ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၉

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်)

စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ရပ်မနေသကဲ့သို့၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ စာတန် လုပ်ဆောင်သမျှ အားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ရေပန်းစားမှုကို စာတန်က ဖြစ်ပေါ်စေသည်ဖြစ်စေ၊ စာတန် လုပ်ဆောင်ဖို့ ကြိုးစားနေသည့် အရာအားလုံးကို ဘုရားသခင်သည် သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့်- လိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။ ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် ဤသတင်းကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ စာတန်ထံ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ မည်သည့် ထည်ဝါခံ့ညားသော အမူအရာကိုမျှ သာ၍မပြုပေ။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ- ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့်၊ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏...ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်။ လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်း၏။ သင်သည် အကြောင်းအရာ အသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ လုပ်ဆောင်ရသည်ကို နှစ်သက်သည့် အရာအချို့ သင့်မှာ ရှိ၏။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်၏ ကိုယ်ပိုင်နေရာ၌ သင် နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင် စောင့်ကြည့်သကဲ့သို့၊ ရှေ့ဆက်သည့် ခြေလှမ်းတိုင်းကို သင်လှမ်းသည်နှင့်အမျှ သူသည် သင့်ကို စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အချိန် သို့မဟုတ် သိပ္ပံပညာကို လေ့လာနေသည့်အခါ၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ဖဝါးမျှ မခွာဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်းနှင့် ထိတွေ့လာရခြင်း ဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏၊ သင်သည် သင်၏ကိုယ်ပိုင် စံတို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင်သည် သင်၏ ကိုယ်ပိုင် ဝါသနာများ၊ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သိုထားသည်။ သင်သည် သင်၏အနာဂတ်ကို မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏ ဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သည့်အရာ ဖြစ်ပေါ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီ ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိပေ။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။ ဤကာလအတွင်းတွင်၊ ဘုရားသခင်၏ အရေးကြီးဆုံး အလုပ်သည်ကား မည်သူမျှ သတိမမူမိဖူးသောအရာ တစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအကြောင်းကို မည်သူကိုမျှ ဧကန်မုချ ပြောမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရေးပါဆုံးသောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည် ဆိုသည့် အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ဘုရားသခင်က ဤလူကို ကယ်တင်ချင်ပါက၊ ဤအရာကို လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။ ဤအလုပ်သည် လူသားနှင့် ဘုရားသခင် နှစ်ဦးလုံးအတွက် မရှိမဖြစ် အရေးကြီးပေသည်။ ထိုအရာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်တစ်ခုတစ်လေ သို့မဟုတ် အယူအဆတစ်ခုတစ်လေ ရှိကြပုံမရချေ၊ ထို့ကြောင့် သင်တို့ကို ငါပြောပြမည်။ သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။ ဤစကားတို့ကို ကြားသည့်အချိန်တွင်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်၏။ “ဤဘေးကင်းရေးသည် အလွန် အရေးကြီးသလော” ဟူ၍ သင် မေးနိုင်သည်။ ကောင်းပေ၏၊ “ဘေးကင်းရေး” ၏ တိုက်ရိုက် အဓိပ္ပါယ်သည် အဘယ်နည်း။ ထိုအရာမှာ ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သကဲ့သို့၊ ထိုအရာမှာ ကောင်းစွာ နေထိုင်ရန်၊ သာမန်ဘဝကို ရှင်သန်ရန်အလို့ငှာ မည်သည့် ဘေးဒုက္ခနှင့် ကပ်ဘေးတို့ကိုမျှ လုံးဝ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သည်။ သို့ရာတွင် သင်တို့၏ စိတ်နှလုံးများထဲတွင် ယင်းမှာ သိပ်မရိုးရှင်းသည်ကို သိရမည်။ သို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟု၊ ငါ ပြောဆိုနေသည့် ဤအရာမှာ မည်သည့်အရာဖြစ်သနည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အဖို့ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် “ဘေးကင်းရေး” ၏ သာမန် အဓိပ္ပါယ်နှင့်ဆိုင်သည့် အာမခံချက် ဧကန်အမှန် ဖြစ်ပါသလော။ မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် ပြုသည့် ထိုအရာမှာ အဘယ်အရာနည်း။ ဤ “ဘေးကင်းရေး” ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်ပုံရ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၈

ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည် ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၇

ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီး ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၄

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၇

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။