ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၇

ဘုရားသခင်၏ အမျက်ဒေါသသည် ဖုံးကွယ်ထားပြီး၊ လူသားက မသိနိုင်သော်လည်း ထိုအရာသည် ထိပါးစော်ကားမှုကို သည်းမခံပေ

မိုက်မဲခြင်းအားလုံးနှင့် အသိမဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဆက်ဆံမှုက သနားညှာတာမှုနှင့် သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါသည်။ တစ်ဖက်မှာတော့ သူ၏အမျက်ဒေါသသည် ကျယ်ပြန့်သည့် အချိန်နှင့် အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါသည်။ ၎င်းကို လူသားက မသိပေ။ အကျိုးရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါသည်။ ဤကဲ့သို့ပင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသကို အလေးမထားပေ။ လူသားသည် ဘုရားသခင်၏ နောက်ဆုံးအမှုနှင့် လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံး သနားညှာတာမှုနှင့် သူ၏ နောက်ဆုံး သတိပေးချက်တို့က လူသားတို့ဆီကို ရောက်သည့်အခါမှာ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ မည်သည့်အားထုတ်မှုမှ မပြုလုပ်ဘူးဆိုလျှင်၊ သူတို့၏ နည်းလမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် သူ၏ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုလျှင် ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က သူ၏ သနားညှာတာမှုကို ပြန်လည်ရုတ်သိမ်းခြင်းသည် ဤအချိန်ဖြစ်ပါသည်။ ၎င်းအပြီးမှာ သူ၏အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မည်။ သူ၏ အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများနှင့် ဖော်ပြနိုင်သည်။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။

သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်၏ မီးကိုအသုံးပြုခြင်းသည် လူသားမျိုးနွယ်တစ်စု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လုံးဝအမြစ်ဖြတ်သည့် သူ၏ အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့၏လူတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာများထက်ပိုပြီး ဖျက်ဆီးခဲ့သည်။ ဤမြို့ထဲက လူတို့သည် လူသားအတွက် မမြင်နိုင်သည့်လောကနှင့် ရုပ်ဝတ္ထုလောကနှစ်ခုစလုံးမှာ ပျောက်ကွယ်သွားဖို့ သေချာစေရင်း သူတို့၏ ဝိညာဉ်တစ်ခုလုံး၊ သူတို့၏စိတ်နှင့် သူတို့၏ ကိုယ်ခန္ဓာတို့ကို ဖျက်ဆီးခဲ့သည်။ ၎င်းက ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်း ပုံစံက ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရကို အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သကဲ့သို့မျိုးပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ သူသည် မည်သည့်သနားညှာတာမှု သို့မဟုတ် မည်သည့်စာနာသနားမှုမှ မဖော်ထုတ်တော့သကဲ့သို့ သူ၏သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားညှာတာမှုကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ခါ ချပေးသနားဖို့ ဆွဲဆောင်နိုင်သည့် လူ၊ အရာဝတ္ထု သို့မဟုတ် အကြောင်းပြချက် မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို စေလွှတ်ပါလိမ့်မည်။ သူဆန္ဒရှိသည့်အတိုင်း လုပ်လိမ့်မည်။ သူသည် ဤအရာများကို သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့် ပုံစံနှင့် လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားက ထိပါးခြင်းမပြုလုပ်ရသည့် သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်စေလွှတ်သည့် နည်းလမ်းဖြစ်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်၏ ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ လူတို့သည် ဘုရားသခင်က လူသားအပေါ် ပူပင်မှုနှင့် စိုးရိမ်မှုအား ပြသခြင်းကို မြင်ရသည့်အခါမှာ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြပေ။ သူ၏ ဘုန်းအာနုဘော်ကို မမြင်နိုင်ကြပေ။ သို့မဟုတ် သူ၏ ထိပါးစော်ကားမှုကို သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားညှာတာခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင်ဟုဆိုပြီး လူတို့ကို ယုံကြည်ဖို့ ဤအရာများက ဦးတည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တွေ့ရသည့်အခါ၌ လူသားကို ဖျက်ဆီးခြင်းမှ သူ၏ အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့ကို သူ၏ ဖြောင့်မတ်ခြင်း စိတ်သဘောထား၏ အခြားတစ်ဖက်ကို အနည်းအကျဉ်းမြင်စေပါသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံ သတ္တဝါမဆို၏ တွေးမြင်ခြင်းထက် သာလွန်ပါသည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများကြားမှာ မည်သူကမှ ၎င်းကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် သက်ရောက်မှုရှိစေခြင်း မပြုလုပ်နိုင်ပေ။ တဖန် ၎င်းကို အယောင်ဆောင်ခြင်း သို့မဟုတ် အတုခိုးခြင်းလည်း ပြုလုပ်၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤအချက်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးရှိပါသည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့ စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ပါသည်။ ဘုရားသခင်သည် ဆိုးယုတ်ခြင်း၊ မှောင်မိုက်ခြင်း၊ ပုန်ကန်ခြင်းနှင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဝါးမျိုသည့် စာတန်၏ မကောင်းသည့် အပြုအမူများကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူ၏ သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရတို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့ဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ပါသည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ယှဉ်ပြိုင်ခြင်းများကို သူခံမည်မဟုတ်ဟုဆိုသည့် အရာက ထို့ကြောင့်ဖြစ်ပါသည်။ သူ တစ်ခါက သနားညှာတာမှုပြခဲ့သည့် သို့မဟုတ် ရွေးချယ်ခဲ့သည့်သူပင်လျှင် သူ၏ စိတ်သဘောထားကို ရန်စပြီး သူ၏ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းနိယာမကို ကျူးလွန်သည်နှင့် သူသည် သနားညှာတာခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း အနည်းငယ်မျှမရှိဘဲ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပါလိမ့်မည်။ ထိပါးစော်ကားမှုကို သည်းမခံသည့် စိတ်သဘောထားဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၂

အတိတ်ကာလတွင် လူအများသည် အားကြီးသော ရည်မှန်းချက်နှင့် အယူအဆများဖြင့် ရှာဖွေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်မျှော်လင့်ချက်များ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၄

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၁

လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၇

ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည် ကျမ်းစာက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။