ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၁

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသားသည် သူကြုံတွေ့ရပြီး ဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာ အားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသား၏ နုနယ်သော ဝိညာဉ်အသက်တာအနေဖြင့် ခွန်အား တဖြည်းဖြည်း တိုးပွားနိုင်စေဖို့အလို့ငှာ၊ အပြုသဘောဆောင်ဖြင်းဖြင့် တဖြည်းဖြည်း ပေါ်ထွက်နိုင်ပြီး ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုလားလာစေဖို့အလို့ငှာ ဘုရားသခင်သည် လူသား အားနည်းသောအခါ၊ စိတ်ဓါတ်ကျသောအခါ၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါတွင်၊ လူကို နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်ကို မနာခံသည့်အခါ၊ သူ့ကို ဆန့်ကျင်သည့်အခါ၊ သို့မဟုတ် မိမိ၏ ပျက်စီးခြင်းကို လူက ထုတ်ဖော်ပြသည့်အခါတွင်၊ လူကို ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတွင် ဘုရားသခင်သည် မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့ အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် တဖြည်းဖြည်း အရွယ်ရောက်လာ၏၊ ကြီးပြင်းလာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ မည်သည့်အရာများက အပြုသဘောဆောင်သောအရာများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည် ဆိုသည်ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းမှာ မည်သည့်အရာများ ဖြစ်သည်ကို သိလာ၏။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအရာများ သို့မဟုတ် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်သော်လည်း၊ လက်တွေ့၌ သူလုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၆

ငါသည် နိုင်ငံတော်တွင်အုပ်စိုးသည့်အပြင် စကြဝဠာတစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြာဝဠာ၏အကြီးအကဲပါ ဖြစ်၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄

လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူ သတ်မှတ်သနည်း ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၁

ယနေ့၊ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်း ခံရသူတစ်ဦးဖြစ်ရန် လူသား၏ဆောင်ရွက်မှုသည် လူသားက ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦး၏ဘဝ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၅

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။