ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၁

ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဖန်ဆင်းရှင်သည် အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် သူ၏ သြဇာအာဏာသည် အတည်ပြုပြီးဖြစ်ပြီး သက်တံ ပဋိညာဉ်တွင် နောက်တစ်ကြိမ် ထင်ရှားသည်

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြဲတမ်းထင်ရှားပြီး ဖန်ဆင်းခံတို့ထံတွင် အသုံးချသည်၊ သူသည် အရာအားလုံး၏ ကံကြမ္မာကို အုပ်စိုးရုံသာမကဘဲ သူ့လက်နှင့် သူဖန်ဆင်းခဲ့သည့် အထူးဖန်ဆင်းခံများဖြစ်သည့် မတူညီသည့် ဘဝတည်ဆောက်ပုံကိုပိုင်ဆိုင်ပြီး မတူညီသည့် ကိုယ်ခန္ဓာသဏ္ဌာန်နှင့် တည်ရှိသည့် လူသားတို့ကိုလည်း အုပ်စိုးသည်။ အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် ဖန်ဆင်းရှင်သည် သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ဖော်ပြခြင်းက ရပ်တန့်မသွားပေ။ သူ့အတွက်မူ အရာအားလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို အချုပ်အခြာ အာဏာပိုင်သခြင်းကို ကိုင်ဆောင်ထားသည့်သြဇာအာဏာသည် လူသားမျိုးနွယ် သူ့လက်မှ အမှန်တကယ် ပေါက်ဖွားလာသည့်အချိန်တွင်မှ အမှန်တကယ် အစပြုလာသည်။ သူသည် လူသားမျိုးနွယ်ကို စီမံပြီး လူသားမျိုးနွယ်ကို အုပ်စိုးရန် ရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို အမှန်တကယ် ရရှိရန်၊ အရာအားလုံးကို အုပ်ချုပ်နိုင်သည့် လူသားမျိုးနွယ်တစ်ရပ်ကိုရရှိရန် ရည်ရွယ်ခဲ့ပြီး သူ၏သြဇာအာဏာအောက်တွင် အသက်ရှင်နေထိုင်သည့်၊ သူ၏သြဇာအာဏာကိုသိသည့်၊ သူ၏သြဇာအာဏာကို နာခံသည့် ထိုသို့သောလူသားမျိုးနွယ်ကို ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားကြားတွင် သူ၏သြဇာအာဏာကို တရားဝင်ဖော်ပြရန် အစပြုခဲ့ကာ သူ၏နှုတ်ကပတ်တော်တို့ကို သိမြင်ရန် သူ၏ သြဇာအာဏာကို စတင် အသုံးပြုခဲ့သည်။ ဤဖြစ်စဉ်အတွင်းတွင် ဘုရားသခင်၏ သြဇာအာဏာသည် ထင်ရှားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အတုမရှိခြင်းကို သင်တို့နားလည်ပြီး သိမြင်နိုင်မည့်၊ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို နားလည်သိမြင်နိုင်မည့် လူသိများသည့် သီးသန့် ဥပမာများကို ငါရွေးချယ်ခဲ့ရုံမျှသာဖြစ်သည်။

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ တွင်ပါသည့် ကျမ်းပိုဒ်နှင့် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းခြင်း၏ မှတ်တမ်းနှင့် ပတ်သက်သည့် အပေါ်က ကျမ်းပိုဒ်များတွင် တူညီမှုတစ်ခုရှိသော်လည်း ကွဲပြားမှုတစ်ခုလည်းရှိသည်။ တူညီမှုက အဘယ်အရာနည်း။ သူရည်ရွယ်ထားသည့်အရာများကို လုပ်ရန်အတွက် ဘုရားသခင်က နှုတ်ကပတ်တော်တို့ကို အသုံးပြုခြင်းမှာ တူညီပြီး ကွဲပြားချက်က ဤကျမ်းပိုဒ်က လူသားနှင့် ဘုရားသခင်၏ အပြန်အလှန်စကားပြောဆိုခြင်း ဖြစ်ပြီး၊ ထိုအရာထဲတွင် သူသည် လူသားနှင့်ပဋိညာဉ်တစ်ခုကိုထူထောင်ကာ ပဋိညာဉ်တွင် ပါသည့်အရာများကို လူသားကို ဖော်ပြချက်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခြင်းက လူနှင့် သူစကားပြောသည့်အချိန်တွင် ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် ဖန်ဆင်းခံများကို ပြောဆိုသည့် ညွှန်ကြားချက်များ၊ အမိန့်များ ဖြစ်သည်။ သို့ရာတွင် ယခုတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြားနာမည့် သူတစ်ယောက်ရှိသည့်အတွက် သူ၏ နှုတ်ကပတ်တော်တို့သည် လူသားနှင့် ပြောဆိုချက်၊ လူသားကို တိုက်တွန်းချက်၊ သတိပေးချက်များဖြစ်သည်။ ထို့အပြင် သူ၏သြဇာအာဏာကို ခံယူသည့် အရာအားလုံးကို ပေးအပ်သည့် ပညတ်ချက်များလည်းဖြစ်သည်။

ဘုရားသခင်၏ မည်သည့်လုပ်ဆောင်ချက်ကို ဤကျမ်းပိုဒ်တွင် မှတ်တမ်းတင်ထားသနည်း။ ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် သူဖျက်ဆီးပြီးနောက်တွင် ဘုရားသခင်က လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်ကို မှတ်တမ်းတင်ထားသည်။ ဤပဋိညာဉ်တွင် ကမ္ဘာကို ဤကဲ့သို့သောဖျက်ဆီးခြင်းမျိုးနောက်ထပ် လုပ်တော့မည် မဟုတ်ဆိုသည်ကို လူသားကိုပြောပြထားပြီး အဆုံးတွင် ဘုရားသခင်က သင်္ကေတတစ်ခုကို ဖန်ဆင်းခဲ့သည်— ဤသင်္ကေတက အဘယ်အရာဖြစ်သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုထားသည်။ “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤစကားများကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်းပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ လူတိုင်း ဤသက်တံကို မြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိင်ပေ။ သို့မဟုတ် သူ၏ အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့်လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လက်ခံရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို အသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲပဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ထုတ်ပြန်ချက်နှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ ဤမပြောင်းလဲနိုင်သည့် နိယာမသည် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏စကားလုံးများကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ် လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတ တစ်ခုလည်းဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာ၊ မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားကို ပြောပြခဲ့ပြီး ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏နှုတ်က နှုတ်ကပတ်တော်များအရ ကိစ္စများသည် ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ဤနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ဤနိယာမကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏ နှုတ်ကပတ်တော်တို့သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် လက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ သို့မဟုတ် လက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင် သို့မဟုတ် ဖန်ဆင်းခံများတွင် မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် လက္ခဏာများလည်း ဖြစ်သည်။

လူသားနှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်ကို ဘုရားသခင် ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့အလိုတော်ကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူနှင့် ပြုလုပ်တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သည့် လူနှင့်ပြုလုပ်မည့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့်ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန် ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားအားလုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အဆုံးသတ်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင်ဖြစ်သည်။ အတိုပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံ ပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို လိုက်လျှောက်ခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်း၊ ချီးမွမ်းခြင်းတို့မှလွဲ၍ အဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ဆီကို လူသားတို့ အာရုံပြုစေရန် ကြေညာသည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၆

ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၂

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၁

သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၂

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။