ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၅၀

ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။ သူ၏ကိုယ်ခန္ဓာမှာ အဆိပ်ပါဝင်ပြီး စာတန်သည် ဤအဆိပ်ကို ကိုင်တွယ် အသုံးချသည်။ ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့်သူက မြွေပင်ဖြစ်သည်။ ဧဝက အပြစ်လုပ်ပြီးနောက် အာဒံသည်လည်း အပြစ်လုပ်ခဲ့ပြီး သူတို့နှစ်ယောက်သည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်စွမ်း ရှိသွားကြသည်။ မြွေက ဧဝကို သွေးဆောင်လိမ့်မည်ဟုသာ ယေဟောဝါက သိခဲ့လျှင် ဧဝက အာဒံကို သွေးဆောင်မည်ဟုသာ ကြိုသိခဲ့လျှင် ဘုရားသခင်သည် သူတို့အားလုံးကို အဘယ်ကြောင့် ဥယျာဉ်တစ်ခုထဲမှာ ထားခဲ့မည်နည်း။ သူသည် ဤအရာများကို ကြိုတင် သိမြင်နိုင်ခဲ့လျှင် မြွေကို အဘယ်ကြောင့်ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ ထားခဲ့မည်နည်း။ ဧဒင်ဥယျာဉ်ထဲမှာ အဘယ်ကြောင့် အကောင်းနှင့် အဆိုးကို ခွဲခြားသိနိုင်သည့် သစ်ပင်၏ အသီး ရှိနေခဲ့သနည်း။ သူတို့အား အသီးကို စားစေဖို့ ရည်ရွယ်ခဲ့သလော။ ယေဟောဝါ ရောက်လာသည့်အခါ အာဒံနှင့် ဧဝတို့သည် သူနှင့်ရင်မဆိုင်ရဲခဲ့ချေ။ ယေဟောဝါသည် ဤအချိန်ကျမှသာ သူတို့သည် မြွေ၏လှည့်စားမှု၌ ကျဆုံးသွားပြီး အကောင်းနှင့် အဆိုးကို သိစေသည့်အပင်၏ အသီးကို စားခဲ့ကြပြီဆိုသည်ကို သိခဲ့သည်။ အဆုံးမှာတော့ ဘုရားသခင်သည် မြွေကိုကျိန်ပြီး အာဒံနှင့် ဧဝကိုလည်း ကျိန်ခဲ့သည်။ သူတို့နှစ်ယောက်က သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်မှာ ယေဟောဝါသည် သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးသွမ်းခြင်း အဖြစ်ထိ ယိုယွင်းပျက်စီးလာခဲ့ပြီး တဏှာရာဂ တပ်မက်မှုများရှိလာကာ သူတို့နှလုံးသားထဲမှာ ခိုဝင်လာသည့် အရာများ အားလုံးသည် ဆိုးယုတ်မှုနှင့် မဖြောင့်မတ်မှုများ ဖြစ်လာသည်အထိ ယိုယွင်းပျက်စီးလာကြသည်။ သူတို့အားလုံးသည် ညစ်ညမ်းကြသည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့ခြင်းကို နောင်တရခဲ့သည်။ ဤနောက်မှာတော့ သူသည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောဧနှင့် သူ၏သားများသာ လွတ်မြောက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးသကဲ့သို့ အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန်များ ဖြစ်နေခြင်းမျိုး မဟုတ်ကြပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်လိမ့်မည် ဆိုသည်ကို သိရက်နှင့် အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း” ဟုမေးသည်။ ဤအချက်များကို ကြည့်ပါ။ ကမ္ဘာမြေကြီး မတည်ရှိခင်တုန်းက ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်တို့၏ အကြီးမြတ်ဆုံးဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန် အားလုံးအပေါ်မှာ တရားစီရင်ပိုင်ခွင့် ရှိသည်။ ဤအရာသည် ဘုရားသခင် ပေးအပ်ထားသည့် အခွင့်အာဏာဖြစ်သည်။ ဘုရားသခင်ကို ခြွင်းချက်ထားလျှင် သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်များ အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အခါ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်းဆိုလျှင် သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်လိုပြီး ဘုရားသခင်၏ အခွင့်အာဏာထက် သာလွန်လိုခဲ့သည်။ ဧဝကို အပြစ်လုပ်မိစေဖို့ သွေးဆောင်ခဲ့သူက ကောင်းကင်တမန်မင်းပင်။ ကမ္ဘာမှာ သူ၏နိုင်ငံကို တည်ထောင်လိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်ကာ သူ၏စကားကိုသာ လိုက်နာစေလိုသောကြောင့် ဤကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏စကားကို အားလုံးက လိုက်နာသည်ကို