ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၁

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုအပေါ်မှာ အမှီမပြုရပါ

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင်ကိုယ်တိုင် ရင်ဆိုင်ရသည့်အခါမှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် စစ်မှန်ခြင်းမရှိဟု သင်ပြောမည်လော။ ဘုရားသခင်၏ ဒေါသနောက်ကွယ်မှာ လိမ်ညာမှုတစ်ခုရှိသည်၊ သူ့ဒေါသသည် မစစ်မှန်ဘူးဟု သင်ဆိုမည်လော။ သူ၏စိတ်သဘောထားသည် လုံးဝ သေသေချာချာဖြောင့်မတ်ခြင်းမရှိဟု ပြောပြီး ဘုရားသခင်ကို သင် အသေရေဖျက်မည်လော။ ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခုစီနှင့် ကြုံတွေ့ဆက်ဆံရသည့်အခါမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားသည် အခြားအချက်အလက်များ ကင်းလွတ်ကြောင်း၊ သန့်ရှင်းပြီး အမှားကင်းစင်ကြောင်း သင်သေချာစေရပါမည်။ ဤလုပ်ဆောင်ချက်များမှာ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပါဝင်ပါသည်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းက သူ၏ပင်ကို စိတ်သဘောထားနှင့် သူ၏အစီအစဉ်နှင့်အညီ တင်းကျပ်စွာ ပြုလုပ်ထားပါသည်။ ဤနေရာမှာ လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာဓလေ့နှင့် အတွေးအခေါ်များ မပါဝင်ပေ။ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းက သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် မည်သည့်အရာနှင့်မှ ဆက်စပ်ခြင်းမရှိပေ။ လူသား၏ အယူအဆတို့မှာ ဘုရားသခင်၏ချစ်ခြင်း၊ လူသားမျိုးနွယ်အပေါ် သနားညှာတာမှုနှင့် သည်းခံခြင်းတို့သာ အမှားကင်းစင်၊ စစ်မှန်ပြီး သန့်ရှင်းမြင့်မြတ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသနှင့် သူ၏အမျက်ဒေါသတို့သည်လည်း အလားတူပင် စစ်မှန်ကြောင်းကို မည်သူမှ မသိပေ။ ထို့အပြင် ဘုရားသခင်က အဘယ့်ကြောင့် ထိပါးစော်ကားမှုများကို သည်းမခံသနည်း၊ သို့မဟုတ် သူ၏ဒေါသသည် အဘယ့်ကြောင့် သိပ်ကြီးမားသနည်းဆိုသည့် မေးခွန်းမျိုးကို မည်သူမှ သေချာမစဉ်းစားကြပေ။ ဆန့်ကျင်ဘက်အနေနှင့် တစ်ချို့က ဘုရားသခင်၏ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်ကဲ့သို့ ဒေါသစိတ်နှင့် အမြင်မှားကြပြီး၊ ဘုရားသခင်၏ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသနှင့်အတူတူပင်ဖြစ်သည်ဟု နားလည်လွဲကြသည်။ ဘုရားသခင်၏ ဒေါသက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းဟုပင် မှားယွင်းစွာ ယူဆကြသည်။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက မကျေနပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသကဲ့သို့ပင် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူတို့က စိတ်မချမ်းမြေ့သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ ဒေါသကဲ့သို့ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် သူ့စိတ်ခံစားချက်ကို ဖော်ပြခြင်းဟုပင် ယုံကြည်ကြသည်။ ဤမိတ်သဟာယ ပြီးသည့်နောက်မှာ သင်တို့တစ်ယောက်ချင်းစီတိုင်းက ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် အယူအဆလွဲမှားခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ သို့မဟုတ် အထင်အမြင်သက်သက်များ မရှိတော့ဖို့ မျှော်လင့်ပါသည်။ ငါ၏ စကားများကို ကြားပြီးနောက်မှာ သင်တို့နှလုံးသားထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမျက်ဒေါသကို သင်တို့ အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသအပေါ် ယခင်က မှားယွင်းစွာ နားလည်ထားခြင်းများကို ဘေးကိုဖယ်လိုက်နိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရအပေါ် သင်တို့၏ ကိုယ်ပိုင် မှားယွင်းသည့်ယုံကြည်မှုများနှင့် အမြင်များကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါသည်။ ထို့အပြင် သင်တို့နှလုံးသားထဲမှာ ဘုရားသခင်၏ စိတ်သဘောထား၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သံသယတစ်ခုမှ မရှိတော့ဖို့၊ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထားအပေါ်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှုများ သို့မဟုတ် စိတ်ကူးထင်မြင်မှုများနှင့် မသတ်မှတ်ဖို့ မျှော်လင့်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ ကိုယ်ပိုင် မှန်ကန်သည့် အနှစ်သာရဖြစ်ပါသည်။ လူသားက ပုံသွင်းထားသည့် သို့မဟုတ် ရေးသားထားသည့် အရာတစ်ခုမဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မှ ဆက်နွယ်ခြင်း သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင်က ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါသည်။ သူသည် ဖန်ဆင်းထားသည့်အရာများ၏ အစိတ်အပိုင်းတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေ။ ဖန်ဆင်းခံသတ္တဝါများကြားမှာ သူသည် အဖွဲ့ဝင်တစ်ယောက်ဖြစ်လာလျှင်တောင် သူ၏ ပင်ကို စိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမှာ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းမဟုတ်ပေ။ တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းလည်း မဟုတ်ပေ။ လူသားသည် အရာဝတ္ထုတစ်ခုကို သိဖို့ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက် သူ၏အယူအဆ သို့မဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့အတွက် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မှ သိမှာမဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ သို့မဟုတ် စဉ်းစားထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏ အတွေ့အကြုံသို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ်မှာ ဘယ်တော့မှ သတ်မှတ်ခြင်း မပြုလုပ်သင့်ပေ။ သင်၏ အတွေ့အကြုံနှင့် စဉ်းစားတွေးတောမှုတို့က မည်မျှပင် ပေါများနေပါစေ၊ ၎င်းတို့က အကန့်အသတ်နှင့်ပင်ဖြစ်သည်။ ထို့နောက် သင်၏ စဉ်းစားတွေးတောခြင်းက အရှိတရားနှင့် ထပ်တူညီခြင်း မရှိပေ။ သမ္မာတရားနှင့် ထပ်တူညီဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ သင်၏ စဉ်းစားတွေးတောခြင်းကို အမှီပြုလျှင် သင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော လမ်းက ဘုရားသခင်ဆီက လာသည့် အရာအားလုံးကို လက်ခံပါ။ ပြီးလျှင် တဖြည်းဖြည်းနှင့် ၎င်းကို တွေ့ကြုံခံစားပြီး နားလည်ပါ။ သင်၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ ငတ်မွတ် ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကို အမှန်တကယ်နားလည်ပြီး သိဖို့ သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့် နေ့တစ်နေ့ ရောက်လာပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၀

အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၅

စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည် (လက်ရွေးစင် ကျမ်းပိုဒ်) ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၆

ငါသည် နိုင်ငံတော်တွင်အုပ်စိုးသည့်အပြင် စကြဝဠာတစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြာဝဠာ၏အကြီးအကဲပါ ဖြစ်၏။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။