ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” | ကောက်နုတ်ချက် ၁၃၆

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သည့် အမှန်တရားကို မည်သည့် သဘောထားဖြင့် လူက ယခု သိရှိမှတ်ယူသင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသည့် တကယ့် ပြဿနာဖြစ်သည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ စိတ်သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရား၏သြဇာအာဏာကို နာခံနည်းကျူး

ဘုရားသခင်ရဲ့ အာဏာ၊ လူသားရဲ့ကံကြမ္မာအပေါ် သူ့အချုပ်အခြာကို လူသား ဘယ်လိုသိပြီး သဘောထားနိုင်မလဲ ဒီပြဿနာက လူသားအားလုံး ရင်ဆိုင်နေရတာ သင့်ဘဝထဲ ပြဿနာ ကြုံရတဲ့အခါ ဘုရားသခင်ရဲ့အာဏာနှင့် အချုပ်အခြာကို သင် ဘယ်လို မြည်းစမ်း၊သဘောပေါက်မလဲ ဒီပြဿနာတွေကို ဘယ်လိုနားလည်၊ကိုင်တွယ်၊ ရင်ဆိုင်ရမည်ဆိုတာကို သင်မသိတဲ့အခါ ဘုရား၏ ကိုယ်ပိုင်အစီအမံကို နာခံဖို့ သင်၏ဆန္ဒနှင့်အလိုကို ပြသရန် သင်ဘယ်လိုသဘောမျိုးထားသင့်သလဲ အရာအားလုံးဟာ ဘုရားသခင်ရဲ့အစီအမံနှင့် အချုပ်အခြာအောက်မှာ သဘာဝနိယာမများကို နာခံတာ တကယ်လို့ သင်သည် ဘုရားသခင်ကို ဦးဆောင်ခွင့်၊ စီမံခွင့်၊ လမ်းပြခွင့်ပေးရင် သင် စောင့်ရမယ်၊ ရှာဖွေရမယ်၊ နာခံရမယ် ဒီသဘောထားကို ဘုရားရှေ့ဦးညွှတ်သူအားလုံးမှာ လိုအပ်နေတာ ဒီအရည်အချင်းကို ရရှိရန် ကြိုးပမ်းသူများသည် စစ်မှန်သောအမှန်တရားကို ရရှိလိမ့်မည်။

သင်ဟာ လူတွေ၊ဖြစ်ရပ်တွေနှင့် ဘုရားစီစဉ်ထား တဲ့ အခြေအနေတွေအပေါ် ဘုရားသခင်ရဲ့ အချိန်ကိုက်မှုကို စောင့်သင့်တာ သူ့အလိုတော် သင့်ကို တဖြည်းဖြည်း ဖော်ပြခြင်းအား စောင့်သင့်တာ ဘုရားရဲ့ရည်ရွယ်ချက်တွေဟာ ဘယ်လောက်ကောင်းမြတ်ကြောင်းသိဖို့လူတွေ၊ အခြေအနေတွေမှတစ်ဆင့် သင် ရှာဖွေသင့်ပါတယ် သူ့သမ္မာတရားနှင့်သင် ထိန်းသိမ်းရမည့်နည်းတွေကို နားလည်လိုက်ပါ သူ လူသားတွေကို ရရှိစေလိုတဲ့ အသီးအပွင့်တွေနှင့် အောင်မြင်မှုတွေကို နားလည်ထားပါ ဘုရားရဲ့အချုပ်အခြာနှင့် သူ စီစဉ်ထားတဲ့အရာအားလုံးကို နာခံ လက်ခံပါ ဖန်ဆင်းရှင်ဟာ လူသားရဲ့ကံကြမ္မာကို ဆုံးဖြတ်ထားပုံ လူသားကို သူ့အသက်နှင့်ဘယ်လိုဖြည့်ဆည်း ပေးပုံနှင့် သမ္မာတရားရရှိအောင် လုပ်ဆောင်ပုံတို့ကို သင်ယူလေ့လာပါ အရာအားလုံးဟာ ဘုရားသခင်ရဲ့အစီအမံနှင့် အချုပ်အခြာအောက်မှာ သဘာဝနိယာမများကို နာခံတာ တကယ်လို့ သင်သည် ဘုရားသခင်ကို ဦးဆောင်ခွင့်၊ စီမံခွင့်၊ လမ်းပြခွင့်ပေးရင် သင် စောင့်ရမယ်၊ ရှာဖွေရမယ်၊ နာခံရမယ် ဒီသဘောထားကို ဘုရားရှေ့ဦးညွှတ်သူအားလုံးမှာ လိုအပ်နေတာ ဒီအရည်အချင်းကို ရရှိရန် ကြိုးပမ်းသူများသည် စစ်မှန်သောအမှန်တရားကို ရရှိလိမ့်မည်။ စစ်မှန်သောအမှန်တရားကို ရရှိလိမ့်မည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” -ကောက်နုတ်ချက် ၁၁၈

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုးလေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” | ကောက်နုတ်ချက် ၅၁

ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” | ကောက်နုတ်ချက် ၁၅၁

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” | ကောက်နုတ်ချက် ၁၆၂

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည်...