သူတွေ့မြင်ခဲ့ရသည်။ ကောင်းကင်တမန်များက လိုက်နာသည်။ ကမ္ဘာမှာရှိသည့် လူများကလည်း လိုက်နာသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာမှာရှိသည့် အရာခပ်သိမ်းသည် အာဒံနှင့် ဧဝတို့ဖြစ်သည့် လူသား၏ လက်အောက်မှာ ရှိနေသည်။ အာဒံနှင့် ဧဝကလည်း လိုက်နာသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို သာလွန်အောင်ပြုလုပ်ဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်တမန်အများအပြားကို ဘုရားသခင်အား ပုန်ကန်စေဖို့ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းမှာ ဤကောင်းကင်တမန်များသည် မသန့်ရှင်းသည့် ဝိညာဉ်ဆိုးများ ဖြစ်လာခဲ့သည်။ ယနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စာတန်၏ ဖျက်ဆီးမှုကြောင့် ဖြစ်လာသည် မဟုတ်ပေဘူးလား။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတွက် လူသားမျိုးနွယ်သာ တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် လုပ်ဆောင်မှုသည် လူများ စိတ်ထင်သကဲ့သို့ လုံးဝ အပေါ်ယံရိုးရိုးလေး မဟုတ်ပေ။ စာတန်သည် အကြောင်းရှိ၍ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူများသည် ဤကဲ့သို့ရိုးရှင်းသည့် အရာတစ်ခုကို နားလည်ဖို့ မတတ်နိုင်ကြချေ။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းပြီး စာတန်ကိုပါ အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သော်လည်း အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းလျှင် ရန်သူကို သူဖန်ဆင်းခြင်း ဖြစ်မနေဘူးလော။ ဘုရားသခင်သည် အမှန်တကယ်ပင် ရန်သူကို ဖန်ဆင်းခဲ့တာမျိုး မဟုတ်ချေ။ တကယ်တော့ သူသည် ကောင်းကင်တမန် တစ်ပါးကို ဖန်ဆင်းပြီး ဤကောင်းကင်တမန်သည် နောက်မှာတော့ သူ့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏အစွမ်းသည် အလွန်ကြီးမားသည့်အတွက် ဘုရားသခင်ကို သစ္စာဖောက်ချင်လာသည်။ ဤအရာသည် တိုက်ဆိုင်မှုတစ်ခုဟု ပြောနိုင်သော်လည်း ရှောင်လွှဲ၍မရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ဤအရာက လူသည် တချိန်ချိန်မှာ ရှောင်လွှဲ၍မရဘဲ သေဆုံးရသည့် ပုံစံနှင့် ဆင်တူသည်။ အကြောင်းအရာများသည် တိကျသည့် အဆင့်တစ်ခုဆီကို ဖွံ့ဖြိုးရောက်ရှိနေပြီး ဖြစ်သည်။ ဤကဲ့သို့ပြောတတ်သည့် အဓိပ္ပာယ်မရှိသည့် လူများရှိသည်။ “စာတန်က ကိုယ်တော်၏ ရန်သူဖြစ်လျှင် သူ့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို ကိုယ်တော်မသိခဲ့သလော။ ကိုယ်တော်သည် ထာဝရကာလမှ ထာဝရကာလတိုင် သိမြင်နိုင်သည် မဟုတ်လော။ သူ၏သဘောသဘာဝကို ကိုယ်တော်မသိသလော။ သူက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို သေသေချာချာ သိနေသော်လည်း အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ သစ္စာဖောက်ခြင်းကို လျစ်လျူရှုခဲ့လျှင်ပင် စာတန်က ကောင်းကင်တမန် အများအပြားကို ဦးဆောင်ပြီး သေမျိုးများ၏ လောကကြီးကိုဆင်းပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဦးမည်ပင်။ ဤနေ့အထိ ကိုယ်တော်က ကိုယ်တော့်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို မပြီးဆုံးနိုင်သေး” ဟု ပြောကြသည်။ ဤအရာမှန်ကန်ပါသလား။ လိုအပ်သည်ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေသည်နှင့်မတူဘူးလား။ အချို့က ပြောပါသေးသည်။ “လက်ရှိအချိန်၌လည်း စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည်ပင် မဟုတ်လော။ ဘုရားသခင်က ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်မည်မဟုတ်။ ဤကဲ့သို့ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့်ပြည့်စုံမှုသည် မြင်နိုင်မည်မဟုတ်ချေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ သွားပြီး ထင်ရှားပြမည်နည်း။ ဤအရာကြောင့် ဘုရားသခင်သည် စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖော်ပြလိမ့်မည်၊ ဤကဲ့သို့ မဟုတ်လျှင် လူသားသည် မည်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်ပညာကို ရှာတွေ့နိုင်မည်နည်း။ လူသားသည် သူ့ကို ပြန်လည်မပုန်ကန်ဘူးဆိုလျှင် သူ၏ပြုမူဆောင်ရွက်မှုများကို ထင်ရှားပြဖို့ လိုအပ်မည်မဟုတ်ချေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ဖို့နှင့် လိုက်နာမည်ဆိုလျှင် သူ့မှာ ဘာမျှလုပ်စရာရှိမည် မဟုတ်” ဟုပြောသည်။ ဤအရာသည် သမ္မာတရားနှင့် သာ၍ပင် ဝေးသွားသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း ဘာမျှ မရှိသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သူသည် ညစ်ညမ်းမှုကို ဖန်ဆင်းနိုင်မည် မဟုတ်ချေ။ သူသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ယခုဖွင့်ပြခြင်းသည် အစအဦးကတည်းက သူ့လက်အောက်မှာရှိခဲ့ပြီး သူ့ကို ပြန်လည်တွန်းလှန်သည့်၊ သစ္စာဖောက်သည့်၊ သူ့ကိုမုန်းသည့် စာတန်နှင့် နတ်ဆိုးများကို ချေမှုန်းပြီး သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏ရန်သူကို အောင်နိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို ချေမှုန်းချင်သည်။ ဤကဲ့သို့ လုပ်ဆောင်ရင်းနှင့် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း အားလုံးကို ဖွင့်ပြချင်သည်။ ကမ္ဘာပေါ်မှာရှိသည့် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် စာတန်၏ အရိပ်အောက်မှာရှိပြီး မကောင်းဆိုးဝါးတို့၏ အရိပ်အောက်မှာ ရှိသည်။ လူများသည် သူ့ကို သိကျွမ်းလာစေဖို့အတွက် ဘုရားသခင်သည် အရာအားလုံး အပေါ်မှာ သူ၏လုပ်ရပ်များကို ဖွင့်ပြချင်သည်။ ဤကဲ့သို့နည်းနှင့် စာတန်ကို ချေမှုန်းပြီး သူ၏ရန်သူများကို အကြွင်းမဲ့ နှိမ်နင်းပြီးသား ဖြစ်သွားသည်။ ဤအမှုအားလုံးသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြခြင်းမှတစ်ဆင့် ပြီးမြောက်စေသည်။ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးသည် စာတန်၏ အရိပ်အောက်မှာ ရှိနေသောကြောင့် စာတန်ကို ချေမှုန်းဖို့အတွက် သူသည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖွင့်ပြချင်သည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်က မနှောင့်ယှက်ခဲ့လျှင် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်စေခဲ့မည်ဖြစ်သည်။ သူသည် စာတန်က သူ့ကို သစ္စာမဖောက်ခင် ကောင်းကင်တမန်များကို သို့မဟုတ် ကောင်းကင်တမန်မင်းကို သူ၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို အဘယ်ကြောင့် မဖွင့်ပြခဲ့သနည်း။ အစဦး၌ ကောင်းကင်တမန်များနှင့် ကောင်းကင်တမန်မင်းသည် သူ့ကိုသိခဲ့ပြီး သူ့စကားကို လိုက်နာခဲ့လျှင် ဤအဓိပ္ပာယ်မရှိသည့် အမှုများကို ဆောင်ရွက်မည် မဟုတ်ပါဘူး။ စာတန်နှင့် နတ်ဆိုးများ တည်ရှိနေသည့်အတွက် လူများသည် သူ့ကို ခုခံတွန်းလှန်ကြပြီး ပုန်ကန်လိုသည့် စိတ်သဘောထားများနှင့် ပြည့်နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြချင်သည့် ဆန္ဒရှိသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသည့်အတွက် စာတန်ကို အောင်နိုင်ဖို့အတွက် သူ၏ ကိုယ်ပိုင်အခွင့်အာဏာနှင့် သူ၏ ပြုမူဆောင်ရွက်မှုအားလုံးကို အသုံးပြုရပါမည်။ ဤနည်းလမ်းအားဖြင့် လူသားများကြားမှာ သူလုပ်ဆောင်သည့် သူ၏ ကယ်တင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မြင်စေမည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ ဆောက်ရွက်သည့် အလုပ်သည် အဓိပ္ပာယ်နှင့် ပြည့်စုံပြီး