြေပြင်ညီမှကြည့်၍ဖြစ်စေ၊ သို့မဟုတ် သုံးဖက်မြင်ရှုထောင့်မှကြည့်၍ဖြစ်စေ အရေးမကြီးပေ။ သူ၏ တည်ရှိမှုကို စိတ်ကူးကြည့်ရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် တကယ်တည်ရှိသော အရာဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန်အတွက် “အလွန်ကြီးမားသည်” ဆိုသည်ကို အသုံးပြုခြင်းက သူ၏ချစ်ခြင်းကို တိုင်းတာနေသကဲ့သို့ ခံစားရနိုင်သည်။ သို့သော်လည်း ၎င်းသည် တိုင်းတာ၍မရနိုင်ဘူးဆိုသော ခံစားချက်ကိုလည်း ပေးသည်။ ဘုရားသခင်၏ ချစ်ခြင်းက တိုင်းတာ၍ ရနိုင်သည်ဟု ငါပြောလိုသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ချစ်ခြင်းက သာမန်အမျိုးအစားတစ်ခုမဟုတ်သကဲ့သို့ ဒဏ္ဍာရီထဲက ပေါက်ဖွားလာခြင်းလည်းမဟုတ်၍ပင်။ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်မှာ အရာအားလုံး ဝေမျှသော အရာတစ်ခုဖြစ်သည်။ မတူညီသော အဆင့်တို့နှင့် မတူညီသော ရှုထောင့်တို့မှ ဖန်ဆင်းခံအားလုံး ခံစားကြရသော အရာဖြစ်သည်။ လူတို့ကဤသည်ကို မမြင်နိုင်၊ မထိနိုင်သော်လည်း ဤချစ်ခြင်းက အရာအားလုံးဆီကို အထောက်အပံ့နှင့် အသက်ကို သယ်ဆောင်ပေးပြီး သူတို့ဘဝမှာ နည်းနည်းချင်းစီ ဖွင့်ပြသည်။ ဤအရာတို့သည် အရေအတွက်များပြီး အချိန်တိုင်း သူတို့ နှစ်သက်ခံစားကြသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သက်သေခံကြသည်။ ဘုရားသခင်၏ ချစ်ခြင်းက တိုင်းတာ၍မရနိုင်ဘူးဟု ပြောမည်။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးကို ပံ့ပိုးပြီး ပြုစုစောင့်ရှောက်သော ဘုရားသခင်၏ နက်နဲမှုက လူသားတို့ နားလည်သဘောပေါက်ရန်အတွက် ခက်ခဲသော အရာတစ်ခုဖြစ်ပြီး အရာအားလုံးအတွက် ဘုရားသခင်၏ အတွေးများနှင့် အထူးသဖြင့် လူသားမျိုးနွယ်အတွက် အတွေးများသည်လည်း ခက်ခဲသောအတွက်ကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရသော သွေးနှင့် မျက်ရည်တို့ကို ဘယ်သူမျှ မသိပေ။ သူကိုယ်တိုင်၏လက်တို့နှင့် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ချစ်ခြင်း၏ နက်ရှိုင်းမှု၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကို မည်သူမျှသဘောမပေါက်နိုင်၊ မည်သူမျှ နားမလည်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို အလွန်ကြီးမားသည်ဟု ဖော်ပြခြင်းက သူ၏အကျယ်အဝန်းနှင့် သူ့ဖြစ်တည်မှု၏ သမ္မာတရားကို လူတို့အသိအမှတ်ပြုတန်ဖိုးထားပြီး နားလည်အောင် ကူညီပေးရန် ဖြစ်သည်။ “ဖန်ဆင်းရှင်” ဆိုသော စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို ပိုပြီး နက်နဲစွာ နားလည်သဘောပေါက်နိုင်ရန်အတွက်လည်း ဖြစ်ပြီး “ဖန်ဆင်ခြင်း” ဆိုသော အမည်နာမ၏ စစ်မှန်သော အဓိပ္ပာယ်အပေါ် ပိုမိုနက်နဲသော နားလည်မှုကို ရရှိနိုင်ရန်အတွက်ဖြစ်သည်။ “အလွန်ကျယ်ပြန့်သည်” ဆိုသော စကားလုံးက ဘာကို ဖော်ပြလေ့ရှိသနည်း။ ပင်လယ်၊ သို့မဟုတ် စကြဝဠာ၊ အလွန်ကျယ်ပြန့်သော စကြဝဠာ၊ သို့မဟုတ် အလွန်ကျယ်ပြန့်သော ပင်လယ်ကဲ့သို့အရာမျိုးအတွက် အကြမ်းဖျင်း အသုံးပြုသည်။ စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုသည် လူသား၏ နားလည်မှုထက် ကျော်လွန်ပြီး သူတို့ လေးစားရှုမောမှုအပြည့်ရှိသော၊ လူသား၏စိတ်ကူးထင်မြင်မှုကို ဖမ်းစားသော အရာတစ်ခုဖြစ်သည်။ သူ၏ ထူးခြားဆန်းကြယ်မှုနှင့် နက်နဲမှုသည် မျက်စိနှင့်မြင်နိုင်မှုအတွင်းမှာရှိသော်လည်း