ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၂

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ပေ။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်သောအခါ သူ့နောက်လိုက်တို့၏ သဘောထားသည် မျှော်လင့်ထားသောအတိုင်းပင်ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရပြီး ဂူထဲ သွင်းခံရသောအချိန်အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတို့၏ သဘောထားသည် စိတ်ပျက်ခြင်းပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် သခင်ယေရှု လူ့ဇာတိခံသော အချိန်၌ ပြောခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲ၌ ရွေ့သွားနေပါပြီ။ ဂူထဲမှ သူပြန်ထွက်လာပြီး လူတို့ရှေ့ တစ်ယောက်ချင်းစီရှေ့ ပေါ်ထွက်လာသောအခါ သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်သောသူအများစု၊ သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားသောသူအများစုသည် ငြင်းပယ်ခြင်းမှ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားသည်။ သခင်ယေရှုက သောမအား သူ့လက်ကို သူ၏ဘေးဖက်ကို ထိစေသောအချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောအချိန်မှာ၊ နောက်ပိုင်း သူတို့ရှေ့၌ ငါးကင်ကို စားသောအခါ၊ ထိုအချိန်ကျမှသာ သခင်ယေရှုသည် လူ့ဇာတိနှင့် ခရစ်တော်ဖြစ်သည် ဆိုသောအချက်ကို အမှန်တကယ်လက်ခံခဲ့ကြသည်။ ထိုအချိန်၌ ဤလူတို့ရှေ့မှာ အသွေးအသားနှင့် ရပ်နေသော ဤဝိညာဉ်ခန္ဓာသည် သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်မှ နိုးထစေခြင်းမျိုးပင်ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ သူတို့ရှေ့မှာ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့သောသူတစ်ယောက်ဖြစ်သည်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်အကြာကြီး အသက်ရှင်၍ စားသောက်ခဲ့ပြီးပါပြီ။ ဤအချိန်မှာ သူ၏ တည်ရှိမှုသည် အလွန်ကိုစစ်မှန်သည်၊ အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ခံစားကြရသည်။ သူတို့သည်လည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြသည်။ တစ်ချိန်တည်းမှာပင် စိတ်ခံစားမှုတို့နှင့် ပြည့်နေသည်။ သူ၏ ပြန်လည်ပေါ်ထွက်လာခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုကို အမှန်တကယ်မြင်စေရန်၊ သူ၏နီးစပ်ခြင်းကို ခံစားစေရန်၊ လူသားမျိုးနွယ်အတွက် သူ၏ တောင့်တမှု၊ သူ၏ တွယ်တာမှုကို ခံစားစေရန် အခွင့်ကို လူတို့ကို ပေးသည်။ ဤအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့ကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသကဲ့သို့ ခံစားရအောင် ပြုလုပ်ခဲ့သည်။ သူတို့၏ ပျောက်ဆုံးနေသော၊ ရှုပ်ထွေးနေသော၊ ကြောက်ရွံ့နေသော၊ စိုးရိမ်ပူပန်နေသော၊ တောင့်တနေသော၊ ထုံထိုင်းနေသော နှလုံးသားတို့ကို သက်သာစေသည်။ သူတို့သည် သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုမျှော်လင့်ချက်နှင့် အမှီပြုစရာရှိပြီဟု ခံစားရခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့ရှေ့မှာရပ်နေသော လူသားသည် သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မည်။ သူသည် အချိန်ပြည့် သူတို့၏ မျှော်စင်၊ သူတို့၏ ခိုလှုံရာဖြစ်နေပါလိမ့်မည်။

သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူ့နှလုံးသားနှင့် သူ၏လုပ်ဆောင်မှုသည် လူသားမျိုးနွယ်ဆီမှ ထွက်ခွာမသွားပေ။ သူသည် မည်ကဲ့သို့သောပုံစံနှင့် တည်ရှိနေပါစေ၊ သူသည် လူတို့ကို အဖော်ပြုမည်။ သူတို့နှင့်အတူ လျှောက်လှမ်းမည်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နှင့်အတူရှိမည်ဟု သူ့ကိုယ်ထင်ပြခြင်းနှင့်အတူ လူတို့ကို ပြောခဲ့သည်။ တဖန် အချိန်တိုင်း၊ နေရာတိုင်းမှာ သူသည် လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမည်။ သူ့ကို ကြည့်ပြီး ထိတွေ့ရန် သူတို့ကို ခွင့်ပြုမည်။ သူတို့သည် နောက်တစ်ကြိမ် အကူအညီမဲ့သကဲ့သို့ မခံစားရအောင် သေချာစေလိမ့်မည်။ သခင်ယေရှုသည် လူတို့ကို ၎င်းကိုလည်း သိစေလိုခဲ့သည်။ ဤကမ္ဘာမှာ သူတို့အသက်တာသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စောင့်ရှောက်မှုကို ရရှိသည်။ ဘုရားသခင်သည် သူတို့နှင့်အတူရှိသည်။ လူတို့သည် ဘုရားသခင်ကို အမြဲတစေ အမှီပြုနိုင်သည်။ သူသည် သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်း၏ မိသားစုဖြစ်သည်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်သည် အထီးကျန်မည်မဟုတ်တော့ပေ၊ သို့မဟုတ် အကူအညီမဲ့မည် မဟုတ်တော့ပေ။ တဖန် သူ့ကို သူတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းမခံရတော့ပေ။ လူသား၏အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူလုပ်ဆောင်ခဲ့သော သူ့အလုပ်၏ ဤအပိုင်းတို့သည် အလွန်သေးငယ်သောအရာတို့ ဖြစ်သည်။ သို့သော်လည်း ငါမြင်သော ပုံစံမှာမူ အကြောင်းအရာတစ်ခုချင်းစီတိုင်းက အလွန်အဓိပ္ပာယ်ရှိသည်။ အလွန်တန်ဖိုးရှိသည်။ သူတို့အားလုံးသည် အလွန်အရေးကြီးပြီး လေးနက်၏။