အချို့လူများ ဤကဲ့သို့ပြောသကဲ့သို့နှင့် လုံးဝ မဆင်တူပေ။ “ကိုယ်တော် လုပ်သည့်အလုပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေပေလော။ ဤအဆက်မပြတ် လုပ်ဆောင်မှုများသည် ကိုယ်တော့်ကိုယ် ကိုယ်တော် ဒုက္ခပေးခြင်း သက်သက်ပင် မဟုတ်ပေလော။ ကိုယ်တော်က စာတန်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို သစ္စာဖောက်စေပြီး တွန်းလှန်စေသည်။ ကိုယ်တော်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် စာတန်၏ လက်ထဲကို ထည့်လိုက်သည်။ ပြီးလျှင် ကိုယ်တော်က အာဒံနှင့် ဧဝကို သွေးဆောင်ခြင်း ခံရစေသည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် အဘယ်ကြောင့် လူသားများကို မုန်းတီးသနည်း။ ကိုယ်တော် အဘယ်ကြောင့် စာတန်ကို မုန်းတီးသနည်း။ ဤအရာများက ကိုယ်တော် ကိုယ်တိုင် ပြုလုပ်သည့်အရာများ မဟုတ်ဘူးလား။ ကိုယ်တော် အဘယ်မုန်းစရာရှိသနည်း။” အဓိပ္ပာယ် မရှိသည့် လူအများအပြားသည် ဤကဲ့သို့ပြောကြသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာတော့ ဘုရားသခင်ကို စောဒကတက်ကြသည်။ မည်မျှ ရှေ့နောက်မညီ ဖြစ်နေသနည်း။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်၌ သဘာဝလွန် အတွေးများ များစွာရှိနေပြီး ဤအရာသည်လည်း ဘုရားသခင်၏ အမှားဟုပင် သင်ပြောဆိုသည်။ အလွန်အမင်း အဓိပ္ပာယ်မရှိခြင်းပင်။ သမ္မာတရားကို လိမ်လည်သူမှာ သင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အမှားမဟုတ်။ အချို့လူများကဆိုလျှင် ထပ်ခါတလဲလဲ စောဒကတက်ကြသည်။ “စာတန်ကို ဖန်ဆင်းသည်မှာ ကိုယ်တော်ပင်။ လူသားမျိုးနွယ်ကို စာတန် လက်ထဲသို့ ပေးအပ်လိုက်သည်မှာလည်း ကိုယ်တော်ပင်။ လူသားမျိုးနွယ်သည် စာတန်၏ စိတ်သဘောထားများ ရှိနေသည်။ သူတို့ကို ခွင့်လွှတ်ရမည့်အစား ကိုယ်တော်က သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးသည်။ အစမှာတော့ ကိုယ်တော်သည် လူသားမျိုးနွယ်ကို အတိုင်းအတာတစ်ခုအထိ ချစ်ခဲ့သည်။ လူ့လောကကြီးထဲကို စာတန်ထံသို့ ကိုယ်တော်ထည့်ခဲ့သည်။ ယခုတော့ လူသားမျိုးနွယ်ကို ကိုယ်တော် မုန်းတီးနေပြီ။ လူသားမျိုးနွယ်ကို ချစ်ပြီး မုန်းတီးသည်မှာ ကိုယ်တော်ပင်။ ဤအရာများအတွက် မည်ကဲ့သို့ဖြေရှင်းမည်နည်း။ ဤအရာသည် ရှေ့နောက်မညီ ဖြစ်နေသည် မဟုတ်လော” ဟု စောဒကတက်ကြသည်။ သင်တို့သည် မည်ကဲ့သို့ပင် မြင်သည်ဖြစ်စေ ကောင်းကင်ဘုံ၌ ဤကဲ့သို့ဖြစ်ခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤနည်းလမ်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ လူသားမျိုးနွယ်သည်လည်း ဤနည်းလမ်းနှင့်ပင် ပျက်စီးခဲ့ပြီး ဤပုံစံအတိုင်းပင် ယနေ့အထိ ဆက်သွားခဲ့သည်။ သင်တို့မည်ကဲ့သို့ပင်လုပ်ပြီး ပြောပါစေ ဤအရာက ဖြစ်ခဲ့သမျှ အရာအားလုံးပင်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး စာတန်ကို ချေမှုန်းဖို့အတွက် ယနေ့လုပ်ဆောင်မှုများကို လုပ်သည်ဆိုခြင်းကို သင်တို့ နားလည် ရပါမည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” | ကောက်နုတ်ချက် ၄၉၃

လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” | ကောက်နုတ်ချက် ၂၀၇

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၄၉၀

လက်ရှိတွင် စမ်းသပ်မှုများကြားတွင် ရောက်နေသောသူ အမြောက်အမြား ရှိသည်။ ထိုသူတို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်ကြပေ။ သို့သော် ငါပြောမည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” | ကောက်နုတ်ချက် ၅၀၄

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးစားသည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကြုံတွေ့ခံစားရပါက...