လက်လှမ်းမမီနိုင်သော နေရာ၌ရှိ၏။ ပင်လယ်ကို သင်စဉ်းစားကြည့်သောအခါ သူ၏ အကျယ်အဝန်းကို သင်စဉ်းစားသည်။ အကန့်အသတ်မရှိဘူးဟု ထင်ရသည်။ သူ၏ ဆန်းကြယ်မှုနှင့် ပါဝင်မှုကို သင်ခံစားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန် “အလွန်ကျယ်ပြန့်သည်” ဆိုသောစကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မည်မျှတန်ဖိုးရှိသည်ဆိုသည်ကို လူတို့ခံစားရရန်၊ သူ့ချစ်ခြင်း၏ ကြီးမြတ်သောအလှအပကို ခံစားရရန်၊ ဘုရားသခင်၏ ချစ်ခြင်း၏ စွမ်းအားသည် အဆုံးအစမရှိဖြစ်ပြီး ကျယ်ပြန့်သည်ဆိုသည်ကို ခံစားရစေရန် လူတို့ကို ကူညီရန်အတွက်ဖြစ်သည်။ သူ့ချစ်ခြင်း၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် သူ့ချစ်ခြင်းမှတစ်ဆင့် ဖွင့်ပြသော ဘုရားသခင်၏ ထိပါးစော်ကား၍မရနိုင်ခြင်းနှင့် ဂုဏ်ကျက်သရေကို ခံစားနိုင်အောင် ကူညီပေးရန်အတွက်ဖြစ်သည်။ ယခု “အလွန်ကျယ်ပြန့်သည်” ဆိုခြင်းက ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန်အတွက် သင့်တော်သော စကားလုံးဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခြင်းက ဤစကားလုံးနှစ်လုံး “အလွန်ကြီးမားသည်” နှင့် “အလွန်ကျယ်ပြန့်သည်” ဆိုသည်တို့နှင့် လျော်ညီနိုင်သလော။ လုံးဝလျော်ညီနိုင်သည်။ လူသားဘာသာစကားမှာ ဤစကားလုံးနှစ်လုံးသာ နှိုင်းယှဉ်ကြည့်လျှင် သင့်တော်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် နှိုင်းယှဉ်ကြည့်လျှင် နီးစပ်သည်။ သင်တို့ ဤကဲ့သို့မထင်ဘူးလော။ သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြခိုင်းလျှင် ဤစကားလုံးနှစ်လုံးကို သုံးမည်လော။ သင်တို့ မသုံးဖြစ်ရန် ဖြစ်နိုင်ခြေအများဆုံးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းအပေါ် သင်တို့၏ နားလည်ခြင်းနှင့် အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့က ပြန့်ပြူးသော အယူအဆအပေါ်မှာ ကန့်သတ်ထားပြီး သုံးဖက်မြင်နေရာ၏ အမြင့်ကို မတက်လှမ်းသေးသောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြခိုင်းလျှင် သင်တို့မှာ စကားလုံးမရှိဘူးဟု သင်တို့ ခံစားရလိမ့်မည်။ သင်တို့ ဘာမျှမပြောနိုင်ဘဲနှင့်ပင် ရှိလိမ့်မည်။ ယနေ့ ငါပြောသော ဤစကားလုံး နှစ်လုံးသည် သင်တို့အတွက် နားလည်ရန် ခက်နိုင်သည်၊ သို့မဟုတ် သင်ဤအတိုင်းပင် သဘောမတူခြင်းဖြစ်နိုင်သည်။ ၎င်းက ဘုရားသခင်၏ချစ်ခြင်းအပေါ် သင့်၏ အသိအမှတ်ပြုခြင်းနှင့် နားလည်ခြင်းက အပေါ်ယံဆန်ပြီး ကျဉ်းမြောင်းသော နယ်ပယ်မှာရှိသည်ဟုပင် ဆိုနိုင်သည်။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးဟု ယခင်က ငါပြောခဲ့သည်။ တစ်ကိုယ်ကောင်းမဆန်ဘူးဆိုသော စကားကို သင်တို့ မှတ်မိသည်။ ဘုရား၏ချစ်ခြင်းသည် တစ်ကိုယ်ကောင်းမဆန်ဟုသာ ဆို၍ရနိုင်မည်လော။ ၎င်းက နယ်အလွန်မကျဉ်းလေသလော။ ဤအချက်မှ တစ်ခုခုရရန်အတွက် ဤကိစ္စကို သင်တို့ ပိုပြီး စဉ်းစားတွေးတောသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၆

သမ္မာတရားကို လူတစ်ဦးမည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၃

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၃

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၄

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။