လူ့ဇာတိမှာ သခင်ယေရှုအလုပ်လုပ်သောအချိန်၌ အခက်အခဲများ၊ ဒုက္ခခံစားခြင်းများ အပြည့်ရှိသော်လည်း သူ၏ အသွေးအသားနှင့် ဝိညာဉ်ခန္ဓာ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ထိုအချိန်မှာ သူ၏လုပ်ဆောင်မှုကို လုံးဝပြီးပြည့်စုံစွာ ပြီးမြောက်စေခဲ့သည်။ သူသည် လူ့ဇာတိခံယူခြင်းအားဖြင့် သူ၏အမှုတော်ကို အစပြုခဲ့ပြီး သူ၏လူ့ဇာတိဆန်သော ပုံသဏ္ဌာန်နှင့် လူသားမျိုးနွယ်ဆီကို ကိုယ်ထင်ပြခြင်းအားဖြင့် သူ၏ အမှုတော်ကို နိဂုံးချုပ်ခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်ကို ကြိုတင်နိမိတ်ပြခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်မှာ သူအလုပ်လုပ်ဆောင်ခဲ့ပြီး သူ၏နောက်လိုက်တို့ကို အားအင်ဖြည့်ဆည်းပေးခဲ့ပြီး ဦးဆောင်ခဲ့သည်။ သူစခဲ့သောအရာကို သူအမှန်တကယ်ပင် ပြီးဆုံးအောင်လုပ်ခဲ့သည်ဟု ဘုရားသခင်၏အလုပ်ကို ပြောနိုင်သည်။ အဆင့်တို့နှင့် အစီအစဉ်တစ်ခုရှိပြီး ဘုရားသခင်၏ အသိဉာဏ်ပညာ၊ သူ၏ အဆုံးအစမရှိဘုန်းတန်ခိုးနှင့် သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုတို့နှင့် ပြည့်ဝနေသည်။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်းတို့နှင့်လည်း ပြည့်ဝနေသည်။ ဘုရားသခင်၏အလုပ်အားလုံးမှာ ပါဝင်နေသော အဓိကအချက်က လူသားမျိုးနွယ်အတွက် သူ၏ ဂရုစိုက်ခြင်းပင်ဖြစ်သည်။ သူလုံးဝဘေးဖယ်ထား၍မရသော သူ၏ အလေးထားသော ခံစားချက်တို့နှင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ သမ္မာကျမ်းစာ၏ ဤစာပိုဒ်တို့၌၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုလုပ်ဆောင်ခဲ့သော အရာတစ်ခုချင်းစီတိုင်းမှာ ဖွင့်ပြသောအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မပြောင်းလဲသော မျှော်လင့်ချက်နှင့် အလေးထားမှုတို့ဖြစ်ပြီး ဘုရားသခင်၏ တိကျစေ့စပ်သော ဂရုစိုက်မှုနှင့် လူသားတို့ကို ချစ်ခင်မြတ်နိုးမှုတို့ဖြစ်သည်။ ယခုအချိန်အထိ ဤအရာတို့ထဲက တစ်ခုမျှ မပြောင်းလဲပေ။ ဤသည်ကို သင်တို့ မြင်နိုင်ပါ၏လော။ ဤသည်ကို သင်တို့မြင်သောအခါ သင်တို့၏ နှလုံးသားသည် ဘုရားသခင်နှင့် အလိုအလျောက် မနီးစပ်သွားပေဘူးလော။ သင်တို့သည် ထိုခေတ်မှာနေပြီး သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်တို့မြင်ရန်အတွက် မြင်သာသော အသွင်သဏ္ဌာန်နှင့် သင်တို့ရှေ့မှာ ကိုယ်ထင်ပြလာပြီး၊ သင်တို့ရှေ့မှာ သူထိုင်လျှင်၊ ပေါင်မုန့်နှင့်ငါးကိုစားလျက် ကျမ်းစာတို့ကို သင်တို့အား ရှင်းပြလျှင်၊ သင်တို့နှင့် စကားပြောလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်း။ ပျော်ရွှင်ခြင်းကို ခံစားရမည်လော။ အပြစ်ရှိသကဲ့သို့ ခံစားရသလော။ ဘုရားသခင်အပေါ် ယခင်က အထင်လွဲမှုတို့နှင့် ရှောင်ကြဉ်မှုတို့၊ ဘုရားသခင်အပေါ် အမြင်ကွဲလွဲမှုတို့နှင့် သံသယတို့၊ ဤအရာတို့အားလုံးက ပျောက်ကွယ်မသွားဘူးလော။ ဘုရားသခင်နှင့် လူသားကြားမှာ ရှိသော ဆက်ဆံရေးသည် ပို၍ပင် သင့်တော်လာမည် မဟုတ်သလော။

သမ္မာကျမ်းစာ၏ ဤကန့်သတ်ထားသောအခန်းတို့၏ အနက်ဖွင့်ဆိုချက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားမှာ ချို့ယွင်းချက်တစ်ခုခုကို သင်တို့ တွေ့ရှိသလော။ ဘုရားသခင်၏ချစ်ခြင်းမှာ မစစ်မှန်မှုတို့ကို သင်တွေ့ရှိသလော။ ဘုရားသခင်၏ အဆုံးအစမရှိဘုန်းတန်ခိုး၊ သို့မဟုတ် အသိဉာဏ်ပညာ၌ လှည့်စားမှု၊ သို့မဟုတ် ဆိုးယုတ်မှုတစ်ခုခုကို သင်တို့ မြင်သလော။ လုံးဝ မရှိပေ။ ယခုတွင် ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သည်ဆိုသည်ကို သင်တို့ သေချာပေါက် ပြောနိုင်သလော။ ဘုရားသခင်၏ စိတ်ခံစားမှုတို့ အားလုံးသည် သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်ဆိုသည်ကို သင်တို့ သေချာပေါက်ပြောနိုင်သလော။ ဤစကားလုံးများကို သင်တို့ ဖတ်ပြီးသည့်နောက်တွင် ထိုမှ သင်တို့နားလည်သောအရာက စိတ်သဘောထားပြောင်းလဲခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအပေါ် သင်တို့၏ အားထုတ်ကြိုးပမ်းမှုသည် အကျိုးအမြတ်တို့ကို သယ်ဆောင်လာပြီး သင်တို့ကို ကူညီပေးလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဤစကားလုံးတို့သည် သင်တို့အတွက် တဖြည်းဖြည်းချင်းကြီးထွားလာသော အသီးအပွင့်တို့ဖြစ်စေပြီး ဤအားထုတ်ကြိုးပမ်းမှုမှာ ဘုရားသခင်ဆီသို့ သင့်ကို ပိုပိုပြီး နီးစပ်လာစေရန်၊ သင်တို့သည် သမ္မာတရားနောက်ကိုလိုက်ခြင်း၌ မငြီးငွေ့ဘဲ သမ္မာတရားနှင့် စိတ်သဘောထားပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်ခြင်းသည် ဒုက္ခရောက်သည်၊ သို့မဟုတ် မလိုအပ်သောအရာဖြစ်သည်ဟု မခံစားရစေရန်အတွက် ဘုရားသခင်လိုအပ်သော စံသတ်မှတ်ချက်ဆီသို့ ပိုပိုပြီးနီးစပ်အောင် သယ်ဆောင်လာရန်ကိုလည်း ငါမျှော်လင့်သည်။ ၎င်းသည် အလင်းကိုတောင့်တရန်၊ တရားမျှတမှုကို တောင့်တရန်၊ သမ္မာတရားနောက်ကိုလိုက်ရန် ဆန္ဒပြင်းပြစေရန်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းကို အားထုတ်လိုက်လျှောက်ရန်၊ ဘုရားသခင်အားဖြင့် လက်ခံရရှိသော လူသားတစ်ယောက်ဖြစ်ရန်၊ စစ်မှန်သော လူတစ်ယောက်ဖြစ်ရန် သင်တို့ကို တွန်းအားပေးသော ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော အနှစ်သာရနှင့် ဘုရားသခင်၏ မှန်ကန်သော စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၂

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်စရာရှိသည့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် သူ၏ နှုတ်ကပတ်တော် သာသနာလုပ်ငန်းကို ထမ်းဆောင်ရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၄

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အရေးအား မလွဲချော်နှင့် လူသားဘဝကို ဖန်တီးသည့် ဆယ်စုနှစ်အချို့သည် ကြာလည်း မကြာသကဲ့သို့ တိုလည်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၈

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၀

ယနေ့လူများ၏ ရှာဖွေမှုများတွင် လွဲမှားနေသည့် အရာများရှိနေသည်။ လူများသည် ဘုရားသခင်ကို ချစ်ရန်နှင့် နှစ်လိုစေရန်အတွက်သာ ရှာဖွေကြသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။